လေးလုံးစပ်ကဗျာ
ချစ်ပန်းရမှုံ
ရနံ့ထုံ၍
ကြူကြူသင်းမြ
မွှေးလွန်းလှ။ ။
ဝတ်ရည်သည်းညှာ
ရနံ့ဖြာ၍
ကြည်ကြည် အေးစို
အပြုံးချို။ ။
ချစ်သူ့ အလာ
ပီတိဖြာ၍
စောင့်ကြိုရင်မော
အချစ်ဇော။ ။
ရူပါဒေ၀ီ
တင်စားချီလို့
ပြိုင်ဘက်ပင်ရှုံး
အလှဆုံး။ ။
ရမ္မက်ငွေသွန်း
အကြည့်ရွှန်းနှင့်
ဟန်ဆောင်မှုပို
ကညာပျို……။ ။
လေးလုံးစပ် ကဗျာကို ဒီနေ.ခောတ်ရေးတာ ရှားသွားပြီဗျ………
Was this answer helpful?
LikeDislikeလေးလုံးစပ်ကဗျာတွေကို ကြိုက်တယ်၊ ဒါပေမဲ့ ခုချိန်မှာရေးတဲ့သူတွေ နည်းလာတာတော့ဝမ်းနည်းတယ်၊
မည်သည့်ကဗျာရေးသူကိုမဆို လေးစားပါတယ်…………….
Was this answer helpful?
LikeDislikeအရမ်းကောင်းတဲ့ ကဗျာလေးပါရှင်…၄-၃ ကာရန်ကို ယူထားပြီး စပ်ထားတာလေးကို သဘောကျမိပါတယ်…
မွန်မွန်ရဲ့ တစ်ပုဒ်တည်းသော လေးလုံးစပ်ကိုလည်း ဖတ်ကြည့်ပေးပါဦး…
http://myanmargazette.net/38177/creative-writing/poetry-songs
Was this answer helpful?
LikeDislikeသူကြီးရေ..မပေါ်လို့ ထပ်တင်တာ ကွန်မန့်နှစ်ခုထပ်သွားတယ်…ဖျက်ပေးပါဦး…
Was this answer helpful?
LikeDislike