မျှောက်ပြဆန်တောင်းတဲ့ ပြည်ပက မီဒီယာ

phone_kyawMarch 22, 20121min1077

မီဒီယာသမားတွေကို မီဒီယာပေါ်မှာ မင်းသားတွေလို တွေ ့နေရတယ်။ သူ ့တို ့မျက်နှာတွေက ခန် ့ခန် ့ကြီးနဲ ့။ မသိရင်တော့ အထင်ကြီးစရာ။ အစိုးရက လုပ်တဲ့ပွဲမှာ တစ်ခါမှ မတက်ဘူးတော့ ဒီလိုဖြစ်တာတော့မစမ်းပါဘူး။ ဝန်ကြီးမပြောနဲ ့ စစ်ဗိုလ်တောင်အနီးကပ်မပေါင်းဘူးတဲ့လူတွေ ၊ အခုဝန်ကြီးတွေနဲ ့ထိတွေ ့ဆက်ဆံလာရတော့ သူတို ့ကိုသူတို ့ဟုတ်လှပြီထင်နေကြတယ်။

မီဒီယာဥပဒေရေးဆွဲဖို ့အတွက်ပြည်ပ မီဒီယာသမားတွေကို ဖိတ်ခေါ်လို ့သွားတာမဟုတ်ပါဘူး။ အစိုးရက Irrawaddy Mizzima and DVB တို ့ခင်ဗျား- ကျနော်တို ့ကို ဝိုင်းကူပါလို ့ပြောတာမဟုတ်ပါဘူး။

ကျနော့်မျက်စိထဲမှာ မျက်စိဆံပင်မွေးဆူးနေတာလား။ မနာလိုတဲ့စိတ်များနေတာလားတော့မသိဘူး။ တိုင်းပြည်ပြင်ပမှာ မီဒီယာတွေတစ်ပုံကြီးရှိပါတယ်။ ဘာ့ကြောင့်များသူတို ့ကို ရွေးပြီးမှ ကျနော် ကြည့်မရဖြစ်နေတာလဲဆိုတာကို ရှင်းပါ့မယ်။

မလေးရှားမှာ မြန်မာ ဂျာနယ်တွေရှိတယ်။ မဂ္ဂဇင်းတွေရှိတယ်။ စင်္ကာပူလည်း ဒီအတိုင်းပဲ။ သူတို ့က စီးပွားရေးအတွက် ဂျာနယ်ထုတ်တယ်။ မည်သည့် အန်ဂျီအိုကနေမှ သူတို ့မတောင်းဘူး။ သူတို ့စာစောင်တွေမှာလည်း ပြည်သူ ့အတွက်ရည်းဇူးပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ ့ပညာရေးအကြောင်းအရာတွေကို တင်ပြတယ်။ ကြော်ငြာနဲ ့ရပ်တည်သလို ရောင်းအားကိုလည်း အားကိုကြတယ်။ သူတို ့လည်း တိုင်းပြည်အတွက် လုပ်နေတဲ့လူတွေပဲ။ ဒါပေမဲ့ သူတို ့က မဇိမ၊ ဧရာဝတီ နဲ ့ ဒီဗွီဘီလို ဝန်ကြီးနဲ ့တွေပြီး မီဒီယာဥပဒေကို ရေးဆွဲတဲ့အထဲမှာမပါဘူး။ သူတို ့အလုပ်ကို သူတို ့လုပ်ကြတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကလုပ်တဲ့ မီဒီယာနဲ ့ဆိုင်တဲ့အလုပ်ရုံဆွေးနွေးပွဲကို ဘာ့ကြောင့်များ မြန်မာပြည်ထဲက နာမည်ကြီး မီဒီယာဘိုးအေကြီးတွေကို မဖိတ်တာလဲမသိဘူး။ ဥပမာ လူထုဦးစိန်ဝင်းကိုကြည့်ပါ။ သူ ့တို ့အပြင်အခြားလူတွေလည်း အများကြီးပါ။ အောင်ဇော်တို ့ညီအစ်ကို၊ စိန်ဝင်းတို ့ညီအစ်ကို နဲ ့ ဪစီက အင်္ဂလိပ်မ ဝဝတုတ်တုတ်ကြီးကို ချူစားနေတဲ့ တိုးဇော်လတ်တို ့ပဲ မီဒီယာအကြောင်းသိတာလား။

