ခေါင်းပိုင်း … ဖင်ပိုင်း
အခုတင်မယ့် ပို့စ်က … စာဖတ်သူတွေအတွက် … ဘယ်လို သုတရသမှလည်း မပေးနိုင်သလို …. အဓိပ္ပါယ်မရှိတဲ့ ပို့စ်လည်း ဖြစ်ချင်ဖြစ်မှာပါ … ။ အချိန်ဖြုန်းမယ့် … ခပ်ကြောင်ကြောင်ပို့စ်လို့ပဲ ယူဆယူဆ … ကျွန်မကတော့ သိချင်စိတ်ပြင်းပြနေခဲ့တာ အမှန်ပါပဲ … ။ သိချင်စိတ်ကြောင့်သာ ဖြစ်ပြီး .. အမြင်မတူညီမှုအပေါ် ငြင်းခုန်လိုစိတ်လည်း မရှိပါဘူး … ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် … ။ ရွာသူရွာသားတို့ရဲ့ … အယူဆ နဲ့ … သက်မှတ်ချက်လေးလည်း .. သိချင်ပါတယ် … ။
အခု သိချင်နေတဲ့အကြောင်းက ပြောင်းဖူးပါ … ။ ပြောင်းဖူးကို ပြုတ်စားလျှင် .. အဖူးလိုက် ကိုက်စား ၊ ဖဲ့စားတာထက် … ထက်ပိုင်းချိုးပြီး ….. အချင်းချင်း မျှစားတတ်ကြပါတယ် … ။ မိသားစု ထဲမှာရော … ၊ အသင်းဖွဲ့မှာရော .. သူငယ်ချင်းတွေကြားမှာရော … ပြောင်းဖူးပြုတ်ကိုပိုင်းစားဖူးကြမှာ … ။ ပိုင်းလိုက်တာနဲ့ ခေါင်းပိုင်းနဲ့ ဖင်ပိုင်း ကွဲသွားတော့တာပေါ့လေ … ။ တစ်ယောက်က ခေါင်းပေးပါဆို … နောက်တစ်ယောက်က သူခေါင်းလို့ ယူဆတဲ့ အပိုင်းကိုပေးပေမယ့် တစ်ဖက်လူရဲ့ … ဘက်ကအယူအဆမှာ ..အဲ့ဒါ ဖင်ဘက်ပိုင်းဖြစ်နေတယ် … ။ဘယ်ဟာ ခေါင်း ၊ ဘယ်ဟာ ဖင်လို့ .. ငြင်းခုန်ကြပေမယ့်လည်း တိကျသေချာတဲ့ အဖြေမျိုး ဘယ်သူကမှ .. ဆုံးဖြတ်မပေးနိုင်ခဲ့ပါဘူး … ။
ကျွန်မကိုယ်တိုင်လည်း အိမ်မှာ … အဖိုးလေးဖြစ်သူနဲ့ .. ငြင်းခဲ့ဖူးပါတယ် … ။ အဖိုးလေးလို့ဆိုပေမယ့် .. အသက်အရမ်းကြီးမကြီးလို့ … အားတတ်သရော .. ငြင်းခုန်ကြတာပါ … ။ ကျွန်မရဲ့ အယူဆကတော့ ပြောင်းဖူး က ဘယ်လို အနေထားမျိုးမှာပဲ နေနေ ….. အမွှေးရွှေဝါရောင်လေးပါတဲ့ ဘက်ခြမ်းကို … ထိပ်ပိုင်း၊ခေါင်းပိုင်းလို့ ယူဆပြီး … အညှာပါတဲ့ဘက်ကို ဖင်ပိုင်းလို့ ယူဆပါတယ် … ။ အဲ့ဒီမှာတင် ပြသနာက စတော့တာပါပဲ … ။ အဖိုးလေးဖြစ်သူက .. ပြောင်းဖူးကြီးကို ယူလာပြီး အညှာကကိုင်ကာ အောက်သို့ညွှန်နေသဏ္ဍန်ထောင်ထားပါတယ် … အဲ့ဒီမှာ ငြင်းတော့တာပါပဲ … ။ ခေါင်းပိုင်းဆိုတာ ဒီလိုပါတဲ့ .. အညှာနဲ့ ကပ်နေတဲ့ အပိုင်းက အခုလိုဆိုတော့ အပေါ်ဆုံးရောက်နေတယ်လေတဲ့ .. အဲ့ဒါခေါင်းပိုင်းတဲ့ …. ကျွန်မကလည်း ဂျာနယ်ထဲက ပြောင်းဖူးပင်ပုံကြီး ယူပြလိုက်တယ် … ဖိုးလေးပြောတဲ့ခေါင်းက .. အခုကျတော့ ဘာလို့ ..