နေပြည်တော်မှာ အခြေအနေကောင်းဘူး security

ကျပ်မပြည့်မင်းတြားကြီး စိုးစံတော်မူတဲ့ နေပြည်တော်မှာ လုံခြုံရေးအခြေအနေ မကောင်းလို့ ရှိတဲ့ မဲဆန္ဒနယ်လေးခုစလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ယူကေဂျီသတင်းဌာနအား ကိုးကား၍ အေပီသတင်းတရပ်တွင် ဖော်ပြသည်။

9 comments

  • winkyawaung

    March 24, 2012 at 9:42 am

    မနောက်ပါနဲ့ ဦးကြောင်ကြီးရယ်..။ တကယ်လားလို့ဗျာ..။

  • ဦးဦးပါလေရာ

    March 24, 2012 at 9:53 am

    ကိုကြောင်ရယ်..
    အထိတ်တလန့် မလုပ်ပါနဲ့
    သူတို့က အစကတည်းက ရွှေ့ချင်နေတာ..။

  • aunty tun

    March 24, 2012 at 10:06 am

    တကယ်လားလို့ လန့်သွားတာပဲ ။
    မနောက်ပါနဲ့ ကိုကြောင်ကြီးရယ် ။

  • water-melon

    March 24, 2012 at 10:13 am

    funny…funny…funny…
    Take heart.

  • စနေ

    March 24, 2012 at 12:49 pm

    ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်တို့၌ ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေကောက်ပွဲများကို ရက်ရွှေ့ပြောင်းလိုက်ကြောင်းသိရ

    ကချင်ပြည်နယ်ရှိ လစ်လပ်မဲ ဆန္ဒနယ် သုံးနေရာဖြစ်သော ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်တို့တွင် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေအရ ရက်ရွှေ့ပြောင်း လိုက်သည်ဟု သတင်းရရှိသည်။ မည်သည့်ရက်တွင် ပြန်လည်ကျင်းပမည်ဆိုသည်ကိုမူ မသိရှိရသေးပါ။

    ဧပြီလ ၁ ရက်နေ့၌ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာ ယခုကဲ့သို့ ရွှေ့ ဆိုင်းလိုက်သောကြောင့် ၄၅ နေရာ တွင်သာ ကျင်းပတော့မည်ဖြစ်သည်။
    မိုကောင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း

    ၁။ ဦးမိုးမြင့်မြတ် (NDF)

    ၂။ ဒေါ်ခင်ကြည် (NLD)

    ၃။ ဦးစိုင်းသန်းတင့်အောင် (SNDP)

    ၄။ ဦးထွန်းထွန်းအောင် (USDP)

    ၅။ ဒေါက်တာတူးဂျာ (တစ်သီးပုဂ္ဂလ)

    ဗန်းမော်မဲဆန္ဒနယ်တွင် ဝင်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း

    ၁။ ဦးဘမြင့် (NLD)

    ၂။ ဦးတင်ဌေး (တစည)

    ၃။ ဦးမြင့်စိုး (USDP)

    ဖားကန့်မဲဆန္ဒနယ်တွင် ဝင်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း

    ၁။ ဒေါ်ဘောက်ဂျာ (NDF)

    ၂။ ဦးစိုင်းသိန်းထွန်း (USDP)

    ၃။ ဦးဒါရှီလဆိုင်း (NLD)

    http://www.weeklyeleven.com/index.php?option=com_content&view=article&id=12931:2012-03-23-12-21-45&catid=42:2009-11-10-07-36-59&Itemid=112

  • mg mg

    March 24, 2012 at 4:06 pm

    သူကြီးက ငြင်းခုံခြင်းအနုပညာ၊ သူက ကြောင်ခြင်းအနုပညာ

  • sealion

    March 24, 2012 at 4:39 pm

    ထင်တာတော့ သူတို ့ပိုင်နယ်မြေမှာ မနိုင်မှာစိုးလို ့ရွေ ့လိုက်ပုံပဲဗျာ

  • MaMa

    March 24, 2012 at 9:21 pm

    စူပါကြောင်
    လူတကာကို လှောင်၊
    သူငါတွေ ကြောင်
    ဘယ်ဟာ အမှန်ဆိုတာ ညောင်…..

  • ကြောင်ကြီး

    March 24, 2012 at 9:22 pm

    လိမ်ဝံ့ပါဘူးဗျာ..။ U Kyaung Gyi သတင်းမှာ ရေးထားတာကို Aung Pu သတင်းအေဂျင်စီက တဆင့်ဖော်ပြပေးထားတာပါ။ မယုံရင် ဘပုကို တိုက်ရိုက်မေးကြည့်…။

Leave a Reply