ငါးကြင်းသားချဉ်စပ်ဟင်း

နွယ်ပင်March 22, 20122min74736

ငါးကိုဆားဆနွင်းနယ်ထားတာပါ

သရက်သီးလေးကို ဒီလိုလေး ပါးပါးလှီးတယ်

တစ်နေ့တစ်နေ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကလည်း မသေးဘူး ချက်ရပြုတ်ရ လျှော်ရဖွတ်ရနဲ့ ဟင်းတွေကလည်း နေ့တိုင်းချက်နေရတော့
ဘာချက်ရမှန်းကို မသိတော့ဘူး အပြောင်းအလဲ လေးလဲဖြစ်အောင်နေ့တိုင်းစားနေရတာနဲ့ မတူအောင် တစ်မျိုးလေးစမ်းချက်ကြည့်မယ်ဆိုတော့
ဒီတစ်ပတ်ထုတ် 7 day journal ထဲက ငါးဟင်းလေးချက်ကြည့်မလား စိတ်ကူးမိတယ် ။အခုဟာ ရာသီဥတုကလည်း ပူလာတော့
သိပ်အီတာမျိုးမဟုတ်ဘဲ ငါးကို ချဉ်စပ်လေး ချက်စားဖြစ်တယ် ။
အရင်ဆုံး ငါးကိုဆားဆနွင်းနယ်ပြီး နပ်ထားတုန်း သရက်သီးစိမ်း ခပ်ရွယ်ရွယ်တစ်လုံးကို ခပ်ပါးပါးလေးလှီးထားပါတယ် .ပြီးရင်
ကြက်သွန်ဖြူနီကိုဆီသတ် ငပိစိမ်းစားလေး နည်းနည်းပါထည့်ပြီး သတ်ပါတယ် ဆီသတ်တာ ရလောက်ပြီဆို ခုနကလှီးထားတဲ့
သရက်သီးစိမ်းလေးကို ထည့်ပြီး သရက်သီးနွမ်းသွားပြီဆို ဆားဆနွင်းနယ်ထားတဲ့ ငါးကိုထည့် ရေအနည်းငယ်ထည့်ပြီးဆူအောင်တည်ပါတယ် ။
ဟင်းအိုးကဆူပြီဆိုရင်တော့ ငရုတ်သီးစိမ်းကိုထပ်ခြမ်းခွဲ ထည့်ပါ ပြီးမှ နံနံပင်လေးအုပ်လိုက်ရင်တော့ အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်လာပြီပေါ့ ……….

ငါးပိရည်နဲ့ တို့စရာလေးပါ ……….

36 comments

  • Khaing Khaing

    March 22, 2012 at 12:53 pm

    အလဲ့ …မမနွယ်ဘင် မနက်က “ဂ” ကိုချက်ချွေးတဲ့ဟင်းလေးလား … နွေရာသီဆိုတော့ ဒါမျိုးလေးနဲ့ဆိုအ တော်လိုက်ဖက်တယ်ချင့် … ရှလွတ် ရှလွတ်

  • ဖားသက်ပြင်း

    March 22, 2012 at 1:06 pm

    ပကျွတ်….

    စွံတဲ့လူဒွေများ … အစားပါ မြိန်သကိုး …
    ကျုပ်တို့များ .. တွေ့ကရာ ထမင်းဗူးကို…ဆွဲ…
    ဟရှိခေါ်တဲ့ ဒုတ်၂ချောင်းနဲ့ …၁၅မိနစ်အတွင်း ဟဲရတယ်…
    ဟံမာမင်း … အသည်းနာဘာဘိတောင်း…
    😀

    ချဉ်ဘာဒယ်အေ….
    ဒက်ဂလောက်…ဒက်ဂလောက်…

    • Patriot

      March 22, 2012 at 2:44 pm

      ငါးပိရည် ကစားချင် စရာလေး။ သွားရည်တောင် ကျတယ်။ ကိုဂီ ပြောသလိုပဲ ကျွန်တော်တို့ ဘဝတွေက စားတယ်ဆိုတာ ဗိုက်ဝဖို့ သက်သက် လိုဖြစ်နေပြီ။ တောသားလို့ ပဲပြောပြော ဘယ်နိုင်ငံခြား အစားအစာဘယ်လောက် ကောင်းကောင်း နောက်ဆုံးတော့ တို့ရိုးရာ ငါးပိရည် လောက်အမြဲ စွဲဆောင်မှူမရှိ့ဘူး။

