ဒီညနေ အိမ်ပြန်ချိန်နားနီးမှ နိုင်ငံခြားသားတစ်ကောင်က တေလေဂျပိုး Website တစ်ခုက သတင်းကို ဖတ်ပြီး လန့်ဖြတ်တော့မူသတဲ့…

ဂျီမေးလ်အကောင့်မှာ “.” (dot) ပါတဲ့ကိစ္စ…

အချို့သော အီးမေးလ်လိပ်စာတော်တော်များများမှာ “.” ကိုထည့်သုံးထားတာတွေ့ရပါတယ်…

ဥပမာ-

fattycat.mg@gmail.com (သတိ-ကျွန်တော့် အီးမေးလိပ်စာမဟုတ်ပါ)

အဲဒီအီးမေးလ်လိပ်စာကို Gmail မှာ Login လုပ်တဲ့အခါ “.” (dot) မထည့်ပဲ Password ရိုက်လိုက်ရုံနဲ့ Login ဖြစ်သွားပြီး Inbox ကိုရောက်သွားတာကို မြင်ရမယ်…အဲဒီတော့ fattycatmg@gmail.com ပိုင်ရှင်က fattycat.mg@gmail.com ရဲ့ Email တွေကို အမှတ်မထင် hack လုပ်လိုက်သလိုဖြစ်မယ်လို့ ထင်ချင်စရာရှိပါတယ်…

အဲဒီအကြောင်းကို Google က အောက်ကလင့်မှာရှင်းပြထားတယ်ဗျ…

http://support.google.com/mail/bin/answer.py?hl=en&answer=10313#

Google ရဲ့အဆိုအရတော့…

fattycat.mg@gmail.com = fattycatmg@gmail.com

fattycat.mg@gmail.com = fatty.cat.mg@gmail.com

fattycat.mg@gmail.com = Fattycat.MG@gmail.com တို့တွေဟာ အတူတူပါပဲတဲ့….

အဲဒီအတွက် fattycat.mg@gmail.com ကို Create လုပ်ပြီးသွားတဲ့အချိန်မှာ နောက်ထပ် fattycatmg@gmail.com ဆိုတဲ့အကောင့်မျိုးကို ထပ်ပြီး Create လုပ်မရနိုင်တော့ဘူးဆိုတဲ့အတွက်…ကိုယ့်အီးမေးလ်ထဲက အရေးကြီးစာတွေကို သူများမဖတ်နိုင်တော့ဘူး၊ လုံခြုံတယ်လို့ မှတ်ယူထားလိုက်ပါ…

Secure ဖြစ်တယ်လို့ Google ကတော့ ရဲရဲကြီးအာမခံသွားတယ်ဗျ…

အဲဒီကိစ္စကို မလေ့လာပဲ အင်တာနက်ပေါ်မှာ ကီးဘုတ်သရမ်းသွားတဲ့သကောင့်သားကိုပဲ အပြစ်တင်ရမလားတော့မပြောတတ်ဘူးဗျာ…

အဲဒါနဲ့ပဲ ကိုယ်ပိုင်အချိန်လေးထဲက ပဲ့ပါသွားပြီ တစ်နာရီလောက်…

ကျွန်တော့်လို သူငယ်ချင်းတွေ ဒီကိစ္စတွေ့ရင် အလွယ်တကူရှင်းနိုင်အောင်ရယ်…နားမလည်လို့စွတ်ကြောက်မိမှာစိုးတာရယ်ကြောင့် ပျော်မွေ့တဲ့ရွာထဲမှာပါ တစ်ခါထည်း ၀င်ရေးခဲ့တယ်ဗျို့

အော်..ဒါနဲ့သတိတစ်ခုပေးရဦးမယ်…

အလကားရတဲ့ Free Email တွေကို Official အတွက် မသုံးသင့်ဘူးနော်…

Free Service တွေဖြစ်တဲ့အတွက် အချိန်မရွေးဖြုတ်သိမ်းသွားနိုင်သလို…

Technical Support မပေးရင်လဲ ကိုယ့်ဘက်က ဘာမှမတတ်နိုင်ဘူးကွယ်…

အဲဒါကြောင့် အရေးကြီးတဲ့အလုပ်တွေနဲ့ Official သုံးမယ်လို့စဉ်းစားရင်တော့ ပိုက်ဆံပေးပြီး စိတ်ချရတဲ့ Service မျိုးရွေးသင့်တယ်ဗျ…

နောက်တစ်ခုက အလကားရတဲ့ဟာမို့ ကိုယ့်နာမည်နဲ့ ဆင်တူယိုးမှားလုပ်ုပြီး ကိုယ့်အိတ်ထဲကလာနှိုက်သွားရင်တော့ ကိုယ့်အမှားပဲဖြစ်မှာနော်…

ဥပမာတစ်ခုထပ်ပေးလိုက်ဦးမယ်…

ဂျီမေးလ်သုံးခဲ့တာ (၄)အချိန်တော်တော်ကြာနေပြီ။ Inbox ထဲမှာလဲ 2GB လောက်စာတွေရှိတယ်…စာတွေကလဲအရေးကြီးတယ်နော်…

အဲဒီအချိန်မှာ ဂျီမေးလ်က သူ့ Service ကိုဖျက်သိမ်းတော့မယ်ဆိုရင်…

မြန်မာနိုင်ငံက ကော်နတ်ရှင်နဲ့ 2GB ကို Backup လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်…ကိုယ့်အရေးကြီးအီးမေးလ်တွေဆုံးရှုံးရမှာကို ဒီအတိုင်းလက်ပိုက်ပြီး ကြည့်နေရတဲ့ဘ၀ ရောက်သွားလိမ့်မယ်…

အဲဒါကြောင့်…Official Email သုံးချင်တယ်ဆိုရင်…ပိုက်ဆံပေးရပြီး စိတ်ချရတဲ့ Service ကိုရွေးပါ…

 

ခင်တဲ့-

ကြောင်ဝတုတ်

၂၀၁၂၊ မတ်လ

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...