ဝန်ထမ်းတွေ ဧပြီလမှ စ၍ အခွန်ဆောင်ကြရတော့မည်

ဝင်ငွေခွန်နှုန်းများ
တွက်ချက်ပုံ ဥပမာ

၂၀၁၂ ခနှစ်၊ ဧပြီလ မှ စတင်ကာ ဝန်ထမ်းများလည်း ဝင်ငွေခွန်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။

ဦးစီးအရာရှိအဆင့်မှ စတင်ကာ အခွန်ပေးရမည်ဖြစ်ကာ အမှုထမ်းအဆင့်များကတော့ ပေးဆောင်ဖို့မလိုပါဘူး..။

အခွန်ပေးဆောင်ရမည့် ရာခိုင်နှုန်း၊ ကျသင့်တဲ့ပမာဏတွေ ပြောင်းသွားပါပြီ။

ဒီနေ့ ရုံးမှာ အသိပေးတဲ့အနေနဲ့ ဝေငှတဲ့ စာလေးကို ဂေဇက်ရွာသားများကို အသိပေးလိုက်ပါတယ်ဗျား..။

ရွာစားကျော်

44 comments

  • kaung kin pyar

    March 23, 2012 at 3:16 pm

    တိုင်းကျူး…ကိုရွာစားကျော်…..တွက်ကြည့်ချက်ကြည့်လိုက်ဦးမယ်…အလုပ်ရသွားပြီ….။

  • ရွာစားကျော်

    March 23, 2012 at 3:29 pm

    လက်ရှိစကေးနဲ့ ကျနော့လစာ က တသိန်းနှစ်သောင်းပါ..
    ထောက်ပံ့ကြေးက ကျပ် 30000၊ ဧပြီလ စရတော့မှာဆိုတော့.. တွက်ကြည့်လိုက်ဦးမယ်..
    – လစာ..ကျပ် 150000 x 12 = 1800000 ကျပ်
    – (နှုတ်) အခြေခံသက်သာခွင့်(၂၀%) = -360000 ကျပ်
    – ရွာစားကတော်လေး ရှင်မွေးလွန်းအတွက်
    သက်သာခွင့် = -300000 ကျပ်
    – သားတော်လေး အတွက်သက်သာခွင့် = -200000 ကျပ်
    ——————-
    – အခွန်စည်းကြပ်ရန် ကျန်ငွေ = 940000 ကျပ်

    ဇယားပါနှုန်းနဲ့ အခွန်တွက်ကြည့်တော့
    1 ကျပ်မှ 500000 ကျပ်အထိ ပထမ 500000 အတွက် 1% နဲ့ 5000 ကျပ်
    500001 ကျပ်မှ 940000 ကျပ်ထိ ကျန်တဲ့ 440000 အတွက် 2% နဲ့ 8800 ကျပ်
    တစ်နှစ်အတွက် စုစုပေါင်းကျသင့်တဲ့ အခွန် = 13800 ကျပ်

    တစ်လအတွက် ကျနော်ပေးဆောင်ရမယ့် အခွန်ငွေ = 1150 ကျပ် ပါခင်ဗျား .. 😀

    • weiwei

      March 23, 2012 at 4:08 pm

      အိမ်ထောင်မရှိ သားသမီးမရှိရင် အခွန်ပိုပေးရတော့မှာပေါ့နော် …
      သေပြီပဲ ….

      • ရွာစားကျော်

        March 23, 2012 at 4:14 pm

        ညန်ညန်ယူပြီး ညန်ညန်မွေးလိုက်ပေါ့ ဝေဝေရယ်
        ဒါမှမဟုတ် ဘေးတွဲရှိပြီးသားရှာယူ 😆

        • weiwei

          March 23, 2012 at 4:23 pm

          တစ်လကို ၂၃၅ဝ ကျပ်တောင်မှ အခွန်ဆောင်ရတော့မယ် … 🙁

      • Swal Taw Ywet

        March 23, 2012 at 4:37 pm

        Dear Sister, ( Ma ) Wei Wei,
        Is it advertising? ( Just kidding….. ).
        Let’s try our best for our mother land.

        With respect,
        Swal Taw Ywet.

  • Thel Nu Aye

    March 23, 2012 at 3:29 pm

    အခွန်ဆောင်တာကတော့ဟုတ်ပါပြီ။ နိုင်ငံသားတိုင်းဆောင်ဆိုဆောင်ရမှာပေါ့။ အခွန်ထမ်းတွေအတွက်နိုင်ငံတော်ကဘာပြန်လုပ်ပေးမှာလဲ။ ဒါလဲအရေးကြီးတယ်။ သိဖို့လိုတယ်။ နောက်အရေးအကြီးဆုံးကတော့သူတို့အထက်ပိုင်းတွေရော ဝန်ကြီး ဝန်ကလေး ဗိုလ်ချုပ် ဗိုလ်ရှုပ် တွေရောဆောင်ကြမှာလား။ ဒါလဲပဲသိရမှဖြစ်မယ်။ ဧပြီလကျော်လို့စစ်တပ်က အခွန်မဆောင်ရဘူး ဆိုရင်တော့ မီးဒုတ်မီးဒုတ်ပဲ။

    • ရွာစားကျော်

      March 23, 2012 at 3:58 pm

      ဒုတိယပုံရဲ့ ညာဘက်အကွက်ထဲက မှတ်ချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြန်တမ်းဝင်အရာရှိများအတွက် မှတ်ချက်လေး ပါပါတယ်ခင်ဗျ..