      • ဖားသက်ပြင်း

        March 22, 2012 at 3:12 pm

        ဟုတ်တယ်ဗျို့ ….
        ဟိုဘက်ပိုစ့်မှာ ပြောင်းဖူး စားဂျင်လို့ သွားရည်ကျရ
        သည်ဘက်ပိုစ့်မှာ ငါးပိရည် ရှလူးချင်လို့ မျက်ရည်လည်ရနဲ့…

        အင်း …..မိန်းမယူဂျင်ဇိတ် …..တားလို့မရတော့ ….
        (ချိုင်ချိုင်မချိုင်ချိုင်အေ….)
        😀

        ဒက်ဂလောက်…ဒက်ဂလောက်…

  • Thel Nu Aye

    March 22, 2012 at 1:06 pm

    အတော်ပဲချက်စားလိုက်အုံးမယ်။ ငါးကြင်းဆိုရင်စားကောင်းအောင်ချက်ဖို့တော်တော်စဉ်းစားရတာ။ ဂွတ်။

  • Shwe Tike Soe

    March 22, 2012 at 1:33 pm

    သခွားသီးနဲ. ငပိရည်ပဲကြိုက်တယ်.. တို.ဆွဲလေးဆွဲလိုက်မယ်…
    အခုတော့ ထမင်းချိုင့်ထည့်လာတာ ဟင်းပဲပါလားပြီး ထမင်းမပါလို. ထမင်းလိုက်ရှာလိုက်အုံးမယ်… ဟိဟိဟိဟိ…

  • amatmin

    March 22, 2012 at 1:34 pm

    ငါးဆားနယ်ကို သိပ်မကြိုက်ပေမဲ့ အခုက ထမင်းစားချိန်ဆိုတော့ အရသာရှိရှိ ဝင်စားသွားပါတယ်..
    ဒါနဲ့ သိချင်တာက ဟင်းတွေအထဲ နံနံပင် ထည့်ရင် ဘယ်အချိန်လောက်များဖြူးလဲလို့ 🙂

    • နွယ်ပင်

      March 22, 2012 at 1:39 pm

      ကိုမတ်တို့ ကလည်းနော် ငါးဆားနယ် မဟုတ်ပါဘူး နွယ်ပင်လည်း ငါးဆားနယ်ကို မကြိုက်ဘူးလေ
      အခုဟာက တစ်ခြားဟာတွေ လှီးချွတ်နေတုန်း ငါးကိုဆားဆနွင်းနယ်ပြီး ခဏနှပ်ထားတာပါ
      ဒါနဲ့ ဟင်းတွေထဲ နံနံပင်ထည့်ရင် နွယ်ပင်ကတော့ အားလုံးကျက်ပြီဆိုတော့မှ အပေါ်က ဖြူးလိုက်တာပဲ …………..

      • Thel Nu Aye

        March 22, 2012 at 5:30 pm

        ငါးဆားနယ်က ဈေးကမဝယ်နဲ့။ အိမ်မှာလုပ်။ ကြိုက်သွားစေရမယ်။ ငါးကြင်းအသားချည်းပဲကို လက်မလောက် ကလေးတွေတုံး။ ဆားများများနဲ့နယ် ( အရမ်းမငန်အောင်တော့ ကိုယ့်ဟာ ကိုယ်ချိန်နော်) ။ ပလတ်စတစ်အိပ်ထဲထဲ့။ ကြိုးစည်းပြီး အိပ်ကိုပါတ် ပါတ်လည်အပေါက် ကလေးတွေဖေါက်ထား။ ဇလုံထဲထည့်၊ အပေါ်က ငရုတ်ဆုံဖိထား။ ထွက်လာတဲ့အရည်သွန်လိုက်။ တနေ့နဲ့တညလောက်အဲနည်းနဲ့လုပ်။ ပြီးရင်ချက်စား။ ကြိုက်သွားစေရမယ်။ ရေလည်ဂွတ် တာ။ ပြောရင်းနဲ့စားချင်လာပြီ။ မယုံမရှိနဲ့။ လုပ်စားကြည့်။

