CPP ရေနံကုမ္မဏီမှ တရုတ်တစ်ဦး လည်မျိုအလှီးခံရ

NAJAMarch 21, 20121min21827

အဖြစ်အပျက် အလုံးစုံမသိရသေးပါ..
ကျောက်ပန်းတောင်းဘက်မှ CPP ရေနံကုမ္မဏီ၏ ရာထူးကြီးပိုင်းမှ တရုတ်အမျိုးသားအား ယနေ့နံနက် လေးနာရီခန့်တွင် ဒေသခံရွာသား တစ်ဦးမှ လည်မျိုအား ပြတ်လုနီးသည်အထိ လှီးဖြတ်ခဲ့တယ်လို့ကြားရပါတယ်… အဆိုပါတရုတ်အမျိုးသားမှာမသေသေးပဲ မန္တလေးသို ့ နံနက်တွင်ရောက်ရှိလာပြီး အရေးပေါ်အသက်ကယ်ရန်အတွက် အတူလိုက်ပါလာသောသူများမှ ငွေအလုံးအရင်းသုံးပြီး ကြိုးစားခဲ့တယ်လို့ဆိုပါတယ်… ဒီနေ့ည တရုတ်ပြည်ကို ပြန်ရန်အတွက် လေယာဉ်စင်းလုံးငှါးထားတယ်လို့သိရပါတယ်…
အဆိုပါကိစ္စမှာ ဒေသခံများ၏ လယ်မြေများအား သိမ်းယူထားမှုနှင့်ပတ်သက်တယ်လို့ ဆိုပါတယ်..  ထိုဒေသခံရွာသားမှာလဲ လွတ်မြောက်နေတယ်လို့သိရပါတယ်…
ဆေးရုံအသိုင်းဝိုင်းမှ ကြားရသမျှဖြစ်ပါတယ်..  အဖြစ်အပျက်ဖြစ်တာတော့ သေချာပါတယ်… အချက်အလက်အသေးစိတ်ကိုတော့ မသိပါ…
သိတဲ့လူများ အသေးစိတ်တင်ပေးစေလိုပါတယ်…

ရွာသားများ သတင်းဦးဖတ်စေလိုသောကြောင့် ကြားရသမျှကိုတင်ပေးခြင်းဖြစ်ပါတယ်…

27 comments

  • ကိုရင်မောင်

    March 21, 2012 at 10:30 pm

    ထူးခြားတဲ့သတင်းပါလား
    နောက်ဆက်တဲ့သတင်းတွေကိုစောင့်နေပါတယ်
    ရွာသားတို့ရေ သိတဲ့သူများရေးကြပါအုံး….

  • ကြောင်လေး

    March 21, 2012 at 10:36 pm

    ကိုကြောင်ကြီးသိရင် ဘယ်လိုပြောမလဲမသိ
    အဘဖောကရော ဘယ်လိုဆိုမလဲသိချင်သား။
    စာသားအရ ကြောင်လေးအမြင် ပြောရရင် မမှန်ကန်တဲ့ တုံ့ပြန်ချက်တစ်ခုပါ။

  • NoMore

    March 22, 2012 at 2:53 am

    အဲ့ဒါမှ တရုတ်တွေနည်းနည်းငြိမ်မှာ.. မဟုတ်ရင် ရတာအကုန်ယူနေတာ..
    လည်မျို ဆိုရင်တော သေဖိုများတယ်..

  • kai

    March 22, 2012 at 4:05 am

    ဘာအကြောင်းနဲ့ဖြစ်ဖြစ်(ဘာအကြောင်းနဲ့ဖြစ်ဖြစ်).. လူတယောက်က.. လူတဖက်သားကို.. လည်မျိုဓါးနဲ့လှီးတာ(တကယ်ဖြစ်ခဲ့ရင်) ..မလုပ်ရပါဘူး..

    တည်ဆဲဥပဒေအရ ပြင်းပြင်းထန်ထန်( ပြင်းပြင်းထန်ထန်)အရေးယူသင့်ပါကြောင်း…။

  • water-melon

    March 22, 2012 at 7:12 am

    很不错
    我很高兴
    祝贺

    • Novy

      March 22, 2012 at 1:43 pm

      ဖရဲမ..
      အဲ့လိုပြောချင်တာလား

      Very good
      I am pleased to
      Congratulate

    • water-melon

      March 23, 2012 at 6:12 pm

      it’s had lines.
      Don’t make a mountain of a mole hill.
      法克

  • Gipsy

    March 22, 2012 at 8:31 am

    တရုတ် က ဘယ်လောက် အတိုင်းအတာ အထိ မတရားလုပ်ထားသလဲ မှ မသိတာ ..၊
    သေချာ သိသူတွေ ပြောကြစေချင်ပါတယ် ..၊
    စိတ်ဝင်စားစရာ သတင်းထူးပါ ..၊
    လည် ပြတ်လုနီးနီး ဆိုပြီး ဘာလို့ အသက်ရှင်နေရသေးတာလဲ …??

