“ရင်တုန်ပန်းတုန် အဖြစ်တွေပါလားဟ ဆလင်းရ..စောက်ကျိုးနည်း..” ကျွန်တော်လည်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး

မရှင်းတာလေးတွေ ထပ်မေးရတယ်။

“ဒါနဲ့ စာအိတ်ထဲကဟာတွေ ရစ်ဇ်ဝီဆီမင်းယူသွားတော့ အာမက်ကြီးက မင်းလုပ်မှန်းသိသွားတော့မပေါ့..အဲဒီညနေဖုန်းရတဲ့

အခါကျတော့ စာအိတ်ပျောက်နေပြီဆိုတာ သူသိသွားပြီလေ..မဟုတ်ဘူးလား”

“ဟေ့အေး…ငါလုပ်တာ သူမသိပါဘူး..ဘာလို့ဆိုတော့ ညနေစောင်းလို့ အာမက်ပြန်လာတော့ စာအိတ်ကို သူတွေ့တယ်လေ..”

“အယ်…ဒါ..ဒါဖြင့် အာမက်က ရစ်ဇ်ဝီကို သတ်တော့မှာပေါ့..”

“မသတ်ပါဘူး…စာအိတ်ထဲမှာ တခြားဓာတ်ပုံတစ်ပုံနဲ့ လိပ်စာတစ်ခု ထည့်ထားလို့လေ…တို့နေတဲ့နားက စာစီစာရိုက် သင်တန်းတစ်

ခုမှာ သွားရိုက်ခိုင်းလိုက်တာ..”

“ဟေ…ပိုင်သကွာ..အဲ..တကယ်မရှိတဲ့ တွေ့ကရာ လိပ်စာရိုက်ထည့်လိုက်တာပေါ့..ဟုတ်လား..ဒါပေမဲ့..ဓာတ်ပုံကျတော့ရော

ဘယ့်နှယ်လုပ်သလဲ..”

“အဲဒီလိုမျိုးတော့ မလုပ်တတ်ပါဘူးကွာ..ငါမလုပ်ပါဘူး…အာမက်ကို ငါထည့်ပေးလိုက်တာ တကယ့် ဓာတ်ပုံအစစ်နဲ့ တကယ့်

လိပ်စာ ပါ..ပြီးတော့ သူလည်း တကယ်သွား ဆော်ထည့်လိုက်တယ်လေ..အေး..သူလူမှားပြီးသတ်တာ မသိခင် ဘီဟာကို အ

ရေးတကြီးသွားဖို့ရှိလို့ဆိုပြီး သူ့အလုပ်ကနေထွက်လာခဲ့တယ်…နောက်တော့ ဟိုမှာပုန်းနေလိုက်..ဒီမှာ ပုန်းနေလိုက်နဲ့ပေါ့ကွာ..

ဘီကူလာလည်း မသွားဖြစ်ဘူး..ဟာဂျီအလီရဲ့ ဗိမာန်တော်တောင် မသွားတော့ဘူး…အဲဒီလိုနဲ့ လွန်ခဲ့တဲ့ အပတ်က ရာဇဝတ်

မြင်ကွင်းမှာ..ကြောက်စရာအကောင်းဆုံး ကြေးစားလူသတ်သမား အာမက်ခန်းကို ရဲများက ချာ့ခ်ျဂိတ် ဘူတာရုံအနီးတွင် အ

သေ ပစ်ခတ် ဖမ်းဆီး ဆိုတဲ့ သတင်းကြည့်မိတယ်လေ…အဲဒါ ..ဒီနေ့ ဟာဂျီအလီရဲ့ ဗိမာန်တော်ကိုလာပြီး ဝတ်ပြုတာကွာ…

အလ္လာအရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ…ငါလည်းပြန်ထွက်လာရော..ဘယ်သူ့ကိုတွေ့လည်း..ဟား…မင်းကိုတွေ့တာပဲ

လေ..”

