ဆင်ခြင်စရာလေးများ

aye.kkMarch 22, 20121min1359

ဆင်ခြင်စရာလေးများဖြစ်ပါသည်။
(ဩဝါဒထူးပျို ့)ပါ၊သိထားတာ လေးအား၊ မသိသေးသူများအတွက်ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ရယ်ခြင်း(၃)ပါးနှင့်ရယ်ဖွယ်(၁၀)ပါး( ဩ ဝါ ဒ ထူး ပျို ့)

သုံးပါးတစ်သီး ၊ ရယ်ခြင်းကြီးကား-
၁။ ဇနီးအိမ်ရှင်၊မိမိလင်လည်း
ချစ်ခင်သောအား၊သ္မီးသားကို
ပိုက်ဖြားအားရမ်း၊ချီရှုပ်နမ်းသော်
မယ့်ဝမ်းကမွေး၊သူများသွေးကို
အလေးတမြတ်၊သင့်သားမှတ်၍
လှည့်ပတ်ဖက်ချီ၊နမ်းလေပြီဟု
မထီမလေး၊အသွမ်းသွေး၍
အဝေးမျက်ကွယ်၊မယားရယ်၏..။
၂။ ငါ့လယ်ငါ့ယာ၊ငါ့မြေတာဟု
ဥစ္စာခင်မင်၊ဆိုပြန်လျှင်လည်း
အရှင်မဲ့ပါ၊ငါတို့မှာကား
ကမ္ဘာမကြေ၊မချည်းနေ၏
အောက်သွေယွင်းယို၊သင်တို ့ကိုယ်မှာ
ကိုမပိုင်ဘဲ၊ဖွယ်သရဲဟု
ကျိန်ဆဲသောနှယ်၊မြေကရယ်၏..။
၃။ ငါ့ဝယ်င့ါရွှေ၊ငါ့ကြေးငွေဟု
စိတ်စေကြည်သာ၊ဆိုပြန်ပါလည်း
ကြမ္မာဆော်ထိုက်၊ကောင်းတော်ခိုက်ကို
ဧည့်ဆိုက်မျှသာ၊တည်းခိုပါရှင်
ငါးဖြာရန်သူ၊ယူလှည့်တို့ပါ
သေမင်းခွါလည်း၊သင့်ရာအလျှောက်
တို့ရောက်သည်ပင်၊တို ့အရှင်လျှင်
ဖြစ်ချင်လွန်းလှ၊လွန်မင်းစွဟု
ဒေါသချီချယ်၊ရွှေငွေရယ်သည်
သုံးသွယ်ရယ်ဆေးပျက်သွမ်းသွေး..။
———————————————-
“ဆယ်ပါးရယ်ဖွယ်၊မှတ်ကြောင်းသွယ်စိမ့်”

(၁) ဉာဏ်ကျယ်ပါလျှက်၊ပွဲလယ်ချက်ဝယ်နှုတ်ထွက်ယွင်းပါး၊
ဆိုဖွင့်မှားအံ့။
(၂) ခစားသူမှာ၊သူလိုရာသို ့၊လိုက်နာရလျှက်မာနတက်အံ့။
(၃) လက္ခဏါမဲ့၊ချိုတဲ့ဥစ္စာ
ဆင်းရဲစွာလျှက်၊ကါမဂုဏ်မှု၊လုုံ့လပြုအံ့။
(၄) ဖြိုးဆူထပ်ပွား၊ဥစ္စာများလျှက်၊မိုက်အားဖုံးလွှမ်း၊
မပေးကမ်းအံ့။
(၅) ငြိမ်းချမ်းသာယာ၊နေရပါလျှက်၊သူ့မှာမှီနေ၊ခစားလေအံ့.
(၆) သားရေလျှော့ပါး၊အိုလှည့်ဖြားလျှက်၊မြစ်နားကမ်း
လျှိုမှီနေခိုအံ့။
(၇) ရန်ဖြိုပယ်လစ်၊ပြည့်ရှင်ဖြစ်လျှက်၊ မူးညစ်ဆိုးနွမ်း
မူးမတ်သွမ်းနှင့်၊ချစ်ကြွမ်းဝင်ဝင်၊ရောတိုင်ပင်အံ့။
(၈) သန့်စင်နွယ်ဇတ်၊မျိုးရိုးမြတ်လျှက်၊အတတ်မသင်၊
နားဝင်မကြွမ်း၊လော်လီသွမ်းအံ့။
(၉) မနွမ်းဂုဏ်အင်၊ယောင်္ကျားစင်လျက်၊
ချစ်ခင်စိုးပိုင်၊မယားနိုင်အံ့။
(၁၀)သုံးဆိုင်ဗေဒင်၊ကုန်စင်မြောက်များ၊ထုံးနှယ်သွားသည့်၊ပုဏ္ဏားဖြစ်လျက်၊အကျင့်ပျက်အံ့။