သူတို ့ကို တချိူ  ့လူတွေတော့ အထင်ကြီးမယ်။ မဇိမ၊ ဧရာဝတီနဲ ့ဒီဗွီဘီတို ့ဟာ ၈၈-တောခိုကျောင်းသားတွေလုပ်ခဲ့တဲ့မီဒီယာကြီးပေါ့ဗျာ။ အဲဒိသူတောင်းစားတွေက မလေးရှားက ဂျာနယ်တွေလောက်တောင်အဆင့်မရှိဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားတဲ့ကောင်တွေမဟုတ်ဘူး။ အန်ဂျီအိုကနေ အကြောင်းအမျိူးမျိူးပြလိမ်ပြီးတောင်းစားလာတယ်။ ဒီငွေနဲ ့ဂျာနယ်ထုတ်တယ်။ ပြီးရင် နိုင်ငံရေးစင်မြှင့်ကို တက်ဖို ့လှမ်းချင်သေးတယ်။ ဒီလူတွေကို အထင်ကြီးစရာ၊ အတုခိုးစရာ ဘာရှိလဲ။ ရှိရင် ကျနော့်ကိုပြောစမ်းပါ။ ခိုးတာများ ဘတ်ငွေသန်းနဲ ့ချီပြီး ရှိတယ်။

သူတို ့တောခိုလာတယ်။ တောထဲမှာ နေရတာကိုတော့ အသေကြာက်တယ်။ သေရမှာလည်းကြောက်တယ်။ ဒါနဲ ့မြို  ့ပေါ်ကိုပြေးပြီး မျှောက်ပြဆန်တောင်ပြီး မီဒီယာဆိုပြီးလုပ်တာကို အထင်ကြီးစရာ၊ လေးစားစရာလိုလို ့လား။ အဲဒိကောင်တွေတနေ ့မှာ တော်လှန်ရေးရဲ  ့ဒဏ်ခတ်တာကို ခံလိမ်မယ်။ သူတို ့လည်ချောင်းတွေထဲမှာ တော်လှန်ရေးက စားလာတဲ့ ထမင်းကို ခြေမနဲ ့ကလော်ထုတ်ရင်တောင် အတောင့်လိုက်ထွက်လာနိုင်တယ်။

သူတို ့ကိုလေးစားအထင်ကြီးမဲ့အစား တောထဲမှာ မျှစ်စားပြီး အသေခံတိုက်နေတဲ့ ရဲဘော်တွေကိုပဲ လေးစားတော့မယ်။

7 comments

  • Khin Latt

    March 22, 2012 at 6:23 am

    ကိုဘုန်းကျော်
    မှန်တာမှားတာ အပထား၊ ရိုင်းတာ ယဉ်တာ အပထား၊
    ကျွန်မ မသိနိုင်တဲ့ နေရာတွေ က နေ စိတ်ဝင်စားစရာ အသိတွေ အများကြီးရလာလို့ ကျေးဇူးပါ။ 🙂