  • Swal Taw Ywet

    March 23, 2012 at 4:35 pm

    Dear brother, ရွာစားကျော်
    Thanks you so much for very quick information.
    I do proud of you behalf of MG.

    Dear Ko Kyee Mite,
    This is final updated for our post- “ကိုကြီးမိုက်ရေ.. ဆီမီနာလုပ်လိုက်ပြီဗျို့ ”.
    Please discuss with your company’s account department.
    Thanks you so much.

    With respect,
    Swal Taw Ywet.

    • ရွာစားကျော်

      March 23, 2012 at 9:49 pm

      ဟီး ကျေးကျေးပါ ကိုစွယ်တော်ရွက်ရေ
      ဒီကနေ့ ဘဏ္ဍာအခွန်ရုံးမှာလုပ်တဲ့ အစည်းအဝေးက ဝေပေးရှင်းပြတဲ့ စာရွက်ပါခင်ဗျာ..
      ဆီမီနာလေးဆက်လိုက်ကြတာပေါ့

  • etone

    March 23, 2012 at 4:53 pm

    ဝန်ထမ်းတွေကို အခွန်ဆောင်ခိုင်းလျှင် ဘဏ္ဍာငွေ ပိုထွက်လာမယ်ထင်တယ် …. ။
    ကုမ္ပဏီတွေကလူတွေကတော့ … အလုပ်ခွင်ဝင်ကတည်းက လစာနဲ့အတူ … အခွန်ပါတစ်ခါတည်း ဖြတ်ပြီးသားပဲ … ။ ဝန်ငွေခွန်ပြဇယာကြည့်ရတာတော့ တမျိုးကြီးပဲ …နံပါတ်၁၂ ဆိုလျှင်တောင် တော်တော်ရတာပဲ .. .အဲ့လို လူက .. ဘယ်လို အကြီးကဲများပါလိမ့် …

  • koaung

    March 23, 2012 at 4:59 pm

    လစာနဲဝန်ထမ်များတိတိကျကျစည်းကမ်းတကျအခွန်ဆောင်စေကြ၏
    လစာများ လူဂျီးလူတောင်း များ ရသမျှနည်းမျိုးစုံသုံး၍ အခွန်ရှောင်ကြ၏
    အဲဒါ မြန်မာပြည် :mrgreen:

  • Computer

    March 23, 2012 at 5:07 pm

    ဒီဝင်ငွေခွန်နှုန်းထားအသစ်က Company ဝန်ထမ်းတွေအတွက်ရောအကျုံးဝင်သလားသိချင်ပါတယ်။
    မနေ့ကပဲရုံးက April2011 ကနေ March 2012 အတွက်တစ်နှစ်စာအခွန်ငွေReceipt စာရွက်ပေးတယ်။
    ွှTaxable income=1,866,723 Kyats တစ်နှစ်အတွင်းရတဲ့လစာငွေ
    TaxablePaid= 498,636 Kyats တစ်နှစ်အတွင်းပေးသွင်းခဲ့ရတဲ့အခွန်ငွေ
    ဂေဇက်ရွာသားများဝိုင်းဝန်းဖြေရှင်းဖို့ဆီမီနာလုပ်ကြပါဦး။

  • zinmyotun

    March 23, 2012 at 5:07 pm

    အစိုးရ ဝန်ထမ်း တွေဘဲလား။ ကုမ္ပဏီ ဝန်ထမ်း တွေရော အတူတူဘဲလား။

  • Computer

    March 23, 2012 at 5:13 pm

    ဒီဝင်ငွေခွန်နှုန်းထားအသစ်က Company ဝန်ထမ်းတွေအတွက်ရောအကျုံးဝင်သလားသိချင်ပါတယ်။
    မနေ့ကပဲရုံးက April2011 ကနေ March 2012 အတွက်တစ်နှစ်စာအခွန်ငွေReceipt စာရွက်ပေးတယ်။
    ွှTaxable income=1,866,723 Kyats တစ်နှစ်အတွင်းရတဲ့လစာငွေ
    TaxablePaid= 498,636 Kyats တစ်နှစ်အတွင်းပေးသွင်းခဲ့ရတဲ့အခွန်ငွေ
    ဂေဇက်ရွာသားများဝိုင်းဝန်းဖြေရှင်းဖို့ဆီမီနာလုပ်ကြပါဦး။

