‘ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီအား မဲပေးကြပါ’ စာတမ်းပါ ပိုစတာများဖြင့် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်လျက်ရှိကြောင်း သိရ

မြသဲ ( 17082011 )March 22, 20121min16425

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံအောင်တွင် “ဗိုလ်ချုပ်အောင်ဆန်း ကိုချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေး ကြပါ” စာတမ်းပါသည့် မဲဆွယ်ပိုစတာများအသုံးပြုကာ ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ မဲဆွယ်မှု့ပြုလုပ်ကြောင်းသိရသည်။

”ပင်းဘော၊ အင်ကြင်းကုန်းအပြင် အခြားရွာတစ်ချို့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံက ပုံအကြီးကြီးချဲ့ထားတယ်။ အဲဒီအောက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရည်မှန်းခဲ့သော စည်းကမ်းပြည့်ဝပြီး အေးချမ်း ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြီးက လုံးဝအာမခံပါသည် ဆိုတဲ့စာတမ်းထည့်ထားတယ်။ အဲဒီစာတမ်းအောက်မှာ ရုပ်ပုံအောင်တွင် “ဗိုလ်ချုပ်အောင် ဆန်း ကိုချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေး ကြပါ” ဆိုတဲ့စာတမ်းထပ်ထည့်ထားတယ်။ အဲဒီအောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ခြင်္သေ့တံဆိပ်နဲ့ ဘေးမှာအမှန်ခြစ်ကို အကြီးကြီးပြထားတဲ့ ပိုစတာတွေရွာတွေမှ ထောင်ထားတာတွေ့ရတယ်” ဟုမိုးကောင်းမြို့တွင်နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံအောက်တွင် ‘ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးတီကို မဲပေးကြပါ’ စာတမ်းပါသည့် မဲဆွယ် ပိုစတာများ အသုံးပြုကာ ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်မှုပြုလုပ်ကြောင်း သိရသည်။

”ပင်းဘော၊ အင်ကြင်းကုန်းအပြင် အခြားရွာတစ်ချို့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံက ပုံအကြီးကြီး ချဲ့ထားတယ်၊ အဲဒီအောက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့သော စည်းကမ်းပြည့်ဝ ပြီး အေးချမ်းဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးက လုံးဝ အာမခံပါသည်ဆိုတဲ့ စာတမ်း ထည့်ထားတယ်။ အဲဒီစာအောက်မှာ ‘ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြပါ’ ဆိုတဲ့ စာတမ်း ထပ်ထည့်တယ်။ အဲဒီအောက်မှာ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခြင်္သေ့တံဆိပ်နဲ့ ဘေးမှာ အမှန်ခြစ်ကို အကြီးကြီးပြထားတဲ့ ပိုစတာတွေ ရွာတွေမှာ ထောင်ထားတာ တွေ့ရတယ်”ဟု မိုးကောင်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါသည်။

 

Eleven Media Group မှကူးယူဖေါ်ပြပါသည်။

25 comments

  • Thel Nu Aye

    March 22, 2012 at 5:19 pm

    အင်းစာနှစ်ပိုဒ်ထပ်သွားပြန်ပြီသဂျီးရေ။ တပိုဒ်ဖျက်ပေးပါအုံး။ ဒီပိုစ့်တင်ရတာဘာဖြစ်နေမှန်းမ သိပါဘူး။ တော်တော် တင်ယူလိုက်ရတယ်။ တနေကုန်ရောပဲ။

  • ကိုရင်မောင်

    March 22, 2012 at 5:20 pm

    ပုံမှာရိုက်နည်းတမျိုးပါ….
    အကြံကုန်နေပုံရတယ်ဗျို့

    • Thel Nu Aye

      March 22, 2012 at 5:23 pm

      ဟုတ်ပါ့ ကိုရင်မောင်ရေ၊ အကြံကုန် ဂဠုန်ဆားချက် နေတာလေ။ ဒီနည်းနဲ့မဲလေးတခုတလေများရမလားလို့။