ကန့်ကွက်ခြားနား၊ဤဆယ်ပါးကို၊အမှားလူတွင်၊ရယ်ဖွယ်ထင်သည်၊သည့်ပြင်ရယ်ဆေးရမည်ဝေး..။။

9 comments

  • ဦးဦးပါလေရာ

    March 23, 2012 at 1:28 am

    ဟုတ်ပါ့ဗျာ…
    ဆင်ခြင်စရာပါ

    အကြိုက်ဆုံးကတော့-
    “…ကြမ္မာဆော်ထိုက်၊ကောင်းတော်ခိုက်ကို
    ဧည့်ဆိုက်မျှသာ၊တည်းခိုပါရှင်…”
    ဆိုတာလေးပါပဲ။

    အင်း……
    ကျုပ်တို့နိုင်ငံသားတွေက သံဝေဂရလွယ်ပါတယ်။
    ဒီခေတ် ဒီစံနစ်တွေကြားမှာဆိုတော့ …..

  • padonmar

    March 23, 2012 at 2:15 am

    မယားရယ်၏ ၊မြေရယ်၏၊ရွေငွေရယ်၏
    ဒီခေတ်မှာတော့ အရယ်ခံရတဲ့ သူတွေများနေပြီ ထင်ပါရဲ့။

  • Khin Latt

    March 23, 2012 at 6:16 am

    အစ်မအေးရေ
    သေရင် ကိုယ် နဲ့ မပါနိုင်တဲ့ အားလုံးထားခဲ့ရမဲ့ မြေတွေ၊ ဥစ္စာပစ္စည်း တွေ အတွက် ကျွန်မတို့ စိတ်ကို ပူလောင် နေစေရတာ တကယ်တော့ လုံးဝမတန်ပါဘူး။
    ဒါတွေကို ဖြုတ်နိုင်မှ စိတ်အေးအေး နဲ့ ဘဝ ကူးကောင်းမှာကို ကျွန်မတို့ မေ့မေ့ သွားကြတာ။
    မှတ်သား သတိထားနေရမဲ့ စာလေးတွေ မျှဝေလို့ ကျေးဇူးပါနော်။

  • kyeemite

    March 23, 2012 at 11:40 am

    မထီမလေး၊အသွမ်းသွေး၍
    အဝေးမျက်ကွယ်၊မယားရယ်၏..။အောင်မလေးလေး..
    ငါ့ကွယ်ရာမှာ မဒမ်ကြီးမိုက်
    ရယ်လျှင် ရိုက်မည်
    ပြီးလျှင်တဝ နှင်ကိုချမည်
    သိစွမ်းပြီလော ကြီးမိုက်သဘော။

    ကြိုက်တယ် ကိုအေးကိုကိုရေ..