    • ရွာစားကျော်

      March 23, 2012 at 9:53 pm

      ကွန်ပျူတာကြီးနှင့် ကိုဇင်မျိုးထွန်းခင်ဗျား
      ဒီဝင်ငွေခွန်နှုန်းထားအသစ်က အပြင် Company ဝန်ထမ်းတွေအတွက်ရောအကျုံးဝင်ပါတယ်တဲ့ဗျား..
      သေချာအောင် အစည်းအဝေးတတ်ခဲ့သူကို ဖုန်းဆက် confirm လုပ်ပြီးပါပြီ

      • Khaing Khaing

        March 26, 2012 at 11:34 am

        Company ဝန်ထမ်းတွေမှာ..နိုင်ငံခြား company ဝန်ထမ်းတွေကော..ဒီအတိုင်းတွက်ရမှာလား.
        သိချင်လို့ပါ….ကျေးဇူးနော်..

        • ရွာစားကျော်

          March 26, 2012 at 12:25 pm

          ခိုင်ခိုင်က နိုင်ငံခြားမှာနေပြီး အလုပ်လုပ်နေတာဆိုရင်တော့ ကင်းလွတ်ခွင့်ရမှာ..
          ပြည်တွင်းမှာလာဖွင့်တဲ့ နိုင်ငံခြားကုမ္ပဏီမှာ လုပ်နေတာဆိုရင်တော့ အခွန်ပေးရမယ့်အထဲ အကျုံးဝင်မယ်ထင်ပါတယ်ဗျာ..
          ကျနော်က အခွန်ဦးစီးနဲ့ သိပ်မနီးစပ်တော့ ဂဃနဏ တော့ သိဘူးဗျ.. :mrgreen:
          ဦးကြီးမိုက်တော့ ဒီသတင်းနောက်လိုက်ဦးမယ်ပြောထားပါတယ်
          သူ့သတင်း ကို စောင့်ကြည့်ကြတာပေါ့..

        • Khaing Khaing

          March 26, 2012 at 3:23 pm

          ဘယ်နိုင်ငမှမခြားပါဘူးရှင်…မြန်မာပြည်မှာရှိတဲ့..နိုင်ငံခြားကုပဏီမှာလုပ်တာပါ..
          အခွန်ဆောင်လာတာကြာပြီလေ..ဒီအတိုင်းတွက်တယ်ဆိုရင်..လျှော့သွားလို့ပါ..
          ဒီအတိုင်းဆောင်ရရင်တော့..အိုကေပဲ..အဲ့တာသိချင်လို့မေးတာပါရှင်ရယ်..ကျေးဇူးပါနော်..

  • mocho

    March 23, 2012 at 6:43 pm

    ရွာစားကျော်က လက်ထောက်ညွှန်မှုး အဆင့်ပေါ့။ မဝေလည်း လက်ညွှန်နဲ့အထက်ပဲ။ အားကျတယ် ဗျို့။
    computer ရေ
    ကုမ္ပဏီဝန်ထမ်းက လစာ ဆယ့်ရှစ်သိန်းခြောက်သောင်းကျော် ပေါ်မှာ ၅သိန်းနီးပါးပြန်ဆောင်ရတော့ ၂ဝရာခိုင်နှုန်း နီးပါးပဲ။ မနည်းပါလား။

    • ရွာစားကျော်

      March 23, 2012 at 10:30 pm

      အထက်က လက်ထောက်ပြီး ညွှန်ကြားသမျှ ဟုတ်ကဲ့လုပ်ရပီး အိမ်ရောက်မှ ဘီအီးလေးသောက် မူးရတဲ့ လက်ထောက်ညွှန်ငမူးပါဂျာ. 😀

    • Swal Taw Ywet

      March 24, 2012 at 2:41 am

      Yes, amazingly,
      There is a gap between 2006 June to 2012.
      The government staffs (salary under 110,000 Ks ) no need to pay Income tax.
      But some outside company workers ( salary under 50,000 Ks ) need to Pay Income Tax.( over 2 years, all media silenced on it. WHY? I don’t know. )
      Because the previous salary increased ( ADD 20,000 Ks for all ) started January 2010. The Tax rate notification they used was by 2006.
      Something was wrong ( between 2010 and 2012 ) especially for some company workers.
      Let’s try our best to find the truth.
      With respect,
      Swal Taw Ywet.

