ငါးကိုဆားဆနွင်းနယ်ထားတာပါ

သရက်သီးလေးကို ဒီလိုလေး ပါးပါးလှီးတယ်

တစ်နေ့တစ်နေ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကလည်း မသေးဘူး ချက်ရပြုတ်ရ လျှော်ရဖွတ်ရနဲ့ ဟင်းတွေကလည်း နေ့တိုင်းချက်နေရတော့
ဘာချက်ရမှန်းကို မသိတော့ဘူး အပြောင်းအလဲ လေးလဲဖြစ်အောင်နေ့တိုင်းစားနေရတာနဲ့ မတူအောင် တစ်မျိုးလေးစမ်းချက်ကြည့်မယ်ဆိုတော့
ဒီတစ်ပတ်ထုတ် 7 day journal ထဲက ငါးဟင်းလေးချက်ကြည့်မလား စိတ်ကူးမိတယ် ။အခုဟာ ရာသီဥတုကလည်း ပူလာတော့
သိပ်အီတာမျိုးမဟုတ်ဘဲ ငါးကို ချဉ်စပ်လေး ချက်စားဖြစ်တယ် ။
အရင်ဆုံး ငါးကိုဆားဆနွင်းနယ်ပြီး နပ်ထားတုန်း သရက်သီးစိမ်း ခပ်ရွယ်ရွယ်တစ်လုံးကို ခပ်ပါးပါးလေးလှီးထားပါတယ် .ပြီးရင်
ကြက်သွန်ဖြူနီကိုဆီသတ် ငပိစိမ်းစားလေး နည်းနည်းပါထည့်ပြီး သတ်ပါတယ် ဆီသတ်တာ ရလောက်ပြီဆို ခုနကလှီးထားတဲ့
သရက်သီးစိမ်းလေးကို ထည့်ပြီး သရက်သီးနွမ်းသွားပြီဆို ဆားဆနွင်းနယ်ထားတဲ့ ငါးကိုထည့် ရေအနည်းငယ်ထည့်ပြီးဆူအောင်တည်ပါတယ် ။
ဟင်းအိုးကဆူပြီဆိုရင်တော့ ငရုတ်သီးစိမ်းကိုထပ်ခြမ်းခွဲ ထည့်ပါ ပြီးမှ နံနံပင်လေးအုပ်လိုက်ရင်တော့ အရသာ၇ှိတဲ့ ဟင်းတစ်ခွက်ဖြစ်လာပြီပေါ့ ……….

ငါးပိရည်နဲ့ တို့စရာလေးပါ ……….

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..