ပါးပြင်မှာသနခါးလေးနဲ့

NovyMarch 22, 20121min21732

ကျိုက်ထီးရိုးက သနခါးချစ်သူတွေရဲ့ ပုံကို

သနခါးကို မြတ်နိုးသူတွေအတွက်ဝေမျှပေးလိုက်ပါတယ်

သနခါးချစ်သူ 1

သနခါးချစ်သူ 2

ညီညီဦး ထမင်းဆိုင်က သနခါးချစ်သူ3

(ထမင်းဆိုင်လေးလဲကြော်ငြာပေးပါဆိုလာလေသူ)

သနခါးချစ်သူ 4

သနခါးချစ်သူ 5

 

32 comments

  • ဦးဦးပါလေရာ

    March 22, 2012 at 2:20 pm

    မြန်မာစစ်စစ်မိန်းကလေးတွေက အသားညိုတာများတော့ သနပ်ခါးနဲ့ပိုလိုက်တယ်..။
    သနပ်ခါးကို အရောင်ထည့်ပြီးလိမ်းတတ်ရင် ပိုတောင်လှဦးမယ်။
    သနပ်ခါးပွဲတော်လေးလုပ်ပြီး
    ပါးကွက်အလှဆုံးပြိုင်ပွဲတို့ဘာတို့ လုပ်ရင်ကောင်းမယ်..။
    အဲဒီမှာသနပ်ခါးအစစ်လဲ ဝယ်လို့ရမှာပေါ့ ….

    • ko latt

      March 23, 2012 at 10:42 am

      လှပါတယ်…

    • 404 ROOM

      March 24, 2012 at 4:01 pm

      အဲဒီလိုမျိုး မြန်မာ့ ရိုးရာပွဲတော်တွေကို ကျင်းပတဲ့ အဖွဲ့အစည်းတစ်ခုခု ပေါ်ပေါက်ခဲံရင် အရမ်း ကောင်းမှာပဲ။ ခုတော့ တခြားနိုင်ငံက ပွဲတော်တွေကို အတုခိုးပြီး မြန်မာပြည်မှာ ကျင်းပနေတော့ ကျွန်တော်တို့ရဲ့ ရိုးရာ ပွဲတော်တွေကို ပျောက်လုနီးပါး ဖြစ်နေပြီ။ ဝမ်းနည်းစရာ အရမ်းကောင်းပါတယ်။

  • Novy

    March 22, 2012 at 2:41 pm

    ဦပါရေ…
    နိုဗွီလည်း အဖွားကြီးတန်းကဝင်ပြိုင်မယ်နော်

  • kai

    March 22, 2012 at 2:44 pm

    ပုံနံပါတ်၂ က..မျက်နှာပေးအနေအထား.. ကြည့်ကောင်းတယ်ဗျ…
    ပလက်စတစ်ခြင်းသာမပါရင်.. ဆုတောင်ပေးချင်တာ…

  • Novy

    March 22, 2012 at 3:14 pm

    သူကြီးရယ် ခြင်းလေးဖျက်ပြီး ပေးချင်ရင် ပေးလိုက်ပါနော်
    စိတ်မဆိုးပါဘူး (-:

  • kaung kin pyar

    March 22, 2012 at 3:16 pm

    ဟုတ်တယ်…နံပါတ် (၂) ပုံ မိုက်တယ်။ ပုံ (၁)က တော့ လူတူပေမယ့် အိုက်တင်လုပ်ထားမှန်း သိသာဒယ်။
    ထောက်ခံပါတယ် သဂျီး…။

  • jujuma

    March 22, 2012 at 3:24 pm

    မနိုကလည်း ကြိုမပြောဘူးနော်…
    ကြိုသိရင် …juma သနပ်ခါး တန်းမှာ သနပ်ခါးဝယ်တဲ့ပုံ ပို့ပေးမှာပေါ့ဗျ …
    တစ်ဆိုင်ပီးတစ်ဆိုင် သွေးလိမ်း လာတာ …ဟိဟိ လှမှလှပဲ …

    • manawphyulay

      March 22, 2012 at 3:36 pm

      တကယ်လို့သာပြိုင်ပွဲတွေ ရှိလာခဲ့ရင် ဂျူးဂျူးမ နိုင်မှာသေချာတယ်။ သူက အမြဲသနပ်ခါးလိမ်းနေတော့တာပဲ။ ကောင်လေးက ပြောထားပုံရတယ်… 😛

