စဉ်းစားကြစေလိုပါတယ် ( ၁၃ )

Foreign ResidentMarch 22, 20122min34023

စဉ်းစားကြစေလိုပါတယ် ( ၁၃ )

 

ကို evolution ရဲ့

” တရုတ်ကလာတဲ့ မြေပဲအနံ့ပါ တံဆိပ်မရှိ စားဆီတွေတဲ့ ” Post မှာ

ရေးထားတဲ့ Comment လေးတွေကိုဖတ်မိပြီး ၊ တွေးမိတာလေးတွေပါ ။

 

Thel Nu Aye says:

အင်း မြန်မာပြည်ကတရုတ်တွေကိုတော့အားနာပါရဲ့။

တရုတ်တွေမျိုးပြုတ်ကုန်ရင်ကောင်းမယ်။

မြန်မာပြည် ကတရုတ်တွေမပါဘူးနော်။

ပြည်ကြီးကတရုတ်တွေပြောပါတယ်။

 

အသူရာ says:

အင်း တရုတ် တရုတ် တို့မြန်မာပြည်ကို

လုံးပါးပါးအောင် လုပ်နေတာလား ?

 

အလကား ပါကွယ် ။

လူတွေက တရုတ်တွေ ၊ ကုလားတွေ သာ ရှောက်ပြောနေတာပါ ။

ဘယ်သူမပြု မိမိမှု ပါကွယ် ။

အဓိက ကတော့ ကိုယ် အသုံးမကျပဲ မွဲတဲ့ အပြစ် ၊

ကိုယ့်တိုင်းပြည် အသုံးမကျပဲ မွဲတဲ့ အပြစ် ပါ ။

 

အဘ လည်း တရုတ်လူမျိုး ပါပဲ ။

တရုတ်က ဆီ သုံးဘူးဖို့ဝေးစွ ၊ ကြားတောင် မကြားဖူးပါဘူး ။

အဘရဲ့ ဩဇီ အိမ်မှာ ဟင်းချက်ရင် သံလွင်ဆီ တစ်မျိုးပဲ သုံးပါတယ် ။

အဘ လိုပဲ သံလွင်ဆီ သုံးနိုင်တဲ့ အချိန်ကြရင် ၊

ဒီ မြေပဲနံ့ ပါတာတွေ မပါတာတွေ က အလိုလို ဘေးရောက်သွားမှာပါ ။

 

နို့ ၊ ဓါးမိုးပြီး သုံးခိုင်းနေတာမှ မဟုတ်တာ ။

ကိုယ်တွေက မွဲလို့ ၊ ငမွဲ နှင့် ထိုက်တန်တဲ့ ဆီ သုံးနေရတာပါ ။

 

တရုတ်ကြီးကတော့ စက် ပုံစံ တစ်ခုတည်း ကိုပဲ

အမေရိကား အတွက် ငါး သိန်းတန် ထုတ် ရင် ၊

စင်္ကာပူ အတွက် ငါး သောင်းတန် နှင့် ၊

မြန်မာပြည် အတွက် ငါး ထောင်တန် ထုတ်မှာပဲ ။

 

သူ့အတွက်ကတော့

ငါး သိန်းတန် ၊ ငါး သောင်းတန် ၊ ငါး ထောင်တန် ဆိုတဲ့

ဈေးကွက် သုံးခု လို့ပဲ မြင်မှာပဲ ။

 

စီးပွားရေး သမား အစစ် ( အစစ် ) ဖြစ်တဲ့ အတွက်

စိတ်ချ ၊ ဈေးကွက် သုံးခု စလုံးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး ။

ဈေးကွက် သုံးခု စလုံးကို

သူ နှင့် တန်ရာ တန်ရာ ( တန်ရာ တန်ရာ ) ကို ထုတ်ပေး နေမှာပဲ ။

စိတ်ချ ၊ ဈေးကွက်က လက်ခံနေသရွေ့ကို ၊ ထုတ်ပေးနေမှာ ။

အေး ၊ ဈေးကွက်က လက်မခံတော့ဘူး ဆိုရင်လည်း ၊

သူလည်း ဆက်ထုတ်လို့ မရတော့ပါဘူးကွယ် ။

 

ကိုယ့် ဖာသာကိုယ်လည်း ပြန်သုံးသပ်ကြပေါ့ ၊

ငါက ၊ ငါး သိန်းတန် လား ၊ ငါး ထောင်တန် လားလို့ ။

 

နောက်တစ်ခုက ။

သူ့အပြစ် မဟုတ်ဘူး ၊ ကိုယ့် အပြစ်နော် ။

ကိုယ်တွေ လက်ခံလို့ ၊ ဒီပစ္စည်း ကိုယ့် ဈေးကွက်ထဲ ရောက်လာတာပါ ။

ဓါးမိုးပြီး သုံးခိုင်းနေတာမှ မဟုတ်တာ ။

 

အဆင့်တွေက မတူညီကြပါဘူး ။

ဟော်လန် ကထုတ်တဲ့ Nescafe Gold Blend ချင်း တူတာတောင် ၊

ဂျာမဏီ မှာဝယ်သောက်တဲ့ဟာနှင့် ၊

စင်္ကာပူ မှာဝယ်သောက်တဲ့ဟာ အရသာ လုံးဝ မတူပါဘူး ။

အဘ ကိုယ်တွေ့ပါ ။

 

