မြန်မာပြည်ကတွေ ရဲ့ စည်းကမ်းပိုင်း ကတော့ သိတဲ့ အတိုင်းပဲ အမှိုက်ကိစ္စ အတွက် မြို့က လူတွေ ပွက်လော ပွက်လော ပြောလာကြပြီး မြောင်းတွေပိတ်လို့ ရေတွေ ကြီးလို့ စိတ်ပျက်နေကြတာတွေ အမှိုက်ကား မလာလို့ စိတ်ညစ်ရ ကိုယ့်အမှိုက် ကိစ္စ ကိုယ့်တာဝန် မယူချင်တော့တဲ့ အခါ ကြုံတဲ့ နေရာမှာ ပုံကြရင်းနဲ့ ကြီးထွားလာတဲ့ အမှိုက်ပုံတွေ သိမ်းလိုက်ကြ ပုံလိုက်ကြနဲ့ သံသရာလည်နေကြပါတယ်။
ရန်ကုန်မြို့မှာ လူနေထူထပ်လို့ ပိုဆိုးလား ထင်မိပါသော်လည်း နယ်မြို့တွေကို ခရီးထွက်တဲ့ အခါ ပိုမို ဆိုးရွားနေတာကို သတိထားမိခဲ့ပါတယ်။ နယ်မြို့တွေမှာ လူနေမထူထပ်တဲ့ အတွက် မြေနေရာ ကျယ်ကျယ် နဲ့ စားပြီး သောက်ပြီး ပြစ်ဖို့ နေရာ ကတော့ အိမ်အောက်မှာ ပြစ်တာမျိုး လမ်းသွားရင်းနဲ့ ပြစ်တာမျိုးနဲ့ လူများများ သွားလာနေတဲ့ ကျောင်းတို့ ဘာတို့နား ရောက်တော့မယ် ဆိုရင် သိသိသာသာ အမှိုက်တွေ အများကြီးတွေ့မိပါတယ်။ အမှိုက်ရိုးရိုးကတော့ မြေသြဇာ ဖြစ်ပြီး ပျောက်ကွယ်သွားပေမဲ့ ပလပ်စတစ် အမှိုက်ကတော့ နှစ်ပေါင်း ထောင်ချီတဲ့ အထိ မပျက်မစီး နေနိုင်တယ်လို့ သိထားပါတယ်။ ဒီလိုပုံစံနဲ့ဆိုရင်တော့ နယ်မြို့က လူတွေ နောက်နှစ်ပေါင်း မကြာခင်မှာ လွယ်လွယ် ပြစ် နေတဲ့ အကျင့်နဲ့ ပိုဆိုးလေမလားတွေးမိတယ်။ မိုးသိပ်ကြီးတဲ့ အရပ်ဆိုလည်း တနှစ်တခါ မိုးရေက သယ်ဆောင်ပြီး မြစ်ထဲ ရောက်သွား ပင်လယ်ထဲ ရောက်သွားလည်း မပျက်မစီးပဲ အဆိပ်အတောက် ဖြစ်ကာ လူတွေကို ဒုက္ခပေးနိုင်တဲ့ သတ္တိတွေ ရှိနေတယ် ဆိုရင် တော်တော် ကြောက်ဖို့ ကောင်းပါတယ်။
လွယ်လွယ်ပြစ်ထားတဲ့ ပလပ်စတစ် အမှိုက်တွေကို စုပေါင်းကောက်ခိုင်းရင်လည်း ဘယ်သူမှ ကောက်ချင်ကြမှာ မဟုတ်ပါဘူး။ ပလပ်စတစ် တစက ပြန်လည် အဖိုးတန်တဲ့ အရာတခု ဖြစ်တယ် ဆိုရင်တော့ စုစည်းသိမ်းဆည်းပြီး လွယ်လွယ်မပြစ်တော့ဘူးလို့ ထင်ပါတယ်။
ပြန်လည် အဖိုးတန်ဖို့ ဆိုတာကလည်း အဖိုးတန်စေတဲ့ အရာ တစ်ခု အနေနဲ့ အသုံးဝင်ဖို့ လိုတယ်။
တခုတွေးမိတာ ရှိပါတယ်။
ကိုရီးယားမှာ တာယာတွေကို လှီးပြီးတော့ သံဘောင် တံတခါးလေးမှာ ခင်းထားပါတယ်။
တာယာအပြားထု ၁မတ်အရွယ်ကို ၂လက်မ အနံနဲ့ အလျားကတော့ ၆လက်မ အရွယ် ၃ခုလောက်ကို စုစည်းပြီး ဘလော့တုံး ပုံစံမျိုး ဖြစ်အောင် လုပ်ထားပြီး အခင်းပြား အနေနဲ့ ခင်းထားတာ တွေ့မိပါတယ်။
ခရီးသွားခေါင်းဆောင်ကတော့ ဂုဏ်ယူဝင့်ကြွားစွာ ငါတို့ တိုင်းပြည်က ဒီလို အလေအလွင့်မရှိအောင် အသုံးပြုတတ်တယ်။ တောင်နဲ့ မြောက် စစ်ဖြစ်နေလို့ ၁၉၈၀ ကျော် နောက်ပိုင်း စစ်အေးချိန်မှာ တိုင်းပြည်မှာ ဘာမှ မရှိဘူး အခုဒီလို ဖြစ်လာတာ ဒီလို အသုံးပြုတတ်လို့ ဆိုပြီး ပြောပြပါတယ်။ အားကျ စရာ ကောင်းလှပါတယ်။

မြေကြီးပေါ်မှာ ဟိုတစ ဒီတစ ဖြစ်နေတဲ့ ပလပ်စတစ်လေးတွေကို ဖုန်တွေ မြေကြီးတွေ အညစ်အကြေးတွေလည်း ပေပွနေတဲ့ ပလပ်စတစ်လေးတွေကို အရည်ကျိုစက်နဲ့ အပူဖိအားပေးပြီး မာအောင် လုပ်ပြီး အိမ်ဆောက် ပစ္စည်းတွေ ဘာတွေ များ ပြန်လုပ်ရင် ကောင်းလေမလား။ နည်းပညာ မရှိရင်တောင် အလွယ်ဆုံး ဖြစ်တဲ့ အပူပေးပြီး အလုံး လုပ်ပြီး ကျောက်ခဲတုံးလို လုပ်ပြီး အရောင်ထည့်ပြီး အိမ်ရှေ့တွေမှာ ခင်းတဲ့ ရေဆေး ကျောက်လုပ်ရင် ကောင်းလေမလား။ အိမ်ရှေ့တွေမှာ ခင်းတဲ့ ရေဆေးကျောက် လုပ်တဲ့ ကျောက်စရစ် ခဲတွေ ထက်တော့ ပိုဆွဲဆောင်မှု ရှိအောင် အရောင်တွေ ဘာတွေ လုပ်ရင်တော့ ဈေးကွက်တခု ရနိုင်မယ် ထင်တယ်။ စိတ်ကူးပေါက်ရာ ဆွေးနွေးကြည့်တာပါ။ လမ်းတကာမှာ ပွနေတဲ့ ပလပ်စတစ်တွေ ပျောက်ကွယ်သွားလေမလား တွေးမိပါတယ်။

About ဆူး

has written 398 post in this Website..