အောက်ရောက်နေတာလဲလို့ … အဲ့ဒါ ခေါင်းမဟုတ်ဘူး .. ဖင်ပိုင်းဆိုပြီး ငြင်းတာပါပဲ … ။ ဒါနဲ့ … တအိမ်လုံးခေါင်းပိုင်း ဖင်ပိုင်း အယူဆတွေကွဲနေတာ သိလိုက်ရတော့တယ် … ။ ကိုယ့်အယူဆနဲ့ကိုယ်ကတော့ မှန်နေကြတာပဲလေ …. နောက်တော့လည်း ..ကိုယ်ထင်ချင်သလို .. ကိုယ်ထင်ပြီး .. ကိုယ်မှတ်ချင်သလို မှတ်ကြကာ ….. လွတ်လပ်စွာကွဲလွဲပါတော့တယ် … ။ နောက်ပိုင်းအိမ်မှာ ပြောင်းဖူးစားလျှင် ခေါင်းပိုင်း ၊ ဖင်ပိုင်းမပြောတော့ပဲ .. လက်ညှိုးထိုးပြီး ဟိုအပိုင်း ၊ ဒီအပိုင်းလို့ပဲ ရွေးကြပါတော့တယ် … ။
ဒီနေ့လည်း … ညီမလေးတစ်ယောက်က … ပြောင်းဖူးအကြောင်းပြောရာကနေ ခေါင်းပိုင်းနဲ့ ဖင်ပိုင်း အယူဆလေး ပြန်ပေါ်လာပြန်တယ်လေ … ။ တခြားလူတွေရဲ့ အယူဆကို သိရဖို့အတွက် .. စာရွက်တစ်ရွက်နဲ့ … အောက်ကအတိုင်း …စစ်တမ်းကောက်ခဲ့ပါတယ် … ။ လက်ခံတဲ့ အယူဆများတာကို အမှန်လို့ သက်မှတ်တာလည်း မဟုတ် ၊ မဲခွဲပြီး အနိုင်ရှုံးရွေးတာလည်းမဟုတ်တော့ ..ဒီအတိုင်းလေးပဲ .. လူတွေ ဘယ်လို လက်ခဲသလဲ သိချင်လို့ .. ရုံးကလူတွေကို … မေးခဲ့ပါတယ် .. ။ ရွာသူရွာသားတို့ရဲ့ .. အယူအဆလေးကရော .. ဘယ်လိုများပါလိမ့်နော် … ။
အမှတ်စဉ် | ရွှေဝါရောင် အမွှေးပါသော အပိုင်းသည် xxxxxx ပိုင်းဖြစ်သည် ။ | လက်ကိုင်အညှာပါသော အပိုင်းသည် xxxxxxပိုင်းဖြစ်သည် ။ | |
၁ | ဖင် | ခေါင်း | Thet . M . O |
၂ | ခေါင်း | ဖင် | Moe . K . P |
၃ | ခေါင်း | ဖင် | Su . M . N |
၎ | ဖင် | ခေါင်း | Aye . A . N |
၅ | ခေါင်း | ဖင် | Ohn . M |
၆ | ဖင် | ခေါင်း | Yie . Y . H |
၇ | ခေါင်း | ဖင် | Nay . N |
၈ | ဖင် | ခေါင်း | Khine . Z |
၉ | ဖင် | ခေါင်း | Myat . S . S . H |
၁၀ | ခေါင်း | ဖင် | Aye . T . Y |
၁၁ | ဖင် | ခေါင်း | Yin . Y . S |
၁၂ | ခေါင်း | ဖင် | Su . M . M |
၁၃ | ဖင် | ခေါင်း | Myint . M .K |
အာပျိုဂျီးကတော့ ခေါင်းစားအောင်လုပ်ပြီ

စားလိုက်တာက ခေါင်းပိုင်းဖြစ်ပြီး ၊ မစင်အဖြစ်ထွက်သွားတာက ဖင်ပိုင်းဖြစ်ကြောင်းပါ
Was this answer helpful?