လုပ်ကြပါ ၊ အားပေးပါတယ် ။

သူများနိုင်ငံတွေမှာလို Food & Drug Administration ( FDA ) တို့

Consumer Right Association တို့ ပိုက်ဆံရှိရင် ထောင်ကြပေါ့ ။

အဘသာ နိုင်ငံရေးသမားဖြစ်ရင် ၊ အဲလိုမျိုး တစ်ဖွဲ့လောက် ထောင်လိုက်မှာ ။

လူကြိုက်များ ၊ Popular ဖြစ်မှာ သေချာနေတဲ့ဟာ ။

 

ငွေ ၊ နည်းပညာ ၊ ဥပဒေ ၊ ထောက်ခံမှု တွေတော့ နဲနဲ လိုမယ် ။

လုပ်ကြပါ ၊ အားပေးပါတယ် ။

 

ပြီးလို့ မသုံးသင့်တဲ့ ပစ္စည်းတွေ သတ်မှတ်ပြီးရင်လည်း ၊

အကောက်ခွန် Custom နှင့် ကျန်းမာရေး Quarantine တို့က

တင်းတင်းကျပ်ကျပ် ပိတ်ပင် ဖို့ပါ ၊ ဆက်လက် ဖိအားပေးကြပါ ။

လုပ်ကြပါ ၊ အားပေးပါတယ် ။

 

အေး ကိုယ့်တာ ကိုယ်မလုံလို့ အထဲရောက်လာရင်လည်း

သူများသွား အပြစ်တင်မနေနှင့် ပေါ့နော် ။

 

အဘ မြင်နေရတာကတော့ ။

ခြံစည်းရိုး ခတ်ဖို့ တာဝန် ရှိတဲ့သူတွေ ကိုယ်နှိုက်က

သူတို့ ကိုယ်ကျိုးစီးပွား အတွက် ၊ ကိုယ့် ခြံစည်းရိုး ကိုယ် ထင်းပြန်ခွေနေလို့ ၊

ခြံစည်းရိုး မလုံဖြစ်နေတာကို ၊ ပညာမတတ် ၊ အမြင်မကျယ် တဲ့သူတွေက ၊

အိမ်နီးချင်း ကိုပဲ သွား အပြစ်တင်နေ သလို ၊ ဖြစ်နေပြီ ။

 

အခု ပုံစံက ၊ အာဖရိက မှာ စစ်ဖြစ်တာ ၊

အမေရိကန် ရုရှ လက်နက်ကုမ္မဏီတွေ သေနတ် ထုတ်လို့ ဖြစ်ရတာ လို့

အတင်း စွပ်စွဲသလို ဖြစ်နေပြီ ။

 

လက်နက် ကုမ္မဏီတွေကတော့ ၊ သူ့နိုင်ငံကို ကာကွယ်ဖို့ အတွက် ၊

သူ့စီးပွား အတွက်ရော ၊ ဈေးကွက် လိုအပ်ချက် အရပါ ၊

သူ့ဖာသာသူ သေနတ် ထုတ်မှာပါပဲ ၊ ရောင်းမှာပါပဲ ။

သူ မရောင်းလည်း နောက်တစ်ယောက် ဝင်ရောင်းမှာပဲလေ ။

သေနတ်မရှိလည်း ဒါးနှင့်ခုတ်လည်း သေတာပဲဟာ ။

 

အဓိက ( အဓိက ) ကတော့

အာဖရိကန်တွေ ကိုယ်နှိုက်က

စစ်မဖြစ်အောင် ညှိနှိုင်း သည်းခံပြီး နေရမှာလေ ။

 

စကားမစပ် ၊ KIA နှင့် အစိုးရ စစ်ဖြစ်တော့လည်း ၊

နှစ်ဖက်စလုံးက ၊ တရုတ်ကြီးက ရောင်းပေးတဲ့ လက်နက်တွေနှင့် ၊

အချင်းချင်း တိုက်ကြတာပါ ။

 

ဒါပေမယ့် တရုတ်ကြီး ကို အပြစ် ပုံချရင် မှားမပေါ့ ။

သူကတော့ ဝယ်ရင် ရောင်းမှာပဲ လေ ။

သူက စစ်မဖြစ်ဖြစ်အောင် မြှောက်ပေးနေရင်တော့ သူ့အပြစ်ပေါ့ ။

အခုကိစ္စမှာ အဲလိုမြှောက်ပေးခဲ့ပုံ မပေါ်ပါဘူး ။

သူကတောင် ခုံသမာဓိ လုပ်ပြီး ရွှေလီမှာ ဖြန်ဖြေပေးနေသေးတယ် ။

 

ကချင်တွေကတောင် ၊ မြန်မာထက်စာရင် တရုတ်ကြီး ကိုပိုယုံလို့ ၊

တရုတ်ကြီး မြေမှာ ၊ တရုတ်ကြီး သက်သေရှိမှ ၊ မြန်မာနှင့် ဆွေးနွေးမယ် လို့ကိုပြောတာ ။

