လုင် ငယ်၏ (ယိ.. ကျားဆိုမှ ကျား)

ဦး ဂ်စ္March 23, 20121min15213
ညစ်ပတ်နုံချာ ခွဲပြာတောမှာ
အားအင်သုံးလို့ ရုန်းရရှာ
စုတ်ပြတ်ကြေမွ လူ့ဘဝ
အပြစ်ကင်းတဲ့ အနော့်ကိုမှ
ခွဲပြာ ရောင်းလို့ အသက်ရှင်ရ…။
ယိ …. ယား
သံကုန်အော်လို့
အားမာန်သွင်းကာ
မောင်ညီမလေး များ
အနော့်လို အလုပ်တောမှာ
မနစ်မြုပ်ရလေအောင်
ကြိုးစားလို့ ဝမ်းစာရှာ.
အနော့် ဘဝကို အနော်
မဖြစ်စလောက်လေး ဂုဏ်ယူပါတယ် ဂျာ။
မတော်သေးနုတ်နေတဲ့
အဖြူရောင် ကျောင်းစိမ်းလေး
မညစ်နွမ်းရလေအောင်
အနော့် ရဲ့ စုတ်ပြတ်နုံချာမှုနှင့်ခပ်ဝေးဝေးမှာ
ဆက်လက်ထိန်းသိမ်းထားဦးမှာပါ။
အနော် ကိုယ်တိုင်က
မိသားစုမှာ
မတတ်နိုင်မာန်ချ
ဝမ်းစာရှာနေရတဲ့
ခွဲပြာသည်ဘဝ ပါ ..။
အားမာန်ကိုတင်း
ခွန် ကို ရင်း လို့
ဖြူစင်ခြင်းပြခဲ့ပြီ
အနော် သူခိုးမဟုတ်
သူဖုန်းစားမလုပ်
ရိုးသားမှုကို လက်နက်လုပ်ရင်း
မွဲတေမှုကို အပြတ်ရှင်းပလိုက်ချင်ပါရဲ့…
စာဖတ်သူအပေါင်း သူတော်ကောင်းတို့ ..။
မောင်ငယ်ကလေး ဗမာ့သွေးမို့
တစ်နေ့ ပညာတတ်ကြီးဖြစ်စေဖို့
ကျောင်းတော်ကြီးမှာ သင်ကြားရင်း
လုံလောက်တဲ့ အားရှိစေမဲ့အိပ်မက်ကို
စိတ်ကူး အကောင်အထည်ဖော်နိုင်ပါစေသား …….။ ။
May Chin Khin
လုင်ငယ်လေး ရဲ့ ( ယိ . . ယား . . ကျားဆိုမှ ကျား )

13 comments

  • Gipsy

    March 23, 2012 at 1:33 pm

    ဘယ်လိုလုပ်မိပြီး ဘယ်နေရာကို ရောက်သွားတာပါလိမ့်…။
    ဒွတ်ခ ပါပဲ ။
    စိုးရိမ်နေတဲ့ အတိုင်း ဖြစ်ပြန်ပြီ…။
    လူငယ်လေးရဲ့ ခွန်အား နဲ့ အားမာန်ကို သဘောကျမိလိုု့ facebook ကနေ
    ဆွဲယူလိုုက်တာပါ …။

    • kai

      March 23, 2012 at 2:14 pm

      Facebook link ပါပေးလိုက်ပါဗျာ…
      အင်း..
      အသက်မပြည့်ပေမဲ့.. လုပ်ရတဲ့အလုပ်ကမချောင်ပါလား…

      ကြည့်ရတာ စိတ်မကောင်းစရာ..။ ❓

      • Gipsy

        March 23, 2012 at 7:40 pm

        ဟုတ်ကဲ့ သဂျီးမင်းခင်ဗျား…၊
        ပြန်ရှာပြီး link ပေးပါ့မယ်…၊

  • မေ့ ချစ်သူ မောင်

    March 23, 2012 at 2:04 pm

    လူငယ်လေးကို ပြောခွင့်ရရင် ပြောပေးလိုက်ချင်တယ်၊
    ကြိုးစား အားထုတ်မှုဟာ ဧကန် အကျိုးပေးမဲ့အကြောင်းနဲ့ ၊
    မြေကြီးကို လက်နဲ့ ပုတ်လိုက်တာကမှ လွဲချင်လွဲလိမ့်မယ်၊
    တနေ့သော် ပေါ့လေ ….

  • Khaing Khaing

    March 23, 2012 at 2:29 pm

    သနွှားပါတယ်ဟယ် …. Gipsyရေ စာလုံးလေးတွေကထပ်နေသလားလို့ ရှင်းရှင်းလေးတင်ပေးနော် ဖွားခိုင်က မျက်စိမကောင်းဘူးကွဲ့

    • Gipsy

      March 23, 2012 at 7:29 pm

      ကွန်နက်ရှင်ကောင်းတုန်းလေး ကော်ပီ လုပ်လိုက်လို့ ထပ်သွားတာပါ …၊
      နောက်ဆို သတိထားပါမယ် ဖွားခ်ိုင်…၊
      အားပေးတာကျေးဇူးပါ …။