  • maungmoenyo

    March 22, 2012 at 8:53 am

    တခုတော့ရှိပါတယ်။ အဲ့ဒီ Irrawaddy, DVB, Mizzima, VOA, BBC တို့ဟာ ဒီမိုကရေစီရရှိရေးတိုက်ပွဲမှာ သက်ဆိုင်ရာအစိုးရများရဲ့ ထောက်ပံ့ကြေးတွေကိုရယူနေကြသူတွေမို့၊ သက်ဆိုင်ရာအစိုးရနဲ့တနည်းမဟုတ်တနည်း ဆက်စပ်နေကြပြီးသားဖြစ်နေကြတာတကြောင်း၊ ထင်ပေါ်ပြီး ဖတ်ရှုလေ့လာသူများတာကတကြောင်း၊ မြန်မာအစိုးရက လက်ခံတွေ့ဆုံခြင်းဖြစ်မယ်လို့ယူဆပါတယ်။ ဒီလိုလက်ခံတွေ့ဆုံခွင့်ရတိုင်း၊ အူမြူးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ခံတွေ့ဆုံခြင်းသည်၊ အသိအမှတ်ပြုခြင်းဆိုတဲ့ အဆင့်ထက်မပိုပါဘူး (မြန်မာအစိုးရအနေနဲ့)။ ပြောတိုင်းလုပ်ပေးမယ်လို့တထစ်ချယူဆလို့မရပါဘူး။ ခုချိန်မှာ အစိုးရက ပြင်ပလောကကို ကနဦးမျက်စိဖွင့်နားဖွင့်ကြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုအပြေးအလွှားသွားပြီး ဝန်ကြိးမင်းများနဲ့ ဝင်လုံးကြသူတွေ ခုချိန်ဒုနဲ့ဒေးပေါ့။ တွေ့တိုင်း၊ ဝမ်းသာလုံးဆို့ပြီး၊ ငါတော့ အစိုးရဝန်ကြိးမင်းတွေရဲ့ မဟာမိတ်ကြီး လို့ယူဆလိုက်ရင် တက်တက်စင်လွဲပါလိမ့်မယ်။
    ခုချိန်ဟာ အစိုးရအတွက်ရော၊ အတိုက်အခံအားလုံးအတွက် critical ဖြစ်တဲ့အချိန်ပါ။ သူ့ခြေလှမ်းကိုယ့်ခြေလှမ်း အားစမ်းနေတဲ့အချိန်ပါ။ အစိုးရထဲမှာလည်း အချင်းချင်းအားပြိုင်နေတဲ့အချိန်ဆိုတာကို တချိန်ထဲမှာမြင်အောင်ကြည့်တတ်ကြဘို့လိုကြောင်းပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 22, 2012 at 8:54 am

    အစ်ကိုကြီးဘုန်းကျော် ခင်ဗျ
    ဒါပြီးရင်
    တော်လှန်ရေးဆိုတာကိုအကြောင်းပြပြီး
    တတိယနိုင်ငံတွေကို လစ်သွားတဲ့သတ္တဝါတွေအကြောင်းလည်းရေးပါဦးခင်ဗျ
    အားပေးနေပါတယ်

