မြန်မာတွေသေကုန်တော့မှာပဲ

phone_kyawMarch 24, 20121min1517

ကျနော်ဩစတျေးလျ မိုင်းမှာ လုပ်နေတာ ၂၀၀၈-ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မိုင်းလေးငါးခုမှာ လုပ်ဘူးတယ်။ ကျနော့်အတွေ ့အကြုံအရဆိုရင် ဖားကန် ့က ကျောက်စိမ်းတူးနေတဲ့ ဓာတ်ပုံကို တွေ ့တော့ အတော်လေးကို ရှော့ဖြစ်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့-

၁) မိုင်းပတ်လည်မှာ လူနေအိမ်တွေရှိနေတယ်။ အိမ်ခေါင်မိုးတွေကို သတိထားပြီး ကြည့်ကြည့်ပါ။ ဖုန်တွေ နည်းတာမဟုတ်ဘူး။

၂) အင်မတန်ကြီးတဲ့မိုင်းတွင်းဖြစ်ြ

ပီး Traffic Management  လို ့ခေါ်တဲ့ Stop Sign လုပ်ထားတာ၊ သတိပေးထားတာမရှိဘူး။

၃) Dust Control မတွေ ့ဘူး။ ဥပမာ ဖုန်တွေလေထဲမပျံ  ့အောင်ရေဖြန်းတဲ့စနစ်မရှိဘူး။

၄) Environmental Management လို ့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ဖို ့လုပ်ထားတဲ့ ဌာနမရှိဘူး။

၅) Dump Truck တွေနဲ ့လူတွေ အလုပ်လုပ်နေတာ အရမ်းနီးကပ်နေတယ်။

မိုင်းတစ်ခုလုံးခြုံကြည့်ရင် အတော်လေးကို ကြောက်စရာကောင်းတဲ့မိုင်းတစ်ခုပါ။ လူတွေ ဘယ်နှစ်ယောက်တောင်သေပြီးပြီလဲ မသိဘူး။ အဓိက ကြောက်စရာကောင်းတာက Pneumoconiosis (CWP) လို ့ခေါ်တဲ့ အဆုတ်ရောဂါ နဲ ့Silicosis လို ့ခေါ်တဲ့ ဖုန်ထဲမှာ စီလီကာတွေကြောင့်ဖြစ်တဲ့ အဆုတ်ကင်ဆာတွေဖြစ်ပါတယ်။ ဒီရောဂါတွေကို ကုဖို ဆေးမရှိသေးပါဘူး။ ဒါတွေ မဖြစ်အောင် မိုင်းတစ်ခုတူးတိုင်း ကြိုတင်ကာကွယ်ရပါတယ်။ အဓိက Dust Control လို ့ခေါ်တဲ့ ရေဖြန်းနည်းနဲ ့ထိန်းရင်ထိန်း၊ မထိန်းချင်ရင် မျက်နှာမှာ ကာဘာတစ်ခုတပ်ရတယ်။

နောက်တစ်ခုက လူနေအိမ်တွေကို မိုင်းနဲ ့အနည်းဆုံး ငါးမိုင်ပတ်ဝန်ကျင်လောက်ကို ရွှေ  ့ရတယ်။ မိုင်းနားမှ လူနေအိမ်တွေမနေရဘူး။ အခု ဓာတ်ပုံထဲမှာတွေ ့တဲ့ဖားကန် ့မိုင်းနားမှာ လူနေအိမ်တွေရှိတာမကောင်းဘူး။ အကုန်သေကုန်တော့မှာပဲ။

သတ္တုတွင်းဝန်ကြီးနဲ ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးတွေ ဒီကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖို ့လိုနေပြီ။

ဒါတောင် ဖားကန် မိုင်းတွင်းဓာတ်ပုံပဲ ကျနော်တွေ ့လို ့။ မြန်မာပြည်မှာ အခြားမိုင်းတွင်းတွေရှိသေးတယ်။ ဖြစ်နိုင်ရင် မီဒီယာသမားတွေ ဓာတ်ပုံ (သို ့) ဗွီဒီယို ရိုက်ပြီး လူထုကို ချပြစေချင်တယ်။