LikeDislikeမနိုကတော့ အညှာပါကို ခေါင်းလို့ ယူဆပြီး
ရွှေဝါရောင် အမွှေးပါသော အပိုင်းကို ဖင်လို့ ယူဆထားပါတယ်
Was this answer helpful?
LikeDislikeနွယ်ပင်လည်း မနိုလိုပဲ ထင်တာ
ဒါပင်မယ့် အလုပ်ကသူငယ်ချင်းတစ်ယောက်ကတော့
ရွှေဝါရောင် အမွှေးပါတဲ့ အပိုင်းကို ခေါင်းနဲ့ အညှာပါတာ ဖင်လို့ပြောနေပြန်ပါတယ် …
Was this answer helpful?
LikeDislike၀တဲ့အပိုင်းက ခေါင်း
ရှူးတဲ့အပိုင်းက ဖင်
ဒါနဲ့ ..
ဂျီးဒေါ်ရေ
တခြား ခေါင်းနဲ့ ဖင် ကွဲပြားတဲ့ အသီးအနှံလေးတွေ ဘာရှိသလဲဗျ
အရင်းနဲ့ အ ဖျား ခွဲတာတော့ သိတယ်
ခေါင်းနဲ့ ဖင်ခွဲပါဆိုတော့ …ပြန်လိုက်ဦးမယ်..
ကျလိ.ကျလိ..
Was this answer helpful?
LikeDislikeအင်း အသူရာ ပြောတာလဲဟုတ်သလိုလိုပဲ။ အောင်မယ်ငီး အာပျိုဂျီးအိတုန်ရယ်။ သများခေါင်းစားနေပါတယ် ရှိုမှ ခေါင်းလာစားခိုင်းနေပြန်ပြီ။ တခါမှတော့အဲလို မစဉ်းစားဖူးပါဘူး။ မီးမီးတို့ကတော့ဒီလိုပဲစားလိုက်တာ ပါပဲ။ အင်းအခုစဉ်းစားကြည့်လိုက်အုံးမယ်။
ရွှေဝါရောင် အမွှေးပါသော အပိုင်းသည် ဖင် ပိုင်းဖြစ်သည် ။
လက်ကိုင်အညှာပါသော အပိုင်းသည် ခေါင်း ပိုင်းဖြစ်သည် ။
အဲလိုထင်တာပဲ။
စကားမစပ် ဒို့ကြေးအိုးလေး YKKO တယောက်တော့သနားပါတယ်။ ဒေါ်အိတုန်တယောက် ဘယ်လောက် များ ခေါင်းစား ခိုင်းနေပါ့မလဲ။ အခုတောင်သများတို့ကိုခေါင်းတော်တော်စားခိုင်းနေတာ။ တနားပါရဲ့။ ဟီဟိ
Was this answer helpful?
LikeDislikeသြော်
ခုတလော ပြောင်းဖူးခေတ်ထနေပါလား
ပြောင်းဖူးကိုင်ပီး မဲဆွယ်လားဆွယ်ရဲ့
ခုလဲ မအိတုံက ပြောင်းဖူးကို ဖင်၊ ခေါင်း ခွဲခိုင်းနေပြီ
မသေချာရင် ကိုယ့်ဖာသာကိုယ် တိတ်တိတ်လေး
ကိုယ်လုံးပေါ်မှန်ထဲ ပြန်ကြည့်လိုက်ပါလားလို့.. ခွိ :P
Was this answer helpful?
LikeDislikeကျွန်တော်ထင်တာတော့ ရွှေဝါရောင်အမွှေးရှိတဲ့ ဘက်က ခေါင်းပိုင်း။

ဘာလို့ဆို ဆက်လက်ကြီးထွားမယ်ဆိုရင် အဲဒီအမွှေးရှိတဲ့ဘက်က ရှည်ထွက်လာတာမို့ပါ။
Was this answer helpful?
LikeDislikeအော် တို့တွေဖင်မှန်းခေါင်းမှန်း မသိကြပါလား
:P
Was this answer helpful?
LikeDislikeအပေါ်က အများဆုံးပြောကြတဲ့ အတိုင်းဆို ရွှေဝါရောင်အမွှေးပါတဲ့ အပိုင်းက ဖင်ပိုင်းပေါ့နော်……..အင်းင်းင်းင်းင်း
Was this answer helpful?