  • ဦးဦးပါလေရာ

    March 23, 2012 at 7:20 pm

    အခုတွေ့ရတဲ့ဇယားအတိုင်းဆိုရင်-
    ဒီနှုံးထားဟာ ဝန်ထမ်း/စစ်သား/အရပ်သား မခွဲခြားတဲ့ တပြေးညီနှုံးဆိုရင်-
    အတော်အသင့် မျှတ၊ အတော်အသင့် လက်တွေ့ကျတဲ့ နှုံးထားနဲ့ တွက်ချက်ပုံတွေပါပဲ။

    နည်းဥပဒေတခုဟာ လူလိုက်နာလို့ရပြီဆိုရင်
    အားလုံးလိုက်နာကြဘို့ ဆော်ဩပါတယ်။

    ဒီမိုကရေစီစံနစ်မှာ တိုင်းပြည်ကို အခွန်နဲ့တည်ဆောက်ရမှာ။

    တခုတော့ရှိတယ်- အပေါ်က computer ပြောသလို အရပ်သားကို ပုံစံတမျိုးဆိုရင်တော့ တက်ညီလက်ညီဝိုင်းဆဲကြပါလို့-

    • Khin Latt

      March 23, 2012 at 9:48 pm

      မှန်ပါတယ် computer နဲ့ ဦးဦးပါလေရာ။
      အားလုံး တပြေးညီ လုပ်သင့်ပါတယ်။

      လုပ်ငန်းရှင် အကြီးစားကြီး များ ပို၍ သတိထားပါ။
      မဟုတ်ရင် သူဌေးကြီး များ အမည်ခံပြီး ဆင်းရဲသားတွေဆီက ခိုးသလို ဖြစ်လို့ သူခိုးကြီးများ ဖြစ်ပါမည်။
      ရှက်တတ်ကြပါ။ ကိုယ်ချင်း စာနာစိတ်မွေးကြပါ။ လူ့သိက္ခာ ဆိုတာ ကို သတိရကြပါ။

      အခွန်ဆောင် ရတာဟာ တိုင်းသူပြည်သားတိုင်း ကျေပြွန်ရမဲ့ တာဝန်ပါ။
      ပျော်ပျော်ကြီးဆောင်သင့်ပါတယ်။
      တစ်လကို နှစ်ထောင်ကျော် သုံးထောင် ဆိုတာဟာ များတဲ့ ပမာဏ မဟုတ်ဘူး ထင်ပါတယ်။

      အစိုးရက လဲ အဲဒီအခွန်တွေကို မှန်မှန်ကန်ကန် အသုံးချရပါမယ်။
      စစ်လက်နက် များဝယ်ရန်မဟုတ်ပါ။

      အဝေးက နေ လှမ်းဟောင် နေတာလို့ တွေးချင်လဲ တွေးကြပါ။ 😉

      • weiwei

        March 23, 2012 at 10:05 pm

        ကျွန်မမှာ လုပ်ငန်းခပ်သေးသေးလေးတွေရှိတယ် … နှစ်စဉ်အခွန်ဆောင်ရတယ်ပေါ့ … အခွန်ဦးစီးကို နှစ်တိုင်းသွားတွေ့ရတယ် … ကျွန်မက အခွန်ကို အမှန်အတိုင်းဆောင်ချင်တာ … ဒါပေမယ့် သူတို့က ပေးမဆောင်ဘူး … ကျွန်မလိုလုပ်ငန်းတူက တစ်မြို့နယ်ထဲမှာ ၂ဝ ဦးလောက်ရှိပြီး သူတို့တွေက မပေးချင်ဘူးလေ … အခွန်ငွေတွေ မတူပဲကောက်ထားရင်လဲ သူတို့ပြသနာဖြစ်မှာမို့ မကောက်ရဲဘူး …
        တော်တော်ဖြေရှင်းရခက်ပါတယ်လေ ….

  • Khin Latt

    March 23, 2012 at 9:39 pm

    ဆေးရိုးသည် ဝင်လုပ်လိုက်ဦးမယ်။ 😀

    ယူကေ က ဝင်ငွေခွန် နဲ့ နှိုင်းပြောရရင်
    ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် မှာ (Income Tax rates and taxable bands)
    တစ်နှစ် ကို ဝင်ငွေ ရှစ်ထောင့်တစ်ရာ့ငါး- ပေါင် ဆိုရင် အခွန်ပေးစရာမလို။
    တစ်နှစ် ကို ဝင်ငွေ ရှစ်ထောင့်တစ်ရာ့ခြောက် ကနေ သုံးသောင်းလေးထောင့်သုံးရာ့ခုနှစ်ဆယ် အတွင်း ဆိုရင် အခွန် ၂၀%
    တစ်နှစ် ကို ဝင်ငွေ သုံးသောင်းလေးထောင့်သုံးရာ့ခုနှစ်ဆယ့်တစ် ကနေ တစ်သိန်းငါးသောင်း အတွင်း ဆိုရင် အခွန် ၄၀%
    တစ်နှစ် ကို ဝင်ငွေ တစ်သိန်းငါးသောင်း အထက် ဆိုရင် အခွန် ၅၀%