လူတွေရဲ  ့ကျန်းမာရေးနဲ ့မြန်မာပြည်ရဲ  ့တောတောင်ရေမြေကို မထိခိုက်ဖို ့အတွက် မိုင်းတူးတဲ့ကုမဏီတိုင်း လုံးဝတာဝန်ယူရတယ်။ သတ္တုတွင်းဝန်ကြီးဌာနရဲ  ့အလုပ်က Guideline and Standard သို ့ လိုက်နာရမဲ့စည်းကမ်းနဲ ့စည်းမျဉ်းသာ ချပေးပါ။ ပြီးရင် မိုင်းကုမဏီတွေ လိုက်နာလား မလိုက်နာလားဆိုတာကို ပုံမှန် Inspection and Assessment လုပ်ပေးယုံပဲ။ မလုပ်ဘူးဆိုရင် ဒဏ်ရိုက်ပြီး သူတို ့မိုင်းတူးလို ့မရအောင် လုပ်ထားပေးယုံပဲ။ ဒီလိုလုပ်ရင် သူတို ့ဂရုစိုက်လိမ့်မယ်။

ဒါဆိုရင် လူတွေနဲ ့ပတ်ဝန်းကျင်အတွက် ကောင်းတယ်။

ဒီမိုင်းကိုကြည့်ရတာ ကျနော်သာ ဝန်ကြီးဆိုရင် ပိတ်ပစ်တာကြာပြီ။ လုံးဝကို အဆင့်မရှိတဲ့မိုင်းတစ်ခုပဲ။ တူးပုံတူးနည်း၊ ကာကွယ်စောင့်ရှောက်နည်း၊ ကျန်းမာရေး နဲ ့ အသက်အန္တရာယ်လုံခြုံရေးတွေအတွက် လုံးဝမကောင်းဘူး။ တူးတဲ့ကုမဏီကို တရားစွဲလို ့ရတယ်။

အခုမြန်မာပြည်ရဲ  ့သတ္တုတွင်းဝန်ကြီးနဲ ့ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးတွေ ဒီလုပ်မသိချင်ယောင်ဆောင်တာမကောင်းဘူး။

နောက်ပြီး ဘယ်ရောက်သွားလဲ နေရာတကာပါတဲ့ပညာရှင်တွေ။ ဘယ်မှာလဲ မီဒီယာတွေ ဒီကိစ္စကို ထောက်ပြကြတာလဲရှိလဲ။

7 comments

  • maungmoenyo

    March 24, 2012 at 9:52 am

    မောင်မိုးညို စဥ့်ကူးမြို့မှ တာဝန်ကျစဉ်က ရွှေကြောတွေရှိတဲ့ ေးသတွေကိုမကြာမကြာရောက်ပါတယ်။ ကျန်းမာရေး ဗဟုသုတတွေ သိပ်မစဉ်းစား နိုင်တဲ့ ဘဝအခြေမှာရှိကြသူတွေ နေထိုင်ကျက်စားရာမို့ ခနတဖြုတ် ရောက်သူတွေအတွက် ခံစားမိစရာအခြေအနေ မရှိခဲ့ပေမဲ့၊ တိုးတက်ထွန်းကားတဲ့နိုင်ငံရောက်တဲ့ အဲ့ဒီဒေသနေသူတွေရဲ့ ဘဝကိုပြန်ပြောင်းသတိရတိုင်းမျက်ရေဆည်မရအောင်စိတ်ထိခိုက်မိပါတယ်။

  • laypai

    March 24, 2012 at 10:28 am

    မနေ့ ကပဲ မုံရွာ အ အသိတယောက်လာတယ်။
    ဒီ ရက်ထဲ မြေတုန် တဲ့ အထိ ပေါက်ကွဲ သံ တွေ ကြားနေရ တာ လေး ငါး ကြိမ်လောက် ရှိတယ် လို့ ပြောတယ်။ဘာမှ ထွေထွေ ထူးထူး ပြောသံ တော့ မကြားဘူး တဲ့။

    စကား စပ်တာ နဲ့ အသေအပျောက် ကို မေးကြည့် တော့ တခါက မိုင်းချိန် ဖေါက်ခွဲ မှု လွဲ ပြီး မိုင်းလုပ်သား တွေ နေ ရာ မယူ ရသေးခင် ပေါက်ကွဲ မှု ဖြစ်တော့ ပွဲချင်းပြီး သေတာ လဲ မနဲဘူး ဆိုပဲ။
    ခြေပြတ် လက်ပြတ် နဲ့ ဒဏ်ရာ ရတဲ့ သူ တွေ ကို မန္တလေး ဆေးရုံ ကို ပို့ တာ ဘီအမ် ကားနဲ့ နှစ်စီး အပြည့် က တပြိုင်တည်း ပို့ တာ။ နောက် လေး ငါး ယောက် တခါ သုံးလေး ယောက် တခါ က ခဏ ခဏ ဆို ပဲ။