  • myanmarcitizen

    March 22, 2012 at 5:26 pm

    ဒီကောင်တွေပဲအမျိုးမျိုး။ စောက်ရှက်မရှိတာကတော့ပြောမနေနဲ့။ သူတို့ပဲ ငါတို့ဗိုလ်ချုပ်ကို လူမြင်ကွင်းက ပျောက်အောင်လုပ်ခဲ့တယ်။ ခုတော့ သူပုံကိုပြပြီး ကိုယ်ကျိုးရှာဖို့လုပ်တယ်။ မင်းတို့တော်တော်ကို အောက်တန်းကျတယ်ကွာ

  • ရွှေဘိုသား

    March 22, 2012 at 6:27 pm

    ဒီကောင်တွေ ဦးနှောက် မရှိတာနဲ့ ဆားချက်တာတောင် ဆပ်ပြာကြမ်းပဲထွက်မှာပါဗျာ

    • Thel Nu Aye

      March 22, 2012 at 6:44 pm

      ဆပ်ပြာကြမ်းတောင်ထွက်ပါ့မလား။ သူတို့ခေါင်းထဲမှာကုန်ကြမ်းမှမရှိပဲ။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 22, 2012 at 7:46 pm

    ဘာမှ မဆိုင် ၊ နဲနဲလေးမှ မဆိုင်၊ မဆီမဆိုင် လက်ပံပင် ဒါးနဲ့ချိုင် တွေ ၊
    ဘယ့်နှယ်ဗျာ၊ ေ s ာက် ရှက် လေး နဲနဲလောက် ရှိဇမ်းဘာ ၊
    အကြံကုန် ဂဋ္ဌုန် ဆားချက် သဖေါမျိုး။
    သနားစရာ ကောင်းလိုက်တာ ။

  • တီတီရေငုံနှုတ်ပိတ်

    March 22, 2012 at 8:43 pm

    အောင်မလေး.. အောင်မလေး….
    ဖြေးဖြေးပြောကြပါတော်…
    သူတို့ထဲ အထက်ရောအောက်ရော ဗွက်ပေါက်အောင်လှန်လှောရှာလို့မှ
    လူကြားထဲမျက်နှာပြစရာမရှိလို့
    ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို ဇွတ် ဆွဲစိပြီး ပြစားရတဲ့ဟာကို…
    ဂရုဏာလေးတွေ ထားကြစမ်းပါတော့ …..။

  • khinsaw aye

    March 22, 2012 at 8:45 pm

    ဟာသမြောက်လှတဲ ့ပိုစတာပါပဲကွာ။
    အရှက်ကိုမရှိကြဘူး။

  • minn zaw

    March 22, 2012 at 9:23 pm

    အင်း ကြံ့ဖွတ်က ဘယ်တုန်းက နည်းမှန်လမ်းမှန် လုပ်ဖူးလို့လဲ။ ကတော့ပါရဲ့ ရွာသူားတို့ရယ်

    အဲဒီ ခွေးသားတွေ အရှက်ကို မဲ့လွန်းတယ်။

  • ငပွကြီး

    March 22, 2012 at 10:09 pm

    တော်တော်လေးကို အရှက်မဲ့တဲ့လုပ်ရပ်တခုဘဲ သူတို့ကြံဖွတ်ရုံးမှာတောင် ဗိုလ်ချုပ်ပုံ ရှိလို့လား
    အေးလေ..၆ ရှက်မရှိလို့လဲ ဒီနေ့ထိ ဒီမျက်နာတွေတွေ့နေရတာပေါ့

  • uncle kyaw

    March 22, 2012 at 11:09 pm

    A Low တွေ..( အောက်တန်းစား) ဟူလို…
    သောက်ရှက်နည်းတဲ့ကောင်တွေ ..တွင်းတူးနိမ့်တဲ့ အခြေအနေတွေ ကြည့်ချင်ရင် အောက်က လင့် ထဲ ဝင်ကြည့်ကြပါဦး ..အကုသိုလ်တော့များ တယ်ဗျို့
    http://www.myanmarexpress.net/

