ပေတံများ

naywoon niMarch 22, 20121min16816

တို့တွေရဲ့ ကိုယ်တွေပေါ်မှာ
တစ်ချိန်လုံး ထမ်းပိုးလာရတဲ့
ပေတံတွေ စံနှုန်းတွေ နီတိတွေ
နေစဉ်အမျှ ခေတ္တခဏလေးတောင်ချထားမရတဲ့ဘဝတွေ….။
လူဘဝတစ်သက်တာပတ်လုံး
သင်ယူလာခဲ့ရသမျှှ
လေ့လာခဲ့ရသမျှ
ဖတ်မှတ်လာခဲ့ရသမျှှ
တစ်နေ့ထက်တစ်နေ့
ကျောပေါ်မှာပေတံတွေသာတိုးလာတယ်…..။
ပိုပြီးသင်ယူနိုင်လေ
ပိုပြီးလေ့လာလေ
ပေတံတွေ တိုးလာလေပါပဲ…..။
ကျောပေါ်မှာ………
ပေတံတွေ စံနှုန်းတွေများများသယ်ပိုးနိုင်သူသာ
လူတော်တွေအဖြစ်သတ်မှတ်ထားကြ…..။
အကြောင်းကိစ္စတစ်ခုခုနဲ့ကြုံတိုင်း
ကျောပေါ်ကပေတံတွေစံနှုန်းတွေချချပြီး
တိုင်းတာဆုံးဖြတ်…….။
ပေတံတွေ စံနှုန်းတွေ အမျိုးအစားကလည်းများပါ့
ဘာသာရေး……….
လူမှုရေး………
ဓလေ့ထုံးစံ ………
ယဉ်ကျေးမှု…………
ဒါတွေနဲ့သာတိုင်းတာဆုံးဖြတ်
ဒီထက်ပိုပြိးတော့လည်း
ဘာမျှအသုံးချမရပေတံတွေသာ………..။
အဲဒိတော့………………
ဘယ်မှာလဲ?
ကိုယ်ပိုင်ပညာ
ကိုယ်ပိုင်အသိ
တစ်ခုမှမရှိ
နတ္ထိ…………….။

နေဝန်းနီ

16 comments

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 22, 2012 at 8:06 pm

    အခုတော့ ကွယ်
    အတ္တတွေကို ခိုစီး
    ငိုငြီးဖူးတဲ ့ ဒဏ်ရာဟောင်း နဲ ့
    အကြောင်းတခုပေါ်တခု ဆက်သွယ်
    ဘယ်တော့မှ မဆုံတဲ့တတ်တဲ့ မျဉ်းပြိုင်
    ယိမ်းယိုင်လို ့ကျောခိုင်း
    တိုင်းတာဆုံးဖြတ်မရ နာ့ဘွ …

    • Khaing Khaing

      March 23, 2012 at 12:59 pm

      နောက်ဆုံးတော့လည်း အဲဒီပေတံကို ပစ်ချပြီး ဘဝတစ်ပါးကို ပြောင်းရွေ့ရတာပါပဲကွယ် ….

  • pooch

    March 22, 2012 at 8:48 pm

    လတ်တလော ရှိနေတာကတော့ စံကျိုးနေတဲ့ပေတံတွေပါ။

    • နေဝန်းနီ

      March 22, 2012 at 9:57 pm

      စံကျိုးနေတဲ့ ပေတံဆိုပြီး ဘယ်သူက စွန့်ပယ်ထားခဲ့ရဲသလဲ? တစ်ကယ်တော့ စနစ်တစ်ခုကို ဒီလောက်ပြောင်းလဲဖို့ ကျိုးစားဖို့မလိုဘူး ….။ စံနှုန်းတွေ ပေတံတွေကို အသစ်ပြန်လည်တည်ဆောက်ရမှာ…။ စံဟောင်းနှုန်းဟောင်းတွေနဲ့ ဆောက်ထားတဲ့ စနစ်ကို နေဝန်းနီမယုံကြည်ချင်ဘူးနော်….။ (ပြောပစ်လိုက်မိပြန်ပီ………)

  • windtalker

    March 22, 2012 at 9:08 pm

    ပေတံ
    လေပျံ
    ပေကန်
    ငွေကြံ
    အသေမှန်
    ဝေဖန်

  • amatmin

    March 22, 2012 at 9:52 pm

    ပေတံတွေ အကုန်ခါချ
    ကိုယ်ကြိုက်ရာ ရွေးကြေးဆို..
    ကိုယ်တိုင်းမဲ့ ပေတံ
    လူသားဆန်မှ ဖြစ်မယ်ကွယ်…

  • surmi

    March 22, 2012 at 11:33 pm

    စနစ်ကိုလည်းမကြိုက်
    ကိုယ်.ကို ကိုယ် တိုင်းနေရတဲ.ပေတံကိုလည်းမကြိုက်
    ဘယ်တော.များမှပေတံတွေ လွှတ်ချခွင်.ရပါ.မလဲ ??????

