ပုံမှန်ပြေးဆွဲနေသော လပွတ္တာမြို့ က Ambulance ကားလေး

Oakar BoMarch 22, 20121min11612

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိူင်ဆေးရုံကြီးမှ မဖွယ်မရာ လုပ်ရပ်များကို ရင်ဖွင့်ချင်လို့ ပထမဦးဆုံး အနေနဲ့ ဒီ ကလောင်ရှင် တွေအများအပြား စုစည်းတဲ့ ကျေးရွာမှာ ရေးလိုက်တာပါ။ ကျွန်တော် post မရေးဖူးပါ။ ဒါ့ကြောင့် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိမယ့်အတွက် ကျေးဇူးပြူပြီး နားလည်ပေးကြပါ။ ကျွန်တော်တို့ လပွတ္တာမြို့လေးဟာ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုုင်းတိုက်ခတ်ပြီးနောက် ၂၀၀၉ ခုနှစ် နှစ်လည်ပိုင်းလောက်က စတင်ပြီး ခရိူင် မြို့ဖြစ်ခဲ့ပါသည်။ ခရိုင်မြို့အဖြစ် သက်မှတ်ပြီး လပွတ္တာမြို့နယ် နှင့် သုံးမိုင်အကွာမှာ မြို့သစ်ကို အားချင်းမဖြစ်မနေ တည်ခဲ့ပါတယ်။ မြို့သစ်တည်ပြီး ခုတင် ၂၀ဝ ဆန့် ခရိူင်ဆေးရုံကို ဆောက်လုပ်ခဲ့ပါသည်။ ယခင်မြို့ဟောင်းတွင်လည်း ဆေးရုံရှိပါတယ် ဒါပေမဲ့ သုံးမိုင် ခရိုင်ဆေးရုံ ဖွင့်ပြီးကတည်းက မည်သည့်လူနာမှ ဘာရောဂါဖြစ်ဖြစ် မြို့နယ်ဆေးရုံတွင် ကုသခွင့်မရှိတော့ပါ။ လူနာများ၊ အထူးသဖြင့် အရေးပေါ် လူနာမျာအတွက် သွားရေး လာရေး ခက်ခဲမှုတစ်ခု ဖြစ်လာပါသည်။ ငွေကြေးနွမ်းပါးသော ဒေသခံများ နှင့် မြို့နယ် အတွင်းမှ ရွာသူ ရွာသားများ အတွက် ဒုက္ခရောက်ခဲ့ရပါတယ်။ အဆိုပါကိစ္စကို ဖြေရှင်းရန်အတွက် ဧရာဝတီဘဏ်မှ အရေးပေါ်လူနာတင်ယာဉ် တစ်စီး လှူဒါန်းပေးခဲ့ပါသည် (တစ်ချိုု့တွေ ပြောသော လာဘ အလှူ) ။ သို့ပါသော် လည်း အဆိုပါ အရေးပေါ် လူနာတင်ယာဉ် သည် ယနေ့အချိန်အထိ မည်သည့် လူနာကိုမှ တင်ဆောင်နေသည်ကို မတွေ့ရပါ။ နံနက် ၈ နာရီအချိန်ခန့်လောက်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီခန့်လောက်တွင် တစ်ကြိမ်  လပွတ္တာမြို့ဟောင်း မှ သုံးမိုင်မြို့သစ်သို့ အရေးမပေါ် လူမနာများ ဖြစ်ကြသည့် ဒေါက်တာ ကိုကို များ နှင့် အပြာဝတ် အနီဝတ် မမ များသာ နေ့စဉ်ပုံမှန် ဖယ်ရီကဲ့သို့ပြေးဆွဲလျက်ရှိပါသည်။ ရံဖန် ရံခါတွင် သူတို့က အရေးပေါ် ဥဩဆွဲပြီးတောင် ပျော်ပျော်ပါးပါး အရှက်မရှိ မျက်နှာ များဖြင့် သွားလာနေကြပါသည်။ ငွေကြေးနွမ်းပါးကြသော အရေးပေါ် လူနာများသည် မြိ်ု့နယ် လူငယ်များ တည်ထောင်ထားသည့် နှလုံးသား အခမဲ့ ကျန်းမားရေး စောင့်ရှောက် မှုအဖွဲ့မှ အရေးပေါ် လူနာတင်ယာဉ်များကိုသာ အသုံးပြုကြရပါသည်။ သို့ပါသော်လည်း အလှူရှင်များရဲ့ လှူဒါန်း ငွေများနှင့် ရပ်တည်နေရသော နှလုံးအဖွဲ့သည်လည်း နောက်ထပ်လူနာတင်ယာဉ်များ လိုအပ်လျက်ရှိနေပါသေးသည်။ အဆိုပါကိစ္စမျိုးအား အထောက် အထားခိုင်လုံ စွာဖြင့် တိုင်ကြားလို့ ရမရ နဲ့ မည်သည့် နေရာ မည်သူ့ ထံတွင် တိုင်ကြားလို့ရပါမလဲ ခင်ဗျာ။ ရွာသူ ရွာသား အပေါင်းတို့ ကူညီဖြေကြားပေးကြပါ ခင်ဗျား။