  • kaung kin pyar

    March 22, 2012 at 8:40 am

    ကတောက်… ! နာသယ်ကွာ….။ မသေသေးဘူးလား။
    ဘယ်ဂလောက်တောင် စိတ်နာအောင်လုပ်ထားလဲမှ မသိတာ။ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတယ်။ ဟွန့်…။

  • ကြောင်ကြီး

    March 22, 2012 at 8:53 am

    လည်ပင်းပြတ်လုနီးပါးအထိတော့ ဖြစ်နိုင်ပါဘူးကွယ်။ တင်စားပြောတာ ဖြစ်မယ်ထင်ပါတယ်။ ဒဏ်ရာအတော်ကြီး အတော်နက်ပိုရမယ်ထင်၏။ သူတပါး ဒုက္ခရောက်တာ ဝမ်းမသာကောင်းဘူးကွဲ့… သို့သော်ပေ့ါလေ… ကြည့်လုပ်ကြ ကြည့်လုပ်ကြဟေ့….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 22, 2012 at 8:59 am

    သဂျီးမင်းတရားကြီးရဲ့ အာဘော်ကို နည်းနည်းလေး
    အနုစိတ်လိုက်ရင်တော့
    ကိုယ့်ကိုလူပါးလာဝတဲ့ကောင်တွေကို မေတ္တာများများပို့ကြဟေ့
    တရားနဲ့ဖြေကြ

    • laypai

      March 22, 2012 at 10:06 am

      ဆဲခဲ့တာတွေ အားလုံး ဒီကွန်မန့် နဲ့ တင်ကျေသွား တယ်။
      ူlike , plus and welcome for your comment.

      သိချင်တာ လေး ဆွေနွေးရရင် တော့ ဒေသခံ လူ က တရားဥပဒေ နဲ့ ဖြေရှင်း ရင် မနိုင် မှာ သေချာ လို့ ခု လို လုပ်တာလား မသိဘူးနော်။

      ဖြစ်ရပ်မှန်ဆို ရင်တော့ တော်တော် နာကျည်း လို့ နေမှာပဲ။

  • Thel Nu Aye

    March 22, 2012 at 10:03 am

    လည်မျိုကိုလှီးရလောက်အောင်ဆိုရင်တော့ သူ့ဒေါသကိုမြင်နေရတယ်။ တော်တော်ကိုမခံမရပ်နိုင်ဖြစ်လို့နေ မှာ။ တောသူတောင်သားတွေရဲ့ ဒုတ်တပျက်ဓါးတပျက် ရှင်းတတ်တဲ့အကျင့်က ဒီအဖြစ်မှာတော့ နောက် ဆက်တွဲ မကောင်းနိုင်ဘူးမှတ်တာပဲ။ တရုတ်တွေကိုသွားထိတာကိုး။ သူတို့ကအခုလောလောဆယ်ဆယ် အပြစ်ရှာနေကြတာဆိုတော့ သူ့နားအီးပေါက်မိရင်တောင် လေထုညစ်ညမ်းစေမှု့နဲ့ တရားစွဲမှာဆိုတော့ ဒီကိတ်စကမလွယ်လောက်ဘူး။ အဲဒီတရုတ်မသေပါစေနဲ့ဆုတောင်းရမှာပဲ။ ချစ်လို့တော့မဟုတ်ပါဘူး။

    • ko latt

      March 23, 2012 at 11:45 am

      ဆရာစံ တို့ ခေတ်က ကုလားလူမျိုး..ဒီခေတ် မှာတော့ တရုတ်…တူတာကတော့ တို့မြန်မာတွေရဲ့ သတ္တိသွေး ကတော့ ခေတ်အဆက်ဆက် ရဲသွေးနီဆဲပါဘဲ..တို်င်းတစ်ပါးသား တွေကို သာအလေးထား အရေးပေးတဲ့ အစိုးရ အုပ်ချုပ်နေဆဲ

  • kyeemite

    March 22, 2012 at 10:55 am

    ဒီပြည်မှာက တရားဥပဒေစိုးမိုးမှု့ နဲ့ လွတ်လပ်မျှတတဲ့
    တရားစီရင်ရေးစံနစ်မရှိသေးပါဘူးခင်ဗျား
    ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လားပင်စင်ပေးတာထင်ပါရဲ့
    တောသူတောင်သားတွေဘက်မှာတရားဥပဒေက
    တစ်ခါမှနေတာမတွေ့ဘူးပါ..သူဋ္ဌေးတွေဘက်မှာသာနေပါတယ်..
    ဒီအတိုင်းဆက်သွားလို့ကတော့ ဒါမျိုးတွေများလာဘို့သာရှိပါတယ်..