  • ko latt

    March 23, 2012 at 11:19 am

    ပြည်သူ တွေကို နားလှည့်ပါးရိုက် လုပ်လာတာ အားလုံးကသဘော ပေါက်နေကြပြီ။ ဒီတစ်ခါ ဒို့ဗိုလ်ချုပ် ကိုပါဆွဲထည့် နေပြီဗျို့….ဗမာလူမျိုး သည်းခံတတ်တယ် ဆိုတာကို အခွင့်ကောင်းယူအမြတ်ထုတ် နေတဲ့ ဒီမိုကရေစီ ယောင်ဆောင် အစိုးရ ကြံ့ဖွတ် တို့ရေ…လူဆိုတာ သည်းခံနိုင်တဲ့ အတိုင်းအတာ တစ်ခုတော့ ရှိသေး တယ်ဆိုတာ ကို မသိတာလား..ဒို့ရဲ့ အာဇာနည် ဗိုလ်ချုပ် ကိုတော့ လာမထိနဲ့ ..မ ဆ လ ခေတ်ကတောင် အာဇာနည်နေ့ မှာ ရေဒီယို က ဥဩ ဆွဲသံ လွှင့် သေးတယ် မင်းတို့ စစ်တပ်က အာဏာ အတင်းတက်ယူ ပြီးတော့ မှ အာဇာနည်နေ့ မှာ လွမ်းသူပန်းခွေ ချတာတောင် အဖြစ်သဘောလုပ်ခဲ့ကြ ….ယဉ်ကျေးမှု ဝန်ကြီးတစ်ယောက် ကိုဘဲ မကောင်းတတ်လို့ တာဝန်ပေး လုပ်ခိုင်းတာအားလုံးသိ တယ်….ကျောင်းက ခလေး တွေကို သွားမေးကြည့် အာဇာနည်နေ့ ဆိုတာ ..အဆိုတော် R ဇာနည် ရဲ့ မွေးနေ့ လားလို့ ပြန်မေးရတဲ့ထိ ခင်ဗျားတို့ စစ်တပ် က အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း ကို တိုင်းပြည် ကမေ့အောင် နည်းပေါင်းစုံသုံး ကြံစည် ခဲ့ကြတာလေ…ဒါပေမယ့် ခင်ဗျားတို့ နားမလည်တာက ပြည်သူ ကို အထင်အရမ်းသေးလွန်းတယ်..ကမာ္ဘ ကြီးဟာ ရွာဖြစ်နေပြီဆိုတာ ခေတ်နောက်ပြန်ဆွဲ ချင်တဲ့ ခင်ဗျားတို့တွေလက်မခံချင် ကြဘူး..ခင်ဗျားတို့ လုပ်ရပ်တွေ နားလိုက်တော့ ..သမိုင်းရဲ့တရားခံ လည်းဖြစ်နေပြီ..ပြေးစရာ မြေလည်းမရှိတော့ဘူး..သနားတယ်ဗျာ ခင်ဗျားတို့ ရဲ့ မိသားစု ဝင်တွေကို…

