ရှက်ဖွယ် အကျင့်ပျက်

ေရႊဘိုသားMarch 21, 20121min24112

လူတွေများ မကောင်းကြဘူးမောင်လေးရယ် သူလုပ်တာ အခုငါတို့မှာအလုပ်တွေရှုပ်နေတာပဲ
အခုပဲတူတော်မောင်က ဖုန်းလာဆက်ပါဆိုလို့ လာဆက်တာ တော်တော်မကောင်းတဲ့လူတွေပဲ
အပေါ်ကစကားတွေက ကျနော်နဲ့သိတဲ့ အန်တီတစ်ယောက် ညည်းညည်းညူညူပြောနေတာပါ
ဒါနဲ့ မနေသာတော့ပဲ စပ်စုမိတယ်ဗျာ ဘာတွေများဖြစ်လာလို့လည်း အန်တီရယ်ဆိုတော့
ငါတူလေ အရင်ပတ်က နိုင်ငံခြားပြန်သွားတာ ဘယ်နိုင်ငံလည်းတော့ ကျနော်လည်း မစပ်စုမိဘူး ထိုင်းနိုင်ငံကတစ်ဆင့် လေယာဉ်နဲ့ပြန်တာလောက်ပဲသိတယ် ထားပါဒါကအဓိကပြောချင်တာမဟုတ်ဘူး
သူ့တူကိုလိုက်ပို့တော့ သူ့တူက လေယာဉ်ပေါ်တက်ဖို့အသွားမှာ ရှေ့ခပ်လှမ်းလှမ်းက နိုင်ငံခြားခရီးသွား စုံတွဲက iphone ဆိုလားသိပ်တော့မသိဘူး (တောသားဆိုတော့လေ) ကျကျန်နေရစ်တာကိုသူကမြင်တယ် ဒါ့မို့သူကသွားကောက်လိုက်တယ် ပိုင်ရှင်စုံတွဲကတော့ လေယာဉ်ပေါ်တက်သွားပြီတဲ့ လိုက်ပေးလို့လည်းမရတော့ဘူး လေယာဉ်ကတော့မထွက်သေးဘူးပေါ့ ဒါနဲ့ သူလည်းလိုက်ပေးလို့မရတူတူမို့ လေယာဉ်ကွင်းထဲက တာဝန်ရှိတဲ့ ဌာနကိုသွားအပ်ပြီး ဘယ်လေယာဉ်ပေါ်တက်သွားတာပါဗျာ ပိုင်ရှင်က ကျကျန်နေရစ်တာ လေယာဉ်လည်းမထွက်သေးပါဘူး ပြန်ပေးပေးပါ ဆိုပြီး သူကတော့ သူ့ခရီးသူဆက်ခဲ့သတဲ့
အဲဒီ ဌာနအစ်မက ပိုင်ရှင်ဆီပြန်မပေးပဲ သူ့ဘေးလွယ်အိတ်ထဲထည့်လိုက်ပါသတဲ့ဗျာ ပေးလောက်ပါတယ်ဆိုပြီး သူကတော့ သူ့ခရီးသူဆက်သွားလိုက်ပါတယ် ကောင်လေးကို လိုက်ပို့တဲ့ လူတွေထဲက တစ်ယောက်က အဲဒီဝန်ထမ်းကိုသိတော့ ဆိုင်ရာ ကိုပြောပါသတဲ့ ပထမတော့ သူ့ဝန်ထမ်းဘက်ကပဲ လိုက်ပါသတဲ့ ကံဆိုးချင်တော့ အဲဒီဝန်ထမ်းကိုသိတဲ့လူကတစ်ခြားမဟုတ်ပါဘူး iphone ကိုယူထားတဲ့ဝန်ထမ်းအမျိုးသမီးရဲ ယောက်ျားရဲ တူတော်မောင် ဖြစ်နေပါသတဲ့ဗျာ ဒါနဲ့နောက်ပိုင်းကျတော့ သူယူထားတာဟုတ်ပါတယ် လေယာဉ်ကထွက်သွားပြီမို့ပါ ဘာညာဆိုပြီး ဗြောင်လိမ်ကာ မောင်ပိုင်စီးလိုက်ပါသတဲဗျာ အခုဖုန်းဆက်တော့ သူတူပြောတာ အဲဒီ iphone ကမြန်မာငွေနဲ့ဆို (၁၀)သိန်းလောက်တန်ပါသတဲ့ဗျာ။ အဲဒီအန်တီပြန်သွားတော့ နေ့စဉ်လာနေကျ ကြေးမုံ သတင်းစာလေးကို ကောက်ကိုင်လိုက်တာ စာမျက်နှာ ၄ မှာ ထိုင်းနိုင်ငံက တက္ကစီသမားတစ်ဦးက သူ့ကားပေါ်ကျန်ရစ်တဲ့ ရွှေထည်တွေကို ပိုင်ရှင်ကို ၂ ရက်တိတိဘန်ကောက်မြို့ထဲမှာ ကေားမောင်းရင်းရှာပြီး ပြန်ပေးတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ဟာ ဖတ်လိုက်ရတော့ ကျနော့်စိတ်က အနည်းငယ်ရှက်နေမိတယ်ဗျာ
သူခိုးမရှိဘူးဆိုတဲ့ နိုင်င်ငံဆိုပြီး စာအုပ်တစ်အုပ်ထဲတွေ့တုန်းက စိတ်ဝင်စားလို့ဖတ်လိုက်မိတယ် ကျနော်တို့နိုင်ငံအကြောင်းရေးထားတော့ ဖတ်ပြီး ဂုဏ်ယူမိတယ်ဗျာ အခုကြေးမုံသတင်းစာဖတ်ပြီး ထိုင်းနိုင်ငံက တက္ကစီသမားတစ်ဦးက သူ့ကားပေါ်ကျန်ရစ်တဲ့ ရွှေထည်တွေကို ပိုင်ရှင်ကို ၂ ရက်တိတိဘန်ကောက်မြို့ထဲမှာ ကေားမောင်းရင်းရှာပြီး ပြန်ပေးတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ဟာ ဖတ်လိုက်ရတော့ ကျနော့်စိတ်ကတစ်ချိန်က ဂုဏ်ယူခဲ့တယ် အခုကျတော့ ပြန်ရှက်နေမိတယ်ဗျာ
အခုတော့လည်း ပေါ်တင်ကိုခိုးနေကြပါလားလို့ တွေးမိပါတယ်
ကျနော့်ပို့စ်ထဲက နှစ်ဦးကို နှိုင်းယှဉ်ကြည့်ရင်
အလုပ်အကို်င် ရာထူးကြီးတာငယ်တာ အလုပ်က သူများအမြင်မှာအထင်သေးစရာဖြစ်တယ်ဆိုပြီး သိပ်ပြီးသိမ်ငယ်စရာမလိုပါဘူး အကျင့်စာရိတ္တကသာ အဓိကဖြစ်ကြောင်းလည်း ဗဟုသုတရစေပါတယ်
နောက်နောင်လည်း ဒီလိုလေးတွေ နှိုင်းယှဉ်ပြပါအုံးမယ်ဗျာ