      • jujuma

        March 22, 2012 at 3:51 pm

        မမနော် …ကောင်လေးပြောလို့ကတော့ လိမ်းသေးဘူးနော်…
        သနပ်ခါးကြိုက်တာ ရွာသူ အစစ်ပေါ့ ဗျ …

  • ဆူး

    March 22, 2012 at 4:23 pm

    မြန်မာ လုံမပျိုလေးတွေ သနပ်ခါး ချစ်သူ စစ်စစ်တွေပဲ..
    လှတယ် ယဉ်ယဉ်လေးနဲ့ လှကြတယ်။

  • Khaing Khaing

    March 22, 2012 at 4:39 pm

    ဟီး မမနိုဗွီ ဒါမီးမီးအတွက်တင်ပေးတာလား ကျေးဇူးနော် …. သူကြီးကဆုပေးမယ်တဲ့ မီးမီးကိုလည်းပေးနော် နောက်နေ့မှ မီးမီးပုံလေးတင်လိုက်မယ် သနပ်ခါးလိမ်းပြီးတော့ …..

    • Novy

      March 22, 2012 at 4:51 pm

      ဂျူးဂျူးမ နဲ့ ခိုင်ခိုင်ရေ.

      မေဒေး အလှူခရီးထွက်မှ သနခါးလေးတွေ အပြိုင်လိမ်းခဲ့နော်
      ပြီးရင် ဓါတ်ပုံရိုက်ပေးမယ် အလှဆုံးဆု ပေးမယ်နော်

  • MaMa

    March 22, 2012 at 5:53 pm

    မနို မော်ဒယ်လေးတွေက ကင်မရာလေဒီနဲ့ အပြိုင်လှနေပါလား 🙂

  • ရွှေဘိုသား

    March 22, 2012 at 7:32 pm

    မနို ကျနော် ရွာက ငယ်ကျွမ်းဆွေ မိစု ကိုတောင်သတိရ တမ်းတမိတယ်ဗျာ
    အခုနေ ကျနော်လွမ်းလို့သေသွားရင် မနိုတရားခံနော်

  • pooch

    March 22, 2012 at 7:34 pm

    မနိုစိတ်ကူးကောင်းတယ် ။ ခရီးသွားရင်း မှတ်တမ်းလေးနဲ့ ။ သူကြီးပြောသလိုပဲ ပုံ ၂ က လူတယောက်ရဲ့ တကယ့်ဟန်လေးကို ဖမ်းမိလိုက်တယ်။ ဂွတ်ရှယ်။ 🙂

  • windtalker

    March 22, 2012 at 8:57 pm

    လှလိုက်တာ မနိုရယ် ။ ကိုကိုကြောင် မလာခင် ကြိုပြောသွားပီခင်ဗျ ။ 🙂

  • ကြောင်လေး

    March 22, 2012 at 9:18 pm

    ကိုကိုကြောင် အိပ်နေလို့ ညီညီကြောင်အရင် လားသွားပါတယ်။

  • Mလုလင်

    March 22, 2012 at 9:49 pm

    အစ်မကြီး … မ Novy ရေ .. ကျွန်တော် လဲ အဲလို featured Photo တွေ ပဲ ရိုက်ချင် နေမိတယ်ဗျာ … အားပေးပါတယ် ဗျို ့ … emotion ကို ဖမ်းရတာ လဲ .. ရင်ခုန် စရာ ပဲနော့ …

  • padonmar

    March 23, 2012 at 2:12 am

    ဟုတ်တယ် ပုံ ၂လေူက ချစ်စရာ။
    သူကလေးက သနပ်ခါး ပုတီးလုပ်ရောင်းတာလား။

    • Mလုလင်

      March 23, 2012 at 3:07 am

      EOS တစ်လုံး နဲ့ တဲ့ .. တီတီ padonmar ရေ .. သတင်း ရထားတယ် နော် … 🙂

      • ဖားသက်ပြင်း

        March 23, 2012 at 6:05 am

        ထင်သား ….
        မနေ့ညက တောင် မန့်ဦးမလို့..
        ပုံတွေမှာ …ဘိုခေဲး တွေထွက်နေတာ ကြည့်ရင်း ..
        အက်ဖ်စတော့ပ် ၄လောက် အောက်ထစ် ရှိမယ် တွေးမိလို့…

        လုပ်ပါဗျို့…. ရှယ်လိုဒက်အော့ဖ်ဖီးလ် လေးတွေ လွှတ် နှစ်သက်ပါကြောင်း..
        စကားအတင်းစပ်… ကီးဘုတ်တော့ ရိုက်မပြစေလိုပါကြောင်း…
        😀

      • Mလုလင်

        March 23, 2012 at 12:07 pm

        တီတီ padonmar လဲ EOS နဲ့ ပဲ ကိုယ့် ဆြာ ရေ။ အစ်မကြီး မNovy ပုံတွေကြည့်ရတာတော့ . DSLR နဲ့ ရိုက်ထားတယ် လို့ကို ထင်တာဗျ ..