  • aye.kk

    March 23, 2012 at 6:32 pm

    ဦးဦးပါလေရာ..
    ဩဝါဒအထူးပျို ့ကိုကြိုက်နှစ်သက်လို ့post တင်လိုက်တာပါ..
    အားပေးခါဖတ်သွားလို ့ကျေးဇူးပါ..
    “ကြမ္မာဆော်ထိုက်၊ကောင်းတော်ခိုက်ကို
    ဧည့်ဆိုက်မျှသာတည်းခိုပါရှင်”…ကြိုက်နှစ်သက်တယ်ဆိုတာသိရလို ့ဝမ်းသာမိပါတယ်
    ဥစ္စာရွှေငွေလက်ဝယ်ဆိုတာကလည်း၊ကံကောင်းတဲ့အချိန်မို ့ တည်းတာနေတာပါ..
    ကိုယ့်ဟာအပိုင်မဟုတ်၊ဆိုတဲ့တရားအသိစိတ်လေးကဆင်ခြင်စရာလေးအဖြစ်ခံစားမိရပါတယ်။
    ———————————————————————————————————-
    dr.padonmar
    ဒေါက်တာအထင်ဟာမှန်ပါတယ်..
    သာသနာသက်တမ်းကုန်တဲ့ဒီဘက်ခေတ်ကာလမှာ..
    တရားပျက်လာကြတော့၊အရယ်ခံစရာများမှာအမှန်ပါဘဲ..။
    ———————————————————————————————————-
    မလတ်ရဲ ့..
    ထင်မြင်ချက်လေးကိုလေးစားမိရပါတယ်..
    အားပေးဖတ်ရှုသွားတာဝမ်းသာမိတယ်လို ့ပြောလိုက်ပါရစေနော်..။
    ———————————————————————————————————–
    ကိုကြီးမိုက်ရေ..
    အားပေးခါဖတ်သွားလို ့ဝမ်းသာမိရပါတယ်..
    လောကကြီးကကိုယ့်ကိုရယ်စရာအဖြစ်မခံရဘို ့ကသာအလွန်အရေးကြီးပါတယ်
    ဲခင်ဗျာ..။။

  • yaungchikha

    March 24, 2012 at 10:35 am

    မှတ်သားသွားပါတယ်နော်၊ မသိသေးတာလေးတွေမျှဝေပေးလို့ အစ်မအေးကို ကျေးဇူးတင်ပါတယ်..

  • ကြောင်ကြီး

    March 24, 2012 at 12:25 pm

    ကြောင်အားမခန့်
    ငါဟုမန့်လျင်
    ကြွက်ပေါတော့မှ
    သိတတ်မည်..။

  • mg mg

    March 25, 2012 at 2:20 pm

    “ ရန်ဖြိုပယ်လစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူညစ်ဆိုးနွမ်း
    မူးမတ်သွမ်းနှင့်၊ ချစ်ကြွမ်းဝင်ဝင်၊ ရေးတိုင်ပင်အံ့”
    အုပ်ချုပ်သူအစိုးရအရာရှိမင်းများ အသိပွါးစရာပါ၊ အသိပညာရှင် အတတ်ပညာရှင်တွေကိုဘေးချိတ်ထားပြီး အထက်ဖားအောက်ဖိ ကိုယ်ကျိုးကြည့်သမားများရဲ့စကား၊ အကြံညာဏ်ပေးတာ ယုံပြီး ဟိုစီမံကိန်း ဒီစီမံကိန်းတွေလျှောက်လုပ် ပြည်သူတွေဒုက္ခရောက် အင်မတန်ဆင်ခြင်သင့်ပါတယ်။

  • aye.kk

    March 25, 2012 at 8:44 pm

    yaungchikha..မှတ်သားသွားပါတယ်ဆိုလို ့ဝမ်းသာပီတိဖြစ်မိရပါတယ်။
    ——————————————————————————-
    ကိုကြောင်ကြီး..ဝင်ပွားသွားလို ့၊အားတက်ရပါတယ်နော်။
    ——————————————————————————–
    mg mg,..ရေ
    ကိုမောင်မောင်ရဲ ့အယူအဆလေးကသင့်လို့ဝမ်းသာမိရပါတယ်။
    ငဖားတွေဆိုတာက..
    စမ်းတဝါးဝါးတွေလို ့ခေတ်စကားနဲ ့ …
    နေရာတိုင်းမှာကြားညှပ်သုံးပြီးပြောဆိုနေကြတာတွေ..
    မကြားချင်အဆုံးကြားနေရပါတယ်…။။

Leave a Reply