မြင်းတက္ကသိုလ် (120324)

 

 

 

တကယ်က  ဒီလဆယ့်ခြောက်ရက်နေ့ သောကြာနေ့မှာ  ကျုပ်တို့သူငယ်ချင်းသုံးဖေါ်တွေ့ကြတော့  ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောရင်း သင်္ကြန်အကြောင်းလေးတွေလဲ ပြောဖြစ်လို့ အဲဒါလေး မနေနိုင်မထိုင်နိုင် ပွားမလို့ ရည်ရွယ်တာပါ။

ဒါပေမယ့်  ရေးရင်းနဲ့ စိတ်တိုင်းမကျတာနဲ့  ဒီတပတ်သောကြာနေ့စကားဝိုင်းမှာ  ဗေဒင်ဆရာပြောတဲ့ပုံပြင်လေးပဲ အရင်ရေးလိုက်ပါရစေ။

သူ့ကိုပုံမပြောတတ်ဘူးလို့ရေးမိလို့  နှာတင်းပြီး  အစွမ်းပြတယ်ထင်ရဲ့..။ အားနာနာနဲ့သာနားထောင်ရတယ်  ဘယ်လိုမအီမလည်ပုံပြင်ကြီးမှန်းလဲမသိဘူး..။ ကျုပ်ပြောတော့လဲ ကျုပ်အဆိုးဖြစ်ဦးမယ်။  သူပြောတဲ့ပုံပြင်  အမြီးအမောက်တည့်မတည့်  ခင်ဗျားတို့သာနားထောင်ကြည့်ကြပါတော့..။

= = = = = = = = = =

 

တစ်ခါတုန်းကပေါ့ကွာ….

မြင်းနဲ့ပတ်သက်တာတွေ  မြင်းအကြောင်းတွေကို  သင်ကြားပို့ချပေးတဲ့  တက္ကသိုလ်ကြီးရှိသတဲ့…။

အဲဒီတက္ကသိုလ်ကြီးမှာဆိုရင်ဖြင့်  မြင်းနဲ့ပတ်သက်သမျှ အကြောင်းအရာ ဗဟုသုတတွေ စုံနေအောင် သင်ပေးတယ်ဆိုပဲ..။

မြင်းမျိုးစိတ်တွေဘယ်နှစ်မျိုးရှိကြောင်း….

ဘယ်ဒေသတွေမှာဘယ်လိုမြင်းမျိုးတွေ ပေါက်ပွားကြောင်း…

မြင်းတွေရဲ့ခန္ဓာဗေဒက ဘယ်လိုရှိကြောင်း…

မြင်းတွေကို  ဘာတွေကျွေးပြီး  ဘယ်လို မွေးမြူရကြောင်း…

မြင်းတွေဟာ  ဘယ်လိုအသုံးကျကြောင်း…

မြင်းစီးတဲ့ ကုံးနှီးတွေက  ဘယ်လိုဘယ်ပုံရှိကြောင်း…

မြင်းစီးနည်းဘယ်နှစ်မျိုးရှိကြောင်း…

မြင်းကို ဘယ်လိုစီးရကြောင်း…

စသည်… စသည်..တွေကို

ဘွဲ့ဒီဂရီပေးတဲ့ကိုစ့်တွေ၊  ဒီပလိုမာပေးတဲ့ကိုစ့်တွေ၊

ရက်တိုသင်တန်းအောင်လက်မှတ်ပေးတဲ့ကိုစ့်တွေ အမျိုးမျိုးနဲ့ ပို့ချသင်ကြားပေးသတဲ့..။

ဒါပေမယ့်  တခုရှိတာက  အဲဒီတက္ကသိုလ်မှာ  မြင်းတော့  တကောင်မှမွေးမထားလို့

ရုပ်ပုံကားချပ်၊ ရုပ်လုံးရုပ်ကြွတွေနဲ့ပဲ  သင်ကြားပေးတယ်ဆိုပါစို့…။

အဲဒီတော့.. တနေ့  သင်ယူမှု့ပြီးမြောက်ကြောင်း အောင်လက်မှတ်ပေးပွဲမှာ

သင်တန်းဆရာကြီးက တပြည့်တွေကို  ဒီလိုမှာကြားသတဲ့…….