    လူအားလုံး က အခွန်ရှောင်ဖို့ စိတ်မကူး၊
    ဒါဟာ တို့ တာဝန်ဘဲ ဆိုပြီး လိုလိုလားလား ပေးကြပါတယ်။
    ဒါတောင် မြူနီစပါယ်ခ အခွန် ကိုယ့်မြို့နယ် နဲ့ကိုယ် ထပ်ပေးရသေးတာ။
    ဒါပေမဲ့ အခြေခံပညာရေး အလကား၊ ဆေးကုခ အလကား (၁၈နှစ် အထိ နဲ့ ၆၅နှစ်ကျော်သူများ ဆေးပါအလကား) ထောက်ပံ့ပါတယ်။
    ဒီ နှစ်ချက်က အရေးကြီးတာမဟုတ်လား။
    အလုပ်လုပ်ချင်ပါရက် နဲ့ အလုပ်မရရင် အပါတ်စဉ် ထောက်ပံ့ကြေးရတယ်။
    ကလေးတွေ အများကြီး မွေးထားပြီး အလုပ်မလုပ်တဲ့ တွေ ဆို အိမ်အလကားရတယ်။
    ဒီလောက် ခေါင်းပေါ် တင်ထားတာတောင် အစိုးရကို အလကားနေရင်း စိတ်မတွေ့ရင် ထိုင်ဆဲနေလို့ ရတယ်။
    ဒါကြောင့် တစ်ခါတစ်လေ ဒီလို လူတွေဟာ အစိုးရ ဆိုး နဲ့ မတွေ့ဘူး လို့ ရောင့်တက်နေကြ တာလို့ တောင် တွေးမိသေး။ 😉

  • ရွာစားကျော်

    March 23, 2012 at 11:07 pm

    အားလုံး တပြေးညီပေးဆောင်ရမှာဆိုတော့ မသဲနုအေးပြောသလို မီးဒုတ်တော့ရှို့စရာမဖြစ်ဘူး..
    ဒါပေသည့် တီတီရေငုံနှုတ်ပိတ်..အဲ အဲ ဦးဦးပါလေရာ ပြောသလို ဝိုင်းဆဲရမလို၊ အရီးခင်လတ်ပြောသလို ဝိုင်းဟောင်ရမလို ကိန်းတော့ ရှိတယ်ဗျို့ 🙁
    နေပြည်တော်မှာ နေတဲ့ဝန်ထမ်းတွေဆီက အိမ်ထောင်သည်ဆို လခရဲ့ 10% နဲ့ အပျိုလူပျိုတွေဆို 5% အိမ်လခအနေနဲ့ပေးရ အုံးမတဲ့ဗျာ.. အမွေးတမျှင်ချင်းနှုတ်ပီးနှိပ်စက်နေဘီ :'(
    မီတာခပေးရတာ၊ ရေခပေးနေရတာတွေက ကိုယ်သုံးရင်သုံးသလိုပေးရမှာ မမြင်ခဲ့ပါဘူးဗျာ..
    နေစရာအိမ်ဆိုတာက ထားရာနေ စေရာသွားရတဲ့ ဝန်ထမ်းတွေ ရောက်တဲ့အရပ်မှာ အဆင်ပြေအောင် အစိုးရကကူညီထောက်ပံ့ စီစဉ်ပေးတာမဟုတ်ဘူးလားဗျာ..
    ခုတော့ ဝန်ထမ်းတွေကို အိမ်ငှားစားတဲ့အစိုးရပုံပေါက်တော့မယ်ဗျ..
    အခြေခံပညာရေး အလကား၊ ကျန်းမာရေးစရိတ်၊ အလုပ်မရှိတဲ့သူ ထောက်ပံ့ကြေးဆိုတာ အသာထား.
    သူတို့ပို့တဲ့ နေရာလည်းသွားရနေရသေး.. သူတို့ဆီက အိမ်ပြန်ငှားနေရအုံးမယ်…
    လုပ်ပုံ ဟုတ်ရဲ့လား စဉ်းစားကြပါအုံးဗျာ..

    • Foreign Resident

      March 24, 2012 at 6:58 am

      အရမ်း မတရားဘူး ထင်ရင် ၊
      အလုပ်ထွက်လိုက် ပါလားဟင် ။

      • ရွာစားကျော်

        March 24, 2012 at 2:25 pm

        ထွက်ချင်တာပေါ့ အဘရယ်..
        ဘွန်းတွေကျန်နေသေးတာခက်တယ်..
        ဝန်ထမ်းဘဝနဲ့ ၁ဝ နှစ်ကျော်လုပ်ပြီးမှ အပြင်ထွက်ပီး ကို့ယို့ကားယားဖြစ်မှာလည်း လန့်နေတာ..
        သင်ထားတဲ့ စာတွေ၊အတတ်ပညာတွေနဲ့ ရုံးမှာလုပ်ရတာတွေက တခြားစီဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း လုံးပါးပါးလာတယ်.. 🙁