        • MaMa

          March 22, 2012 at 5:48 pm

          သဲနုအေးပြောတာကို ငါးကြီးချဉ်လို့ ခေါ်ကြတယ်။
          အလုံဈေးမှာတော့ မကြာခဏ တွေ့တတ်တယ်။
          အင်မတန် စားကောင်းပါကြောင်း နွယ်ပင်ရဲ့ ငါးကြင်းသားချဉ်စပ်ဟင်းကို စားပြီး ပြောသွားပါသည်။
          ငါးကို သရက်သီးသနပ်ရောထည့် ချက်လည်း စားကောင်းတယ်။
          ကိုယ်တိုင်တော့ မချက်တတ်ဘူး။
          ကြိုက်တတ်လို့ အမေက မကြာခဏ ချက်ကျွေးတယ်။

        • Thel Nu Aye

          March 22, 2012 at 6:25 pm

          ငါးကြီးချဉ်မဟုတ်ဘူးအမရဲ့။ သူကထမင်းမပါဘူး။ ဈေးထဲကဟာကထမင်းနဲ့အချဉ်တည်ထားတာ။ အခုဟာက ငါးကျောက်ဖိလို့ခေါ်တယ်အမရဲ့။ ငါးဆားနယ်ကိုဆားနဲ့ငါးအရည်တွေထွက် သွား အောင်လုပ်ထားတာ။ အငံလေးလေးနဲ့မာမာလေး။ စားလုက်ရင်ငါးလေးကထုပ်ထုပ် ထုပ်ထုပ်နဲ့။

        • amatmin

          March 22, 2012 at 10:00 pm

          အမသဲနုအေး
          ဂလိုမျိုးစာရေးပြီး ကျွေးလို့ဘယ်သိနိုင်မလဲဗျ…
          နွယ်ပင်လိုမျိုး ပန်းကန်လေးနဲ့ထည့်ကျွေးရင် ဟုတ်သေး
          မယုံမရှိပါဘူး လုပ်စားပြ ပြီးရင်ထမင်းဖိတ်ကျွေး 🙂
          လက်တွေ့စားပီး မှလက်ခံမယ်… 😛

  • ဆူး

    March 22, 2012 at 1:48 pm

    ဒါမျိုးစားချင်ရင် ဘယ်မှာ စားရမလဲ.. နွယ်ပင် အိမ် ကို ချီတက်ကြရအောင်.. စားမယ် ဝါးမယ်.. ဟိဟိ.. သတင်းကြိုသိရင် တော်ကြာ အိမ်သော့ခတ်ပြီး ပုန်းနေကြအုန်းမယ်။

  • Novy

    March 22, 2012 at 2:39 pm

    ငါးကြင်းနဲ့သရက်သီးချက်လေးက မနို မေမေရဲ့ အကြိုက်ဆုံးဟင်းထဲကတစ်ခုပေါ့
    သူမချက်တာတောင်ကြာပြီး သတိပေးလိုက်အုံးမယ်

    သခွားသီးကို ငပိရည်လေးနဲ့တို့ပြီး စားသွားတယ်နော်

  • manawphyulay

    March 22, 2012 at 3:34 pm

    အရမ်း ဗိုက်ဆာနေတာနဲ့ စားချင်လာပြီ။ ခုအတော်ကို သရေကျနေပြီ။ ခုလာကျွေးမလား မကျွေးဘူးလား ညီမလေး…

    • နွယ်ပင်

      March 22, 2012 at 3:53 pm

      အခုတော့ လာကျွေးလို့ မရလို့ပါအစ်မရယ်
      နွယ်ပင်က အလုပ်မှာလေ ညနေအိမ်လိုက်စားရင်တော့ ရတယ် ……….