“အေး…ဟုတ်ပ..တော်တော်တိုက်ဆိုင်တာပဲ…ဒါပေမဲ့ နောက်ထပ်မရှင်းတာလေး မေးစမ်းပါရစေဦး…ဘယ်သူ့ဓာတ်ပုံနဲ့

ဘယ်သူ့လိပ်စာကို အာမက်ကို မင်းပေးလိုက်တာတုန်း…”

 

“ပေးဖို့အကောင်းဆုံး ဓာတ်ပုံနဲ့လိပ်စာ ပေါ့ကွာ….တို့ မာမန်းလို့ခေါ်ခဲ့ရတဲ့..ဘာဘူပီလိုင်း ရဲ့ ဓာတ်ပုံနဲ့ သူ့လိပ်စာရယ်လေ..”

 

***************************

 

စမီတာက လက်ခုပ်ထတီးတယ်..။

“အမလေး..တကယ်အကြံပိုင်တဲ့ ဆလင်းပါလား…ရမ်..ရယ် ရှင်က လူတော်လေးဆိုတာတော့ သိပါရဲ့..ဟော

ဆလင်း က လည် မခေတဲ့ ဉာဏ်ကြီးရှင်လေး ဆိုတာ ကျွန်မ မသိခဲ့ပါလား…သူလည်း လူသတ်လိုင်စင်ကို သွယ်

ဝိုက်တဲ့နည်းနဲ့ ရခဲ့တာပဲလေ..ပြီးတော့..ပစ်မှတ်ကိုလည်း အမှန်အကန်ဆုံးရွေးနိုင်ခဲ့တာကိုး…အိုး..ဒါနဲ့ နောက် ဘာ

ဆက်ဖြစ်သေးလဲဟင်..ဆလင်းကိုရော ရှင် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အကြောင်း ပြောခဲ့သေးလား..”

 

“ဟင့်အင်း..ကျွန်တော်မပြောခဲ့ပါဘူး…မွမ်ဘိုင်းကို ဘာရည်ရွယ်ချက်နဲ့လာလဲဆိုတာ သူ့ကိုမပြောပြဘူး…ရိုးရိုးလေးပဲ

ပြောပြလိုက်တာ..ငါ ဒေလီမှာ အစေခံလုပ်နေတယ်လို့…ခု ခွင့်နည်းနည်းယူပြီး ဒီကိုလာလည်တာလို့…”

 

“ဟယ်..အဲဒီတော့ ရှင်..W3B မှာ ဝင်ပြိုင်တဲ့အကြောင်း ဆလင်းနည်းနည်းမှ မရိပ်မိဘူးပေါ့..”

“အင်း..ကျွန်တော် သူ့ကို အရိပ်အမြွက်လောက်တော့ လှမ်းပြောတော့မလို့ပဲ…ဒါပေမဲ့ ကျွန်တော် သူ့ကို လှမ်းမပြောနိုင်

ခင်မှာပဲ ရဲက ကျွန်တော့်ကို ဖမ်းသွားတော့တာလေ..”

 

“သြော်…သိပြီ..ဒါနဲ့ ဆလင်းနဲ့ မတော်တဆတွေ့တာက ပြိုင်ပွဲမှာ ရှင့်ကို ဘယ်လိုကံကောင်းသွားစေရတာလဲ…”

 

**************************

 

စတူဒီယိုထဲမှာ မီးတွေ ပြန်မှိန်သွားပြန်ပြီ။

ပရမ်ကူးမားက ကင်မရာဘက်လှည့်ပြီး –

“ဟုတ်ကဲ့..ခု ကျွန်တော်တို့ မေးခွန်းနံပါတ်ကိုးကို ရောက်ပါပြီ…ရူးပီးတစ်သန်းပါ..ကဲ..အဆင်သင့်ပဲနော်..”

“ဟုတ်ကဲ့..”

“အိုခေ..ဟောဒီမှာ မေးခွန်းနံပါတ်ကိုး လာပါပြီ…ကမ္ဘာ့အားကစားတွေထဲက တစ်ခုအကြောင်းပါပဲ..အဲ..မစ္စတာ

သောမတ်စ် ရေ..ခင်ဗျား..ဘယ်အားကစားကို ကစားသလဲခင်ဗျ..”

“ဘာအားကစားမှ မလုပ်ဘူး..”

“ဗျို..ဘာအားကစားမှ မလုပ်ဘူး..ဒါဖြင့် ခင်ဗျား ဘယ့်နှယ်လုပ် ဒီလောက် ကျန်းမာကြံ့ခိုင်နေရသလဲဗျ..ဒီမယ်..