 

“တပြည့်တို့…

မောင်တို့မယ်တို့ဟာ  မြင်းတက္ကသိုလ်ကြီးမှာ တက်ရောက်ပြီး  မြင်းပညာတွေသင်ကြားလို့

ဒီကနေ့တော့ဖြင့်  ကောင်းစွာတတ်မြောက်လျှက် သင်ယူမှု့  ဆုံးခန်းတိုင်ခဲ့လေပြီ။

မောင်တို့မယ်တို့ဟာ  ယနေ့မှစ၍  မြင်းပညာတတ်များ  ဖြစ်ကြလေကုန်ပြီ။

မောင်တို့မယ်တို့  တတ်မြောက်ပြီးတဲ့ မြင်းဆိုင်ရာ အသိပညာအတတ်ပညာများဖြင့်

လူထုအကျိုးကို  သယ်ပိုးလေလော့…။ လောကကြီးကို  တန်ဆာဆင်လေလော့…။

အခြားအခြားသော ပညာလိုလား  လူငယ်များအားလည်း  ဆင့်ပွားပို့ချ  သင်ပေးကြလေလော့…။

အဲ..   အဲ…  တခုတော့ရှိတယ်..

တကယ့်မြင်းတော့  သွားမစီးနဲ့နော်…

အဲဒါတော့  မလုပ်နဲ့ ….

ဆရာတောင်မြင်းကန်ခံရလို့  ပေါင်ကျိုးထားတာ  အခုထိဆေးလိမ်းလို့မပြီးဘူး…”

19 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 24, 2012 at 1:29 am

    ဦးပါလေရာ မြန်မာနိုင်ငံပညာရေးစနစ်ကအဲလိုပဲဗျ
    ထိတယ်ထိတယ် တကယ်ပဲထိတယ်ဗျို့ ထိပ်တဲ့တဲ့ပဲ ကွဲတဲ့သူတော့ရှိလိမ့်မယ်ဗျို့။
    ပေါင်ကျိုးသူတွေကော ဘယ်နှယောက်ရှိပြီးပြီလဲမသိဘူးဗျို့ မြန်မာနိုင်ငံကြီးမှာ
    သူကြီးကောသိလားဗျ စာရင်းလေးပြုစုပေးပါဦး။

  • padonmar

    March 24, 2012 at 6:46 am

    ဦးဦးပါလေရာ
    မှန်တာတွေ သိပ်မပြောနဲ့လို့ ဗေဒင်ဆရာကိုပြောလိုက်။

  • water-melon

    March 24, 2012 at 8:31 am

    ဦးဦးချင့်
    မြည်းကို အထီးအမ ဘယ်လိုခွဲရမှာလဲဟင်။

    • ရွာစားကျော်

      March 24, 2012 at 3:07 pm

      ဪ ရွာစားကျော်လည်း တတ်သိပညာမနေသာ ဆိုသလို
      တတ်မြောက်ပြီးတဲ့ မြင်းဆိုင်ရာ အသိပညာအတတ်ပညာများဖြင့်
      လူထုအကျိုးကို သယ်ပိုးအုံးမည်…။ လောကကြီးကို တန်ဆာဆင်လေတော့မည်…။
      အခြားအခြားသော ပညာလိုလား လူငယ်များအားလည်း ဆင့်ပွားပို့ချ သင်ပေးရပေအုံးမည်…
      ဟဲ့ ဖြဲမရေ မသေမချင်းမှတ်ထား..
      မြင်းကို အထီးအမခွဲချင်ရင် အမြီးမြှောက်ပီး ငုံကြည့်လိုက် အဲဒါမှ မကွဲပြားသေးရင် လက်နဲ့စမ်းကြည့် 🙂
      အတွဲလေးနဲ့က အထီး.. အကွဲလေး..အဲ..အဲ နဲ့က အမကွဲ့.. 😆
      မြင်းတက္ကသိုလ်မှာ မြင်းမရှိလို့ လက်တွေ့တော့ မခွဲခြားဖူးဘူး..
      နင် ခွဲကြည့်ပီးရင် ဟုတ်လား အကြောင်းပြန်အုံး.. 😀