      • E.T

        March 23, 2012 at 11:18 am

        ဂယ်ပြောတာလား။ လာစားမှာနော်

  • ဇွဲမာန်အောင်

    March 22, 2012 at 3:49 pm

    သွားရည်တောင် ကျလာပြီ။
    ရှလွတ် ရှလွတ်

  • စိန်ပေါက်ပေါက်

    March 22, 2012 at 4:09 pm

    ညကတင် အဲဒီလို ငါးပိရေနဲ ့ ဆွဲခံတာ
    သရက်သီးနဲ ့
    ရှယ်ဘဲ
    ကျန်တာတော့မသိ
    ငါးပိရေတော့ ခိုက်သွားဘီ
    ရှူးရှဲ..

  • Ma Ei

    March 22, 2012 at 4:41 pm

    နွယ်ပင်ရဲ့ ငါးကြင်းနဲ့သရက်သီးချက်လေး ကောင်းမှကောင်း…
    ငါးပိရည် တို့စရာနဲ့ဆိုတော့ဗိုက်ဆာလာပြီ..

  • koaung

    March 22, 2012 at 4:43 pm

    အားပေးသွားပါတယ်ဗျိုး (ဂလုဂလု)

  • windtalker

    March 22, 2012 at 9:02 pm

    ကိုကိုဂကြီး လျှာရင်းမြက်
    မနွယ်ပင် ရဲ ့အချက်
    ငရုတ်သီးစပ်တော့ ယောင်ပြီးဖက်
    ဟင်းတွေပေပြီ မှတ် ။
    ဂွပ်ဂွပ်…

  • surmi

    March 22, 2012 at 11:27 pm

    ကံကောင်းလိုက်တဲ.ကိုအာဂ ………။
    ကျုပ်တို.များ ကိုယ်တိုင်ချက်ရတော.မယ် ။
    (အိမ်ကဘွားတော် သူ.အမေအိမ် အလယ်သွားလို.)

    • Mလုလင်

      March 23, 2012 at 12:13 pm

      ကို surmi ရေ .. ချက်ပြီးရင် ဖုန်း လေး လှမ်းဆက် လိုက်ပါဗျာ .. ဘဝတူ တွေမို့ …

  • FattyCat

    March 23, 2012 at 8:57 am

    နွယ်ပင်ရယ်…
    အိမ်ခွဲနေရင်တော့ ငါချက်ကျွေးရမှာအသေအချာပဲ….ဟီး
    ငါးရော၊ ငပိရော မကြိုက်ပေးမယ့်….အားပေးသွားတယ်နော်…

  • mocho

    March 23, 2012 at 12:49 pm

    နွယ်ပင် ရေ
    မိုချို လည်း ခုပဲ သရက်သီးနဲ့ ငါးနဲ့ချက်လို်က်ပြီ ။ နွယ်ပင်ရဲ့ ဟင်းကို အားပေးတဲ့ သူတွေ အများကြီးပဲ မို့အသံတိတ်ပြန်ထွက်သွားမလို့ပဲ။ ကိုယ် လည်း အကြံ ရသွားတယ်ဆိုတော့ အကြံပေးသူကို အသိပေးရမှာပေါ့။ ဒီမှာတော့ ငါးကြင်းနဲ့တူတဲ့ပင်လယ်ငါး နဲ့ မနေ့ကပန်းခြံထဲ လမ်းလျှောက်ရင်း သားသားနဲ့ အတူကောက်လာတဲ့ သရက်သီးလေးတွေ ရှိနေတော့ အတော်ဖြစ်သွားတယ်။

  • Khin Latt

    March 23, 2012 at 6:41 pm

    ဝေဝေ့ ကြက်ခြေထောက်သုတ် သုတ် ပြီးတော့ တစ်ပင်ထဲ လေးရဲ့ ငါးကြင်းသားချဉ်စပ်ဟင်း အလှည့်ပါ။
    “ဂ ဂ” ကတော့ ကမ္ဘာ့ ကံကောင်းသူ ထဲ က တစ်ယောက်ပေါ့လေ။
    ငါးပိရည် မစားရတာလဲ ကြာပေါ့။
    ဒီမှာတော့ ရေချိုငါး ဝယ်မရ ဘဲ ပင်လယ်ငါးတွေ ဘဲ ရှိတယ်။
    စားစရာပုံ တွေ များများ တင်ကြပါ။
    အရီးက ရှေ့ဆုံးကနေ အားပေးသူပါ။ 😆