LikeDislikeမဟော်သဓာ ရှာမှ ရတော့မယ် ။ လူ ကခေါင်း နဲ့ ဖင်လို စဉ်းစားဦးမှ ။ အမိဝမ်းတွင်း ဆက်နေတဲ့ နေရာက ချက်ကြိုးဖြစ်လို့ ချက်နဲ့ နီးတဲ့နေရာက ဖင်ဖြစ်ရင် အညှာ ပိုင်းက ဖင် အဖြစ် အခေါ်ခံသင့်တယ် ။
ဆိုင်မဆိုင်တော့ မသိဘူး ။ :grin:
သို့သော် တစ်သက်လုံး ခေါ်လာတာကတော့ ခေါင်းပိုင်းဆိုတာ အညှာဘက်ကိုခေါ်ခဲ့တာဘဲ..
Was this answer helpful?
LikeDislikeတုန်တုန်တို့လည်း အလုပ်မရှိ ဖင်ခေါင်းနဲ့ အလုပ်ရှုပ်နေပြန်ပြီ…။
Was this answer helpful?
LikeDislikeအနှစ်ရှိတဲ့ Post ပါ တုံတုံရေ။
စစ်တမ်း ကို ဝင်ရရင်တော့ အရင်က ရိုးတံရှိတဲ့ ဝတဲ့ အပိုင်း ကို ခေါင်း လို့ခေါ်ပြီး ပိန်ပြီး အမွှေးရှိတဲ့ အပိုင်း ကို ဖင် ခေါ်တယ်။
နောက်ပိုင်း အဲဒီ အမွှေးတွေရှိတဲ့ အပိုင်း က ဆံမြိတ်ခေါ်တော့ ခေါင်းဖြစ်သင့်သလား တွေးမိပြန်တယ်။
ဒီတော့ ဝင်ပြီး နဲနဲထပ်ပွါး ရရင်တော့ ခေါင်း/ ဖင် ခေါ် မဲ့အစား အရင်း/အဖျား ခေါ်တာ ပိုသင့်မလားလို့။ ;-)
ဘာလို့ လဲ ဆိုတော့ ကြံ ဆိုရင် အရင်းအဖျား ခေါ်တယ် မဟုတ်လား။
ငယ်တုန်း က ကျောင်းဖတ်စာ မှာ မှတ်မိ သလောက် မြန်မာပညာရှိ အမတ်ကြီး ဘိုးရာဇာနှင့် မွန်ပညာရှိ အမတ်ကြီး သီဟပတေ့ တို့ တွေ့ချိန် ကြံစုပ် ရင်း စကားပြောခဲ့ ကြတယ်။
ဘိုးရာဇာက အဖျား က စုပ် တော့ သီဟပတေ့ က ဘာကြောင့်ဒီလို စုပ်လဲ မေးခဲ့တယ်။
ဒီတော့ စာပေ လေ့လာ တဲ့အခါ လွယ် တာကနေ ခက်တာကို တဖြည်းဖြည်း သင်ယူလေ့လာ သလိုပေါ့ လို့ ဘိုးရာဇာကပြန် ဖြေခဲ့တယ်။
“ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ၊ သေခြင်းတရား” ရောက်လာနိုင်တာမို့ ရုတ်တရက် သေသွားရင် ချိုပြီး အရသာ ပြည့် တဲ့ ကြံ အရင်းကို မစုပ်လိုက်ရဘဲ ဖြစ်နိုင် လို့ အရင်းကို အရင် စုပ်စားသင့်ကြောင်းပေါ့။ လို့သီဟပတေ့က ပြန်ပြောခဲ့တယ်။
အဲဒီမှာ ဘိုးရာဇာက သီဟပတေ့ ကို ဘုရားဟော မှီပြီး ရှင်းပြတာမို့ ပိုသင့်မြတ်လှကြောင်းချီးမွမ်း ခဲ့တယ်။
(အသက် လေး ရလာတော့ နဲနဲ စကားများ တတ်လို့ပါ။ သည်းခံကြပါ)
ပြောင်းဖူး မှာလဲ ဝ တဲ့ အပိုင်း က ပို စားကောင်း ရင် အရင်း ပေါ့။
ရှူး တဲ့ အပိုင်းက ပြောင်းစေ့ လေးတွေက နဲနဲ သေးပြီး ပေါ့ တော့ အဖျားပေါ့။
ဒီတော့ ပြောင်းဖူး နှစ်ပိုင်း ချိုး ရင်လဲ အရီးတော့ ဝတဲ့ အပိုင်း ကိုယူတယ်။
Was this answer helpful?