  • kyeemite

    March 24, 2012 at 9:02 am

    ဦးဦးပါလေရာခင်ဗျား…မှန်တာပြောလွန်းရင်ရွာပြင်မှာ
    ထွက်နေရတတ်တယ်နော်…ဟီး.ဟီး.ဟီး.ဟီး.ဟီး(မြင်းလိုဟီသွားပါသည်)

  • htet way

    March 24, 2012 at 9:32 am

    လက်တွေ့မကျတဲ့ အတတ်မရှိတဲ့ ပညာရေးဟာအသုံးမဝင်ပါဘူး
    ပညာဆိုတာကို ပညာနဲ့တူအောင်သင်နိုင်မှသာ ပညာရဲ့ အဓိပါယ်ကို
    ဖေါ်ဆောင်နိုင်မှာပါ။
    အခုတက္ကသိုလ်ကပညာရေးတွေကို စိတ်ပျက်သလို
    တက္ကသိုလ်ကျောင်းသား/သူတွေရဲ့ စရိုက်တွေကိုလည်းမုန်းမိပါတယ်။
    ဆရာဦးဦးရေ ……..
    အမှားအမှန်ကိုခွဲခြမ်းစိတ်ဖြာနိုင်ရုံနဲ့ တင် ပညာလို့ ဖွင့်ဆိုလို့ မရတော့ပါဘူး သိပ္ပ
    အတတ်ရှိမှပါ။ယောအတွင်းဝန်ဦးဖိုးလှိုင်စကားခဏငှားပြောရရင်
    အတတ်မရှိသတိကင်းကွာ ပြည်ရွာပျက်ကြောင်းတစ်ပါးတည်းရှိကြောင်း…
    ဆရာဦးဦးပါလေရာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျား……………..။

  • ကြောင်ကြီး

    March 24, 2012 at 10:25 am

    မြင်းတက္ကသိုလ်ထွက်
    သူစီးတတ်
    တရုပ်ဆိုင်ကယ်စက်..
    ပျက်တဲ့အခါ
    ဝပ်ရှော့မှာ
    ထိုးလို့အပ်တော့တာ..
    အဲဒါနဲ့ပဲ
    ခြင်္သေ့ထွက်
    တကဲ့မြင်းအရှာထွက်..
    တောထဲရောက်ခါ
    မြင်းတွေ့လာ
    ဖမ်းလို့ခေါ်ခဲ့တာ..
    ဆရာ့ထံပြ
    တပည့်လှ
    ကြည့်ပါအုံးခင်ဗျ..
    ဆရာခင်များ
    တိန်မြည်သွား
    တွေ့လိုက်ရတာ
    ‘လား’..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2012 at 10:30 am

