1နံနက်ခင်းလေးရဲ့ အလင်း နဲ့အရိပ်

2 အလင်းတံခါး တစ်

3အလင်းအရောင်နဲ့အရိပ် (အချိန်တူ နေရာတူ ဒါပေမယ့် မတူတာကတော့ ကင်မရာရဲ့ ပြုလုပ်ချက်)

4အလင်းရဲ့အရိပ်အောက်က ငှက်ကလေးပေါက်စန

5 အဖြူအမဲခေတ်ကို ပြန်သွားကြည့်တာပါ

6 ပြာလွင်စိုလက်သော အလင်းအောက်က ဖယောင်းတိုင်မီးနဲ့ အငွေ့တန်းလေး

7 အလင်းနဲ့အမှောင် အရောင်နဲ့အရိပ် သုံး

8 အဖြူအမဲ လက်ဆော့ထားတာပါ

9 ဒီပုံကလဲ နေရတူတာ ကို ကင်မရာ ရိုက်ချက်ပြောင်းထားတာပါ

10 လေစားနေတဲ့ဖယောင်းတိုင်

11 ဒါလဲ ကင်မရာ ပုံစံအပြောင်းလေးပါ12 အလင်းအောက်က အလင်း

13 တူလဲတူတယ် မတူလဲမတူဘူး

 

           “အလင်းအမှောင်အရောင်အရိပ်- တစ်”

 

ကျနော်ငယ်ငယ်က တည်းက ဓါတ်ပုံတွေကြည့်ရင် အလင်းအမှောင်ကိုစိတ်ဝင်စားပါတယ်။

ငယ်တုံးက ကြည့်ရတဲ့ မြ၀တီ တို့ ငွေတာရီ တို့ဆိုတဲ့ မဂ္ဂဇင်းတွေမှာ ပါတဲ့ဓါတ်ပုံတွေက

အဖြူအမဲတွေချည်းပါဘဲ။

အဲတော့ အလင်းအမှောင်သဘောက ပိုထင်ရှားပါတယ်။

ကျောက်တော်ကြီးဘုရားကိုရောက်တဲ့အခါ မှာ အလင်းပေါက်အကြီးကြီးတွေက

နေကျလာတဲ့ အရိပ်တွေကြည့်ရင်း အခုလို လက်ဆော့ဖြစ်ပါတယ်။

သက်မဲ့အရာတွေက တော့ သူ့သဘောအတိုင်းသူရှိနေကြပါတယ်.။

ကျနော်တို့ ကသာ အမျိုးမျိုးဖန်တီးလို့ အရောင်တွေဆိုးကြတာကိုး။

ကဲ ကြည့်လိုက်ပါအုံး စက်အားကိုးနဲ့လူဆော့ထားတဲ့ ပုံလေးတွေကို။

နောက်ထပ်လဲ ဒီလိုပုံလေးတွေလာပါအုံးမည်။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါး

(24-3-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။