    တာဝန်ရှိ သူတွေ က တာဝန် မသိတော့ လဲ ဘဝ အခက်အခဲ အတွက် ကာယအား ကို ရင်းပြီး လုပ်စားရတဲ့ ဘဝ သမားတွေ အတွက် လုံခြုံ မှု က တော့ စိတ်မကောင်းစရာ ပေါ့ နော်။

  • poeaung6

    March 24, 2012 at 11:17 am

    ဘာတွေလုပ်နေကြတာလည်း တာဝန်ရှိအစိုးရ တို့ရေ မီဒီယာများ ဝိုင်းပြောပေးကြဦး

  • အသူရာ

    March 24, 2012 at 11:55 am

    မိုးကုတ်က ကျောက်မိုင်းတွေရှိသေးတယ် ကိုဘုန်းကျော်ရေ့
    ကျောက်တွင်းတွေက ရွာလည်ခေါင်နဲ့ ရွာဘေးနားမှာပဲ
    under ground က ပေ (၁၀၀၀) ကျော်တယ်၊
    ဒေသအခေါ်လူးပေါက်တယ်ဆိုတာလည်း ခဏခဏပဲ။ လူးပေါက်တယ်ဆိုတာက မြေအောက်ထဲကနေ လှိုင်ခေါင်းတူးရင်းနဲ့ အပေါ်ကိုတက်လာပြီး အပေါ်ယံမြေသားကိုရောက်လာတာလေ
    အဲ့ဒီအပေါ်မှာရှိတဲ့ အိမ်ကတော့ အလုံးလိုက် တွင်းထဲကျသွားတာ မိသားစုလိုက်သေကုန်တာတွေရှိတယ်
    နောက်အခါအခွင့်သင့်ရင် ပုံနှင့်တကွ ဖော်ပြပေးပါမယ်

  • kai

    March 24, 2012 at 12:44 pm

    အဲဒီနယ်မှာအလုပ်လုပ်တဲ့.. ရွာသားတွေရှိပါတယ်.။
    စစ်ကြောင့်ဟိုရှောင်ဒီရှောင်နဲ့.. အခုဘယ်များရောက်နေတယ်မသိ…

    အင်း..
    ပြောရရင်.. အင်မတန်ဝမ်းနည်းစရာကောင်းတယ်..။
    တကယ်တော့.. အဲဒီသယံဇာတတွေက.. သွေးနဲ့ရင်းထွက်လာတာတွေပါ…။
    Blood Jade, Ruby ခေါ်ရမယ်ထင်တယ်..။ 😕

    ပြောရရင်.. ဧရာဝတီ..ချင်းတွင်းမိခင်မြစ်ကြီးတွေကိုလည်း.. ရွေတူးသမားတွေ..မြှင်းသတ်နေတာပဲ..
    စည်းကမ်းမရှိ..နည်းလုပ်ထုံးမသိ.. လုပ်ချင်သလိုတွေလုပ်လွှတ်နေတာ..

    အဲဒါတွေတွေးမိရင်.. ဘယ်ကဘယ်လို..ဘာလုပ်ရမှန်းတောင်မသိဘူး..ဖြစ်ဖြစ်သွားတယ်.။ 👿

  • “ဘီလူးကြီး”ogre

    March 24, 2012 at 7:29 pm

    မြန်မာမှာ ဒါမျိုးတွေက ..ရိုးဟိုး..ဟိုး…….ဟိုး…..နေပြီ
    သေမှာမကြောက်လို့ မြန်မာတွေ ပေတစ်ရာပေါ်တက်လျှောက်နေရတာပဲကြည့်လေ
    နောက်ဆိုရင်တော့ ကွန်ကရစ်လမ်းပေါ် တက်ရတော့မယ် လေ..
    ပျော်ထှာ 🙂 🙂

  • bigchef

    March 25, 2012 at 7:52 am

    အဲ ဒါတွေ သာတွေးနေမယ်ဆိုရင် အ ဆုတ်ရောဂါ မဖြစ်ခင် ထမင်း အ ရင်ငတ်သေလိမ့်မယ်။

Leave a Reply