    မြင်းးးးးးးးးးးးးဆိုဒါက ပြောရရင် တော်တော်လေးခုန်ပေါက်ပြေးလွှားတတ်တဲ့
    သတ္တဝါတစ်မျိုးဘဲ
    ( အကောင်မတွေကို ကမြင်းကြောထတယ်လို့ ပြောတာဟာ အနှီး အဲ့သည်အကောင်မတွေဟာ
    မြင်းတွေလောက်ကို ကမြင်းကြောထတာဖြစ်ခြင်ဖြစ်မှာပေါ့ ( ဇဂါးချပ် )
    ပြေးနေလွှားနေရမှ ကျမ္မာရေးညီညွတ်တာ စားဝင်အိပ်ပျော်တာ
    ကြားဘူးဒယ် အချို့ကောင်မတွေ လင်ငယ်လေးနေလိုက်ရမှ မရင်ငယ်လေးဖြစ်လိုက်ရမှ
    ကျုပ်ငယ်ငယ်တုန်းကတော့ အချို့ကောင်မတွေ ကမြင်းကြောထပုံများ ဘဲကုန်သည် ဆိုပြီးတောင်
    နာမည်ပေါက်တယ်
    ( ဒါတွေကတော့ မြင်းနဲ့ ပတ်သက်တဲ့ ရီလေ့တစ်ဗ်လားဘာလား ဆွေမျိုးတော်စပ်တဲ့
    သဘောတရားတွေ တရားသဘောတွေပေါ့ဗျာ )
    ဒါ့ကြောင့် အချို့များ အတွင်းကျေဒဏ်တွေဘာတွေဖြစ်ရင် မြင်းချီးရေဖျော်သောက်တယ်ပြောကြတာဘဲ
    ပြောကြတာပါဘဲ ကျုပ်လည်းကြားဘူးနားဝကို ရမ်းချတာ တစ်ခါမှတော့ မမြင်ဖူးဘူး 😀
    ရှမ်းပြည်မှာတော့ မြင်းဆေး ဆိုပြီးခေါ်တဲ့ ရာဘ လား ရာမလား ဒဿဂီရိလားသိဘူး
    အဲ့သည် စိတ်ကြွဆေးတစ်မျိုးတော့ရှိလေရဲ့
    ပြောရရင်တော့ အောလပုံပေါ့ဗျာ
    တစ်ခါမန်းမှ ကျပ် / ပြား လေးဘဲရတာဆိုတော့ ဒီလောက်ဘဲပြောတော့မယ်
    အမှန်မှာ ကျုပ်ပြောခြင်တာက
    ( ဆရာတောင်မြင်းကန်ခံရလို့ ပေါင်ကျိုးထားတာ အခုထိဆေးလိမ်းလို့မပြီးဘူး ) ဆိုတဲ့ အကြောင်းလေးဗျ
    ဘာမှတော့မဆိုင်ဘူးပေါ့ဗျာ
    လေရှည်တယ်လို့တော့ မထင်စေခြင်ပါဘူး
    ရှည်လည်းမရှည်ခြင်ပါဘူး ( လေ )
    ခင်ဗျားတို့သိတဲ့အတိုင်းဘဲ အင်တာနက်ဆိုတာက တစ်နာရီသုံးတဲ့စရိတ်နဲ့
    လေရှည်ရတာနဲ့က လုံးဝမတန်ဘူးဆိုတာ
    အထူးသဖြင့် ဗမာပြည်က အင်တာနက်လိုင်းတွေဆိုတာ ပိုတောင်ဆိုးသေးတယ်
    ဒါ့ကြောင့် ဒီနေရာမှာ
    ( ဆရာတောင်မြင်းကန်ခံရလို့ ပေါင်ကျိုးထားတာ အခုထိဆေးလိမ်းလို့မပြီးဘူး )
    ဆိုတဲ့နေရာမှာ လေရှည်တယ်ဆိုတဲ့အလုပ်ကို ပြောကိုမပြောခြင်တာ
    ပြဿနာက မပြောခြင်ပေမယ့်လည်းပြောရဦးမှာဘဲ
    သဂျီးမင်းတြားကြီးက ဘယ်သူနဲ့မှ မတူအောင် ရေးရမယ် တွေးရမယ်ဆိုတော့
    ဒီပို့စ်နဲ့ပတ်သက်ပြီး
    ခုနက ကျုပ်ပြောခဲ့တဲ့
    ( ဆရာတောင်မြင်းကန်ခံရလို့ ပေါင်ကျိုးထားတာ အခုထိဆေးလိမ်းလို့မပြီးဘူး )
    ဆိုတာကို ကျုပ်မြင်ဘူးတာလေးနဲ့ ခိုင်းနှိုင်းပြီးပြောမလို့ပါဗျာ
    အဟမ်း
    ဟုတ်တယ်ဗျ
    အချို့များ အလုပ်နဲ့ အပြော မညီဘူးလို့ဆိုမလား
    အလုပ်နဲ့ လက်တွေ့မညီဘူးလို့ဆိုမလား
    အပြောကရွှေမန်း ကတာက ချိုမိုင်မိုင်လို့ဆိုမလား
    ဒီလိုဗျ
    ကျုပ် လူနှစ်ယောက်ကို တွေ့ဘူးတယ်
    အဲ့သည်အဖွားကြီးက နားလေး/ နားပင်း / နားထိုင်း / နားမကြား / နားရောဂါတွေကုသတဲ့နေရာမှာ
    အတော်နာမည်ကြီးပြီး အစွမ်းထက်တယ်ဗျ
    ထူးဆန်းတယ်လို့ပြောရမလား
    အဲ့သည်အဖွားကြီးကိုယ်တိုင်က နားထိုင်းနေတယ်ဗျ
    ဖြစ်ပုံက
    သူ့နားထိုင်းနေတာကို ကြားဘူးနားဝ ဆေးမြီးတိုတွေ ဖေါ်စပ်ရင်း
    သူ့ကိုယ်သူပြန်ကုတာ မပျောက်ပေမယ့် အခြားသူတွေကို သူ့ဆေးနဲ့ကုတာ ပျောက်ကင်းလေတော့
    နားပင်းနေတဲ့ နားကုသရေး သမားတော် အဖွားကြီးပေါ့ဗျာ
    နောက်တစ်ယောက်ကတော့ မထူးဆန်းလှပါဘူး
    သမ္မတကြီးဦးသိန်းစိန်လို ထိပ်ပြောင်တဲ့လူတွေကို ဆံပင်ပြန်ပေါက်ရမယ်ဆိုပြီး
    အာမခံနဲ့ ဆံပင်ပေါက်ဆေးရောင်းတဲ့ ထိပ်ပြောင်ပြောင်နဲ့လူကြီးပေါ့ဗျာ