    • phone_kyaw

      March 22, 2012 at 9:44 am

      ပထမတုန်းကတော့ ဒေါသတွေထွက်ပြီး အစိုးပြုတ်အောင် တိုက်မယ်ဆိုပြီး သေနတ်ကို်င်ကြတာပဲ။ ပထမတစ်နှစ် နှစ်နှစ်တော့ စိတ်ပါကိုယ်ပါ ချ တယ်။ နောက်ပိုင်းကြတော့ ကိုယ့်အထဲက အခြေအနေ နဲ ့ စစ်တပ်ရဲ ့အခြေအနေကို ယှဉ်ကြည့်တော့ တောထဲမှာ ဆက်နေဖို ့မဖြစ်တော့ဘူးဆိုတာ သိလာတယ်။ နောက်ပိုင်းထိုင်းနယ်စပ်မြို ့ပေါ်ကနေ တော်လှန်ပြန်တော့လည်း မလွယ်။ နောက်ဆုံး ဒီအတိုင်းနယ်စပ်မှာ ဆက်နေရင်တော့ ကိုယ်တင်မကဘူး ကိုယ့်ခလေးတွေပါ လူညွန် ့တုန်းမယ်ဆိုတာကိုသိလာကြတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးကလည်း အဆင်သင့်ဆိုတော့။ အောက်ခြေရဲဘော်အတော်များများနဲ ့ဂွင်မရှိတဲ့ခေါင်းဆောင်တွေအားလုံး တတိယနိုင်ငံကို ထွက်ဖို ့ပြင်ကြတယ်။ သုံးနှစ်လောက်စောင့်ပြီးမှ သက်ဆိုင်ရာနိုင်ငံတွေကို ရောက်ကြတယ်။ ရောက်တဲ့နိုင်ငံမှာ အခြေကျအောင်မနည်းရုန်းကြရတယ်။ ဘာသာစကားအခက်အခဲ၊ အသက်မွေးဝမ်းကြောင်း တက်ကျွမ်းမှုမရှိတဲ့အပြင် တောထဲကလာတဲ့တောသားတွေအတွက် ပိုပြီးဆိုးတယ်။ ရတဲ့အလုပ်ကို လုပ်ရတယ်။ ကျနော်တို ့လင်မယားနှစ်ယောက်လုံးဆိုရင် အိမ်သာလည်း ဆေးဘူးတယ်။ သူများအိမ်က အဝတ်လည်းလျှော်ဘူးတယ်။ သန် ့ရှင်းရေးလည်း လုပ်ဘူးတယ်။ ရလာတဲ့ငွေကို ပြည်တွင်းမှာ ငတ်နေတဲ့အမျိူးတွေ ပြန်ပေးရသေးတယ်။ နောက်ပြီး နယ်စပ်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို ပြန်ကူညီရတယ်။ တော်လှန်ရေးလုပ်မယ်ဆိုပြီး တတိယနိုင်ငံကို ထွက်ပြေးသွားတဲ့ သတ္တဝါလေးဖြစ်တဲ့ ကျနော့်အကြောင်းပါ။ အခုတော့ အားလုံးသိတဲ့အတိုင်း ဂေဇတ်မှာ အာသာပြေ စာပဲရေးနိုင်တော့တယ်။

  • kaung kin pyar

    March 22, 2012 at 9:23 am

    ဘေးကျပ်နံကျပ်ထဲရောက်နေရင်တောင် ကိုယ့်လွတ်လမ်းတော့ ရှာပြီး ရွှေအိုးထမ်းပြန်နိုင်အောင် ကြံတတ်တယ်…။ ဪ…..ရွှေချထားထားရမယ့် ဦးနှောက်တွေ…. ။ ဒီလိုလူတွေ များလာရင်တော့ အင်းးးးးးး

  • kyeemite

    March 22, 2012 at 10:40 am

    ကိုဘုန်းကျော်ကို အမှန်အတိုင်းဝန်ခံရဲတဲ့
    သတ္တိကိုတော့ ချီးကျူးပါတယ်ဗျာ..
    မီဒီယာနဲ့ပါတ်သက်လို့တော့
    လောလောလတ်လတ်ဘဲ လူထုဦးစိန်ဝင်းနဲ့
    အလဲဗင်းမီဒီယာတို့တွေ့ဆုံခန်းလေးဖတ်လိုက်ရပါတယ်..
    သူ့ရဲ့သဘောထားကိုပွင့်ပွင့်လင်းလင်းဖွင့်ဟထားတာ
    ကျွန်တော်တော့သဘောကျတယ်ဗျို့

  • sunny123

    March 22, 2012 at 2:19 pm

    ကိုဘုန်းကျော်လူတိုင်း မှာရွှေးချယ် ပိုင်ခွင့်ဆိုတာရှိတယ်လေ..အထူးသဖြင့်မိသားစုနဲ့ပတ်သတ်လာရင် ယောကျာ်း တွေကပိုလိုအနစ်နာခံနို်င်ရပါမယ်.. မိူသိပ်နို်င်ရပါမယ်.. ဘာဘယ်ပြောပြော ခဗျားကို ကျနော်လေးစားပါတယ် အမှန်ကိုဝန်ခံရဲတဲ့ သတ္တိကိုတော့….

Leave a Reply