လူတွေများ မကောင်းကြဘူးမောင်လေးရယ် သူလုပ်တာ အခုငါတို့မှာအလုပ်တွေရှုပ်နေတာပဲ
အခုပဲတူတော်မောင်က ဖုန်းလာဆက်ပါဆိုလို့ လာဆက်တာ တော်တော်မကောင်းတဲ့လူတွေပဲ
အပေါ်ကစကားတွေက ကျနော်နဲ့သိတဲ့ အန်တီတစ်ယောက် ညည်းညည်းညူညူပြောနေတာပါ
ဒါနဲ့ မနေသာတော့ပဲ စပ်စုမိတယ်ဗျာ ဘာတွေများဖြစ်လာလို့လည်း အန်တီရယ်ဆိုတော့
ငါတူလေ အရင်ပတ်က နိုင်ငံခြားပြန်သွားတာ ဘယ်နိုင်ငံလည်းတော့ ကျနော်လည်း မစပ်စုမိဘူး ထိုင်းနိုင်ငံကတစ်ဆင့် လေယာဉ်နဲ့ပြန်တာလောက်ပဲသိတယ် ထားပါဒါကအဓိကပြောချင်တာမဟုတ်ဘူး
သူ့တူကိုလိုက်ပို့တော့ သူ့တူက လေယာဉ်ပေါ်တက်ဖို့အသွားမှာ ရှေ့ခပ်လှမ်းလှမ်းက နိုင်ငံခြားခရီးသွား စုံတွဲက iphone ဆိုလားသိပ်တော့မသိဘူး (တောသားဆိုတော့လေ) ကျကျန်နေရစ်တာကိုသူကမြင်တယ် ဒါ့မို့သူကသွားကောက်လိုက်တယ် ပိုင်ရှင်စုံတွဲကတော့ လေယာဉ်ပေါ်တက်သွားပြီတဲ့ လိုက်ပေးလို့လည်းမရတော့ဘူး လေယာဉ်ကတော့မထွက်သေးဘူးပေါ့ ဒါနဲ့ သူလည်းလိုက်ပေးလို့မရတူတူမို့ လေယာဉ်ကွင်းထဲက တာဝန်ရှိတဲ့ ဌာနကိုသွားအပ်ပြီး ဘယ်လေယာဉ်ပေါ်တက်သွားတာပါဗျာ ပိုင်ရှင်က ကျကျန်နေရစ်တာ လေယာဉ်လည်းမထွက်သေးပါဘူး ပြန်ပေးပေးပါ ဆိုပြီး သူကတော့ သူ့ခရီးသူဆက်ခဲ့သတဲ့
အဲဒီ ဌာနအစ်မက ပိုင်ရှင်ဆီပြန်မပေးပဲ သူ့ဘေးလွယ်အိတ်ထဲထည့်လိုက်ပါသတဲ့ဗျာ ပေးလောက်ပါတယ်ဆိုပြီး သူကတော့ သူ့ခရီးသူဆက်သွားလိုက်ပါတယ် ကောင်လေးကို လိုက်ပို့တဲ့ လူတွေထဲက တစ်ယောက်က အဲဒီဝန်ထမ်းကိုသိတော့ ဆိုင်ရာ ကိုပြောပါသတဲ့ ပထမတော့ သူ့ဝန်ထမ်းဘက်ကပဲ လိုက်ပါသတဲ့ ကံဆိုးချင်တော့ အဲဒီဝန်ထမ်းကိုသိတဲ့လူကတစ်ခြားမဟုတ်ပါဘူး iphone ကိုယူထားတဲ့ဝန်ထမ်းအမျိုးသမီးရဲ ယောက်ျားရဲ တူတော်မောင် ဖြစ်နေပါသတဲ့ဗျာ ဒါနဲ့နောက်ပိုင်းကျတော့ သူယူထားတာဟုတ်ပါတယ် လေယာဉ်ကထွက်သွားပြီမို့ပါ ဘာညာဆိုပြီး ဗြောင်လိမ်ကာ မောင်ပိုင်စီးလိုက်ပါသတဲဗျာ အခုဖုန်းဆက်တော့ သူတူပြောတာ အဲဒီ iphone ကမြန်မာငွေနဲ့ဆို (၁၀)သိန်းလောက်တန်ပါသတဲ့ဗျာ။ အဲဒီအန်တီပြန်သွားတော့ နေ့စဉ်လာနေကျ ကြေးမုံ သတင်းစာလေးကို ကောက်ကိုင်လိုက်တာ စာမျက်နှာ ၄ မှာ ထိုင်းနိုင်ငံက တက္ကစီသမားတစ်ဦးက သူ့ကားပေါ်ကျန်ရစ်တဲ့ ရွှေထည်တွေကို ပိုင်ရှင်ကို ၂ ရက်တိတိဘန်ကောက်မြို့ထဲမှာ ကေားမောင်းရင်းရှာပြီး ပြန်ပေးတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ဟာ ဖတ်လိုက်ရတော့ ကျနော့်စိတ်က အနည်းငယ်ရှက်နေမိတယ်ဗျာ
သူခိုးမရှိဘူးဆိုတဲ့ နိုင်င်ငံဆိုပြီး စာအုပ်တစ်အုပ်ထဲတွေ့တုန်းက စိတ်ဝင်စားလို့ဖတ်လိုက်မိတယ် ကျနော်တို့နိုင်ငံအကြောင်းရေးထားတော့ ဖတ်ပြီး ဂုဏ်ယူမိတယ်ဗျာ အခုကြေးမုံသတင်းစာဖတ်ပြီး ထိုင်းနိုင်ငံက တက္ကစီသမားတစ်ဦးက သူ့ကားပေါ်ကျန်ရစ်တဲ့ ရွှေထည်တွေကို ပိုင်ရှင်ကို ၂ ရက်တိတိဘန်ကောက်မြို့ထဲမှာ ကေားမောင်းရင်းရှာပြီး ပြန်ပေးတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ဟာ ဖတ်လိုက်ရတော့ ကျနော့်စိတ်ကတစ်ချိန်က ဂုဏ်ယူခဲ့တယ် အခုကျတော့ ပြန်ရှက်နေမိတယ်ဗျာ
အခုတော့လည်း ပေါ်တင်ကိုခိုးနေကြပါလားလို့ တွေးမိပါတယ်
ကျနော့်ပို့စ်ထဲက နှစ်ဦးကို နှိုင်းယှဉ်ကြည့်ရင်
အလုပ်အကိုင် ရာထူးကြီးတာငယ်တာ အလုပ်က သူများအမြင်မှာအထင်သေးစရာဖြစ်တယ်ဆိုပြီး သိပ်ပြီးသိမ်ငယ်စရာမလိုပါဘူး အကျင့်စာရိတ္တကသာ အဓိကဖြစ်ကြောင်းလည်း ဗဟုသုတရစေပါတယ်
နောက်နောင်လည်း ဒီလိုလေးတွေ နှိုင်းယှဉ်ပြပါအုံးမယ်ဗျာ

ကြေးမုံသတင်းစာလေး စကန်ဖတ်တင်ပေးလိုက်တာပါဗျာ

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