    • ရှမ်းပြည်သား (တောင်ပိုင်း)

      March 24, 2012 at 3:40 pm

      အား ကိုမိုက်ရယ်……..ဦးသိန်းစိန်ကဆံပင်ပေါက်ဆေးရောင်းတာလဲသွားမပြောနဲ့ဗျ
      မသဲနုအေးရဲ့ ပို့စ်ထဲမှာဆိုရင် အိုဘားမားတောင် ဖိုင်းအန်လပ်ဗလီးကို ကန်ထရိုက်ယူပြီးကြော်ငြာ
      ရိုက်နေပြီဗျ။ စကားမစပ် ရာမ မဟုတ်ဘူးဗျ ယာ=ဆေး မာ့=မြင်းတဲ့ ရှမ်းလိုပြောတာ
      မြန်မာလိုဆီလျော်အောင်ပြန်မယ်ဆိုရင်တော့ မြင်းကျွေးတဲ့ဆေးပေါ့
      ရှမ်းပြည်မှာမြင်းတွေကိုခိုင်းတဲ့အခါ မြင်းတွေမောတာသက်သာအောင် ကျွေးတဲ့ဆေးကိုပြောတာ
      တစ်ပြားကို သုံးထောင်လောက်ရှိတယ် လူတွေဝိုင်းချတာ ရနံ့မျိုးစုံရှိနေပြီ အရင်လိုချောကလက်နံ့
      နဲ့ပဲမဟုတ်တော့ဘူး။