LikeDislikeမအိတုံ နဲ့ကျနော် တူတယ် ဆံကျည်မျှင်ပါတာ ခေါင်းပိုင်း အရိုးပါတဲ့ဘက်က ဖင်ပိုင်းပါ
အလွယ်မှတ်ချင် ကြီးတဲ့အပိုင်းက ဖင်ပါခဗျာ ဟဲဟဲ
Was this answer helpful?
LikeDislike၀တာ အရင်း ရှုးတာ အဖျားလို့ ထင်တာပါပဲ။ စားရင်တော့ အဖျားကို စားရတာ ပိုကြိုက်တယ် နုလို့။ :D
Was this answer helpful?
LikeDislikeပြောင်းဖူးကို ထိပ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီးအလွယ်တကူခွဲစားဖြစ်တယ်..
Was this answer helpful?
LikeDislikeအင်း တော်တော် ပေါက်ပေါက်ရှာရှာ တွေးတတ်တဲ့ မအိတုန် ပဲဗျ။
ပြောင်းဖူးက ဖင်နဲ့ခေါင်း လို့ တော့မကြားမိပါဘူးဗျာ။
အရင်းနဲ့အဖြား ပဲ ရှိပါတယ်။ မအိတုန် စကားနဲ့ ဖြေရမယ်ဆိုရင်
အညှာပါတဲ့ အပိုင်းက ခေါင်းလို့ ထင်ပါတယ်ခင်ဗျာ၊
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ ကာတွန်းကျော်စံကေး ရဲ့ ဘုတ်အုပ် ထဲကလို ပြောချင်တယ်
ရှေ့ ထွက်မင်းသမီး ရှူရှူးမ
နောက်ထွက်မင်းသမီး အီအီးမ
Was this answer helpful?
LikeDislikeအိတုံ ရေအသီးမှန်သမျှ အညှာရှိတဲ့ဘက်ကိုခေါင်းလို့ခေါ်ပါတယ်…တဲ့
ကျနော်အကို ကိုမေးကြည့်တော့သူပြောတဲ့အတိုင်းရေးလိုက်တာပါ..
ကျနော်လဲဒီလိုဘဲထင်ပါတယ်…
Was this answer helpful?
LikeDislikeပြောင်းဖူး ဆာဗေးကြီးပါလားဟရို့….
ဘယ့်နှယ့် ခါတော်မီ ဟိုလူဂျီး အားကျသလား မသိ ..
အာဟိ….
:D
မသိ သများ မသိ….
ခေါင်းတွေဖင်တွေ သများ မသိ…
ခေါင်းပိုင်းဖင်ပိုင်း ခွဲခြား ရသော ဒုက္ခ သများတွင်မရှိ….
သများက ၁ဖူးလုံး ၁ယောက်ထဲ ၀ိုက်တာကိုး…..(ကျွေးဘူး…)
သများက ပြောင်းဖူး ဆို လွှတ်ကြိုက်တာကလား ….
ဂယ်ပါ… တချိန်က တယောက်သောသူကလေးနဲ့ ချိန်းတွေ့ရင်တောင်

ပြောင်းဖူးနံ့ ရရင် ဒင်းကလေး ထားပီး အစာရှာ ထွက်တာကလား …
(အိုက်ဒလာ ကြောင့်လည်း ထားသွားခံရတာ….)
ဒီမှာ တစ်ဖူး ကျပ်ငွေနဲ့ တွက်ရင် ၃ထောင် ကနေ ၅ထောင် ကျပ်လောက်
ကျလို့ … ၁လ၁ခါတောင် မစားနိုင်ဘာဘူးဂျာ….
သနားရင်..သများကို ….ပြောင်းဖူးကျွေးကြဘာ……
Was this answer helpful?
LikeDislikeခေါင်း၊ဖင် စကားက…. လူကစဖြစ်တာ
လူမှာခေါင်းဖင်ရှိတာကိုး…
အဲဒီလူမွေးရင်.. (သာမန်သဘာဝအားဖြင့်) ခေါင်းပိုင်းက စထွက်ပါတယ်..။
ဒါကြောင့်..