ကျုပ်ကိုကြည့်..မနက်တိုင်း အားကစားရုံမှာ လေ့ကျင့်ခန်းသွားလုပ်နေတာတောင် ဗိုက်ကရွှဲနေသေးတယ်..”

“ကီလိုမီတာ သုံးဆယ်လောက် အိမ်နဲ့ဝေးတဲ့နေရာမှာ သွားလိုက်ပြန်လိုက်နဲ့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရမယ်ဆို

ခင်ဗျားလည်း ကျန်းမာကြံ့ခိုင်လာမှာပေါ့ဗျာ..”

ပရိသတ် ဆီက တီးတိုး ရီမောသံလေးတွေထွက်လာတယ်။ ပရမ်ကူးမားကြီးကတော့ မျက်နှာရှုံ့သွားတာပေါ့ဗျာ။

“အိုခေ..ဒီမှာ မေးခွန်းနံပါတ်ကိုး လာပါပြီဗျာ…ခရစ်ကတ် လောကမှာ အိန္ဒိယရဲ့ အကောင်းဆုံး ဘတ်ရိုက်သမား ဖြစ်တဲ့

ဆေချင် မယ်လ်ဝင်္ကာက စန်ချူရီ တက်စ် ဘယ်နှစ်ကြိမ် ရထားပါသလဲတဲ့ ..ရွေးဖို့ အဖြေတွေက (က)၃၄ (ခ)၃၅ (ဂ)၃၆

(ဃ)၃၇”

ထုံးစံအတိုင်း သဲထိတ်ရင်ဖို တီးလုံးထွက်လာတယ်။ ကျွန်တော်က –

“ ကျွန်တော်မေးခွန်းတစ်ခု မေးလို့ရမလားဗျ..”

“မေးပါ”

“ကျွန်တော်တို့ အိန္ဒိယက ပြီးခဲ့တဲ့ သြစတျေးလျနဲ့ ကစားခဲ့တဲ့ ပွဲ နောက်ပိုင်း တခြား ဘယ်နိုင်ငံတွေနဲ့ ကစားတာ ရှိသေး

လဲခင်ဗျ…”

“မရှိပါဘူး…”

“အဲဒါဆို အဖြေက (ဂ) ၃၆ ခင်ဗျ…”

“ဒါ..ခင်ဗျားရဲ့ အဖြေဆိုတာ သေချာပါတယ်နော်…နောက်ဆုံးပဲလား..မပြင်တော့ဘူးပေါ့…သတိထားပြီးဖြေနော်…

တစ်သန်း…တစ်သန်းတန်တဲ့ အဖြေနော်…”

“ဟုတ်ကဲ့…သေချာပါတယ်…(ဂ)၃၆ ပါပဲ..”

“ဟုတ်ပါပြီ…ဒါဆို တစ်ရာ ရာခိုင်နှုန်း သေချာပြီပေါ့..”

“ဟုတ်ကဲ့”

ထုံးစံအတိုင်း ဒရမ်သံတွေ ဆူတက်လာပြီးတော့ အဖြေမှန်ကို ထိုးပြပါတော့တယ်။

“တကယ်ပါပဲဗျို့…လုံးဝ တစ်ရာ ရာခိုင်နှုန်း မှန်ကန်ပါတယ်ဗျာ…ဆေချင် မယ်လ်ဝင်္ကာ က တကယ်ပဲ စန်ချူရီ တက်စ်

၃၆ကြိမ် ရထားပါတယ်…ကိုင်း…မစ္စတာ ရမ်မိုဟာမက် သောမတ်စ် ရေ…ခင်ဗျားတော့ ရူးပီး တစ်သန်း အနိုင်ရရှိသွား

ပြီဗျာ…ဟုတ်ကဲ့…ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ..အခု ကျွန်တော်တို့ ကြော်ငြာလွှင့်ချိန်လေးအတွက် အစီအစဉ်ကို

ခေတ္တ ရပ်ဆိုင်းပါဦးမယ် ခင်ဗျား..”

ဆလင်း ကို သွားသတိရမိတယ်။ ကျွန်တော့်ပါးစပ်က ထွက်လာတာက –

“ကဒ်”

 

***********************************

About မောင်ဘလိုင်

has written 133 post in this Website..