    • Thel Nu Aye

      March 23, 2012 at 11:07 pm

      အရီလတ်။ အီးမဲလိပ်စာပေးလေ။ ညီမလေးကိုအမြဲမြန်မာအစာတွေပို့ရတယ်။ ပိုပို့ပေးလိုက်မယ်။

  • padonmar

    March 23, 2012 at 9:32 pm

    နွယ်ပင်လေးက ဒီလိုလည်း ချက်တတ်ပြုတ်တတ်ပါလား၊
    အင်တာပဲဗျူးတတ်တာ မဟုတ်ပါဘူးနော။
    စွယ်စုံနွယ်ပင်ပါကွဲ့။

  • အားပေးသူ

    March 23, 2012 at 11:57 pm

    အမ padonmar ခင်ဗျ
    လှုပ်ရှားနေတဲ့ ပုံလေးတွေ ဘယ်လိုဒေါင်းလုပ်ဆွဲပြီး ဘယ်လို
    တင်ရတာလဲ သိချင်ပါတယ်
    အဆင်ပြေမယ်ဆိုရင် မျှဝေပေးပါခင်ဗျ

    • Khin Latt

      March 24, 2012 at 4:42 am

      အားပေးသူရေ
      အစ်မပဒုမ္မာ ကိုယ်စား ဝင်အားပေးလိုက်ပါရစေ။ 😉
      လှုပ်ရှားနေတဲ့ ပုံလေးတွေ ကို ဒေါင်းလုပ် လုပ်လို့ ရပါတယ်။
      ဥပမာ – http://www.gifs.net/subcategory/317/0/20/Cooks_and_Chefs
      တစ်ခြား ပုံ ကြိုက်တာရှာ လေးတွေ လဲ ရှာကြည့်ပေါ့။
      ပြီးတော့ Log out ဆိုတဲ့ အပေါ်မှာ Edit My Profile ရှိတယ်။
      Profile ရဲ့ အောက်ဆုံးမှာ Avatar ဆိုတာ ရှိတယ်။
      အဲဒီ မှာ download လုပ်ထားတဲ့ ပုံကို upload လုပ်လိုက်ရုံဘဲ။
      ရမရ ပြောပါဦး နော်။ 🙂

      • အားပေးသူ

        March 24, 2012 at 11:35 am

        အမ Khin Latt ခင်ဗျ
        ကြိုက်တဲ့ ပုံလေးကိုရှာပီး ဒေါင်းလုပ် လုပ်ပြီးပါပြီ php ဖိုင်နဲ ့လုပ်ပါတယ်
        Avatar မှာ upload လုပ်လိုက်တာ မရဘူးလို ့အဖြေပေးပါတယ်
        ကူပါဦးအမခင်ဗျာ

        • အားပေးသူ

          March 24, 2012 at 11:52 am

          For security reasons, the extension “.php” cannot be in your file name.
          ဒီလို အဖြေ ပေးပါတယ် .

        • Khin Latt

          March 24, 2012 at 10:36 pm

          File type ကို ဘာမှ မပေးဘဲ သိမ်းလိုက်ပါ။
          .gif အလိုလို ဖြစ်သွားပါလိမ့် မယ်။
          ထပ်စမ်းကြည့်ပါဦး။
          Good Luck!!!! 🙂

  • tt lay

    March 24, 2012 at 10:40 am

    ွနွယ်ပင်ရေ ထမင်းမြိန်ချင်စရာ ဟင်းလေးပါ။ ချက်စားကြည့်လိုက်ဦးမယ်နော်။
    (ဒါနဲ့ အမခင်လတ်ရေ သုံးပွင့်တောင်ဖြစ်သွားပြီနော်။ အမရဲ့ e-mail လေးပေးပါလား။)

  • yaungchikha

    March 24, 2012 at 10:42 am

    ငါးပိရည်နဲ့ တို့စရာကို သတိရနေတာ၊ အခုလိုမြင်လိုက်ရတော့ ပိုစားချင်လာပြီ၊ ငါးလဲကြိုက်တယ်၊ အဲ့လိုမျိုး ချက်စားဦးမယ်၊ မျှဝေပေးလို့ ကျေးဇူးပါနော်..

Leave a Reply