  • three colors

    March 22, 2012 at 11:55 am

    တကယ် ဟုတ်ရင်တော့ နာကျည်းလို့ဒီလိုလုပ်တာဖြစ်မှာပေါ့။
    နိုင်ငံခြားသားနဲ့အမှူဖြစ်ရင် ဘာအမှူဖြစ်ဖြစ် မိမိနိုင်ငံသားကို သက်ညှာစွာ စဉ်းစားပေးပါလို့ တောင်းဆိုပါတယ်။

  • အသူရာ

    March 22, 2012 at 12:05 pm

    အဲ့ဒီတရုတ် မသေပါဘူးတဲ့ဗျာ၊ ခိုင်လုံတဲ့သတင်းရပ်ကွက်ကရရှိထားတာပါ။
    တရုတ်ပြည်ကိုပြန်သယ်သွားဖို့လုပ်တာ ၊ လေယာဉ်ပေါ်မှာ အသက်မရှူနိုင်မှာကြောက်လို့ လေယာဉ်နဲ့ မသယ်ဖြစ်သေးဘဲ မန်းလေးဆေးရုံကြီးပေါ်မှာ စန့်စန့်ကြီးတဲ့။
    ဖြစ်ပုံက အဲ့ဒီတရုတ်က လက်အောက်ဝန်ထမ်းတွေအပေါ်မှာ မောက်မာရိုင်းစိုင်းလို့ မခံနိုင်တဲ့ အလုပ်သမားတစ်ယောက်က လည်မြိုကို ဓားနဲ့ထိုးလိုက်တာဖြစ်ပါတယ်။တော်တော်နက်တယ်တဲ့။လည်ပင်းပြတ်တယ်ဆိုတာမဟုတ်ပါဘူးတဲ့ဗျာ။

  • နေဝန်းနီ

    March 22, 2012 at 12:28 pm

    မှတ်ပီလားကွ ….။ မြန်မာကွ အဲဒါမြန်မာကွ….။ ဒီအကောင်တွေ နေရာတစ်ကာလူတွင်ကျယ်လုပ်တဲ့ကောင်တွေ…။ များများသာလုပ်…။ အဲဒိစီမံကိန်းတွေပျက်လေကောင်းလေ….။

  • kai

    March 22, 2012 at 2:13 pm

    အဲဒါကိုကိုင်တွယ်ပုံမတတ်ရင်တော့.. အင်မတန်အန္တရာယ်များပါတယ်..။
    ချိုင်းနားပြည်မထဲရောက်နေတဲ့.. မြန်မာတွေ.. ကချင်ပြောင်းခိုသူတွေ.. သိန်ဂဏန်းကြီးအတွက်.. ရင်လေးမိတယ်..။

    လူသားများအနေနဲ့ သဘောထားပြီး တရားရေးကမှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ထပ်ပြီးတိုက်တွန်းပါတယ်ခင်ဗျား..။ 😕

  • star flower

    March 22, 2012 at 2:35 pm

    အမှန်တရားကို ကြာကြာဖုံးကွယ်ထားလို့ မရပါဘူး။
    ပြည်ပကလာပြီး လူတွင်ကျယ်တွေ လာလုပ်ကြတယ်လေ။ သူတို့နိုင်ငံမှာတောင် မရတဲ့အခွင့်အရေး၊ အခွင့်ထူးခံ ခံစားခွင့်တွေနဲ့ လာပြီး အုပ်ချုပ်ကြတော့ ဖြစ်ပြီပေါ့။

  • myanmarcitizen

    March 22, 2012 at 4:11 pm

    အရင်းအမြစ်က ဒေါသ .. ဒေါသ ..
    ဘလိုင်းကြီးတော့ ထခုပ်မှာမဟုတ်ပါဘူး။ သူ့ဘဝ ယိမ်းယိုင်လောက်အောင် သွားလုပ်လို့ဖြစ်မယ်။ လယ်လေးနဲ့ပဲထမင်းစားနေရတာ ဒါကိုယူတော့ ခုပ်ပြီပေါ့ဗျ။ အစိုးရအနေနဲ့ ပြည်သူတွေမနစ်နာအောင်စောင့်ရှောက်ပေးသင့်ပါတယ်။