အရင်စထွက်တာခေါင်း..။
မယုံရင်.. လိပ်ကိုမေးကြည့်ပါလား.
လိပ်ခေါင်းတဲ့.. (ဘာမှလည်းမဆိုင်)..
Was this answer helpful?
LikeDislikeမဟော် သဓာ များရှိရင် “ဖင်ခေါင်း တရားစီရင်ခန်း” ဆိုပြီး စာတစ်ပုဒ် တိုးလာနိုင်ပါရဲ့ အိတုန်ရယ်။
Was this answer helpful?
LikeDislikeသူယောင်မယ်သီးကိုကြည့်လိုက်တာနဲ့ ပြောင်းဖူးခေါင်းနဲ့ဖင် ကွဲပြားသွားမှာပါ… အညှာကခေါင်းပိုင်းပါ
Was this answer helpful?
LikeDislikeအညှာလေးရယ်က ခေါင်း
အမွှေးလေးရယ်က ဖင်
ဟောဒီ တရွာလုံး
ဖင်..ခေါင်း အရှုပ်ဆုံး..
Was this answer helpful?
LikeDislikeဟီးဟီး .. ရွာသူရွာသားတွေထဲကတောင် … ခေါင်းနဲ့ဖင် အယူဆ ကွဲနေကြသေးတယ်နော် … ။
ဘာပဲဖြစ်ဖြစ် … ချစ်ချစ်နဲ့တော့ … အယူဆချင်းတူတယ် …. ။
ဆံမြိတ်ချ လှပါပေ့ဆိုတဲ့ စကားပုံမှာ သုံးထားတာ ဆံမြိတ်ဆိုတော့.. ခေါင်းဘက်က အမွှေးပါသတဲ့လေ .. ဟီးဟီး … :D
Was this answer helpful?
LikeDislikeဟယ် အမွှေးပါတာကခေါင်းပေါ့နော် အင်းအင်းးး
အမွှေးပါတာခေါင်း အမွှေးပါတာခေါင်း အဟီးးးး
Was this answer helpful?
LikeDislikeအမွှေးများတာခေါင်း………. လူကိုကြည့် ဆံပင်တွေပါတဲ့အပိုင်းကို ခေါင်းလို့ခေါ်တယ်………. ဆံပင်တွေ အများကြီးမပေါက်တဲ့နေရာကို ဖင်လို့ခေါ်တယ်လေ………. အာဟိ………… ဒီတော့ အဲဒီ ပြောင်းဖူးမှာလဲ အမွှေးများတာခေါင်း…….. ညှာတံပါတာ ဖင် အာဟိ…………… မအိတုံရေ တားတား ပြောတာ ပြောင်းဖူးကြောင်းပြောတာနော်……….. ဒါနဲ့ အန်တီတုံကြီးစားတာ ဖင်လား ခေါင်းလား………
Was this answer helpful?
LikeDislikeမအိတုံကလည်း အရေးထဲ ကြော်ငြာက ၀င်လိုက်သေးတယ် ဒါကိုကြွားချင်လို့ တင်လိုက်တာလားသိပေါင်
ပြောင်းဖူးကိစ္စကတော်တော် လူပြောများနေတယ်
ဟိုတလောကတော့ လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း
အခုရွာထဲမှာတော့ ခေါင်းဖင်မကွဲတာ မအိတုံပါဖြစ်နေပြီ
Was this answer helpful?
LikeDislikeတကယ်တော့ ပြောင်းဖူးရဲ့ကိုယ်ထည် ဖြစ်တဲ့ ဖင်ပိုင်း ခေါင်းပိုင်းကိုကြည့်ပြီး ငြင်းခုံရမှာ မဟုတ်ပါဘူး..
ပြောင်းဖူးမှာ ပါတဲ့ ဓါတ်သဘာဝကိုကြည့်ပြီး… လူသားတွေရဲ့ အဟာဓါတ်လိုအပ်ချက် အတွက်ဘယ်လောက်
ဖြည့်စည်းပေးနိုင်လဲဆိုတဲ့ အမှုကို ကြည့်ရမှာ..ဒါဆို လူတွေမငြင်းခုံကြတော့ဘူးပေါ့…
ီ
Was this answer helpful?