  • အသူရာ

    March 23, 2012 at 11:25 am

    ကြံ့ဖွတ် ကြံ့ဖွတ် ကိုယ်မေကို ဂျွမ်းပစ်ပြီးတော့သာ -ိုးတော့ဟေ့

  • tayoke malay

    March 23, 2012 at 11:31 am

    တော်တော်ကိုအရှက်မရှိ မျက်နှာပြောင်လွန်းပါတယ် (ဟုတ်ပါတယ်လေ တစ်သက်လုံးလည်း အရှက်တရားဆိုတာ သူတို့မှာမှမရှိတာ ဒါ့ကြောင့်လည်း ဒီလိုလုပ်ရပ်ကို လုပ်တာပေါ့ အရှက်ဆိုတာ ဂြိုလ်နှင့်လားလို့တောင် မေးကြရမယ့် ကြံ ့ဖွတ် အစုတ်ပလုပ်) သောက်ကျင့်ယုတ်ကို ယုတ်တယ် တို့ဗိုလ်ချုပ်ကိုများ ခုတုံးလုပ်ပြီး သူတို့ထဲဘဲထည့်ရအုန်းမယ် အကြံကတော့ အောက်တန်းစားအကြံနှင့် တော်တော်မဲလိုချင်နေကြတယ် ကိုယ့်အရေအချင်းကို ကိုယ်သိတော့လေ…..ဟဲဟဲ လှလှပပကြီးကို ရှုံးပါစေရှင်လို့ တောင်းဆုပြုလိုက်ပါတယ်…………….

    • အသူရာ

      March 23, 2012 at 11:42 am

      တောင်းတဲ့ဆုနဲ့ အတိုင်းထက်အလွန်ပြည့်ဝပါစေ တရုတ်မလေးရေ့
      တရုတ် . မလေးလား ၊ တရုတ်မ . လေးလား

      • tayoke malay

        March 23, 2012 at 1:10 pm

        တရုတ်မ…လေး…ပါ ရှင်

        • ဖားသက်ပြင်း

          March 23, 2012 at 1:20 pm

          ရွာသူသစ်လေးပဲ…
          😀
          အင်း မှာစရာရှိတာတွေ မှာထားဦးမှ…
          ဒီရွာမှာ တီလုပ်မလေးဒွေဆိုရင် အင်မတန်ဘူးတဲ့ အဲ့လေ ချစ်တတ်တဲ့..
          ကိုကိုကြောင် ဆိုသူ ရှိတယ်ကွဲ့ … သတိထား …နော်…
          စိုးတယ်.. စိုးမိတယ်..စိုးရိမ်မိတော့တယ်….ကွယ်..
          အားတော့ မငယ်ပါနဲ့လေ….
          ဟောဒီက ဖားသက်ပြင်းက စောင့်ရှောက်ပါ့မယ်ကွယ်….

          ခင်တဲ့…
          😛

  • အသူရာ

    March 23, 2012 at 11:31 am

    ဗိုလ်ချုပ်အောင်ဆန်းပုံနေရာမှာ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးသန်းရွှေပုံနဲ့ မဲဆွယ်ကြည့်ပါ့လားဟင်င်င်
    ပြည်သူတွေက အားပေးလိုက်ကြမယ့်ဖြစ်ခြင်း
    ရွာသူားတွေရော မဲမပေးချင်ကြဘူးလားဟင်င်င် :mrgreen:

  • kai

    March 23, 2012 at 11:50 am

    မဲဆွယ်ကန်င်ပိန်းမျိုးက.. အင်မတန်ပညာပါပါတယ်..။
    အခုက အူကြောင်ကြောင်ကြီးနော…
    ဒါမှမဟုတ်.. သေသေချာချာကြံစည်လုပ်ကြတာလားတော့မသိ..
    ပြည်ခိုင်ဖြိုးကတော့.. လုပ်ချလိုက်ပြီလို့သာ မှတ်ချက်ပြုချင်တာပါ…။

    ဗိုလ်ချုပ်အောင်ဆန်းသမီးနဲ့.. ပြိုင်ရမဲ့ပွဲမှာ.. ပြိုင်ဖက်ကဗိုလ်ချုပ်အောင်ဆန်းပုံသုံး..မဲဆွယ်တာကို.. ဘာကန့်ကွက်စရာရှိသလည်းဗျာ..
    သုံးပါစေ..။ 😆

    အဲဒီနယ်တော့.. ပြည်ခိုင်ဖြိုးရှုံးမှာသေချာသွားတာပေါ့..။
    NLD ကနိုင်ရင်.. အဲဒီနယ်ရဲ့ ပြည်ခိုင်ဖြိုးက..ကင်န်ပိန်းဦးဆောင်သူကို.. NLD ထဲခေါ်ထားလိုက်ပေတော့…