  • Thel Nu Aye

    March 23, 2012 at 2:54 pm

    အင်းတိုင်းပြည်ရဲ့မျက်မှောက်ခေတ်ပြယုတ်ပေါ့လေ။ ဒါကိုကြည်ြ့ခင်းအားဖြင့် ဒီတိုင်းပြည်ရဲ့ပုံရိပ်ဟာ သတင်းစာကနေဘယ်လောက်ပဲ တိုးတက်ဖွံ့ဖြိုးခေတ်မှီသောပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လို့ အော်နေပါစေ။ မဟုတ်ဘူးဆိုတာဒီပုံမြင်ယုံနဲ့သိနိုင်ပါတယ်။

  • windtalker

    March 23, 2012 at 7:23 pm

    ဂျစ်ကြီး ရဲ ့ပုံထဲက ခလေး ခင်ဗျာ ၊ အဲဒီလို လုပ်ရပေမယ့်လဲ တစ်နေ ့မှ အလွန်ဆုံး ရ ၂၀၀ဝကျပ်ပေါ့ ။
    ကျုပ်တို ့နိုင်ငံမှာ…. ဟူး.. အဲ့လိုခလေးတွေ အများကြီးပါဘဲဗျာ ။
    ဘာဘဲဖြစ်ဖြစ် ကိုယ့်လုပ်အားနဲ ့ကိုယ် အသက်မွေးဝေးကြောင်းတာမို ့ ခိုးဆိုးလုယက်တောင်းစားနေတဲ့သူတွေ ထက်တော့ အများကြီးသာကြောင်းပါ ။

  • Gipsy

    March 23, 2012 at 7:38 pm

    ဟုတ်ပါတယ် Thel Nu Aye ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြယုတ်ပါ…၊
    စာနဲ့ လက်တွေ့ဘဝ က တစ်ခြားစီဆိုတာ အားလုံးရဲ့ အမြင်ပါ ..၊
    ကိုပေ ပြောသလို ၂၀၀ဝ ရနိုင်မယ်မထင်မိဘူး …၊
    အလွန်ဆုံးရလှ ၁၀၀ဝ လောက်ပဲ ထင်မိပါတယ်…၊
    အသက်မပြည့်တဲ့ ခလေးကို ခိုင်းတယ် ဆိုကတည်းက လုပ်အားခ အပြည့်အဝ
    မပေးချင်တဲ့ သဘောမျိုးပါ…၊
    ရေသာခို အချောင်လိုက် ခိုးဆိုး တောင်းစား နေတဲ့ ခလေးတွေနဲ့စာရင်
    အများကြီးသာပါတယ်…၊
    တကယ်တော့ ကျောင်းစာသင်နေရမဲ့ အရွယ်လေးပါဗျာ…။

    • Thel Nu Aye

      March 23, 2012 at 10:28 pm

      ဟင့်အင်းဒါမျုးိကတော့ ထမင်းကျွေးပြီးလခလေးမဖြစ်စလောက်ပေးထားတာတွေများပါတယ်။

  • တီတီရေငုံနှုတ်ပိတ်

    March 23, 2012 at 10:42 pm

    အဲဒါ သူ့အိမ်က မီးသွေးရောင်းလို့ သူ့အိမ်အလုပ် ကူလုပ်နေတာလဲ ဖြစ်နိုင်ပါတယ်။
    ကျုပ်တို့ငယ်ငယ်ကလဲ အိမ်အလုပ်ကို ဒီလိုမျိုးပင်ပင်ပန်းပန်း ကူလုပ်ခဲ့ရတာပါပဲ။
    ဒါကြောင့်လဲ ပင်ပန်းမှာမကြောက်တော့လို့ အခုလိုပဲပြုတ်လည်ရောင်းနေတာပေါ့။
    ပင်ပန်းမှာကြောက်တဲ့ မိန်းမတွေဆို ပဲပြုတ်ရောင်းစားဘို့ဘယ်စိတ်ကူးမလဲ…
    ပေါက်စီပဲ လွယ်လွယ်ရောင်စားကြမှာ….

  • အားပေးသူ

    March 23, 2012 at 11:07 pm

    ပေါက်ဆီရောင်းလဲ အားပေးမှာပါ ၊
    ပဲပြုတ် ရောင်းမယ်ဆိုလဲ ဝယ်စားမှာပါ ၊
    ကျုုပ်ကတော့ အမြဲ အားပေးနေမှာ၊
    စိတ်သာချ ။

  • yaungchikha

    March 24, 2012 at 11:01 am

    အဲ့လိုကျောင်းနေရမယ့်အရွယ်လေးတွေ ကျောင်းမနေနိုင်ပဲ ဘဝအတွက်ရုံးကန်နေရတာတွေအများကြီးပါ၊
    ကျောင်းနေချင်ပေးမယ့် ဝမ်းရေးအတွက် ကျောင်းမနေနိုင်တဲ့ကလေးတွေ၊ ကိုယ်တိုင် ကျောင်းစရိတ်ရှာပြီး ဘဝရဲ့ တိုးတက်ရာ တိုးတက်ကျောင်းကို ရှာနေကြရတဲ့သူတွေ အများကြီးပါ၊ ဒါပေမယ့် ငွေကို လွယ်လွယ်ရချင်တဲ့စိတ်မရှိပဲ သမာအာဇီဝနဲ့အရွယ်နဲ့မလိုက် ရိုးသားစွာရှာဖွေစားသောက်ချင်တဲ့ စိတ်ကလေးတွေကို တန်ဖိုးထားအားပေးမိပါတယ်..

Leave a Reply