12 comments

  • Oakar Bo

    March 22, 2012 at 4:12 pm

    Admin များခင်ဗျား ကျွန်တော်ဧ။် Post သည် အဘယ့်ကြောင့် Copy/Paste ဖြစ်သွားရပါသလဲ ခင်ဗျား။

    • kai

      March 22, 2012 at 4:33 pm

      Category တခုခုကို ရွေးရပါတယ်..
      မရွေးရင်..Copy/Paste ဖြစ်ပါတယ်နော..
      How to Write a Post ကို ညာဖက်ဘေးမှာတွေ့ပါလိမ့်မယ်..

      ဖတ်ကြည့်ပါခင်ဗျား…။

      =
      အထောက်အထားခိုင်လုံရင်.. လွှတ်တော်အမတ်ဆီတိုင်ရတယ်လို့ ထင်ပါတယ်..။
      ဒီမှာတင်ရင်လည်း.. အမတ်မင်းတွေဖတ်ချင်ဖတ်မှာပေါ့…။ 😆

  • Oakar Bo

    March 22, 2012 at 5:32 pm

    ခုလို အချိန် တိုတိုတွင်းမှာ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။

  • myanmarcitizen

    March 22, 2012 at 5:48 pm

    video ရို်က်ထားဗျာ။ ပြီးရင် သကြီးလက်အပ်လိုက်။ လိုအပ်သလိုဆောင်ရွက်ပေးလိမ့်မယ်။

  • ကြောင်လေး

    March 22, 2012 at 8:48 pm

    တရားဝင်တိုင်ကြားဖို့ဆိုတာ နာမည်မှန်ရယ်၊ နေရပ်လိပ်စာ၊မှတ်ပုံတင် အမှန်တွေလိုအပ်မယ်လို့ထင်ပါတယ်။

  • Thel Nu Aye

    March 22, 2012 at 9:56 pm

    အရင်ဆုံးသေချာအောင်ဓါတ်ပုံရိုက်လိုက်။ ပြီးရင်ဆောင်းပါးနှင့်တကွ ဂျာနယ်တိုက်တခုကိုပို့လိုက်။ လျှပ်တပြက်တိုု့ လို ဖေါ်လံဖားဂျာနယ်တွေကိုတော့မပို့နှင့်ပေါ့။ Voice မှာလူထုအော်သံပါတယ်။ အဲဒီကိုပို့လဲ ရတယ်။ ပြည်သူ့ခေတ်ကိုလဲဆောင်းပါးရှည်အနေနဲ့ပို့လို့ရတယ်။

  • mocho

    March 23, 2012 at 9:38 am

    ကျမကမတူတဲ့ အမြင်နဲ့ ပြောကြည့်အုံးတယ်။ အဲဒီ ဆရာဝန်၊ ဆရာမတွေက မြို့ပေါ်ကနေ ၃မိုင် ဆေးရုံ ကို တာဝန် ကျလို့ သွားရတာမဟုတ်ဘူးလား။ ၃မိုင် ဆေးရုံ မှာပဲ လူနာတွေ လက်ခံတယ်လို့ ရေးထားတယ်နော်။ ဆရာဝန်၊ ဆရာမတွေက လူနာတွေကို ပြုစုကုသဖို့ အတွက် နေ့ စဉ်သွားရမှာပေါ့။တခြားစီစဉ်ပေးတဲ့ ကားမရှိဘူးဆိုရင် စောင့်နေတဲ့ လူနာတွေ ဆီ အချိန် မီရောက်ဖို့ အတွက် ရှိ တဲ့ ကားကို စီးရတာ ဖြစ်ပါလိမ့်မယ်။ဥဩ ဆွဲတာကတော့ ဒရိုင်ဘာရဲ့အပြုအမူသာဖြစ်ပါလိမ့်မယ်။