    • ဖားသက်ပြင်း

      March 23, 2012 at 12:27 pm

      ဘယ်ကသာ အူကြောင်ရမတုန်း သဂျီးရေ….
      😀
      အရူးကွက်နင်းတာခည …
      တခါတခါ အလွန်ပြောင်မြောက်သော အိုင်ဒီယာများဟာ
      မထော်မနန်း အတော် ဆန်တာကလား …
      ဒါမိုးက …အလွန် လန်ထွတ် ဂျွတ် တက် နေတဲ့လူများသာ စဉ်းစားမိမှာဗျို့….
      (ယုတ်မာချက်များ … ကမ်းကုန်ရော….. ဘယ်မာကတ္တာ ဆီက သွားသင်လာတယ်မသိ…အာဟိ..)

      ဂလိုဗျ….
      သဂျီးလို ..အင်ဂျင်နီယာ-ဒီဇိုင်နာ-အယ်ဂျုပ်-နိုင်ဂျံဂါး ဆယ်စုနှစ်၂ခုစာ အခြေစိုက်နေသူ
      ကတော့ သိတာ ပေါ့ မြင်တာပေါ့ခည …. (ဆိုလိုချင်တာ …သဂျီးတို့လိုလူမျိုးကို မဲဆွယ်ရင်တော့
      တခြား စွက်ဒဂျီ သုံးလိမ့်မယ်…)

      ခုဟာက တော ခည တော… စာမတတ် ပေမတတ် … (ဝါ) သေစာရှင်စာလောက်သာတတ်…
      သော အများစု ရှိမယ့် နေရာ ဆိုတော့ …ဘယ်လောက်ပိန်းကြမလဲ ပြေးကြည့်စရာကိုမလိုဘူး…

      ဒါ misleading ဖြစ်အောင်လုပ်တာ …
      ကျုပ်သာ စာမတတ်ရင် …ဒီပုံကြီးမြင်တဲ့ ပါတီမဲပေးမိမှာ အမှန်…

      နောက်တနည်း.. co-branding လုပ်တာခည ….
      လိုးဝါး ဆိုရှယ်လ် ကလပ်စ် အတွက်ကတော့ .. အလယ်လွှာ အထက်လွှာတွေကကြည့်ရင်
      ပိန်းသယောင် ထူသယောင် အူကြောင်ကြောင်နိုင်သယောင် စွက်ဒဂျီ ဖြစ်လည်း သုံးကြ သုံးရမှာပဲကိုး…

      လုပ်ရပ်က ကဒါဖီ … ရုပ်ထွက်က ဂန္ဒီ လုပ်တာ … ချဉ်ထှာအေ….
      ကျုပ်တို့ဘေးက မြင်ပေမယ့် … တားဂတ်ပိတ်သတ်ကြီး မြင်ဖို့ အရေးကြီးပါတယ်ဗျာ…

      တော်သေးဘီ….
      ချဉ်သွားဘီ….

      • Swal Taw Ywet

        March 23, 2012 at 4:16 pm

        Yes, I agreed.
        လုပ်ရပ်က ကဒါဖီ …
        အာဇာနည် ဗိမ္မာန်မှာ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်. Correct??????

        With respect,
        Swal Taw Ywet.

  • Phaung Phaung

    March 23, 2012 at 12:39 pm

    တော်တော်လဲအကုသိုလ်ပေးတဲ့ကြံ့ဖွတ်ပါလား။
    အရှက်မရှိလိုက်တဲ့ သရက်စေ့တွေ…..ခုချိန်ထိ ဌာနဆိုင်ရာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံပြန်မချိတ်သေးပဲနဲ့
    ခုလိုမဲဆွယ်ချင်တော့မှ ဗိုလ်ချုပ်ပုံကိုသုံးပြီး ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ရင်သူတို့ကို မဲပေးပါလေး၊ဘာလေးနဲ့
    သူတို့ပါတီနဲ့ ဗိုလ်ချုပ်နဲ့ဘာမှမဆိုင်ဘူး… ခွေးင်္သေ့တွေကိုယုံပြီးမဲပေးတဲ့လူတွေက ကျပ်မပြည့်လို့ပဲဖြစ်မယ်