  • htoosan

    March 23, 2012 at 11:41 pm

    အနည်းဆုံးတစ်နှစ်ဝင်ငွေ ဘယ်လောက်ဆို ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကော မရှိတော့ဘူးလား ၊
    ပြီးခဲ့တဲ့ အပါတ်က အခွန်မှုးတစ်ယောက်ဆီ စုံစမ်းကြည့်တော့ သုံးသောင်းနဲ့ အထက်ဆို ဆောင်ရမယ် ပြောတယ် ။ ဒီဟာ မထွက်ခင် အရင် အဟောင်းတုန်းက သတ်မှတ်ချက်ပါ။

  • ရွာစားကျော်

    March 23, 2012 at 11:58 pm

    ကိုထူးဆန်းရေ
    တွက်ပြထားတာ အနည်းဆုံးဝင်ငွေနဲ့ပါ
    ဦးစီးအရာရှိလစာနှင့်တူညီတဲ့ တလ ၁၃၀၀၀ဝ ကျပ် နဲ့ အထက်ဝင်ငွေရှိသူ မည်သူ့ကိုမဆို ဝင်ငွေခွန်ပေးဆောင်စေမှာဖြစ်ပါတယ်..

  • kai

    March 24, 2012 at 3:51 am

    .. လူထုဆီက အခွန်တွေသေသေချာချာကောက်ပြီ…ဆိုရင်… အခွန်စားတဲ့ဝန်ထမ်းတွေဟာ.. ပြည်သူလူထုစကားနားထောင်ရမယ်လေ..

    ဂျပန်နဲ့.. ယူအက်စ်က အခွန်ထမ်းပြည်သူများကတော့.. “ထစ်ဆို.. ငါကမင်းတို့ကိုပိုက်ဆံပေးထားတာကွ.. ငါ့အခွန်ငွေတွေကွ” နဲ့ချည်း… အစိုးရကို.. ထိုင်တုတ်တာပဲ..။
    အခု..လူထုကြီးက အခွန်အမှန်အကန်ပေးပြီဆိုရင်တော့.. အစိုးရနဲ့..ဥပဒေပြုအမတ်တွေကို…. ထစ်ဆို… “ငါနဲ့ချည်း”ထိုင်တုတ်ကြပေတော့… 😆

    တကယ်တေ့ာ.. လူမှုဆက်ဆံရေးတွေအားလုံးမှာ… Money is King ပါပဲ..။

    • Khin Latt

      March 24, 2012 at 5:35 am

      စကားအတင်းစပ် – သူကြီး ဒီ Post မှာ အတော်လက်ညောင်း သွားမယ်။
      အရောင်တွေ ပြင်လိုက်ရလို့။
      Anyway … Thanks. 🙂

  • padonmar

    March 24, 2012 at 6:43 am

    ရွာစားကျော်ရေ
    တိကျမြန်ဆန်တဲ့ သတင်းအတွက် ကျေးကျေးပါ။
    ဒီနှုန်းတွေက ကြည့်ရတာ အခွန်ဆောင်ပေးချင်စရာလေးပါ။
    အခြား အခွန်အခတွေလည်း ရိုးရိုးသားသားဆောင်ချင်စဖွယ် ပြင်ပေးမယ်လို့ မျှော်လင့်ပါတယ်။
    ဟိုအရင် က ကျုပ်တို့လူမျိုး တန်ခိုးရှိသည် သီချင်းကို ဖျက်ဆိုတဲ့
    ကျုပ်တို့လူမျိုး သူခိုးရှိသည် ဆိုတဲ့ ဘဝက လွတ်ချင်ပါပြီ။

  • ကြောင်ကြီး

    March 24, 2012 at 9:49 am

    အလုပ်လုပ်တဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမှ တိုင်းပြည်ရေးရာတွေမှာ စိတ်ဝင်စားရကောင်းမှန်း ကိုယ်တိုင်ပတ်သက်နေမှန်း သိလာဂျ ပူပန်တတ်လာဂျမယ်။ ကြံ့ဖွတ်လူမိုက် မောင်အောင်သောင်း မောင်အောင်သိန်းလင်း မောင်ဌေးဦးတို့လို သူတို့အိပ်ကပ်ထဲကနေ တံတားဆောက် လမ်းဖောက်ပေးသယောင် ပေါက်လွှတ်ပဲစားအပြောတွေ အဓိပ္ပါယ်မဲ့ကြောင်း သာမာန်တောသူတောင်သားတွေ နားလည်လာကြလိမ့်မယ်။ အစိုးရရဲ့ တိုင်းပြည်အတွင် အကျိုးမရှိတဲ့ စီမံကိန်း အသုံးစားရိတ်တွေ၊ ဘတ်ဂျက်ခွဲတမ်းတွေအပေါ် စိစစ်ဝေဖန်ရကောင်းမှန်း အသိတိုးပွားလာလိမ့်မယ်။ အစိုးရအတွက်လည်း နည်းလမ်းမှန်စွာနဲ့ ရှာရမည့် ပင်မဝင်ငွေလမ်းကြောင်းတခု ဖြစ်လာမယ်။ သူ့လုပ်ရပ်တိုင်းအတွက်လည်း တာဝန်ယူတတ်လာစေလိမ့်မယ်။ အစိုးရနဲ့ ဖက်စပ်လုပ်ငန်းများ၊ နိုင်ငံခြားကုမ္မဏီအလုပ်များမှာတော့ ၁၀% ဝင်ငွေခွန်ဆောင်တာ အယင်ထဲက ရှိထားပါတယ်။ အားပေးပါတယ် ဆက်လုပ်ပါ။

