ကျွနုုပ်နှင့်ဒုုက္ခပေးသောဂျီမေးလ်

ဒီညနေ အိမ်ပြန်ချိန်နားနီးမှ နိုုင်ငံခြားသားတစ်ကောင်က တေလေဂျပိုုး Website တစ်ခုုက သတင်းကိုု ဖတ်ပြီး လန့်ဖြတ်တော့မူသတဲ့…

ဂျီမေးလ်အကောင့်မှာ “.” (dot) ပါတဲ့ကိစ္စ…

အချို့သော အီးမေးလ်လိပ်စာတော်တော်များများမှာ “.” ကုိုထည့်သုုံးထားတာတွေ့ရပါတယ်…

ဥပမာ-

fattycat.mg@gmail.com (သတိ-ကျွန်တော့် အီးမေးလိပ်စာမဟုုတ်ပါ)

အဲဒီအီးမေးလ်လိပ်စာကိုု Gmail မှာ Login လုုပ်တဲ့အခါ “.” (dot) မထည့်ပဲ Password ရိုုက်လိုုက်ရုုံနဲ့ Login ဖြစ်သွားပြီး Inbox ကိုုရောက်သွားတာကိုု မြင်ရမယ်…အဲဒီတော့ fattycatmg@gmail.com ပိုုင်ရှင်က fattycat.mg@gmail.com ရဲ့ Email တွေကိုု အမှတ်မထင် hack လုုပ်လိုုက်သလိုုဖြစ်မယ်လိုု့ ထင်ချင်စရာရှိပါတယ်…

အဲဒီအကြောင်းကိုု Google က အောက်ကလင့်မှာရှင်းပြထားတယ်ဗျ…

http://support.google.com/mail/bin/answer.py?hl=en&answer=10313#

Google ရဲ့အဆိုုအရတော့…

fattycat.mg@gmail.com = fattycatmg@gmail.com

fattycat.mg@gmail.com = fatty.cat.mg@gmail.com

fattycat.mg@gmail.com = Fattycat.MG@gmail.com တိုု့တွေဟာ အတူတူပါပဲတဲ့….

အဲဒီအတွက် fattycat.mg@gmail.com ကိုု Create လုုပ်ပြီးသွားတဲ့အချိန်မှာ နောက်ထပ် fattycatmg@gmail.com ဆိုုတဲ့အကောင့်မျိုးကို ထပ်ပြီး Create လုုပ်မရနိုုင်တော့ဘူးဆိုုတဲ့အတွက်…ကိုုယ့်အီးမေးလ်ထဲက အရေးကြီးစာတွေကိုု သူများမဖတ်နိုုင်တော့ဘူး၊ လုုံခြုံတယ်လိုု့ မှတ်ယူထားလိုုက်ပါ…

Secure ဖြစ်တယ်လိုု့ Google ကတော့ ရဲရဲကြီးအာမခံသွားတယ်ဗျ…

အဲဒီကိစ္စကုို မလေ့လာပဲ အင်တာနက်ပေါ်မှာ ကီးဘုုတ်သရမ်းသွားတဲ့သကောင့်သားကိုုပဲ အပြစ်တင်ရမလားတော့မပြောတတ်ဘူးဗျာ…

အဲဒါနဲ့ပဲ ကုိုယ်ပိုုင်အချိန်လေးထဲက ပဲ့ပါသွားပြီ တစ်နာရီလောက်…

ကျွန်တော့်လိုု သူငယ်ချင်းတွေ ဒီကိစ္စတွေ့ရင် အလွယ်တကူရှင်းနိုုင်အောင်ရယ်…နားမလည်လိုု့စွတ်ကြောက်မိမှာစိုုးတာရယ်ကြောင့် ပျော်မွေ့တဲ့ရွာထဲမှာပါ တစ်ခါထည်း ဝင်ရေးခဲ့တယ်ဗျို့