 

တော်သေးပြီ ။

အဘ လည်း တရုတ်ကြီးဟာ ၊ သူ့စီးပွား သူလုပ်နေတာဖြစ်ကြောင်း နှင့်

ကိုယ့် မြန်မာ လူမျိုးတွေ ကသာ အသိပညာ မရှိလို့ တုံးနေ ၊ ဥစ္စာ မရှိလို့ မွဲနေ ၊

စာရိတ္တ အားနည်းလို့ ခြံစည်းရိုး မလုံဖြစ်နေလို့ သာ ၊

ဒီလိုဖြစ်နေရတာ ဖြစ်ကြောင်း ၊ ရှင်းရှင်းပြနေရတာ စိတ်ကုန်နေပါပြီကွယ် ။

 

အထူးသဖြင့် နယ်ခြား တရုတ်တွေကိုလည်း စိတ်ကုန်ပါတယ် ။ တယ်ရိုင်းသကိုး ကွယ့် ။

ပိုက်ဆံ အမြောက်အမြား ရှိပြီး ၊ အာဏာပါ ကျွဲကူးရေပါ ရှိလာပြီး ၊ မေါက်မာ ရိုင်းစိုင်းတဲ့ အခါ ၊

လူမျိုးရေး အမြင် မကြည်လင်မှုတွေကို ဖန်တီးသပေါ့ကွယ် ။

 

ဒါပေမယ့် ၊ သူတို့ဖက်က ပြန်ကြည့်တော့လည်း ၊ မှားမှ မမှားတာ ။

နဂိုထဲက လူသတ်နေ ၊ ရိုင်းစိုင်းနေတဲ့ ၊ တောထဲက သူပုန်တွေလေ ။

သူ့ ဘဝ နှင့်သူတော့ မှားမှ မမှားတာ ။

အဲလို သူပုန်တွေကို မြို့ပေါ်ရောက်အောင် ခေါ်လာတဲ့သူတွေကိုသာ

အပြစ်တင်ရမှာ မဟုတ်ဘူးလား ။

 

အဲဒီလိုပဲ တရုတ် ကုမ္မဏီကြီးတွေ မြန်မာပြည် ရောက်လာရတာကလည်း ၊

အဲဒီလို ရောက်လာရတဲ့ တရုတ်တွေ ၊ တရုတ် ကုမ္မဏီကြီးတွေရဲ့ အပြစ် မဟုတ်ပါဘူးကွယ် ။

ခွင့်ပြုချက်မရှိပဲ ဝင်လာလို့မှ မရတာကွယ် ။

 

အနှစ်လေးချုပ်ပါရစေကွယ် ။

” ခြံစည်းရိုး ခတ်ဖို့ တာဝန် ရှိတဲ့သူတွေ ကိုယ်နှိုက်က

သူတို့ ကိုယ်ကျိုးစီးပွား အတွက် ၊ ကိုယ့် ခြံစည်းရိုး ကိုယ် ထင်းပြန်ခွေနေလို့ ၊

ခြံစည်းရိုး မလုံဖြစ်နေတာကို ၊ ပညာမတတ် ၊ အမြင်မကျယ် တဲ့သူတွေက ၊

အိမ်နီးချင်း ကိုပဲ သွား အပြစ်တင်နေ သလို ၊ ဖြစ်နေပြီ “

 

စဉ်းစားကြစေလိုပါတယ်ကွယ် ။

 

အဘ Foreign Resident.

 

23 comments

  • Khin Latt

    March 22, 2012 at 6:31 am

    ကို အဘဖော ရေ
    ကျွန်မ လဲ “လူတွင်ပါမှ နွားကျားကိုက်ခံ ရတာ” လို့ မြင်ပါတယ်။
    အပြည့်အဝ ထောက်ခံသွားပါတယ်။ 🙂

  • ကြောင်လေး

    March 22, 2012 at 7:18 am

    အနှစ်လေးချုပ်ပါရစေကွယ် ။

    ” ခြံစည်းရိုး ခတ်ဖို့ တာဝန် ရှိတဲ့သူတွေ ကိုယ်နှိုက်က
    သူတို့ ကိုယ်ကျိုးစီးပွား အတွက် ၊ ကိုယ့် ခြံစည်းရိုး ကိုယ် ထင်းပြန်ခွေနေလို့ ၊
    ခြံစည်းရိုး မလုံဖြစ်နေတာကို ၊ ပညာမတတ် ၊ အမြင်မကျယ် တဲ့သူတွေက ၊
    အိမ်နီးချင်း ကိုပဲ သွား အပြစ်တင်နေ သလို ၊ ဖြစ်နေပြီ “

    အဘဖောရဲ့ ဒီစကားလေးဟာ တော်တော်အနှစ်သာရပြည့်ဝတဲ့စကားလေးပါ၊ တာဝန်ရှိသူများသတိထားသင့်ပါတယ်။

  • paw tar

    March 22, 2012 at 7:48 am

    အင် မတန် မှတ်သားစရာကောင်းတဲ့ ပိုစ့်ပါဗျာ နိုင်ငံကို အုပ်ချုပ်နေတဲ့သူများ ဝင်ဖတ်မိပြီး ဆင်ချင်နိုင်ရင် အရမ်းကောင်းမယ်ဗျာ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 22, 2012 at 1:36 pm