  • minnannawar

    March 24, 2012 at 10:46 am

    မြင်းတက္ကသိုလ် အကြောင်းပြောလို့ မြန်မာနိုင်ငံက ရေကြောင်းတက္ကသိုလ်အကြောင်း လဲနဲနဲ မျှဝေချင်မိပါတယ်။ မြင်းတက္ကသိုလ်မှာ မြင်းမရှိသလို မြန်မာနိုင်ငံက ရေကြောင်းတက္ကသိုလ်မှာလဲ ရေ
    ထဲမောင်းလို့ ရတဲ့ ရေယာဉ် (တက္ကသိုလ်နဲ့လိုက်ဖက်တဲ့)တစ်စီးမှ မရှိပါဘူး၊
    ရေကြောင်းပညာ တက္ကသိုလ်မှာ စာသင်နေရတာ မျက်မမြင်ပုဏ်ဏား ခြောက်ယောက် ဆင်စမ်းသလို ဖြစ်နေပါတယ်။
    ဒါကြောင့် သက်ဆိုင်ရာလက်မှတ်တွေ၊ဘွဲ့တွေရလို့ အလုပ်လျှောက်ကြတဲ့အခါ လုပ်သက်နဲလို့၊ အတွေ့အကြုံမရှိကြလို့ တော်ယုံ အလုပ်ရှင်က သိပ်မခန့်ချင်ကြဘူး ဖြစ်နေပါတယ်။
    ဒါတွေကတော့ အရင်းအနှီးတွေပါ။ တိုင်းပြည်တိုးတက်ဖို့ အဆင့်မြှင့်ဖို့ ဒါတွေလိုနေပါသေးတယ်။
    ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုထဲမှာ ဒါတွေပါတောင်းခံသင့်ပါတယ်။

  • weiwei

    March 24, 2012 at 11:22 am

    သိပ်ကောင်းတဲ့ ပုံပြင်လေးပါပဲ …
    ကျွန်မ စက်မှုအင်ဂျင်နီယာနဲ့ဘွဲ့ရပြီးတော့ အိမ်က မီးစက်ပျက်တာကိုတောင်မှ ဘာပျက်လို့ပျက်မှန်းမသိခဲ့တုန်းက အဟားခံခဲ့ရတာလေး သတိရသွားမိတယ် …

  • yaungchikha

    March 24, 2012 at 11:32 am

    မြင်းတက္ကသိုလ်နဲ့ ဥပမာပေးပုံလေးက ကောင်းတယ်ဗျ..

  • blackchaw

    March 24, 2012 at 5:20 pm

    ကိုပါလေရာရေ။
    ပုံပြင်ကောင်းကောင်းလေးတစ်ပုဒ်ပြောပြတဲ့အတွက် ကျေးဇူးပါဗျာ။
    ပုံပြောခ လက်မလေးတစ်ချောင်းထောင်သွားပါတယ်။
    😀

  • MaMa

    March 24, 2012 at 9:24 pm

    ဦးပါလေရာ ပြောလိုက်မှဖြင့် အရှိုက်ကို ထိတာချည်းပဲ။
    သို့သော် မှန်တိုင်းမကောင်းဘူး။
    ပုံပြောကောင်းတဲ့ဆုရထားတဲ့ ဦးပါလေရာလည်း
    နေရာတိုင်းမှာတော့ သွားမပြောနဲ့နော်။ 😛

  • နေဝန်းနီ

    March 24, 2012 at 10:39 pm

    ကျွန်တော်တို့လည်း မြင်းတက္ကသိုလ်ဆင်းတွေပဲဗျ…………. ဟား ဟား ဟား ရယ်ရတယ်…။ အတည်ပေါက်မနောက်နဲ့ဗျာ….။ ဒီမှာ ရယ်မရ ငိုမရဖြစ်နေတာ ဦးပါ ပုံပြင်နဲ့ တွေ့မှပဲ ……