  • ဦးဦးပါလေရာ

    March 23, 2012 at 10:01 am

    ဒါမျိုးက နယ်မြို့တော်တော်များများမှာ ဖြစ်နေတာပါ။
    မဆလခေတ်တုန်းကဆိုရင် တိုက်နယ်ဆေးရုံကိုချပေးတဲ့ လူနာတင်ယာဉ်(Van ရိုးရိုး)ကို
    တခြားနယ်မှာ နှစ်ချုပ်နဲ့ အငှားလိုက်စားတာတောင် တွေ့ဘူးတယ်။
    သတင်းစာထဲ ထည့်အော်တယ်။ အလကားပဲ။ ပြန်တောင် ဖြေရှင်းချက်ထုတ်လိုက်သေးတယ်။

    အခုလိုဆောင်းပါးရေးတင်တာကောင်းပါတယ်။
    ဓါတ်ပုံလေးပါရိုက်တင်ရင် ပိုတောင်ကောင်းဦးမယ်။
    ဒါမှ မတော်မတရားတွေ နဲနဲတော့တန့်သွားမှာ။

  • htoosan

    March 23, 2012 at 10:09 am

    သို့ပါသော် လည်း အဆိုပါ အရေးပေါ် လူနာတင်ယာဉ် သည် ယနေ့အချိန်အထိ မည်သည့် လူနာကိုမှ တင်ဆောင်နေသည်ကို မတွေ့ရပါ။

    မတွေ့ရပါ ဆိုတာနဲ့ မခိုင်လုံဘူးတော့ထင်ပါသည်။ ဘယ်ခေါ်ရမှန်းမသိလို့ မခေါ်တာလား။ မခေါ်တတ်ကြတာလား ။ ခေါ်ရဲ့သားနဲ မလာတာလားဆိုတာတွေ ပါရန်လိုမည်ထင်ပါသည်။
    မည်သူ အသည်းအသန်ဖြစ်လို့ခေါ်သည် ။ မည်သို့ပြောပြီး မလာပါ။ သို့သော် ထိုအချိန်တွင် ကိုကိုမမ များကို အကြို အပို့လုပ်နေသည်ဆိုရင်တော့ တိုင်သင့်ပါတယ် .နဲ့ ..ကိုကိုမမ များသာကြို ပို့တဲ့ အချိန်မှာ အရေးပေါ်ဥဩဆွဲတာဆိုရင်တော့ ပြောစရာပါ။

    • Oakar Bo

      March 23, 2012 at 11:10 am

      အာလုံးသော Comment များအတွက် ကျေးဇူးတင်ပါတယ်။

      Dear mocho: ဆေးရုံ ဝန်ထမ်းတွေ အတွက် မြို့နေလူထုမှ စီစဉ်ပေးထားသော သုံးဘီး ဆိုင်ကယ်များလည်းရှိပါတယ်။ သို့သော်ဘာ့ကြောင့် မစီးကြသလဲ ဆိုတာတော့ ဥက္ကာ လည်းမသိပါ။ ရံဖန်ရံခါတွင် ကိုယ်ပိုင်ဆိုင်ကယ် နှင့် ရုံးတက်သော သူများအတွက် လူနာရှင်မှ ဆိုင်ကယ် ဆီဖိုး ပေးရသည်များလည်း ရှိပါတယ်။

      Dear htoosan: တစ်ချို့သော အရေးပေါ်လူနားများ အတွက် လိုအပ်သော အချိန်များတွင် လူနာရှင်များမှ ဆေးရုံကားအား ဖုန်းဆက်ခေါ်ပါသည် (များသော အားဖြင့် ထိုဖုန်းသည် မအားပါ)။ ဖုန်းဝင်သွားခဲ့လျင်လည်း အဆိုပါကားသည် ပျက်နေသဖြင့်၊ ဒရိုင်ဘာမရှိသဖြင့် စသည့် အကြောင်းပြချက် အမျိုးမျိုး ဖြင့် Reject လုပ်ပါသည်။

