အိမ်မက်လေးတွေ လှပါစေ…..

Khaing KhaingMarch 28, 20121min924

ပြောချင်တာလေးတစ်ခုရှိတယ် … ပြောပြန်ရင်လည်း မယုံကြည်သူတွေအော်တာခံရဦးမယ် …. ဒါပေသည့် ပြောတော့ပြောရမှာပဲ ….

ကျွန်မမှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ် အဲဒီအကျင့်ကဘာလဲဆိုတော့ ကိစ္စတစ်ခုဆို အိမ်မက်ထဲမှာ အရင်ကြိုမြင်ဖူးလေ့ရှိတာပဲ အဲဒါကကျွန်မအတွက်တော်တော်ဆိုးတဲ့ ကိစ္စတစ်ခုပါပဲ …ဒါတွေကို အရင်ကတော့ သတိမထားမိဘူး အခုလုပ်နေတဲ့အလုပ်ထဲ ဝင်တော့မှ သိသိသာသာကြီးသိလားတယ် … ကျွန်မယခုလက်ရှိအလုပ်ကိုဝင်တော့  ဘုရားတရားကို အာရုံစိုက်လုပ်ဖြစ်တယ်လေ … ဘုရားတရားမြဲတော့ သီလလေးကလည်းစင်ကြယ်လာတယ် အဲဒါနဲ့မကောင်းတာတွေရော ကောင်းတာတွေရော အိပ်မက်ထဲမှာ တွေ့တော့တာပဲ … ပထမဆုံးတိုက်ဆိုင်မှုကတော့ ကျွန်မတို့ကုမ္ပဏီမှာ သင်္ဘောသား ၂ ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုဆုံးသွားတယ် အဲဒီသင်္ဘောသား ကိစ္စတွေကို ကျွန်မလိုက်လုပ်ရတယ် တစ်နေ့ ဒုတိယတစ်ယောက်ဆုံးသွားတဲ့အချိန် ကျွန်မကိုယ်တိုင်လေယာဉ်ကွင်းမှာ Dead Bodyသွားထုတ်ရတယ် ဈာပနကိစ္စတွေကအစလိုက်လုပ်ရတယ် အဲအချိန်မှာ ကျွန်မစိတ်ထဲခံစားမှု တစ်ခုဝင်လာတယ် ဒီလိုကိစ္စတွေ ငါလုပ်ဖူးတယ် မြင်ဖူးသလိုပဲဆိုပြီး စိတ်ကဖြစ်လာတယ် နောက်တော့မှ ကျွန်မသတိရလိုက်တာ အိပ်မက်ထဲမှာပဲဆိုတာကိုပါ … အဲဒီအိပ်မက်က မက်ပြီးတာ ၁လလောက်တော့ကြာနေပါပြီ အဲဒီအိပ်မက်ကိုမက်ပြီးမနက်မှာ ကျွန်မတော်တော့် ကိုကြောက်ရွံခဲ့ဖူးတယ် …. သုသာန်မှာ လူသေအလောင်း၂လောင်းကို ဈာပနကိစ္စကိုလုပ်ပေးရတယ်လို့မက်ခဲ့တာ… အဲနောက်ပိုင်းကျွန်မအိပ်မက်တွေကို သတိထားမိလာတယ်  အိပ်မက်မက်ပြီးရင်လည်း သက်သေအနေနဲ့ သူငယ်ချင်းကို ပြောပြောပြထားမိတယ် နောက်တခါ ကျွန်မတု့ိရုံးက ဓာတ်ပုံကပ်ထားတဲ့ ဘုတ်ပေါ်မှာ ဓာတ်ပုံတစ်ပုံမှ မရှိဘူးလို့မက်ပြန်ရော အဲဒီအိမ်မက်ကတော့မက်ပြီးသိပ်မကြာဘူး ကျွန်မတို့ကုမ္ပဏီ ကသင်္ဘောတစ်စီးမီးလောင်သွားတယ် အဲသင်္ဘောနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုဖြုတ်လိုက် ရတယ်လေ … ဒီလိုနဲ့ကျွန်မအသိတစ်ယောက်ကို ပြောပြမိတယ် သူကဘုန်းဘုန်းတစ်ပါးဆီကိုခေါ်သွားတယ် အဲဒီလိုတွေဖြစ်နေတာ ကျွန်မလုံးဝမကြိုက်ဘူး … ဘုန်းဘုန်းကိုကျွန်မမက်တဲ့အိပ်မက်အကြောင်းတွေကိုလျှောက်တင်မိတယ် ဘုန်းဘုန်းဘုရား တပည့်တော်ရဲ့ အိပ်မက်ထဲမှာကုန်းပေါ်မှာရှိတဲ့စေတီပေါ်ကို ရေတွေတက်လာတာ ဘုရားကုန်းတစ်ခုလုံးရေလွှမ်းမိုးသွားတယ်လို့မက်ဖူးပါတယ်ဘုရားလို့ လျှောက်တော့… ဘုန်းဘုန်းကဘေးမှာရှိတဲ့ ဒကာမတစ်ယောက်ကို အင်း ဒီပုံဆို ရန်ကုန်မြို့မှာရေကြီးဦးမယ်တဲ့ မကြာပါဘူး ရန်ကုန်မှာ အချိန်အခါမဟုတ်မိုးရွာပြီးရေတွေကြီးတယ် လွန်ခဲ့တဲ့ ၂နှစ် ၃ နှစ်ဖြစ်မယ် အဲအချိန်က နာဂစ်ဖြစ်ပြီးသွားပြီ အချိန်ကာလကိုကျွန်မသိပ်မမှတ်မိတော့ဘူး … နောက်ထပ်မက်တဲ့အိပ်မက်တွေအကြောင်းကို ဘုန်းဘုန်းဆက်ပြီးလျှောက်တင်မိတယ် အိပ်မက်ထဲမှာေရေတွေကို ကျွန်မမကြာမကြာမက်တယ် လူတွေပါပါတယ်လို့ကျွန်မလျှောက်တင်တော့ ဘုန်းဘုန်းကခေါင်းလေးတစ်ချက်ငြိမ့်ပြီး အော် .. နာဂစ်တုန်းက ဧရာဝတီတိုင်းမှာ သေဆုံးသွားတဲ့လူတွေမကျွတ်ဘူးလေ သူတို့တွေလဲ အမျှအတန်းလိုချင်နေကြရှာတယ်တဲ့ အဲဒါကြောင့် ဒကာမလေးဘုရားရှိခိုးပြီးတိုင်း ရေဘေးနဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့လူတွေကို မေတ္တာပို့ပေးပါတဲ့ နောက်ထပ်မက်တဲ့အိပ်မက်ကတော့ သံဃာတော်တွေနဲ့ပတ်သက်ပါတယ်ဘုရား အဲဒါကရော ဘယ်လိုဖြစ်တာလဲဘုရားလို့မေးတော့ ဘုန်းဘုန်းက လူတွေအမျှဝေရင် သေဆုံးသွားတဲ့လူူတွေကိုပဲ အမျှဝေကြတယ်တဲ့ ပျံလွန်သွားတဲ့ဘုန်းဘုန်းတွေဆို မကျွတ်မလွတ်တာလည်းရှိနိုင်တာပဲတဲ့ အဲဒီဘုန်းဘုန်းတွေက အမျှမရကျရရှာဘူး ဒါကြောင့် ညည်းကိုအိပ်မက်ပေးတာနေမှာပေ့ါတဲ့ သူတို့ကိုအမျှအတန်းလေးဝေပေးလိုက်ပါတဲ့ …ကျွန်မလည်း ဘုန်းဘုန်းပြောတဲ့အတိုင်းပဲ အမျှအတန်းဝေရင် ရေဘေးသင့်တဲ့လူတွေရော ပျံလွန်သွားတဲ့သံဃာတော်တွေ ကိုပါထည့်ဝေဖြစ်တယ် …. အဲသည်လိုအမျှအတန်းပေးရင်အဲဒါတွေနဲ့ပတ်သက်တဲ့အိပ်မက်တွေက မမက်တော့ဘူး တစ်ခါတစ်လေ ကိုယ်ကသိပ်ပင်ပန်းအလုပ်မအားလို့ ဘုရားကိုဝတ်ပြုရုံပဲ ပြုလိုက်ရင် အိပ်မက်တွေကပြန်ပြန်မက်တယ် …. အမျှလိုချင်နေကြရှာမှာပေ့ါလေ မကောင်းတဲ့အရာတွေဆိုတာ အမြဲရှိနေမှာကို …