LikeDislikeနာမည်ကိုက “ပြောင်းဖူး”ပါဆိုမှ၊ ဖင်ပြောပြော ခေါင်းပြောပြော တို့ကတော့ ပြောင်းနိုင်ပေါင်။
အဲဒါကြောင့်“ပြောင်းဖူး”
Was this answer helpful?
LikeDislikeပြောင်းဖူးနဲ့ခေါင်းမူးအောင်လာလုပ်နေပြန်ပါပကော..ဒေါ်အီးဒုံးရေ..
ကျုပ်ကဖြင့် ကိုခင်လတ်ပြောသလို အရင်း အဖျား လိုဘဲသုံးတယ်..
Was this answer helpful?
LikeDislikeဖင်ဂေါင်းဆိုတာက ဖင်နဲ့ဂေါင်းနဲ့ရှိတဲ့ သတ္တဝါတွေ ကိုမူတည်ပြီးခေါ်ဆိုတယ်မှတ်ယူမိပါပြီး
အန်တီလေး Khin Latt ပြောသလို သစ်သီးဝလံပန်းမန်ဘာညာတွေကိုတော့
အရင်းအဖြားခွဲပြီးပြောတာက မှန်တယ်လို့ထောက်ခံမိပေမယ့်
ဒေါက်တာပြောတဲ့ ပြောင်းဖူးမီးဖုတ်ကြီးမှာတော့
ဘယ်ဟာဖင် ဘယ်ဟာဂေါင်း
သားသားလည်း ဝါးတားတားဖြစ်သွားပါကြောင်း
Was this answer helpful?
LikeDislikeပြောင်းဖူးကို အရင်းအဖျား လို့သိထားတာ
အိတုန် ရယ် ဖင်ပိုင်း ခေါင်းပိုင်း ဆိုတော့
ဘယ်လို ခွဲဝေ စားကြမလဲနော်…
Was this answer helpful?
LikeDislikeအလုပ်မရှိ အလုပ်ရှာ ငါ့ကိုအဝှါလုပ်ဆိုတာ အဲဒါပဲ.. ကြောင်ကိုရေချိုး သန်းရှာပေးတာကိုပြောဒါ…
Was this answer helpful?
LikeDislikeဒါဆိုအီးတုံး အတွေအခေါ်အရ
ကြံ့ဖွံ့ ကလူကြီးက ဖင်ကိုင်ထားတာပေါ့ ဟုတ်လား ??
Was this answer helpful?
LikeDislikeအမွှေး နဲ့ ဟာ ခေါင်း … အညှာနဲ့ ဘက်က ဖင်
အဲလိုထင်တာပဲ ဗျ…
ပြောင်းဖူးကမိုးပေါ်ထောင်သီးတာဆိုတော့ …ခေါင်းက အရင်ထွက်တယ်……
ပီးတော့ အမွှေးနဲ့ဘက်က အပေါ်ဘက်ကဆိုတော့ ခေါင်းဖြစ်မှာပေါ့ …ဟိဟိ ထင်တာပြောတာ…
Was this answer helpful?
LikeDislikeမetone ရယ်စားချင်တာစားပါခေါင်းတော့မစားပါနဲ့ 
အစ်မပြောမှပဲသေသေချာချာစဉ်းစားကြည့်မိတော့တယ်
ဘယ်ဟာကခေါင်းလဲ ဘယ်ဟာကဖင်လဲ
ပေါက်ပေါက်ရှာရှာ အဲဒါကြောင့်အပျိုကြီးဖြစ်နေတာ
Was this answer helpful?
LikeDislikeအီးတုံးရေ…………
ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်ဗျာ……..
စားတာက ခေါင်းပိုင်း…………
လွှင့်ပစ်တာက ဖင်ပိုင်း…………
အားလုံးကိုရှုပ်နေတာပဲ…………..
အရူးတွေ လစာမတိုးဘူးနော်…………
ဝန်ထမ်းတွေပဲ တိုးတာ …………
အဲဒါကြောင့် ရွာထဲမှ အရူးများ
ဆေးကုသရန်လိုအပ်လာပီထင်ပါဂျောင်းးးးးးးးးးး………….
Was this answer helpful?
LikeDislikeပြောင်းဖူးစားရင် ဘယ်ပိုင်းကခေါင်းလည်းဖင်လည်းတော့မသိဘူး စားတာတော့စားလိုက်တယ် ပြောင်းဖူးကိုလည်းကြိုက်ပါသည်…
Was this answer helpful?
LikeDislike