  • maungmoenyo

    March 24, 2012 at 10:04 am

    အခွန်ကိစ္စ ဒီလောက်မြန်မြန်ကြီးပြဌာန်းတာတွေ့ရတော့ နဲနဲစိုးရိမ်မိသွားတာအမှန်ပါ။ tax code တွေကိုပြန်လည်သုံးသပ်ရမဲ့အချိန်အခါကောင်းကြီးရောက်နေချိန်အိစုးရဘဏ္ဍာရေးကြပ်တည်းချိန်ရောက်ပြီမို့။ ယာယီ အစီအစဉ်တခုဖြစ်ပါစေလို့ဘဲ ဆုတောင်းပါတယ်။
    နောက်တခုစဉ်းစားသင့်တာကတော့ အစိုုးရဝန်ထမ်း ဆရာဝန်များနဲ့ အဂျင်္င်နီယာများကို အခွန်ကင်းလွတ်ခွင့်(သို့) လျော့ပေါ့ ပေးနိုင်ရင်လည်း အစိုးရလုပ်ငန်းများ လုပ်ငန်းအရည်အသွေးတက်လာနိုင်စရာရှိပါတယ်။ နောက်မှ အကျယ်ဆွေးနွေးပေးပါမယ်။

  • kyeemite

    March 24, 2012 at 10:20 am

    Dear Ko Kyee Mite,
    This is final updated for our post- “ကိုကြီးမိုက်ရေ.. ဆီမီနာလုပ်လိုက်ပြီဗျို့ ”.
    Please discuss with your company’s account department.
    Thanks you so much.

    With respect,
    Swal Taw Ywet.
    ကိုစွယ်တော်ရွက် ခင်ဗျား
    အခွန်ကိစ္စတွေ့တာနဲ့ ကျွန်တော့်ကိုသတိရပေးတဲ့အတွက်ကျေးဇူးပါ..
    ကျွန်တော်တင်မက ကုမ်ပဏီဝန်ထမ်းတွေအားလုံး စိတ်ဝင်စားနေတဲ့
    ဟော့နယူးစ်ပါဗျာ..ဒီစါရိုက်နေတဲ့အချိန်ထိတော့
    ဒီဝင်ငွေခွန်နှုန်းထားအသစ်က Company ဝန်ထမ်းတွေအတွက်ရောအကျုံးဝင်သလား
    အတည်ပြုချက်မရသေးပါဘူး..
    အပေါ်က ရွာစားကျော်ကတော့..“ကွန်ပျူတာကြီးနှင့် ကိုဇင်မျိုးထွန်းခင်ဗျား
    ဒီဝင်ငွေခွန်နှုန်းထားအသစ်က အပြင် Company ဝန်ထမ်းတွေအတွက်ရောအကျုံးဝင်ပါတယ်တဲ့ဗျား..
    သေချာအောင် အစည်းအဝေးတတ်ခဲ့သူကို ဖုန်းဆက် confirm လုပ်ပြီးပါပြီ” လို့ဆိုပါတယ်။
    ကျွန်တော်ကဒီထက်သေချာအောင်လုပ်လိုက်အုံးမယ်ဗျာ…အခွန်ဦးစီးဋ္ဌာနကတရားဝင်စာရအောင်
    ကြိုးစားလိုက်အုံးမယ်ဗျို့…

    • ရွာစားကျော်

      March 24, 2012 at 2:19 pm

      ဟုတ်ကဲ့ ကိုkyeemite
      အခွန်ဦးစီးဌာနက တရားဝင်စာရခဲ့ရင်လည်း အတည်ပြုချက်လေး update တင်ပေးဦးနော်

  • ဇွဲမာန်အောင်

    March 24, 2012 at 10:44 am

    ရွာစားကျော်ရေ
    ကျေးကျေးကမ္ဘာပါ။
    အခွန်ပြောင်းလဲတဲ့အကြောင်း သတင်းစာမှာကြေငြာတာတွေ့လို့ အခွန်ဦးစီးဆီမှာ သွားမေးတယ်လေ။
    ဘာပြန်ဖြေတယ်မှတ်လဲ။ သူတို့ဘာမှ မသိရသေးပါဘူးတဲ့။
    သူ့ရုံးခန်းရှေ့က စာရေးလေးဆို ပိုတောင်ဆိုးသေးတယ်။
    သတင်းစာမှာတောင် မဖတ်ရသေးဘူးတဲ့။
    ပါသွားတဲ့ သတင်းစာတောင် ပေးဖတ်ခဲ့ရတယ်။
    နောက်တခါသွားရင် အကြံပေးခဲ့မယ်နော်။
    ရွာစားကျော်တို့နဲ့ ဆက်သွယ်ထားပါ။
    update သတင်းအတွက်။
    အစိုးရဝန်ထမ်းနဲ့ ကုမ္မဏီဝန်ထမ်း တပြေးညီဖြစ်ဖို့ဘဲ ဆုတောင်းနေပါတယ်။