      အောင်မာ အောင်မာ
      မလောက်လေးမလောက်စားနဲ့
      ကြေးမှုံ နဲ့ မြန်မာ့အလင်းသတင်းစာ ကလွဲရင်
      ဘယ်ဆိုဒ်မှ ဝင်မဖတ်ဘူးကွ 👿
      ပုုံ
      သန်းရွှေ

  • Thel Nu Aye

    March 22, 2012 at 9:58 am

    အင်းဒီလိုစာမျိုးကို လွှတ်တော်ထဲမှာဝေရရင်ကောင်းမယ်။ ဒါမှပဲ ဒင်းတို့ရဲ့လောဘကြောင့် ပြည်သူတွေ ဘယ်လိုအနိုင်ကျင့်ခံနေရတယ်ဆိုတာသိမှာ။ အင်း အဘပြောသလိုပဲ ခေါင်ကမှမိုးမလုံတာ ရွာတဲ့မိုးကို အပစ်တင်လို့မရဘူး ဆိုတာတော့သိပါတယ်။ ဒါပေမဲ့လဲ အဘရယ် ခံရပါများတော့လဲ ခေါင်ကိုလဲဆဲချင်တယ်။ မိုးကိုလဲဆဲချင်တယ်။ မဲမဲမြင်ရာအကုန်ဆဲချင်နေတော့တာပါပဲ။ ကိုယ်တွေတတ်နိုင်တာကလဲ လောလော ဆယ်ဆယ်ဒီဆဲတာလေးတခုပဲကိုး။

  • mg mg

    March 22, 2012 at 11:01 am

    ကိုယ်ဘက်ကမဟုတ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့်
    သူတို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိ်န်းသိမ်းရေးအတွက် သစ်ပင်မခုတ်ရလို့ ပြင်းပြင်းထန်ထန်တားမြစ် ထားပြီး နယ်စပ်ကဝင်လာတဲ့သစ်ကုန်ကားများစွာ(သူတို့ကုမ်ပဏီ) ကိုလွတ်လပ်စွာခွင့်ပြုထားတာကျတော့ရော ကျနော်တို့ပဲ ညံ့တာဘဲလားဗျာ။
    “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” မဟာတံတိုင်းအတွင်းမှာပဲထိန်းသိမ်းသင့်တာလား။
    ကလေးအာဟာရမှုန့်တွေထဲမှာ မယ်လမင်းတွေပါတာလည်း ကျနော်တို့ညံတာဘဲလားဗျာ၊
    အာနိသင်မပြည့်တဲ့ဆေးဝါး(ဆေးအတု) တွေကိစ္စလည်း ကျနော်တို့ညံ့တာဘဲလားဗျာ။
    မေးကြည့်ချင်တယ်“တစ်ထောင်တန်ပစ္စည်းလိုချင်တဲ့ ငွေတစ်ရာပဲရှိတဲ့သူ”
    “တစ်ရာတန်အရည်အသွေးကို (တစ်ထောင်ပုံတုပြီး)တစ်ထောင်လို့ရောင်းတဲ့သူ”ဘယ်သူပိုအပြစ်ရှိမလဲ။
    ကျနော့်ကို ဘာပဲပြောပြော၊ ဘာတံဆိပ်ပဲကပ်ကပ်၊ ကုန်ကုန်ပြောမယ်ဗျာ ဆဲချင်သပဆိုဆဲ၊
    အနှစ်နှစ်ဆယ်ကျော် “လူမိုက်အားပေး၊ အဆိပ်ပင်ရေလောင်း”လုပ်ခဲ့တဲ့အဲဒီတရုတ်(နို်င်ငံ)ကိုတော့ လုံးဝ.းးးးးးးးးးးးးးးးးးးးးးးး.ပဲ။

    • Foreign Resident

      March 23, 2012 at 6:13 pm

      mg mg ရေ
      ” အနှစ်နှစ်ဆယ်ကျော် “လူမိုက်အားပေး၊ အဆိပ်ပင်ရေလောင်း” လုပ်ခဲ့တဲ့ တရုတ်(နို်င်ငံ) ”
      အဘ ရင်ထဲမှာလည်း အဲဒီစိတ် အခံလေး ရှိခဲ့ဘူးပါတယ် ။

      ဒါပေမယ့် ။
      ၁၉၉ဝ ရွေးကောက်ပွဲမှာ အမေစု နှင့် NLD ပြတ်ပြတ်သားသား အနိုင်ရတုန်းက ၊
      သံအမတ်ကြီး ကိုယ်တိုင်လာပြီး ၊ ဝမ်းမြောက် ဂုဏ်ယူကြောင်း ၊ ပထမဦးဆုံး ပြောတာ ၊
      ဘယ်နိုင်ငံ လို့ထင်သလဲ ၊ တရုတ်ကြီးပါပဲဗျာ ။

      အဲဒီတော့လည်း ၊
      အင်း ၊ ဒီကောင်တွေ စီးပွားရေး လုပ်နေတာပဲ ။
      စီးပွားရေး သမား တော်တော် ပီသတာပဲလို့ ၊ တွေးမိပြန်ရော ။
      စီးပွားရေး သမား အ ပီသ လွန်နေတာပါ ။

