ရယ်စရာ…မောစရာ

Phaung PhaungMarch 24, 20121min1588

ဟာသလေးတွေပါ…………… 🙂 ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ။

ရယ်စရာ(1)

အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင်
မင်းဘာလုပ်မလဲလို့
သူငယ်ချင်းတစ်ယောက်ကမေးတယ်။

ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။
ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။
အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။
ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။

စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီ
း ချီးကျူးနေမယ်။
ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ
ရှိမှရှိပါ့မလားလို့လည်း
တွေးနေမယ်။
ပြီးရင် ကျွန်တော်ပြုံးပြမယ်။
ထပ်ပြီးပြုံးဦးမယ်။
အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို
ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။

ဘာလုပ်မလဲ… ဟုတ်လား။
ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို
အောက်ချရတော့မှာပေါ့။
မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။

ရယ်စရာ(2)

အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ “အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ” ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက “အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ” ဆိုတာဖြစ်တယ်။

ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က “လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး” ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက “မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ” ဆိုတာကြောင့်ဖြစ်တယ်။

လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက “အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ” ဆိုတာပဲဖြစ်တယ်။

တော်သေးပြီနော်………………

8 comments

  • poeaung6

    March 24, 2012 at 10:56 am

    အားပေးသွားပါတယ်

  • အသူရာ

    March 24, 2012 at 3:01 pm

    ပေါက်ကျော်မ နဲ့ ဖြဲမဒို့ရေ ..
    ရေကူးကန်သွားရင် ချုပ်ရိုးခိုင်တာဝတ်သွားနော်
    တော်ကြာ ကြော်မကောင်း၊ကြားမကောင်းဖြစ်နေအုံးမယ် 😆

  • mg mg

    March 24, 2012 at 3:59 pm

    အသက်ရှည်ဆေး တိုက်ကျွေးပေးလို့ ကျေးဇူးပဲ။

  • thetnaingoo myanaung

    March 24, 2012 at 4:16 pm

    ရယ်စရာ မောစရာ ဖတ်ပြီး ရယ်မောသွားပါတယ်……..နောက်လည်း ရေးသားပါဦး……..။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 24, 2012 at 4:22 pm

    အူကိုနာရောပဲ ဖောင်ဖောင်ရယ်………
    ဟာသနံပါတ်နှစ်ကတော်တော့ကိုဟားရတယ်

  • ကြောင်ကြီး

    March 24, 2012 at 8:28 pm

    သူများဒွတ်ခရောက်နေဒါ ရယ်ကောင်းဘူးလေ… ဒါနဲ့ အဲဒီတုန်းက ဓါ့ပုံရိုက်ထားတာများ ရှိဘူးလား…။ မျက်မြင်ကိုယ်တွေ့ ယုံချင်လို့ပါ…။

  • kyawtheinmyint 23

    March 24, 2012 at 8:50 pm

    ကျုပ်ကတော့ ရေကူူးကန်သွားရင် ငယ်ငယ်တုန်းကလိုပဲ မွေးရာပါကို လက်နဲ့အုပ်ပြီး ဒိုင်ပင်ထိုးပစ်လိုက်ဦးမှာ။

  • Burmese or Chinese

    March 25, 2012 at 8:36 am

    ရယ်စရာ မောစရာ…အူကိုနာရောပဲ နံပါတ်နှစ်ကတော်တော့ကိုရယ်ရတယ်

Leave a Reply