နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်တော့မည်

faizalJune 9, 20101min690

နိုင်ငံတကာရေးရာများအား နက္ခတ်ဂြိုဟ် အမြင်များကြည့်၍ သုံးသပ်နိုင်သော နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းအား မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် လဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်းတွင် နက္ခတ်ဆိုင်ရာ ဂြိုဟ်အမြင်ရှိမှုများ၊ ဂြိုဟ်ပူးမှုဖြစ်စဉ်များ၊ ဂြိုဟ်ရပ်တည်မှုများကြောင့် နိုင်ငံများတွင် ဖြစ်ပေါ်နိုင်သော ပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များသာမက နိုင်ငံစီးပွားရေး တိုးတက်မှုများကို လေ့လာသုံးသပ်နိုင်ရန် သင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောသည်။ “ဒီကျောင်းကိုဖွင့်ဖို့ စီစဉ်တာကြာပါပြီ။ ဒီကျောင်းကို နက္ခတ်သိပ္ပံ အဖွဲ့အဖြစ် ဖွဲ့စည်း ပြီးတာနဲ့ ဖွင့်လှစ်သွားမှာပါ။ နက္ခတ်သိပ္ပံအဖွဲ့ ဇွန်လကုန်လောက် ဖွဲ့စည်းပြီးတာနဲ့ လသာမှာ ဒီကျောင်းကို ဖွင့်လှစ်သွားမှာပါ။ အခုဆိုရင် ကမာ္ဘ့နိုင်ငံပေါင်း ၂၀ဝ ကျော်ရဲ့တိုင်းပြည် တည်ထောင်တဲ့ ကာရိုက်တာတွေ၊ Dataတွေ စုစည်းပြီးပါပြီ။ ဖွင့်ခွင့်ရတာနဲ့ ချက်ချင်း ဖွင့်နိုင်အောင် ကြိုတင်ပြင်ဆင်မှုပိုင်းတွေ လုပ်ထားပါတယ်” ဟုယင်းက ဆိုသည်။ အဆိုပါသင်တန်းကျောင်းတွင် တက်ရောက် လိုသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုသာ ခေါ်ယူသွားမည် ဖြစ်ပြီး ဆရာ၊ ဆရာမများအနေဖြင့်လည်း ဘွဲ့ရအလွှာအသီးသီးနှင့် စုဖွဲ့ထားသော နက္ခတ်သိပ္ပံမှသာ ခေါ်ယူသင်ကြားမည် ဖြစ်ကြောင်း သိရသည်။

source ; yangon times news journal