      ယူတတ်ရင် ၊ ဒါလည်း ပညာပါပဲ ။

  • Khaing Khaing

    March 22, 2012 at 11:22 am

    စဉ်းစားနေပါတယ် အဘရေ…. စဉ်းစားရင်းနဲ့အချိန်တွေကုန်လာတာ အခုချိန်ထိပါပဲ ……

  • aunty tun

    March 22, 2012 at 11:25 am

    မှန်ပါတယ် ။ခုခေတ်မှာသူ့ကြောင့်ဆိုတာမရှိတော့ပါဘူး ။ငါ့ကြောင့်ဖြစ်ကြတာပါ ။

  • Ko out of...

    March 22, 2012 at 12:03 pm

    ကျွန်တော်ကတော့ ဘယ်သူတွေဘာဖြစ်နေဖြစ်နေ ငါမဖြစ်ရင်ပြီးတာဘဲ ဆိုတဲ့လူနှစ်ယောက်ပေါင်းမိလို့ လောက ကြီး ပျက်စီးတာ..အခုလည်းသူတို့နှစ်ဦးဟာ အလိုတူ၊ အကြံတူတွေပါ…လူသားမှန်ရင် ခွဲခြားစရာ မလိုပါဘူး.လူသားဟာ အားလုံး အတူတူဘဲ.. ကိုယ့်အချင်းချင်းကို ဘဲ စောင့်ရှောက်ရမှာ မဟုတ်ဘူး…လူသားအားလုံးကို စောင့်ရှောက်ဖေးမှ ကူညီရမှာ..
    နယ်စပ်မျဉ်းကြောင်းနဲ့ သူ့နိုင်ငံ ကိုယ့်နိုင်ငံ ခွဲခြားလို့ ရချင်ရမယ်.. လေ၊မြေ၊ရေ၊မီး စသည်သဘာဝ ပတ်ဝန်းကျင်ဟာ ခွဲခြားလို့ မရဘူး..ဒါကြောင့်လူသားတွေ ဒုက္ခရောက်စေတယ်ဆိုရင်
    ဘယ်ဘာသာ၊ဘယ်လူမျိုးဘဲဖြစ်ဖြစ် မတရားဘူးလို့ထင်ရင်တော့ အမှန်တရားဘက် ရပ်တည်ရမှာဘဲ..

  • kyeemite

    March 22, 2012 at 1:06 pm

    အမှန်တွေဘဲ အဘရေ…တရုပ်ကြီးကမြန်မာ့ဈေးကွက်
    လိုအပ်ချက်ကို ပြည်တွင်းကသူဋ္ဌေးတွေထက်ပိုသိတယ်..
    ဆိုင်ကယ်ဆိုရင်ကြည့်..ပထမကတော့ ဂျပန်မိတ်(လူနဲစုသာစီးနိုင်)
    ဟော..ဒါကိုတွေ့တော့..ယိုးဒယားက ဂျပန်ဒီဇိုင်းနဲ့ပုံစံတူတင်ပို့ရော
    (ဂျပန်ထက်သက်သာတော့လူနဲနဲပိုစီးနိုင်လာတယ်)
    ဒါကိုတွေ့တော့ တရုတ်ကြီးဘယ်နေလိမ့်မတုံး..လာပါရော
    တရုတ်မိတ်..အများကြီးဈေးပေါသွားတယ်..
    ခုဆိုစီးနိုင်သူများလွန်းလို့ လမ်းလျှောက်သွားရင် ဆိုင်ကယ်ကိုမနဲရှောင်နေရတယ်..
    ကဲ ကိုယ့်ပြည်တွင်းကငွေကြေးတတ်နိုင်သူတွေ ဘာလို့ထုတ်နိုင်အောင်မကြိုးစားကြလဲ..
    ခုချိန်ထိ နယ်တွေမှာ တရုတ်ကြီးရဲ့ ထော်လာဂျီ ဘဲအားကိုးနေရတာ…
    ကလေးကစားစရာဆိုလည်း တရုတ်ကြီးဘဲ….
    ပြောရင်အများကြီးပါ..အားလုံးလည်းသိပီးသားပါ…
    ပြည်တွင်းဖြစ်ကိုအားပေးချင်သော်ငြား…ပြည်တွင်းကမ“ဖြစ်”…
    အချင်းချင်း ရန်သာ“ဖြစ်”နေကြ၏။

    • Swal Taw Ywet

      March 23, 2012 at 10:46 am

      Dear Brother, Ko Kyee Mite,
      It is very difficult to fight back China’s Mass production.
      For example- I saw in a Discovery channel-” Factory city “.
      How much time do you think to make an electric Iron?
      The production time for an Electric Iron is only 15 SECOND ( 15 Sec ).
      1 Electric Iron = 15 Sec, 1 Minute= 4 Electric irons.
      So…1 hour=240 Electric Irons.
      By that way, our Myanmar products could not compete them.
      At the same time, the Quality / Skills of Myanmar Engineers and workers are down due to…. as you know….
      Any way,
      let’s try our best for our mother land.

