လင်းဝေနောက်ကလိုက်ခြင်း(ကောင်းမူ့တော်)

1 ကောင်းမူ့တော် မူလပထမ အဝင်လမ်းကလေး
2ကောင်းမူ့တော် မူလပထမ အနောက်ဘက်မြင်ကွင်း
3 ကောင်းမူတော် မူလပထမ တောင်ဘက်ကမြင်ကွင်း
4 ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး

 

5-2011ခုနှစ် စနစ်သစ်နဲ့ကောင်းမူ့တော်ရွှေ(အဝင်လမ်း)
6 ရွှေရောင်တဝင်းဝင်းနဲ့ကောင်းမူ့တော်
7အစိမ်းထဲက အဝါ
4 ဒင်ပြည့်ကျပ်ပြည့်ရွှေကောင်းမူ့တော်

           “လင်းဝေနောက်ကလိုက်ခြင်း(ကောင်းမူ့တော်)”

 

ကျနော်ဘယ်သူနောက်ကလိုက်ရင်ကောင်းမလဲလို့စဉ်းစားနေတုန်း

လင်းဝေက ကောင်းမူ့တော် ပိုစ်တက်လာပါတယ်။

အဲတော့လဲရေကန်အသင့်ကြာအတင့်ပါဘဲ။.

နောက် ကိုဖက်ပေါ်တင်တဲ့အကြွေးပါတစ်ခါထဲဆပ်လိုက်ပါရဲ့။

(7-1-2012)တွေ့တော့ကိုဖက်က ကိုပေါက် ကောင်းမူ့တော် အဖြူနဲ့ရွှေလေး

လုပ်ပေးပါအုံးဆိုခဲ့တာလေ။

ကဲ အခုတော့ အားလုံးအဆင်ပြေသွားပြီ။

ကိုင်း နောက်တစ်ခါ ဘယ်သူ့နောက်လိုက်မယ်ထင်ပါသလဲ။

ဒီပုံတွေအားလုံး တစ်ခါတော့တင်ပြီးသားနော.်

ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါးလေး

(23-3-2012)

 

16 comments

  • Swal Taw Ywet

    March 23, 2012 at 4:20 pm

    Bravo, Ko Pauk,
    Now we can easily compare the different of PURE White and Disco SHWE.
    We lost one of our historical heritages.
    NO One More. OK?
    Let’s try our best for our mother land.

    With respect,
    Swal Taw Ywet.

  • လင်းဝေ

    March 23, 2012 at 4:49 pm

    ဒီလူကြီး ဘယ့်နှယ်တုန်း။
    ငယ်ငယ်တုန်းကတော့ သူ့ရှေ့ကောင်မလေးတွေတောင် ဖြတ်မလျှောက်ရဲလောက်ဘူးဖြစ်မယ်။
    ရှေ့ဖြတ်လျှောက်တာနဲ့ နောက်က လိုက်တော့တာပဲ ဆိုတဲ့သူမျိုး လားမသိဘူး။

  • လင်းဝေ

    March 23, 2012 at 4:50 pm

    ဒီလူကြီး ဘယ့်နှယ်တုန်း။
    ငယ်ငယ်တုန်းကတော့ သူ့ရှေ့ကောင်မလေးတွေတောင် ဖြတ်မလျှောက်ရဲလောက်ဘူးဖြစ်မယ်။
    ရှေ့ဖြတ်လျှောက်တာနဲ့ နောက်က လိုက်တော့တာပဲ ဆိုတဲ့သူမျိုး လားမသိဘူး။

    ပုံကလေးတွေကတော့ တကယ်မှတ်တမ်း ဝင်ဖြစ်သွားပါပြီဗျား။
    လက်ဆော့တာမဟုတ်တော့ဘူး မှတ်တမ်းတင်ချက်ဖြစ်သွားပါပြီ။

  • mocho

    March 23, 2012 at 6:21 pm

    ယှဉ်ကြည့်မှပိုသိသာတယ်။ ထုံးဖြူ ဖြူ လေးနဲ့ကြည့်ရတာ ပိုပြီးအေးချမ်းသလိုပဲ။

  • ကိုလင်းရေ
    ဒီအရွယ်ကြီးနဲ့ကောင်မလေးတွေနောက်လိုက်လို့တော့ အနှက်ခံလိုက်ရမှာပေါ့။
    ဒီတော့ကာ …….အန္တရာယ်လဲကင်း အမှတ်လဲရတဲ့ ကိုယ့်ရွာသူရွာသားတွေနောက်တန်းလိုက်ရတာပေါ့။
    ဟုတ်တယ်ဟုတ်…………………….

  • Khin Latt

    March 23, 2012 at 6:29 pm

    ကိုပေါက် ရဲ့ ကျေးဇူး နဲ့ Before/ After ကို ယှဉ် ပြီး ကြည့်သွားနိုင် လို့ အတော် တန်ဖိုး ရှိတဲ့ ရိုက်ချက် နဲ့ တင်ပြချက် ပါဘဲ။

    ရှေးရိုးစွဲ လို့ ဘဲ ပြောပြော ထုံးအဖြူ သုတ် ထားခဲ့တာ အလကား တော့မဟုတ်တာ သေချာတယ်။
    ထုံးအဖြူသုတ် ထားလို့ အပေါ် က စေတီ လေးက ရွှေရောင် ဝင်းဝင်း လေး နဲ့ ပိုပြီး သပ္ပါယ် နေတာ ကို ဖူးမြင်နိုင်ပါတယ်။

