ကျနော်ပြောတဲ့ ဂုဏ်ပြုသင့်သူက ကမ္ဘာ့နံမည်ကြီးတစ်ယောက်မဟုတ်ပါဘူး ကျနော်တို့နဲ့ ၀ါသနာတူ မထင်ရှားတဲ့ ဘောလုံးသမားတစ်ယောက်အကြောင်းပါ

http://mutdfan.com/index.php/readmore/post/41897
ကျနော်ဒီနေ့နံနက် ကျနော့်ဒုတိယအချစ်တော် www.mutdfan.com ဆိုတဲ့ဘောလုံးဝက်ဆိုဒ်လေးထဲဝင်လိုက်တော့
ဘောလုံးလောကရဲ့ အလှပဆုံး အချိန်၊ မဖြစ်သင့်တဲ့ ပင်နယ်လ်တီကို အားကစားသမား ပီပီသသ ဘယ်လို ကန်ခဲ့သလဲ။ (ဗွီဒီယို)
http://mutdfan.com/index.php/readmore/post/41897
ဆိုတဲ့ခေါင်းစဉ်လေးနဲ့ သတင်းတစ်ခုကိုတွေ့မိလို့ ဖတ်ကြည့်လိုက်တာ အီတလီ အပျော်တမ်း ကိုပါ အီတာလီယာ ဒီလက်တန်နီ ဘောလုံးပြိုင်ပွဲ တစ်ခုက
Vittorio Esposito ဆိုတဲ့ဘောလုံးသမားတစ်ယောက်ဟာ ဒိုင်လူကြီးကမှားယွင်းစွာသတ်မှတ်ပေးလိုက်တဲ့ ပင်နယ်တီကို ၀င်အောင်မကန်ပဲ မိုးပေါ်ထောင်ကန်ပစ်လိုက်တယ်ဗျာ အဲဒီလို တမင်ကန်ရုံတင်မကဘူး ဒိုင်ကိုလည်း ကျနော့်ကိုမထိခိုက်မိပါဘူး ပင်နယ်တီမဟုတ်ပါဘူးလို့ပြောပါသေးတယ်
ဒိုင်ကဆုံးဖြတ်ပြီးလို့ မဖြစ်မနေကန်ရမယ်ဆိုတော့လည်း အားကစားသမား ပီသစွာပဲ တမင်ကိုမိုးပေါ်ထောင်ကန်ပစ်လိုက်တာ အားကစားသမားပီသတဲ့စိတ်ဓာတ် ကတော်တော်လေးစားဖို့ကောင်းပါတယ် တစ်ခြားဘောလုံးသမားတွေဆို ပင်နယ်တီရဖို့တောင် တမင်တကာလုပ်ယူနေကြတဲ့အချိန် ဒီလိုကစားသမားလည်းရှိပါသေးလားလို့လည်း တွေးပြီးချီးကျူးမိတယ်ဗျာ ကျနော် ဘောလုံးပွဲအဆက်မပြတ်ကြည့်လာတဲ့ 4 နှစ်တာအတွင်း ဒီလိုကစားသမား မတွေ့ဖူးဘူးဗျ ကျနော်တွေ့ဖူးတာတော့ တစ်ဖက်သင်းဧရိယာထဲမှာ တမင်လှဲချပြီး ဒိုင်ကိုကလေးကသူ့အဖေကိုမုန့်ဝယ်ပေးဖို့ပူဆာသလိုကို ပင်နယ်တီပေးဖို့လိုက်တောင်းတဲ့ မြင်ကွင်းတွေကိုပဲတွေ့ဖူးတာ ဗွီဒီယိုဖိုင်လေးကိုကြည့်ချင်ရင်တော့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်ဗျာ

သူ့ရဲ့လုပ်ရက် ကိုတစ်ကမ္ဘာလုံးက ပရိတ်သတ်ပေါင်း 3777467 ကချီးကျူးထောပနာ ပြုလုပ်ထားပါတယ်ဗျာ

