“အလင်းအမှောင်အရောင်အရိပ် အမှတ် တစ်”

1နံနက်ခင်းလေးရဲ့ အလင်း နဲ့အရိပ်
2 အလင်းတံခါး တစ်
3အလင်းအရောင်နဲ့အရိပ် (အချိန်တူ နေရာတူ ဒါပေမယ့် မတူတာကတော့ ကင်မရာရဲ့ ပြုလုပ်ချက်)
4အလင်းရဲ့အရိပ်အောက်က ငှက်ကလေးပေါက်စန
5 အဖြူအမဲခေတ်ကို ပြန်သွားကြည့်တာပါ
6 ပြာလွင်စိုလက်သော အလင်းအောက်က ဖယောင်းတိုင်မီးနဲ့ အငွေ့တန်းလေး
7 အလင်းနဲ့အမှောင် အရောင်နဲ့အရိပ် သုံး
8 အဖြူအမဲ လက်ဆော့ထားတာပါ
9 ဒီပုံကလဲ နေရတူတာ ကို ကင်မရာ ရိုက်ချက်ပြောင်းထားတာပါ
10 လေစားနေတဲ့ဖယောင်းတိုင်
11 ဒါလဲ ကင်မရာ ပုံစံအပြောင်းလေးပါ12 အလင်းအောက်က အလင်း
13 တူလဲတူတယ် မတူလဲမတူဘူး

 

           “အလင်းအမှောင်အရောင်အရိပ်- တစ်”

 

ကျနော်ငယ်ငယ်က တည်းက ဓါတ်ပုံတွေကြည့်ရင် အလင်းအမှောင်ကိုစိတ်ဝင်စားပါတယ်။

ငယ်တုံးက ကြည့်ရတဲ့ မြဝတီ တို့ ငွေတာရီ တို့ဆိုတဲ့ မဂ္ဂဇင်းတွေမှာ ပါတဲ့ဓါတ်ပုံတွေက

အဖြူအမဲတွေချည်းပါဘဲ။

အဲတော့ အလင်းအမှောင်သဘောက ပိုထင်ရှားပါတယ်။

ကျောက်တော်ကြီးဘုရားကိုရောက်တဲ့အခါ မှာ အလင်းပေါက်အကြီးကြီးတွေက

နေကျလာတဲ့ အရိပ်တွေကြည့်ရင်း အခုလို လက်ဆော့ဖြစ်ပါတယ်။

သက်မဲ့အရာတွေက တော့ သူ့သဘောအတိုင်းသူရှိနေကြပါတယ်.။

ကျနော်တို့ ကသာ အမျိုးမျိုးဖန်တီးလို့ အရောင်တွေဆိုးကြတာကိုး။

ကဲ ကြည့်လိုက်ပါအုံး စက်အားကိုးနဲ့လူဆော့ထားတဲ့ ပုံလေးတွေကို။

နောက်ထပ်လဲ ဒီလိုပုံလေးတွေလာပါအုံးမည်။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါး

(24-3-2012)

 

7 comments

  • water-melon

    March 24, 2012 at 8:26 am

    ဘကြီးပေါက်ချင့်
    သများကိုလည်း အဖြူအမဲဓာတ်ပုုံရိုက်ပေးပါနော်
    မော်ဒယ်လိုရင်လဲပြောနော် 😀

  • yaungchikha

    March 24, 2012 at 11:21 am

    လေးပေါက်က လူပုံဆိုရင် မဒမ်ပေါက်ပုံပဲ ရိုက်မှာပေါ့ ဖရဲရယ်.. 🙂
    နံပါတ် ၂ပုံ အလင်းတံခါးတစ် ပုံကို ကြိုက်တယ်၊

  • windtalker

    March 24, 2012 at 1:19 pm

    အလင်းမှောင် ပုလင်းထောင်
    ပယင်းရောင် ယစ်ရွှေရည်မောင်
    ချိုမြမြ အပျိုစစ
    အိုထမရ ဘိုမက

  • “ဘီလူးကြီး”ogre

    March 24, 2012 at 7:47 pm

    ကပေါက် ရေ…
    အနော့်ကိုလဲ ..ဖြတ်ရိုက်ပေးပါနော်
    လိုင်စင်ပုံလေး လိုချင်လို့ 🙂 😛

  • သူများက ဘုရားပုံတင်ပါမှ ယမကာလုလင်နဲ့လာတွေ့နေပြန်ပါပြီ။
    ရတယ်လေ ဖြတ်ရိုက်ပေးမယ် ပျောက်နေတဲ့ဘီလူးကြီးကို

  • kyawtheinmyint 23

    March 24, 2012 at 10:41 pm

    သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာထဲက မြင်ဆရာထဲမှာ ပါတဲ့ ဦးပေါက်ရေ ပုံတွေအတွက် thank.

Leave a Reply