အော်..ဒါနဲ့သတိတစ်ခုုပေးရဦးမယ်…

အလကားရတဲ့ Free Email တွေကိုု Official အတွက် မသုုံးသင့်ဘူးနော်…

Free Service တွေဖြစ်တဲ့အတွက် အချိန်မရွေးဖြုတ်သိမ်းသွားနိုုင်သလိုု…

Technical Support မပေးရင်လဲ ကိုုယ့်ဘက်က ဘာမှမတတ်နိုုင်ဘူးကွယ်…

အဲဒါကြောင့် အရေးကြီးတဲ့အလုုပ်တွေနဲ့ Official သုုံးမယ်လိုု့စဉ်းစားရင်တော့ ပိုုက်ဆံပေးပြီး စိတ်ချရတဲ့ Service မျိုးရွေးသင့်တယ်ဗျ…

နောက်တစ်ခုုက အလကားရတဲ့ဟာမိုု့ ကိုုယ့်နာမည်နဲ့ ဆင်တူယိုုးမှားလုုပ်ုပြီး ကိုုယ့်အိတ်ထဲကလာနှိုက်သွားရင်တော့ ကိုုယ့်အမှားပဲဖြစ်မှာနော်…

ဥပမာတစ်ခုုထပ်ပေးလိုုက်ဦးမယ်…

ဂျီမေးလ်သုုံးခဲ့တာ (၄)အချိန်တော်တော်ကြာနေပြီ။ Inbox ထဲမှာလဲ 2GB လောက်စာတွေရှိတယ်…စာတွေကလဲအရေးကြီးတယ်နော်…

အဲဒီအချိန်မှာ ဂျီမေးလ်က သူ့ Service ကိုုဖျက်သိမ်းတော့မယ်ဆိုုရင်…

မြန်မာနိုုင်ငံက ကော်နတ်ရှင်နဲ့ 2GB ကိုု Backup လုုပ်ဖိုု့ မဖြစ်နိုုင်ဘူးဆိုုရင်…ကိုုယ့်အရေးကြီးအီးမေးလ်တွေဆုုံးရှုံးရမှာကိုု ဒီအတိုုင်းလက်ပိုုက်ပြီး ကြည့်နေရတဲ့ဘဝ ရောက်သွားလိမ့်မယ်…

အဲဒါကြောင့်…Official Email သုုံးချင်တယ်ဆိုုရင်…ပိုုက်ဆံပေးရပြီး စိတ်ချရတဲ့ Service ကိုုရွေးပါ…

 

ခင်တဲ့-

ကြောင်ဝတုုတ်

၂၀၁၂၊ မတ်လ

 

11 comments

  • water-melon

    March 22, 2012 at 6:12 pm

    ဒါဆို
    ဖရဲမ@gmail.com = ဖရဲမအခြောက်@gmail.com
    ဖရဲမ@gmail.com = ဖရဲ.အခြောက်.မ@gmail.com
    ဖရဲမ@gmail.com =ဖရဲမ.အခြောက်မ@gmail.com
    ကျေးဇူးရှင့်

  • windtalker

    March 22, 2012 at 8:59 pm

    ကိုကြောင်ဖတ် ကောင်းမှုနဲ ့ ဂျီမေးလုပ်ရင် ဒေါ့ခံရမယ်ဆိုတာ သိသွားပါပြီ ။ စမ်းကြည့်ပါဦးမည် ။

  • padonmar

    March 23, 2012 at 1:49 am

    ဖက်ဖက်ကက်
    myanmar.com.mm တွေက spam ကများ၊နှေးကနှေး။တစ်ချို့စာတွေဆို ဘာကြောင့်မှန်းမသိ မထွက် ဆိုတော့ တစ်လတစ်ခါတောင် မဖွင့်ဖတ်တော့ဘူး။ဂျီမေးနဲ့ပဲ ကွန်တက်လုပ်နေရတာ။
    service သိမ်းလိုက်ရင်တော့ ဒုက္ခပဲနော်။