    အားလုံး ကို ရွှေ နဲ့ လဲ မွှန်း လိုက်ရော စေတီလေး က မသိသာတော့ဘူး လို့ မြင်လိုက် မိပါတယ်။
    ဒီဘုရားကတော့ ထုံး ပြန် သုတ် လို့ ရနိုင်သေးတယ်။

    ဒါပေမဲ့ ရှေးဟန်မပျက် ထားရမဲ့ တစ်ခြား ယဉ်ကျေးမှု အမွေအနှစ် တွေရော လောဘအိုးတွေ လက်ထဲ လူမသိသူမသိ ဘယ်လောက် ဆုံးကုန်ပြီလဲ မသိတော့ပါ။

    ့ကောင်းမှုတော် ဘုရား ကို တစ်ခါမှ မရောက်ဘူး လို့ ခေါ်သွား တဲ့ ကိုပေါက် ကို ကျေးဇူးဥပကာယ တင်ရှိပါတယ် ဗျား။ 😉
    ကိုပေါက် နဲ့ အတူတူ အလှူမှာ သီချင်းတွေ ပြိုင်တူ ဟစ်ချင် လိုက်တာ ကိုပေါက်ရေ။

    ပုံ
    ကိုလတ်
    (ကြယ် အကြောင်းမပြောကြေး 😉 )

  • alinsett

    March 23, 2012 at 6:37 pm

    ဝေမျှ ပေးလို့..ကျေးဇူးပါပဲ။

  • ရွာခံလူတွေပြောတာကတော့ လသာသာညများမှာဆိုရင် စစ်ကိုင်းတောင်ပေါ်ကဘဲကြည့်ကြည့်
    အဝေးကဘဲကြည့်ကြည့် ဖြူဖွေးလို့ ဂွမ်းပုံကြီးများချထားတယ်ထင်ရအောင်ကျက်သရေရှိလှပါသတဲ့။
    အခုတော့ လက်တော့ လက်ပါရဲ့ ဝင်းဝင်းတောက်ပြီးလက်တာနဲ့ ဖြူဖွေးဝင်းလက်တာ ကြည့်ရတာ
    အမြင်အေးတာခြင်းကွာပါသတဲ့။
    အရင်က နေပူပူမှာလာရင် ကောင်းမူတော်စေတီဖြူဖွေးနေတာကို မြင်ရင် စိတ်ထဲအေးပါသတဲ့။
    အခုတော့ နေအလက်မှာရွှေရောင်တွေထွက်လာတာကတော့ မျက်စေ့ ကျိန်းပါသတဲ့။
    ကျနော်က တော့ ရှေးမူမပျက်အဖြူထည်လေးဘဲနှစ်သက်ပါသတဲ့။
    ကျနော်ရောက်လေရာရာမှာ မှတ်တမ်းသဘောမျိုးနဲ့ရိုက်ပါတယ်။
    (မဒမ်ပေါက်က စောင့်ရတာ စိတ်မရှည်တော့ ငေါက်ပါတယ်)
    ဒါပေမယ့်အခုလိုဖြစ်သွားတော့ မှတ်တမ်းတင်ထားခဲ့မိတာကို ကြည်နူးပါတယ်။
    ရောက်လေရာရာမှာ မလွတ်အောင်ခလုပ်နှိပ်ပါတယ်။
    ကဲ ရှောင်ပေရှားပေလော့။
    လက်ဆော့တဲ့လူလာပြီဟေ့……………………….

  • နေဝန်းနီ

    March 23, 2012 at 7:56 pm

    ကိုပေါက်ရေ……. အဲဒါရွှေအစစ်လားရွှေဆေးလား…။ လှဝူး

    • Swal Taw Ywet

      March 24, 2012 at 2:54 am

      Dear brother, နေဝန်းနီ—
      Your Question =အဲဒါရွှေအစစ်လားရွှေဆေးလား…။???
      The answer = အဲဒါရွှေဆေး…။
      They destroyed our heritages for the money. So we lost it already.
      Please read ( Ko ) Linn Wai’s post.
      Thanks you.

      With respect,
      Swal Taw Ywet.

  • ဟိုလူဂျီး ခုတလော …
    သူများ နောက်ကချည်း လိုက်လိုုက်နေဒယ် …
    သများနောက်က လိုက်လို့ကတော့ …
    နှာခေါင်းကို ပိတ်ပြီးလိုက် …
    သများက အီးအီး အရမ်းပေါက်တာ …
    ဟောဒီလိုပဲ ….
    ဘု .. ♫ .. အု .. ♪ .. ♫ .. ဘူ … ဘူ … ဘူ … ဘု …
    😀 😀

    အားပေးသွားတယ်နော် …………

  • အံစာတုန်း ဒီနေ့ဘယ်သူ့နောက်လိုက်ရင်ကောင်းမလဲစဉ်းစားမိတော့
    ရွာသူတွေနောက်လိုက်မယ်ကွာ။
    စောင့်ကြည့်ပေတော့……………………………..

  • Uncle Lay

    March 24, 2012 at 12:23 pm

    ရင်ထဲမှာ ရှိပြီးသားက ထုံးဖြူဖြူ ပါ..။

  • ကိုလတ်ရေ
    အထက်အညာကိုတစ်ခေါက်လောက် ရောက်အောင်လာစမ်းပါဗျာ။
    အခုလောလောဆယ်တော့ ဝေးနေသေးသပေါ့။
    နောင်ဆုံကြရမယ်ဆိုရင်………….
    မန်းလေးက ကာရာအိုကေမှာသီချင်းသွားဟဲမယ်။

Leave a Reply