      (လွန်ခဲ့သော ၈ လခန့်က အသိအမျိုးသမီး တစ်ယောက် ကလေးမွေးရန်အတွက် ထိုဆေးရုံးကားအား request လုပ်ရာတွင် reject လုပ်ခံရပြီး သုံးဘီးဆိုင်ကယ် အကူညီဖြင့် သွားခဲ့ရပါသည် (ထိုအချိန်က နှလုံးသား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲတွင် ကားမဝယ်ရသေးပါ)။ ဆေးရုံသို့ ရောက်သည့် အချိန်တွင် လူနာသည် အရေးပေါ် ခွဲစိတ်ရမည့် အခြေ အနေမျိုး ဖြစ်နေပါပြီ။ သို့သော် လည်း လူနာဧ။် အမျိုးသားမှ ငွေ (၆၀၀၀၀) မပေးနိုင်သဖြင့် ခွဲမပေးပါ။ လူနာရှင် သည် မြို့ဟောင်းသို့ တစ်ခေါက် ပြန်လာပြီး ငွေ (၆၀၀၀၀) အသည်း အသန်လိုက်ရှာခဲ့ရပါသည်။ နွမ်းပါးသူတွေအဖို့ ငွေ (၆၀၀၀၀) ဆိုတာအင်မတန်ခဲယဉ်းပါသည်။

  • Diamond Key

    March 23, 2012 at 10:57 am

    အမှန်သတင်းဖြစ်သည်ဆိုပါက (မိမိကိုယ်တိုင် သတင်းမှန်ကြောင်း တာဝန်ယူနိုင်လျှင် ) ခိုင်လုံသော အချက်အလက်များ တိကျစွာရေးသားကာ Facebook ကဲ့သို့ နေရာမျိုးတွင်လည်း တင်နိုင်ပါသည်။ ဒီသတင်း အမှန်ဖြစ်ပါက အချိန်တိုအတွင်း ပျံ့နှံ့သွားကာ သိသင့်သေသူများ သိရှိသွားပါလိမ့်မည်။ ပြင်သင့်သူများ ပြင်ပါလိမ့်မည်။

  • etone

    March 23, 2012 at 3:16 pm

    ဒုက္ခပါပဲ ..လှူထားတဲ့ ဆေးရုံကားက ဖယ်ရီကားဖြစ်ရတယ်လို့ … ။
    ရန်ကုန်က တစ်ချို့နာမည်ကြီး အထူးကု ဆေးခန်း / ဆေးရုံတွေမှာလည်း လူနာတင်ကားကို ဖယ်ရီးကားလုပ်စီးကြတာ တွေ့ဖူးပါတယ် … ။ သူတို့တော့ ဘယ်လိုစိတ်နဲ့စီးလည်း မသိဘူး … ကျွန်မတော့ အလကားစီးပါဆိုလျှင်တောင် လိုက်မစီးချင်ဘူး .. အနံ ့တမျိုးမခံစားနိုင်လို့ .. ဘယ်လောက် သန့်ရှင်းရေးလုပ်လုပ် .. အဲ့ဒီအနံ့က ကျန်နေတာပါပဲ … ။

    ကားရှားတဲ့နေရာမျိုး ၊ ဆေးရုံအလှမ်းဝေးတဲ့နေရာမျိုးမှာ .. ဒီလိုအလွဲသုံးစားလုပ်နေတာဟာ … ထိရောက်တဲ့ ကွတ်ကဲ စီမံမှု မရှိလို့ ဗရမ်းဗတာတွေ ဖြစ်နေရတာလို့ ထင်ပါတယ် … ။ တာဝန်ကျသူတွေ ဖယ်ရီအနေနဲ့ ပေးမစီးသင့်ပါဘူး … သူတို့အတွက်လည်း တသီးတသန့် ဖယ်ရီလိုမျိုးတွေ လုပ်ပေးသင့်ပါတယ် … ။ အခုဟာက .. လှူထားတဲ့ပစ္စည်းကို .. အခွင့်ထူးခံပြီး … အလွဲသုံးစားလုပ်နေသလိုဖြစ်နေပါတယ် …. ။ အပြောနဲ့ လက်တွေ့မညီပဲ … လက်တလုံးကြား ဖြတ်စားတာတွေ .. ရှက်တတ်ဖို့ကောင်းပြီနော် … ။ 👿

Leave a Reply