  • FattyCat

    March 23, 2012 at 9:12 am

    ကိုပေရေ-
    တစ်ခုခုတော့လွဲနေပြီ…ကျွန်တော်ပေးတဲ့ မတ်စိနဲ့ ကိုပေနားလည်သွားတာလွဲနေပြီထင်ပါ့…
    အချို့အကောင့်တွေမှာ “.” (dot) ထည့်ပြီးလုပ်ထားတာရှိတယ်…
    အဲဒီလိုထည့်ထားခြင်းဟာ Email Address ပေါ်မှာ Effect မဖြစ်ဘူးလို့ပြောတာ…
    နောက်ပါနဲ့ဦးလေးရယ်….

    အန်တီပဒုမ္မာရေ-
    myanmar.com.mm တွေက သိပ်အဆင်မပြေဘူးဆိုရင်…အပြင်မနေပြီး ကိုယ်ပိုင် Domain တစ်ခုယူလိုက်ပါ…ပြီးတော့ ကိုယ်ပိုင်နာမည်နဲ့ အီးမေးသုံးပေါ့…
    ဥပမာ…
    father@padonmar.com
    mother@padonmar.com
    first.daughter@padonmar.com
    secondhusband@padonmar.com….ဟီးဟီး

    Google ကနေပြီးတော့ ပိုက်ဆံယူပြီးပေးတဲ့ Service ရှိပါတယ်….
    ကိုယ်ပိုင် Domain Name အတွက် တစ်နှစ်ကို $10 ကျသင့်မှာဖြစ်ပြီး…
    Email Service အတွက် တစ်လကို $5 ကျသင့်မှာဖြစ်ပါတယ်…
    တကယ့်အရေးကြီးတဲ့လုပ်ငန်းတစ်ခုအတွက်…တစ်နှစ်စုစုပေါင်း $70 ဆိုတာ လွမ်းလောက်တဲ့အနေအထားမဟုတ်တာမို့…ဝယ်သုံးခြင်းကို အားပေးပါတယ်ခင်ဗျာ…
    သုံးချင်ရင် အသုံးပြုလို့ရအောင် Link လေးတော့ထည့်ပေးလိုက်တယ်နော်…
    https://www.google.com/a/cpanel/premier/new3
    အခု ကျွန်တော်တို့နိုင်ငံမှာ…Online Paymentတွေကို Service ပေးနေတဲ့လူတွေရှိနေပါပြီ…ငွေပေးချေခြင်းအတွက်လဲအဆင်ပြေနေပြီဆိုတော့…
    တကယ်အရေးကြီးရင် License ဝယ်သုံးကြပါ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    March 23, 2012 at 10:21 am

    ဟုတ်ပြီ
    အခုမှ မေးစရာရတော့တယ်။
    ဒီမှာတင် ဒိုမိန်းဝယ်သုံးရင် အီးမေးလ်းဆားဗစ်ပါ မပါဘူးလား။
    တူလေး ဖက်ဖက်ကက်သိရင် ပြောပါဦး..။

  • Khaing Khaing

    March 23, 2012 at 11:25 am

    ဟယ် …. ဖရဲမကသူဂုဏ်သူဖော်လိုက်တယ်တော့ ….