ကြေးမုံသတင်းစာလေး စကန်ဖတ်တင်ပေးလိုက်တာပါဗျာ

12 comments

  • water-melon

    March 22, 2012 at 7:21 am

    ဒို့ပြည်သူတွေရော ထိုင်းနိုင်ငံက တက္ကစီသမားလို စိတ်ဓာတ်တွေမွေးကြရင် အရမ်းကောင်းမှ
    အခုတော့ ဦးသူကစ်ဘဲ 😀

  • kaung kin pyar

    March 22, 2012 at 8:48 am

    မြန်မာတော်တော်များများ အကျင့်ပျက်နေတာ ကြာပြီ။ နာဂစ်မှာ လူတွေ ဒုက္ခရောက်နေတာကို ကူညီဖို့ မစဉ်းစားဘူး။ ဂွင်ပဲဆိုပြီး ပစ္စည်းတွေ ဈေးတင်ရောင်းကတည်းက သတိထားမိတယ်။
    မုန်းထှာတော်…..(ကိုကိုဂီ့လေသံ..)

  • water-melon

    March 22, 2012 at 8:57 am

    နာဂစ်ဆိုလို့
    နာဂစ်တုန်းကလာရောင်းတဲ့
    ့ခြင်ထောင်တွေ ရေသန့်စက်တွေ အိမ်မှာခုထိရှိသေးတယ်
    ရေသန့်စက်ကတော့တော်တော်မိုက်တယ်
    ဈေးကောင်းရရင်ပြန်ရောင်းမယ် 😀

  • ဖားသက်ပြင်း

    March 22, 2012 at 9:03 am

    ကိုယ့်အရင် ဦးအောင် လာချဉ်သွားဘီ ဆိုတော့
    မချဉ်ဒေါ့ဘာဘူးကွယ်…..
    ဒါမိုး သတင်းတွေ ဖတ်ရရင် အမှန်အကန် စိတ်ထိခယက် ရပါတယ်..
    :'(

  • kaung kin pyar

    March 22, 2012 at 9:14 am

    ဟုတ်ဝူးလေ…ဟုတ်ဝူးလေ…အဲ့ရေသန့်တို့ ခြင်ထောင်တို့ ပြောသဟာ ဟုတ်ဝူး။ သွပ်တို့ သံတို့၊ မီးသွေးတို့ ဆန်တို့ကို အားဂျန့်အခြေအနေမှာ ကုန်ဈေးနှုန်း ဟိုက်သွားခြင်းကို ဆိုလိုပါတယ်။ မဖြဲ..ရောင်းဈေးပါ ပြောလေ။ စပ်ပေးမယ်။ ပွဲစားခပေးမှာလား။

  • ရွှေဘိုသား

    March 22, 2012 at 9:55 am

    လူတွေကလည်း အကျင့်ပျက်ဆို ခေါင်းဆောင်ပိုင်းက လိုပ်အပ်ချက်တွေ ဖြည့်ဆည်းမပေးတော့ ပိုဆိုးသဗျ

  • etone

    March 22, 2012 at 10:34 am

    အင်း .. ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး … ။
    ကိုယ့်စေတနာနဲ့ ကိုယ်အကျိုးပေးတယ်လို့ပြောရမယ် .. ပစ္စည်းတစ်ခု ကျပျောက်လျှင်တောင် လုံးဝ ပြန်ရတာ ရှားသွားပါပြီး … ။ ရှားတဲ့ အထဲက ဒီလို လူရှိတာ .. အလွန်ကောင်းတယ်လို့ပြောရမယ် .. ဒီလို အကျင့်လေးတွေ အတုယူသင့်တယ် … ။

  • char too lan

    March 22, 2012 at 3:12 pm

    ဟုတ်တယ် အဲ့ဒီအကျင့်ပျက်တွေအကြောင်းတော့ပြောမနေနဲ့ နာဂစ်တုန်းက အမြတ်ထုတ်ကြတဲ့ ကိစ္စမှာဒီလောက်ဝိုင်းဆဲခံရတာတောင်မှ မမှတ်ဘူး ကားတွေဖျက်သိမ်းမိန့်နဲ့ အောက်ကားတွေဈေးတွေတက်တော့ ဈေးထဲကဆန် ဆီ ဆား ကြက်သွန်တွေပါမကျန်လိုက်တက်ကုန်တာဗျာ… ဘာမှဆိုင်တာလဲ မဟုတ်ဘူး
    ခုလဲကြည့် ဝန်ထမ်းလစာ တိုးမယ်ကြားတော့ ကြားပဲကြားတာ ဝန်ထမ်းတွေဆိုတာက တကယ်ရသေးတာမဟုတ်ဘူး ဈေးထဲကဆန် ဆီ ဆား ကြက်သွန်တွေ တက်နေပြန်ပီ ကဲဘယ်လိုလုပ်စားနေကြမှန်းကို မသိတော့ဘူး 🙁