  • etone

    March 23, 2012 at 4:16 pm

    သဂျီးကတော့ … အတော်အမျိုးချစ်တတ်တာပဲနော် ….. ဟိဟိ 😀

    အခုလို အလုပ်ခံရတော့ .. တရားဥပဒေတွေ ဘာတွေ လာပြောနေတယ် … ။ လူမသိသူမသိ ..သူတို့အနိုင်ကျင့်၊ ဗိုလ်ကျလို့ … ဘဝပျက် ၊ စီးပွားပျက်သွားရတဲ့ လူတွေအတွက်ရော ဘယ်မှာလဲ တရားဥပဒေ … ။ ဟိုအတ္တကြီးတဲ့ကောင်တွေ .. သူတို့ ပထွေးကို မျက်နှာလို မျက်နှာရ မြှောက်ပင့်ထားလို့… ဒီနိုင်ငံမှာ သူတို့ လုပ်ကွက်ရနေတာ … ။ ပြောရင်းတောင် ချဉ်တယ် … ဖွီ 😡

    ကိုယ့်နိုင်ငံတွင်းမှာ နေပြီး …နိုင်ငံခြားသားတွေ အနိုင်ကျင့်ခံရတာ ကြာတော့လည်း ပေါက်ကွဲမိမှာပေါ့လေ .. ဒီဖြစ်ရပ်က အနိုင်ကျင့်လို့ ရတဲ့ .. နမူနာတစ်ခုအနေနဲ့ … မှတ်ယူလျှင် သိပ်ကောင်းမှာပါပဲ … … သို့သော်လည်း… စိတ်မထိန်းနိုင်လို့ လုပ်လိုက်တဲ့ .. နိုင်ငံသား အတွက်တော့ …. စိတ်မကောင်းပါဘူး … ။

    • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

      March 23, 2012 at 6:29 pm

      ဒါမှ
      ဒို့မမ အိတုန်ကွ

  • pyaponthu

    March 23, 2012 at 6:20 pm

    ဟိုတရုတ် က ဘယ်လောက်တောင် လူပါးဝသလဲမှ မသိတာ။ဟိုတခါမြစ်ဆုံ ရပ်သလို ဖြစ်သွားတုံး က တရုတ်တွေ မြန်မာ ကို အကြွေးတွေ အတိုးဘယ်လောက်တင်ပြီးတောင်းလိုက်လဲမသိဘူး။ဦးရွှေမန်း တရုတ်ကို သွားတယ်။သူပြန်လာတော့မြစ်ဆုံးကိစ္စပြန်လှုပ်လာတယ်။တခြားစီမံကိန်းတွေလဲတိုးလာတယ်။မြန်မာနိုင်ငံမှာရှိတဲ့ မြစ်ချောင်းတွေက တရုတ်အတွက် သန်းရွှေက သတ်မှတ်ခဲ့သလားမသိ။

  • snow white

    March 23, 2012 at 6:44 pm

    သတင်းအတိအကျရရင် ထပ်ရေးပေးပါနော် သတင်းကောင်းတော့မဟုတ်ပေမယ့် သိချင်လို့ပါနော်

  • eternitymind

    March 24, 2012 at 3:13 pm

    အသူရာ ပြောတာ မှန်ပါတယ်. အဲ့ဒီ့ တရုတ်မသေပါဘူ း လေယာဉ် နဲ. မသယ်နိုင်လို့ ဆေးရုံကြီးမှာ စန့်စန့်ကြီး စံမြန်းပြီးနောက် (၂၂)ရက်နေ့က ဂျက်လေယာဉ်ငှားပြီး ပြန်သယ်သွားပါတယ်.
    အဲ့ဒီတရုတ်က လက်အောက်ဝန်ထမ်းတွေအပေါ်မှာ မောက်မာရိုင်းစိုင်းလို့ မခံနိုင်တဲ့ အလုပ်သမားတစ်ယောက်က လည်မြိုကို ဓားနဲ့ထိုးလိုက်တာဖြစ်ပါတယ် .. တော်တော်ကို မောက်မာတယ်လို့ ..ထို တရုတ်ရဲ့ လက်အောက်က တရုတ်ဝန်ထမ်းတစ်ယောက်ကိုယ်တိုင် ပြောသွားခဲ့တယ်

  • Phaung Phaung

    March 24, 2012 at 4:40 pm

    Ma Tel Nu Aye ရေ တရုတ်ကိုဒီလောက်တောင်ကြောက်နေဖို့မလိုပါဘူး… အကျိုးရှိလို့အကြောင်းရှိတာနေ
    မှာပါ…မြန်မာနိုင်ငံမှာ တရုတ်တွေလူပါးဝနေတာ တော်တော်ကြာနေပါပြီ… ဒါမျိုး တခါလောက်ဖြစ်မှ နောင်
    ကျဉ်သွားမှာ …မဟုတ်ရင် ကိုယ့်မြေပေါ်မှာလာပြီး ဘူဇွာလုပ်နေကြာတာ

Leave a Reply