      With respect,
      Swal Taw Ywet.

    • Foreign Resident

      March 23, 2012 at 6:16 pm

      ပြည်တွင်းဖြစ် ကို အားပေးချင်သော်ငြား…ပြည်တွင်းက မ “ဖြစ်”…
      အချင်းချင်း ရန်သာ“ဖြစ်”နေကြ၏။

  • ဦးဦးပါလေရာ

    March 22, 2012 at 3:13 pm

    အစားအစာ/ဆေးဝါး နဲ့ပါတ်သက်ရင် မြန်မာပြည်ထဲရောက်လာတဲ့ တရုတ်ပစ္စည်းတွေဟာ
    အများအားဖြင့်တော့ – အလွန်လဲညံ့၊ အဆင့်လဲမမီ ၊ အန္တရာယ်လဲမကင်းပါဘူး..။
    အခြားအရာတွေ (ပြည်တွင်းဖြစ်၊ ထိုင်း/အိန္ဒိယလုပ်) နဲ့ အစားထိုးသုံးစွဲနိုင်လို့ မရှိမဖြစ်လဲမဟုတ်ပါဘူး..။
    အဲဒီတော့ အဲဒါတွေ လုံးဝမသုံးစွဲသင့်ကြောင်း လူတွေလက်ခံအောင်ပြောဘို့ ကိုယ့်နိုင်ငံသားတွေနဲ့
    ကိုယ့်နိုင်ငံအကြီးအကဲတွေမှာ တာဝန်လုံးလုံးရှိပါတယ်။
    အခုဟာက ထစ်ကနဲရှိ သတင်းဖြန့်ဖြူးပေးမယ့်အစား သတင်းအုပ်ဆိုင်းထား၊ သတင်းမှောင်ချထားတာ အကျင့်ဖြစ်နေပါပြီ။ အဲဒီအကျင့်ရှိသူတွေကို အရင်မောင်းချရမှာ…။

    ဆီကိစ္စတခုထဲ ကွက်ပြောမယ်ဆိုရင်တော့-
    ဆီညံ့တွေကို ကိုယ့်နိုင်ငံထဲမှာ ကိုယ့်လူမျိုးချင်းအင်ထုတာ ကြာ…ကြာလှပါပကောကွယ်။
    မဲတူးညစ်နောက်နေတဲ့ဆီကို အနည်ချ + ဖိအားနဲ့စစ် + အရောင်ချွတ် + အရောင်အနံ့ပြန်ထည့်
    အဲဒါကလဲ ထိုင်းက နည်းပညာပါကွယ်။

    တရုတ်လူသုံးကုန်ပစ္စည်းတွေကျတော့
    အန္တရာယ်ရှိနိုင်တဲ့ပစ္စည်း ( ဥပမာ လျှပ်စစ်ဝါယာ၊ အလှကုန်) တွေကို တားမြစ်သင့်ပါတယ်။
    ဘာလို့မတားကြသလဲ ??

    အန္တရာယ်မရှိနိုင်တဲ့ တရုတ်လူသုံးကုန်ပစ္စည်းတွေကိုတော့ အားပေးရမယ်။
    အဲဒီဈေးမျိုးနဲ့ သူတို့လုပ်ရာင်းနိုင်လို့ ကိုယ်သုံးရတာ။

    ဦးဦးပါလေရာကတော့ ကိုယ်မချမ်းသာကြောင်း အမှန်အတိုင်းသဘောပေါက်ပါတယ်။
    တအိမ်လုံးရှိသမျှပစ္စည်းတွေ တရုတ်ပစ္စည်းတွေချည်းမို့သာ ဝယ်သုံးနိုင်တာပါ။
    တရုတ်ပစ္စည်းကိုသာ သပိတ်မှောက်ရရင် ငှက်ပျောရွက်ပတ်ထားဘို့သာ ရှိတော့တယ်….

    • Foreign Resident

      March 23, 2012 at 5:12 pm

      ” တအိမ်လုံး ရှိသမျှပစ္စည်းတွေ တရုတ်ပစ္စည်းတွေချည်းမို့သာ ဝယ်သုံးနိုင်တာပါ။
      တရုတ်ပစ္စည်း ကိုသာ သပိတ်မှောက်ရရင် ငှက်ပျောရွက် ပတ်ထားဘို့သာ ရှိတော့တယ် ”

      အင်းးးးးး ပြည်တွင်းဖြစ်လေးတော့ ရှိသေးသားပဲ ” ငှက်ပျောရွက် ” ။

  • kai

    March 22, 2012 at 3:20 pm

    Justice, Justice, Justice တရားရေးရှိပါတယ်..။
    အဲဒီဆီတွေ..ဆေးတွေကို.. မီဒီယာအကူအညီနဲ့.. NGO တခုခုက.. တောက်လျှောက်လိုက်ပြီး. လူတွေဘယ်လောက်သေပါတယ်.. ဘဝတွေထိခိုက်ပါတယ်.။ ဆေးဖိုးတွေကုန်ပါတယ်…သက်သေအထောက်အထားတွေလုပ်ပြီး.. ပြည်တွင်းကို.. သွင်းတဲ့ကုမ္ပဏီတရားစွဲ လျှော်ကြေးတောင်းပေါ့..။
    လူသေတာရှိရင်.. မူရင်းချိုင်းနားပြည်မအထိ လိုက်သွားပြီးအထောက်အထားယူ.. အပြည်ပြည်ဆိုင်ရာရှေ့နေနဲ့..တရားစွဲလျှော်ကြေးတောင်းလို့ ရပါတယ်..။