  • Khaing Khaing

    March 22, 2012 at 3:25 pm

    အမလေး ရွှေဘိုသားရယ် ဒါကဆန်းသလား ဒါကကောက်ရတဲ့ပစ္စည်းကိုယူတာ တစ်ခါတစ်လကျရင် မကောက်ရပဲနဲ့အတင်းတောင်းနေတာကရှိသေးတယ် အရှက်ကိုမရှိဘူး သူများတွေက နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်းရှာပြီးပြန်လာတာ သူတို့ကဘာများဝန်ဆောင်မှုပေးဖူးလို့လဲ ဒါကို အကြွေလေးပါလေးပါရင် သနားကြပါခင်ဗျားတဲ့ အဲဒါတစ်ခါတည်းသင်ပေးလိုက်မယ် နိုင်ငံခြားကပြန်လာမယ့် အထူးသဖြင့် သင်္ဘောသီး တွေ အဲလိုသူတောင်းစားတွေနဲ့တွေ့ရင် ပြောလိုက် “ဘာလို့ပေးရမှာလဲ ငါတို့ချွေးနဲ့သွေးနဲ့ရင်းပြီးရှာလာတာလို့” တစ်ချို့ဆိုရှိသေးတယ် ဖုန်းကောက်ရတာကို ပြန်ပေးရင်တောင်မှ ဖုန်းပိုင်ရှင်ကို ဘယ်လောက်ပေးမလဲဆိုတာပါသေးတယ် ကောက်ရလို့ပြန်ပေးတာဆိုရင် စေတနာသန့်သန့် လေးနဲ့ပေးပေ့ါ ဘာလို့သူများဆီက အပိုငွေတွေလိုချင်တာလဲ ကျွန်မဆိုသူများပစ္စည်းကောက်ရလို့ ပိုင်ရှင်မတွေ့ရင် သိပ်စိတ်ညစ်တယ် အဲပစ္စည်းယူရတာလည်းဘယ်တော့မှမပျော်ဘူး ဘာလို့လဲဆိုတော့ ကိုယ်လည်းဘယ်နေ့များဒီလိုပျောက်မလဲဆိုတဲ့အတွေးပေ့ါ ပျောက်သွားတဲ့လူလည်းဘယ်လောက် စိတ်သောကရောက်လိုက်မလဲ … ကိုယ်ချင်းစာကြပါ … ကိုယ်ချင်းစာကြပါ …..

  • ဦးဦးပါလေရာ

    March 22, 2012 at 3:40 pm

    ကျုပ်တို့နိုင်ငံသားတွေမှာ-
    “ကိုယ်သန့်သန့်ရှင်းရှင်းတရားဝင်ရထားတဲ့ ပစ္စည်းသာ ကိုယ့်ပစ္စည်းဖြစ်တယ်”…. ဆိုတဲ့
    သဘောတရားမျိုး အတွေးအခေါ်မျိုး လက်ခံထားတာ မရှိသလောက်နည်းတယ်။

    ဘယ်လိုဘယ်ပုံရရ ကိုယ့်လက်ထဲရောက်ရင်ကိုယ့်ပစ္စည်း… လို့
    လက်ခံထားကြတာပဲများပါတယ်။

    အဲဒါမျိုးဆက်၃ ခုလောက်ရှိပြီ … ဆိုတော့
    အရိုးစွဲနေပြီ..။

  • we R one

    March 22, 2012 at 4:26 pm

    တန်ဖိုးကြီး ပစ္စည်းမဆိုထားနဲ အဆောင်က ရေချိုးကန်မှာ Shampoo ပုလင်းလေး မေ့ကျန်ခဲ့ပါတယ်… အစတောင်ရှာ မရတော့ဘူး…

  • lusoegyikoko

    March 22, 2012 at 5:53 pm

    ဒီအကျင့် တွေကိုဘယ်လိုပြင် မလဲနော်/BUDDHA ကို ကိုးကွယ်ပြီး ဒီလိုဖြစ်နေတာ နံမည်တော်ပျက်သေး။
    ဘာကြောင့်ဒီလိုဖြစ် ရတာလဲ။ဘယ်သူတွေမှာတာဝန်ရှိလဲ။ အစိုးရတစ်ခုကြောင့်လား။ လူတွေကြောင့်လား။
    ဒီလိုစိတ်ဓါတ်တွေနဲ့ ဒီတိုင်းပြည်ဘယ်လိုရှေ့ဆက်မှာလဲ။

Leave a Reply