  • ဦးဦးပါလေရာ

    March 24, 2012 at 11:28 pm

    ဟေ့… ဟေ့… ဘော်ဘော်တို့……
    ကျုပ်ကတော့ ကျုပ်ပြောတဲ့ပုံပြင်မဟုတ်ဘူးလို့ ဇွတ်ငြင်းမှာပဲနော်.. 😀
    ခင်ညားတို့မယုံရင် ဗေဒင်ဆရာကို မေးကြည့်… တူကြောတာ…. 😀

    ဒီပိုစ့်ကတော့ ပြန်လှန် ဆွေးနွေးရမယ့်ပိုစ့်မျိုးမဟုတ်လို့
    ကျုပ်တောင်ရေးမြောက်ရေးလုပ်သမျှ အားပေးကြတဲ့ရွာသားအပေါင်းကို
    ကျေးဇူးတင်ကြောင်းပဲပြောပါရစေတော့….

    အပေါ်ကပုံပြင်ထက် ကိုကြောင်ကြီးရဲ့ကဗျာက ပိုမိုက်တယ်ဗျ….
    (ဆရာခင်များ တိန်မြည်သွား တွေ့လိုက်ရတာ ‘လား’..။)…တဲ့ 😀 😀

  • Khin Latt

    March 24, 2012 at 11:50 pm

    ဦးဦးပါလေရာ

    အကောင်းဖက်ကို မြင်ကြည့်ရင်
    “ဘာမှ မသင်ရတာ ထက်စာရင် လက်တွေ့မပါလဲ သီအိုရီ စာတွေ့လေး သိထားလျင်မဆိုးဘူး” ပေါ့။
    အဆိုးဖက်က ကြည့်မယ်ဆိုရင်တော့
    “အပြည့်အစုံ သေသေချာချာ မသိဘဲ မစို့မပို့ နဲနဲ သိထားခြင်းဟာ တကဲ့ အန္တရာယ် ဘဲ” တဲ့။
    (အဲဒါ သိုးဆောင်း စကားပုံ မဟုတ်လား
    ‘A little knowledge is a dangerous thing’ and ‘a little learning is a dangerous thing’ )

    ဆိုတော့
    ကျွန်မတို့ နိုင်ငံမှာ အဲဒီ နဲနဲ လေးအသိတွေ က ပြသနာ ဖြစ်နေတာဘဲ ထင်တာပါဘဲ ရှင်။

    ခဲတစ်လုံး နဲ့ နေရာတွေ အများကြီးကို ထိသွားတဲ့ ပုံပြင်လေးပါဘဲ။
    အဲဒီပုံပြောဆရာကို ကျေးဇူးတင်ကြောင်း လေးမျှပေးပါဦး။ 🙂

  • လက်တွေ့မပါ ရင်လဲ ဗလာ။
    သီအိုရီမပါတော့လဲ ဗလာ။
    သီအိုရီရောလက်တွေ့ပါ မပါ။
    အဲဒါ ကျနော်တို့ရဲ့ရွှေမြန်မာ။
    ဒါပေမယ့် လက်မကလေးထောင်လို့ ခပ်မာမာ။

  • kokothandar

    March 25, 2012 at 11:58 am

    တစ်ကယ်တော့လဲ စစ်အစိုးရက တက္ကသိုလ်တွေကို တက္ကသိုလ် အင်္ဂါရပ်နဲ့ မပြည့်တဲ့ အထက်တန်းအဆင့်
    မြင်းတက္ကသိုလ်တွေ ဖွင့်ပေးပြီး လူငယ်တွေ အညွှန့်တွေကို ချိုးတာမဟုတ် အဆိပ်ရည်လောင်းချသွားတာ။
    ရက်စက်ပါပေ့ အာဏာရူး ရွှေကြီးရယ် နောင်ဘဝမှာ မိုးခေါင်ရေရှားဒေသ မြင်းလှည်းမှာ အခိုင်းခံရတဲ့
    မြင်း ဖြစ်ပါစေဗျာ မျက်လုံးတစ်ဖက်လပ်ပြီး ခြေတစ်ဖက်လည်း ဆာနေပါစေ။

Leave a Reply