    နောက်ပိုင်း.. ယူအက်စ်က..မြန်မာပြည်ဝင်သွားရင်တော့.. အဲလိုလုပ်နိုင်မယ်လို့ထင်တယ်..။
    သတင်းတွေစုဆောင်းထားကြပေါ့…။
    ယူအက်စ်ကနေ.. နိုင်ငံခြားကကုမ္ပဏီတွေကို.(အများအားဖြင့်ဂျပန်) တချိန်လုံး Lawsuit လုပ်နေတာ..
    လျှော်ခိုင်းလိုက်.. သန်းဂဏန်းချည်းပဲ..။ ရှေ့နေတွေက.. ကျွမ်းကျင်ပြီးသား..

    racist(ငခွဲကောင်)မဖြစ်အောင်လို့တော့ သတိထားကြဖို့လိုပါတယ်.။
    racistက..တရားရေးမှာ.. တရားရှုံးအောင်.. ဆွဲချမှာမို့ပါ..။

  • myanmarcitizen

    March 22, 2012 at 4:03 pm

    အဘရေ ကောင်းလိုက်တဲ့ post ဗျာ။ ခြံစည်းရိုးကာဖို့ အဓိကတာဝန်ရှိတဲ့သူတွေကို ပေးဖတ်ချင်လိုက်တာ ဗျာ။ ဒီကောင်တွေ ဒီလိုမျိုးနေရာတွေကိုကောရောက်ဖူးရဲ့လားမသိဘူးနှော်။ ကိုယ်ကစောက်သုံးမကျရင်တော့ သူများနှိပ်စက်တာကိုခံရမှာပဲလေ။

  • အသူရာ

    March 22, 2012 at 4:19 pm

    မြစ်ဆုံရေကာတာအကြောင်းပြပြီးတော့ ရွှေတွေ ၊ ကျောက်စိမ်းတွေ၊ သစ်တောထွက်သယံဇာတတွေကို ခိုးထုတ်နေတာကဘာလို့လဲ အဘရေ့၊

    • Foreign Resident

      March 23, 2012 at 5:44 pm

      သက်သေ အထောက်အထားရှာပြီး ရဲ တိုင်ပါလားကွယ် ။
      အဲဒါမျိုးမှ တိုင်းပြည်ကို တကယ်ချစ်တယ် ခေါ်တယ်ကွယ့် ။
      အဲဒါမျိုး လုပ်လို့ကတော့ အဘ ကိုယ်တိုင်
      လှိုက်လှိုက်လဲလဲ ကို ထောက်ခံ ပါတယ် ။

      ကြုံတုံးလေး တခုပြောချင်တာက
      အဘ ဟာ တရုတ် မျိုးချစ် လုံးဝ ( လုံးဝ ) မဟုတ်ပါဘူး ။
      တရားမျှတမှု နှင့် အမှန်တရား ကိုသာချစ်တာပါ ။
      ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကိုသာ မြတ်နိုးတာပါ ။

      အဘတို့ နိုင်ငံသား / ရွာသူားတွေ တွေးပုံခေါ်ပုံတွေ
      သိပ်တဖက်စွန်း ရောက်လာပြီ လို့ထင်တဲ့အခါမှာသာ
      ဝင်ပြောတတ်တာပါ ။

      မတရားဘူး / မမှန်ဘူး လို့ထင်တဲ့အခါမှာ
      တရုတ် လူမျိုး မပြောနှင့် ၊ မိဘ ကိုတောင် သည်းမခံပဲ
      မိဘ နှင့် သူတပြန်ကိုယ်တပြန် ၊ ကိုယ်ထိလက်ရောက် ဖြစ်မလိုဖြစ်လို့ ၊
      အဘ အဖေ ဟာ မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ရတာပါ ။

      အခုထိ အဘ မှန်တယ် လို့ ယူဆတဲ့အတွက် ၊
      သူ့ ဖာသာသူ မျက်ရည်ပေါက်ကြီးငယ် ကျရုံမကလို့
      သတ်ပဲသေသေ ၊ အဘ တောင်းပန်စရာ မလိုပါဘူး ။

      အဘ ရဲ့ ဆောင်ပုဒ် ကတော့
      ” truth, the whole truth, and nothing but the truth ” ပါပဲ ။
      အမှန်တရား နှင့် တရားမျှတမှု အတွက်ဆိုရင်
      ဘာ လူမျိုးစွဲမှ ( ဘာ လူမျိုးစွဲမှ ) မရှိပါဘူး ။

      ကြောက်လို့ ၊ မပြောသင့်လို့ မပြောပဲ နေရင်နေမယ် ၊
      ပြောရရင်တော့ အမှန်ကိုပဲ ပြောပါမယ် ။
      အမှန်ကိုပြောလို့ ရွာပြင်ထွက်ရမယ်ဆိုရင်လည်း ၊ ထွက်ဖို့ အဆင်သင့်ပါပဲ ။

