နေပြည်တော်တွင်ယဉ်ကျေးမှူဆိုင်ရာအဆောက်အဦများတိုးချဲ့မည်

faizalJune 9, 20101min530

နိုင်ငံတော်အုပ်ချုပ်ရေးရုံးများ၊ နို်င်ငံတော်ဝန်ကြီးဌာနများတည်ရှိရာ နေပြည်တော်ဒေသတွင် အမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသား ဗဟိုုစာကြည့်တိုက်ကြီးများ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသား စာကြည့်တိုက်များ တည်ဆောက်ရန်အတွက် မြေနေရာများ သတ်မှတ်ပေးထားပြီး ယခုအခါ အဆောက်အအုံများ တည်ဆောက်ရန် မြေနေရာများ စတင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းအဆောက်အအုံများအား နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းနှင့် ရာဇသင်္ဂဟအဝိုင်းကြား မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အနီး ရာဇသင်္ဂဟ လမ်းမကြီး အနောက်ဘက်ဘေး၌ အစဉ်လိုက်တစ်ဆက်တစ်စပ်တည်း မြေနေရာများ သတ်မှတ်ပေးထားကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

REF::  mtalk.net