  • Gipsy

    March 23, 2012 at 12:47 pm

    ညမှောင် မည်းနက်၊ အိပ်ရေးပျက်လို့

    မျက်လုံးစုံပိတ်၊ တင်းအောင်မှိတ်လည်း

    သူ့ရုပ်ပုံလွှာ၊ သနပ်ခါးလေးနဲ့

    မြင်ယောင်ဆဲမို့

    အိပ်ပျက်ညပေါင်း

    များတော့မည် ….။

  • kyeemite

    March 23, 2012 at 1:10 pm

    သနပ်ခါးလိမ်းတာ ကိုကို့အတွက်ပါကွယ်..

    • Mလုလင်

      March 23, 2012 at 1:21 pm

      မိဖြဲ မာမီ ကတော့ မိဖြဲ အပြင်ထွက် ရင် သနပ်ခါး ပါးကွက်ကြား ကွက်ပြီးမှ ထွက် ခိုင်းတယ် ဆိုသလားပဲ။ ပါးကွက်ကလေး ပဲ ကွက်ပျက် ပြီး အိမ်ပြန်လာရင် …. အသိပဲ ဆိုလို့ … မိဖြဲ တို့ဘယ်သွားသွား .. သနပ်ခါး ဗူး အမြဲ ဆောင်နေရကြောင်း …..

  • snow white

    March 23, 2012 at 5:32 pm

    သနပ်ခါးပြိုင်ပွဲတွေ ရှိရင် အမြဲလိမ်းတဲ့သူတွေကအနို်င်ရမှာကျိန်းသေတယ်နော် သူတို့တွေကအမြဲလိမ်းတော့လှနေမယ်နော် ကောင်းပါတယ်ပုံလေးတွေမှာ တကယ့်သနပ်ခါးလိမ်းတဲ့သူတွေ ကိုရိုက်ထားတော့ကောင်းပါတယ်

  • koaung

    March 23, 2012 at 6:57 pm

    လှပါ၏ လှပါ၏ လှပါ၏ ဒါမိုးတွေ မမြင်ရတာကြာပေါ့

  • Novy

    March 24, 2012 at 11:35 am

    ကွင်းနတ်ရှင် မကောင်းလို့ ဒီနေမှ တက်လို့ရပါတယ်

    အခုလို အားပေးတဲ့ အတွက် ရွာသူားတွေကို ကျေးဇူးအများကြီးတင်ပါတယ်
    ကင်မရာ အစုတ်လေးကတော့ မနိုရဲ့ အသဲလေးဖြစ်ပြီ
    ကင်မရာ အကောင်းစားပြောင်းကြီးကတော့ မနိုရဲ့ ဆရာရဲ့ကင်မရာဖြစ်ပါကြောင်း
    အထင်ကြီးနေမှာဆိုလို့ ဟီးးးးး

  • ကြောင်ကြီး

    March 24, 2012 at 12:16 pm

    ဦးကြောင်ကြီးက တုံးဆိုတိုက် ကျားဆိုကိုက် မှန်ဒယ်ထင်ရင် နောက်မဆုတ်တဲ့သူကိုမှ ချစ်တာ…. အဲလိုကြေငြာရဲသူလေးနဲ့များ တွေ့လိုက်ချင်စမ်းပါရဲ့…။ နိုလေးလည်း တွေ့ရင် ပြောပါနော်.. ဦးကြောင်အသဲနှလုံးကျောက်ကပ်အဆုပ်အူနံရိုးအသွေးအသားအကြော အိုရှုပ်ပါတယ် တကိုယ်လုံးပုံအပ်ပါ့မယ်….။

    • နေဝန်းနီ

      March 24, 2012 at 10:43 pm

      ကကြောင်ကြီး တွေ့သမျှှ ခင်ဗျားကြိးချည့်ပဲ မလွန်းလွန်းဘူးလား ဟွန်းးးးးး 😛 😛 😛

Leave a Reply