      ဒါပေမယ် စိတ်မပူပါဘူး ၊
      လုံလောက်တဲ့ ကိုယ်ကျင့်သိက္ခာ နှင့် အရည်အချင်း ရှိတဲ့အတွက် ၊
      ရွာပြင်အထိ လိုက်ပေါင်းမယ့် သူတွေလည်း အများကြီးပါ ။

      လိုက်ဆိုကြည့်ဖို့ သတ္တိရှိကြမယ် ဆိုရင် ၊ လိုက်ဆိုကြည့်စေချင်ပါတယ် ။
      ” truth, the whole truth, and nothing but the truth ” ပါ။

  • TTNU

    March 22, 2012 at 9:33 pm

    ကိုဖောရေ…
    လက်ခုပ်နှစ်ဖက်တီးမှမြည်တာကိုလက်ခံပါတယ်။
    လောဘတွေအရင်းခံနေကြတာပဲမဟုတ်ပါလား။
    စဉ်းစားကြည့်စရာတောင်မလိုပါဘူးကွယ်။
    ခပ်ညံ့ညံ့ ကို ခပ်ချဲ ့ချဲ ့တွေ ဝင်ပိုင်းတဲ့အခါ ခပ်အူအူ ပြည်သူတွေ
    ခပ်လူးလူးလဲလဲ ဖြစ်သွားတဲ့ သဘောထင်ပါရ ဲ့။ 😆

  • padonmar

    March 23, 2012 at 4:36 am

    ဟုတ်ပါ့ FR ရယ်
    ခြံစည်းရိုးတော့ လုံအောင်မကာပဲ
    ငါ့ခြံထဲဘယ်သူ ဝင်ခိုးသလဲအော်လို့ မရနိုင်ပါဘူး။

    ဒါပေမယ့် မတူသောအတွေးနဲ့မန့်ကြည့်မယ်။
    လက်နက်ရောင်းရအောင် ရန်တိုက်ပေးတာကျတော့ ဘယ်လိုပြောရမလဲ။
    ရန်တိုက်ပေးနေမှန်းတောင်မသိကြတဲ့ အံသူခ တွေပါပဲလား။

  • ကြောင်ကြီး

    March 23, 2012 at 10:53 am

    ဈေးကွက်စီးပွားရေးခတ်မှာ လက်ခံထားတာတော့ စားသုံးသူ၊ ဝယ်သူ အမြဲမှန်၏တဲ့။ နင်ပေးတာနဲလို့၊ ငါ့ကုန်ကျစားရိတ်များလို့ ပြောတာလက်မခံဘူး။ မမြတ်ရင် မထုတ်နဲ့ မကျေနပ်ရင် မရောင်းနဲ့၊ သူမလုပ်ရင် အခြားသူဝင်လာမယ်၊ supply နဲရင် demand တက်လာမယ်၊ demand ကျရင် supply လိုက်ချော့ရမယ်။ အစိုးရက မဖြစ်သင့်တာ မဖြစ်အောင် စောင့်ကြည့်ပေးတဲ့ အဆင့်ပဲရှိရတယ်။ အစိုးရနဲ့ အတိုက်အခံ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ အလုပ်ရှင်နဲ့အလုပ်သမား လူကြီးနဲ့ခလေး ဒီသဘောပဲ။ နင့်ကိုသနားလို့ ငါအနာခံလုပ်ပေးနေရပါတယ်ဆိုတာ ဒီခေတ်ကြီးမှာ ရယ်စရာဂျီး.. 😆

  • Foreign Resident

    March 23, 2012 at 5:59 pm

    စကားမစပ်ပါ ။

    တရုတ် ပစ္စည်း ကိုများ သပိတ်မှောက် ချင်တဲ့သူများရှိရင် ၊
    အဘ အထူး အထင်ကြီး လေးစားပြီး ၊ ဝမ်းမြောက် ဝမ်းသာ ကြီးကို ထောက်ခံ မှာပါ ။

    ဟုတ်တယ်လေ တရုတ် ပစ္စည်း အများစုက Quality ညံ့ တာကိုး ။
    အဘ လဲ သိတယ်လေ ။ သပိတ်မှောက် သင့်တာပေါ့ ။ Bravo !!!!!

    ဒါပေမယ့် အဘ ကတော့ အဲဒီ သပိတ်မှောက်တဲ့ အထဲ
    ပါတော့ မပါနိုင်ပါဘူးကွယ် ။
    ဘာဖြစ်လို့လဲဆိုတော့
    တရုတ် ပစ္စည်း ကို သပိတ်မှောက် နိုင်လောက်အောင် ၊
    အဘ မ ချမ်းသာ လို့ပါကွယ် ။

    သပိတ်မှောက် မယ့်သူတွေကိုတော့ ၊ အားပေးပါတယ် ။
    ဒါမှ ဒီမိုကရေစီ အစစ်ပါ ။ အားပေးပါတယ် ။
    လုပ်ဖြစ်အောင်လုပ်ကြပါ ။ Bravo !!!!!

Leave a Reply