  • kyeemite

    March 23, 2012 at 1:44 pm

    ဗိုလ်ချုပ်က ပြည်သူပိုင်ပါ
    ဒေါ်စုအဖေဆိုပေမဲ့ ဒေါ်စုတစ်ယောက်ထဲမူပိုင်လုပ်ထားလို့မရတော့တဲ့
    ပြည်သူ့ခေါင်းဆောင်ပါ။
    အခုဒေါ်စုကိုကြည့်ပါလား…သူ့ကိုယ်သူတောင်မပိုင်တော့ဘူး
    ပြည်သူကပိုင်သွားလို့ ပြည်သူ့ဆန္ဒ အကောင်အထည်ဖေါ်ဘို့လုပ်နေရတယ်မဟုတ်လား
    ဒီတော့ဗျာ..သုံးပါစေ..သုံးပါစေ
    ပြည်သူလူထုအရင်လိုမအ တော့ပါဘူး…
    သူတို့ဗိုလ်ချုပ်ပုံသုံးတာ အားတောင်ပေးရမှာဗျ..
    အရင်ကဆို ကြည့်တောင်မကြည့်ရဲလို့ ဓါတ်ပုံတောင်
    ရုံးတွေမှာမချိတ်ရဲဘူး..ပြစ်ထားကြတာ..
    ဆိုတော့ ဒါတိုးတက်လာတာလို့မြင်ကြည့်ကြပါ…

  • ba gyi

    March 23, 2012 at 4:29 pm

    ဪ ဪ လူဆိုး၊ဂျပိုး၊သူခိုးဒွေ ခုမှချစ်တတ်ယောင်ဆောင်လာရပါပေါ့လား ။
    ဒါ ကာလာတူဝင်ရိုက်တယ်လို့ခေါ်တယ်၊
    ပြည်သူအားလုံးချစ်တာဖြစ်နေလို့၊ငါတို့လည်းအယောင်ဆောင်ချစ်ပြရင် ပြည်သူတွေမျက်စိလည်ထွက်မ လားလို့ပေါ့လေ၊ူ ပြည်သူဟာဗိုလ်ချုပ်အောင်ဆန်းကို ချစ်ရုံတင်မဟုတ်၊ရိုသေလေးစားကြတာကွ၊ ဘာကြောင့်လေးစားလည်းဆိုရင် ပြည်သူအတွက်၊အမျိုး၊ဘာသာ၊သာသနာ အတွက် တစ်ကယ် ချစ်မြတ်နိုးပြီး၊ ကိုယ်ကျိုး စွန့်လို့ချစ်ကြတာ။
    သည်တော့ သူ့လိုပြည်သူ့အတွက်ကိုယ်ကျိုးစွန့်သူတွေသာ တို့ဗိုလ်ချုပ်ကိုချီးမြှင့်ထိုက်တယ်
    တို့ဗိုလ်ချုပ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပုံတွေကိုကိုင်ဆောင်ထိုက်တယ်၊ဖေါ်ပြထိုက်တယ်။ပြည်သူကိုခေါင်း ပုံဖြတ် ၊ပြညသူ့အခွင့်အရေးတွေဖြတ်စားလဒ်စားနေတဲ့ အဖွဲ့အစည်းမျိုးတွေနှင့်မထိုက်တန်ပါ။
    ထိုက်တန်ချင်ရင်- ကိုယ်ကျိုးစွန့်ပါ၊လူထုကိုလေးစားပါ၊လူတစ်စုကောင်းစားရေးကိုရှောင်ပါ၊ကလိမ်ကကျစ်
    ကောက်ကျစ်မှုတွေပယ်ရှားပြီး၊ပြည်သူလူထုမှပြန်ချစ်အောင်လက်တွေ့လုပ်ကြမှဖြစ်ပါမယ်။

Leave a Reply