  • MaMa

    March 23, 2012 at 8:07 am

    ပေတံက အမျိုးမျိုး။
    ဒီပေတံနဲ့တိုင်းရင် စံမှီနေပေမယ့်
    နောက်ပေတံနဲ့တိုင်းရင် သုံးမရတဲ့အထဲ ပါသွားရော။
    ကဲ- ဘယ်ပေတံနဲ့တိုင်းမလဲ။ 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 23, 2012 at 9:48 am

    အတိမ်အနက်ကို ပေတံ နှင့် တိုင်းတာကြကုန်၏
    အနီးအဝေးကို ပေတံနှင့်တိုင်းတာကြကုန်၏
    အတိုအရှည်ကို ပေတံနှင့်တိုင်တားကြကုန်၏
    ဆင်းရဲချမ်းသာ တိုင်းထွာသော ပေတံ
    အနည်းအများတိုင်းတာသောပေတံ
    အကြီးအသေးတိုင်းထွာသောပေတံ
    တိုင်းတာခြင်းအမှု့ကိုပြုသောပေတံ
    ဘာပေတံ
    ညာပေတံ
    ကွိပေတံ
    ကွပေတံ
    သာရကာပေတံ
    ဘာညာသာရကာ ဘာညာကိကွ ပေတံ
    ဟိုပေတံ
    ဒီပေတံ
    ပေတံ
    ပေတံ
    တိမ်တဲ့အကြောင်းကတိမ်မယ်
    နက်တဲ့အကြောင်းကနက်မယ်
    တိုတဲ့အကြောင်းကတိုမယ်
    ရှည်တဲ့အကြောင်းကရှည်မယ်
    ဆင်းရဲတဲ့အကြောင်းက ဆင်းရဲမယ်
    ချမ်းသာတဲ့အကြောင်းက ချမ်းသာမယ်
    နည်းတဲ့အကြောင်းကနည်းမယ်
    များတဲ့အကြောင်းကများမယ်
    ကြီးတဲ့အကြောင်းကကြီးမယ်
    သေးငယ်တဲ့အကြောင်းကသေးငယ်မယ်
    တိမ်ခြင်းနက်ခြင်း
    တိုခြင်းရှည်ခြင်း
    ချမ်းသာခြင်းဆင်းရဲခြင်း
    နည်းခြင်းများခြင်း
    ကြီးခြင်းငယ်ခြင်း
    ကယ်ကြဘာအုန်း အရပ်ဂဒို့ ရေးတတ်တော့ဘူး

  • nozomi

    March 23, 2012 at 9:57 am

    ကိုယ့်ပေတံတွေ မှန် မမှန် ဆိုတာရော
    ဘယ်ပေတံနဲ့ တိုင်းတာကြမှာလဲ

  • ဦးဦးပါလေရာ

    March 23, 2012 at 10:09 am

    မန်းဂေဇက်ကတော့ ပေတံတွေ တော်တော်စုံတဲ့ နေရာပါပဲ ကိုနေဝန်းနီရေ….။

  • kyeemite

    March 23, 2012 at 10:51 am

    လူမှု့ဝန်းကျင်မှာကျင်လည်နေရသရွေ့တော့
    ပေတံတွေကရှောင်မလွတ်ပါဘဲ..

    ဘယ်မှာလဲ?
    ကိုယ်ပိုင်ပညာ
    ကိုယ်ပိုင်အသိ
    တစ်ခုမှမရှိ
    နတ္ထိ…………….။
    အဲဒီ ကိုယ်ပိုင်ပညာ ကိုယ်ပိုင်အသိ ဆိုတာတွေရှိမရှိ
    ဆိုတာတောင် ပေတံနဲ့တိုင်းကြည့်မှသိရတာကလား…
    ကြီးမိုက် ရမ်းတုတ်သွားပါသည် ဆရာနီ…

  • Gipsy

    March 23, 2012 at 11:50 am

    လူတိုင်းကဗျာရေးသင့်တယ်လို ့၊ပျော်ရွှင်ခြင်းဟာလည်းကဗျာဖြစ်သလို

    စိတ်ညစ်ခြင်းဟာလည်းကဗျာပါပဲ…ကာရန်တွေညီချင်မှညီမယ်…..

    ဒါပေမယ့်ဖတ်သူနဲ ့ရေးသူကြားနားလည်မှုရှိရင်..ကဗျာလို ့ပဲယူဆမိပါတယ်..

    ကဗျာချစ်မြတ်နိုးသူတိုင်းပျော်ရွှင်ချမ်းမြေ ့ပါစေ….။

    ( ကူးချသည် )

  • ကြောင်ကြီး

    March 24, 2012 at 11:54 am

    ပေတံနဲ့
    ဝေဖန်ရင်
    အသေနှံခံရမယ်
    ညောင်သီးစားရင်
    လေသံလည်း
    နားထောင်အုံးပေါ့..
    ရေဆန်လို
    မြေအလှန်
    မခံချင်ရင်
    စေတမန်ကို
    ရွှေပုဂံနဲ့ဆက်…။

  • နေဝန်းနီ

    March 24, 2012 at 7:07 pm

    ကြောက်စရာ့ကိုကြောင်ကြီးရေ
    စေတမန်ဆက်စရာ
    ရွှေပုဂံတော့မရှိ
    ကြွေပန်းကန်ကွဲတွေတော့
    ကလေးတွေကစားရာကပေးလိုက်ရ
    မြေမလှန်နဲ့တော့နော်………

Leave a Reply