  • FattyCat

    March 23, 2012 at 11:28 am

    ဦးဦးပါလေရာရေ…
    ရတနာပုံတယ်လီပို့ကနေပြီးတော့ Domain ဝယ်သုံးလို့ရပါတယ်…
    အဲဒီလိုဝယ်သုံရင် http://www.parlayyar.com.mm လိုမျိုး Domain Name နဲ့ရမှာဖြစ်ပြီး…
    သူတို့ သတ်မှတ်ထားတဲ့ Email အခုအရည်အတွက်ရမှာဖြစ်ပါတယ်…(၁၀)ခုဆို (၁၀)ခုပေါ့…
    ဦးဦးပါလေရာရဲ့ အီးမေးလ်ကလဲ-
    thirdwife@parlayyar.com.mm ဆိုပြီးရလိမ့်မယ်….ဟိ
    အဲဒီမှာ com.mm ဆိုတဲ့အဓိပ္ပာယ်က မြန်မာနိုင်ငံမှ Domain Name လို့ ဆိုလိုတယ်ပေါ့…
    အဲဒီအတွက် World Wide အလုပ်လုပ်တဲ့အခါမှ သုံးရတာသိပ်ပြီးအဆင်မပြေဘူးဖြစ်တတ်ပါတယ်…
    နောက်တစ်ခုက Cost Effective ပါ…
    မြန်မာနိုင်ငံထဲက ဒိုမိန်းဝယ်ရင် အနည်းဆုံး တစ်သိန်းလောက်ကျပါတယ်…
    လစဉ်ကြေးတော့သေချာမသိပေမယ့် အပြင်က Domain ဝယ်သုံးတာထက် ဈေးကြီးတာတော့သေချာပြီးသား…
    နောက်တစ်ခုက ပြန်ရတဲ့ Service ပါ…Google ကပေးတဲ့ Service ကို ရတနာပုံတယ်လီပို့က မီအောင်မပေးနိုင်ပါဘူး…အဲဒီတော့ World Wide ဖြစ်တဲ့၊ Service ပိုကောင်းတဲ့၊ ဈေးသက်သာတဲ့ အပြင်က Domain တွေကို ဝယ်သုံးတာက ပိုပြီးအဆင်ပြေမယ်လို့ အကြံပြုပါရစေ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • kyeemite

    March 23, 2012 at 1:43 pm

    ဟုတ်လားဖက်ကက်ရေ…အခုမှသိတယ်တော့..
    ဒါဆို kyeemite.25@=kyeemite25@=kyeemite.2.5@
    ပေါ့ ဟုတ်လား….

  • ဆူး

    March 23, 2012 at 1:57 pm

    အလကား အီးမေးတွေ အလကား ဖြစ်ပေါင်းတော့ မနည်းဘူး။
    အခု သုံးတဲ့ ဂျီးမေးပဲ ကျန်တော့တယ်။ ဂျီမေးကတော့ တော်တော် အကြောတင်းတယ်။ သုံးနေတာ သက်တမ်းကြာနေပြီ ဆိုတော့ အဆင်တော့ ပြေနေသေးတယ်။
    သူငယ်ချင်းကတော့ ၁၀၀% ပြည့်သွားလို့ အလိုလို ပိတ်သွားတာ ဘာ အချက်အလက်မှ ပြန်မရတော့ဘူး ပြောတယ်။ အမှန်တော့ ဖော်ဝပ်မေးတွေက ရှုပ်နေတာ.. အဲဒါကြီးတွေကြောင့် အီးမေး ဆိုဒ်ပြည့်သွားတာ.. ဒါကြောင့် မလိုအပ်တဲ့ အီးမေး ဆို ဖတ်ပြီးတာနဲ့ အကုန်ပြန်ဖျက်တယ်။ ကြာကြာ ဝါးမဲ့ သွား အရိုးကြည့်ရှောင် ဆိုသလို ကြာကြာ သုံးရအောင်။

  • kaung kin pyar

    March 23, 2012 at 4:45 pm

    ဒါဆို မဆူးပြောသလို အရိုးကြည့်ရှောင်ရင်ရော….သက်တမ်းဘယ်လောက် ခံနိုင်လဲ။ မဟုတ်လို့ အများကြီးကို ပျက်သွားရင် နှမြောစရာ…။

  • Mr admin

    September 11, 2012 at 6:48 am

    ကြိုက်တယ်ဗျာ ဒီပို့စ်ကိုတော့ ဆိုက်တစ်ခုလုံးမှာ ..ကျန် ပို့စ်တွေတော့ ဘာတွေမှန်းကိုမသိဘူး ထွေးလိမ်နေတာဘဲ #_#

Leave a Reply