  • hot coffee

    March 24, 2012 at 3:17 pm

    ကျေးဇူးကြီးမားလှပါ ပေတယ် ရွာစားကျော်ရေ…
    အရမ်း update ဖြစ်လွန်းလို.ပါ။။
    ဝန်ထမ်းအားလုံးတပြေးညီဖြစ်ဖို.ဘဲဆုတောင်းနေမိပါတယ်။တရားဝင် အတည်ပြုချက် မြန်မြန်ရောက်လာပါစေလို.ဆုတောင်းလျှက်………..
    ရွာသူရွာသားများထဲမှ တယောက်ယောက် အကြောင်းကြားစာ အတည်ပြုချက်လေးရရင်တင်ပေးစေချင်ပါတယ်..

  • ရွာစားကျော်

    March 26, 2012 at 2:28 pm

    http://news-eleven.com/index.php?option=com_content&view=article&id=12975:2012-03-25-18-44-07&catid=42:2009-11-10-07-36-59&Itemid=112

    ပြင်ဆင်ထုတ်ပြန်ထားသည့် အခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပမည်
    Monday, 26 March 2012 01:13

    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်ကျင့်သုံး ကောက်ခံမည့် ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်းသော ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) ခန်းမတွင် မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်းသော ရှင်းလင်းဆွေးနွေးပွဲတွင် ယခင်ဥပဒေများကို ပြင်ဆင်ပြောင်းလဲကာ အတည်ပြု ထုတ်ပြန် ထားပြီးဖြစ်သော ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် စပ်လျဉ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကာ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကောက်ခံမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွင်း အခွန်အများဆုံး ပေးဆောင် သော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်ထိပ်ဆုံး ၁၀ဝ ဦးစာရင်းကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရပါသည်။

  • ရွာစားကျော်

    March 28, 2012 at 12:28 pm

    http://news-eleven.com/index.php?option=com_content&view=article&id=13002:2012-03-28-05-09-12&catid=42:2009-11-10-07-36-59&Itemid=112

    ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀ဝ အောက် ရရှိသူများအား ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်
    Wednesday, 28 March 2012 11:26

    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

    အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

    ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ဝင်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀ဝ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းများသည် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမဝါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ဝင်ငွေရှိသူများ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

    ယခင်က လစာအပေါ် ဝင်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ဝင်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀ဝ ကျပ်အတွင်း ရရှိသူများအား ဝင်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃ဝ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

    ယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ဝင်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ဝင်ငွေရှိသူများ ပင် ၂ဝ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း သိရသည်။

    စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ဝင်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄ဝ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃ဝ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။

    ယခင်က ကျပ် ၅၀၀ဝ ဝင်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ဝင်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမဝါယမစသည်ဖြင့် မည်သည့် ဝင်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ဝင်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

    ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့် ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍ နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇ဝ မှာ အခွန် ကင်းလွတ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

    ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁ဝ ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂ဝ ရာခိုင်နှုန်းပေး ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂ မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင် ရောင်းရငွေ ကျပ်သိန်း ၁၀ဝ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည် ဝယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀ဝ အထိ တိုးမြှင့် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

    ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။

    ပြင်ဆင်ပေးသည့် အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ဝင်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့် အနေအထားရှိကြောင်း သိရသည်။

    သို့သော် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း သိရသည်။

  • zawgyi min

    March 30, 2012 at 1:13 pm

    အခွန်မှ များများကင်းလွတ်ခွင့်ရအောင် မြန်မြန်အဆင့်ကျော်ပြီး
    ကလေးမြန်မြန်ယူတောင်မူကြပါကုန်လော့။

  • evolution

    July 17, 2013 at 2:13 pm

    ဝင်ငွေခွန်၊ အမြတ်ခွန်တွေနဲ့ ပက်သက်တဲ့ လက်ရှိဥပဒေ၊ အကြုံးဝင်မှု၊ တွက်ချက်ပုံ၊ အယူခံခွင့်၊ ပြစ်ဒါဏ် အားလုံးပါဝင်တဲ့ စာအုပ်များရှိရင် လိုချင်ပါတယ်။ ရောင်းတဲ့ဆိုင်ဖြစ်ဖြစ် လင့်ဖြစ်ဖြစ် ရှိရင်ဝေမျှကြပါဦးခင်ဗျ။

Leave a Reply