လာပါပြီး ကျနော်သိသလောက် အောက်တန်းကျတဲ့ ဘောလုံးသမားတစ်ချို့ သူတို့ကြောင်း တစ်ဖက်အသင်းမှာ အများကြီးနစ်နာသွားပါတယ် သူတို့လည်း အားလုံးရဲ့ ချဉ်ဖက် တွေဖြစ်ကုန်ပါတော့တယ် ကျနော်အရင်ဆုံးပြောချင်တာက အာဂျင်တီးနားက ဘောလုံးအကျော်အမော် Maradona ဆို ကျနော်တော့မကြည့်လိုက်ရပါဘူး အင်္ဂလန်နဲ့ကန်တဲ့ ကမ္ဘာ့ဖားလုပွဲမှာ ဘောလုံးကို လက်နဲ့ပုတ်ပြီး ဂိုးသွင်းသွားပါတယ် သူကတော့ တကမ္ဘာလုံးက ဝေဖန်နေတဲ့အချိန်မှာ သူ့လက်ကိုတောင် ဘုရားပေးတဲ့လက်ပိုင်ရှင် ဆိုပြီးသူ့ကိုယ်သူ
ကြံဖန်စွာ ဂုဏ်ယူလိုက်ပါသေးတယ် တော်တော်ကိုရှက်စရာကောင်းတဲ့လုပ်ရက်ပါ သူဆိုတကယ့်ကမ္ဘာ့နံမည်ကြီးကစားသမားပါ အခုချိန်ထိပေါ့ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်က အမည်းစက် လိုဖြစ်သွားပါတယ်။
နောက်တစ်ယောက်က ပြီးခဲ့တဲ့ 2010 ကမ္ဘာ့ဖလားတုန်းက ဥတုဂွေအသင်းရဲ့ နံမည်ကျော်တိုက်စစ်မှု ဆွာရတ် ယခု လီဗာပူးလ် အသင်းမှာကစားနေတာပါ ကျနော်မှတ်မိသလောက် ဂါနာ နဲ့ကစားတဲ့ ပွဲမှာထင်တယ် ဂါနာဘက်ကသွင်းတဲ့ ဂိုးက ဥတုဂွေး အသင်းဘက်ကိုဝင်လုဆဲဆဲပေါ့ ဂိုးသမားကလည်း မတက်နိုင်တော့ပါဘူး သေချာပေါက်ကိုဝင်နေတဲ့ဘောလုံးကို သူက အားကစားသမား မပီသစွာ ဂိုးသမား မဟုတ်ပါပဲ လက်နဲ့ ပုတ်ထုတ်လိုက်ပါတယ် အဲဒါကို ပင်နယ်တီတော့ ဒိုင်က ပေးလိုက်ပါတယ် ဒါပေမဲ့ ပင်နယ်တီက မ၀င်ပါဘူး ၀င်ရင်တော့ ဂါနာအသင်းနိုင်ပြီး နောက်တစ်ဆင့်တက်မှာပေါ့လေ မ၀င်တော့ အချိန်ပိုပင်နယ်တီကန်ပါတယ် အဲဒီမှာ ဂါနာအသင်း အရေးနိမ့်ပြီးပြိုင်ပွဲက စောစီးစွာထွက်ခွာခဲ့ရပါတယ် ဆွာရက် ကတော့ဂါနာတစ်နိုင်ငံလုံးရဲ့ အမုန်းဆုံးလူသားပါလို့ ဂါနာကစားသမားတွေက ဖွင့်ဟသွားပါတယ် နောက်တစ်ယောက်ရှိသေးတယ် ပြင်သစ်အသင်းနဲ့တစ်ချိန်က အာဆင်နယ်အသင်းရဲ့ နံမည်ကြီးတိုက်စစ်မှုး အွန်နရီ ပါသူလည်း 2010 ကမ္ဘာ့ဖလားမှာ ဘောလုံးကို လက်နဲ့ပုတ်ပြီး ဂိုးရှေ့ချပေးတာကို သူ့အသင်းဖော်ကသွင်းပြီး နောက်တစ်ဆင့်တက်သွားတာပါ သူလည်းအဲဒီနောက်ပိုင်း တော်တော်ဝေဖန်ခံလိုက်ရပါတယ်။
ပြောချင်တာက အခုကျနော်ပြောတဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေလုပ်လိုက်တဲ့ ကစားသမားအားလုံးဟာ ကမ္ဘာသိ ကမ္ဘာ့တန်းဝင်ထိပ်တန်း ကစားသမားတွေပါ သို့ပေမဲ့လည်း သူ့တို့နံမည်မှ အားမနာ အခွင့်ရေးကို ရရင်ရသလိုယူတတ်တဲ့ လူမျိုးအဖြစ်ပိုပြီး နံမည်ကြီးသွားပါတယ်
ကျနော်ပြောတဲ့ Vittorio Esposito ဆိုတဲ့အပျော်တမ်းကလပ်က ကစားသမားလေးကတော့ နံမည်မကြီးလူသိမများပေမဲ့ သူ့ရဲ အဆင့်တန်းရှိတဲ့လုပ်ရက်ကြောင့် ပြိုင်ဘက်ကစားသမားတွေရဲ့ ချီးကျူးဂုဏ်ပြုမှု ပြိုင်ဘက်ပရိတ်သတ်တွေရဲ့ချီးကျူးမှု ဘောလုံးချစ်သူတွေရဲ့ ဂုဏ်ပြုမှုဆိုတဲ့ ပီတိတွေနဲ့ အခုချိန်မှာ ပျော်နေမှာသေချာပါတယ်။
နံမည်ကြိးသာငယ်သော ကအဓိကမကျပါဘူး စိတ်ဓာတ်ကသာ အဓိကကျတာပါဆိုတာ ယခုအဖြစ်အပျက်လေးက သာဓကပြနေပါတယ် ရွာထဲက ဘောလုံးပရိတ်သတ်တွေလည်း
သိပါလိမ့်မယ် ဘယ်လောက်ပြိုင်ဘက်ဖြစ်နေပါစေ ဟုတ်တာလုပ်ရင်တော့ ကျနော်တို့လည်း ချီးကျူးဖို့ဝန်မလေးပါဘူး အဲဒီတော့ နံမည်ကြီးမှုတွေဘာတွေမရှိလည်း စိတ်ဓာတ်အဆင့်တန်းမြင့်မားအောင်သာနေထိုင်ပါ အသိမှတ်ပြုခံရပါလိမ့်မယ်လို့ အားပေးချင်ပါတယ်ဗျာ မြန်မာနိုင်ငံက လူကြီးတွေနဲ့များကွာတယ်နော် အာဏာရတာနဲ့ ပေးပေးမပေးပေး ယူမယ်ဆိုတာချည်းပဲ

နောက်နောင်လည်း နှိုင်ယှဉ်ပြ ပါအုံးမည်

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