နောက်တစ်ခုကျွန်မပြောချင်တာရှိသေးတယ် ညဘက်ဆိုခွေးတွေအူရင် ကျွန်မသိပ်ကြောက်တယ် ကျွန်မငယ်ငယ်ကခွေးဟောင်ရင် သိတာကခွေးတွေကမကောင်းဆိုးဝါးတွေကိုမြင်လို့ အူတာတဲ့ အခုချိန်မှာအဲဒီကိစ္စဟုတ်မဟုတ်ကျွန်မလည်းစမ်းချင်စိတ်ပေါ်လာတာနဲ့ ညဘက်ခွေးတွေအူရင် အဲဒီနေရာကိုစိတ်ကိုမှန်းဆပြီး ကျွန်မပြုလုပ်ခဲ့တဲ့ကုသိုလ်ဒါနတွေကို အမျှပေးလိုက်တယ် တိုက်တိုက်ဆိုင်ဆိုင်ခွေးအူသံကရပ်သွားတယ်… တစ်ခါမဟုတ်ဘူး ကျွန်မအခါခါလုပ်ဖူးတယ် တစ်ခါတစ်လေ ကျွန်မခွေးအူသံကြားရင် အိပ်ချင်တာနဲ့အမျှမဝေဖြစ်ဘူး အဲဒီလိုအချိန်ဆိုရင် ခွေးတွေကအူတာတော်တော်နဲ့မရပ်တော့ဘူး … ကျွန်မအဲဒီလိုအဖြစ်တွေကို ယုံလည်းမယုံချင်ဘူး ဖြစ်လည်းမဖြစ်ချင်ဘူး…. မယုံချင်ပေမယ့် ဖြစ်နေတာကတစ်ကယ်လေ … အနည်းအကျဉ်းတော့လက်ခံမိတယ်  အသိပို့ပေးတဲ့ ဘုန်းဘုန်းဆီကိုလည်းကျွန်မမကြာခဏသွားဖြစ်တယ် အိပ်မက်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြောဖြစ်တယ် ဘုန်းဘုန်းကဒကာမလေး ဒါတွေကလူတိုင်းမဖြစ်ဘူးတဲ့ မမြင်အပ်တဲ့အရာတွေက အကူအညီလိုအပ်တတ်ကြတယ် ကိုယ်ကသူတို့အတွက်ကူညီပေးရတာ အရမ်းကိုကုသိုလ်ရတယ် မြင်ရတဲ့လူ ဒုက္ခ ရောက်ရင် ကူညီလို့ရပေမယ့် မမြင်ရတဲ့သူတွေအတွက်ကတော့ အကူအညီကိုရဖို့ တော်တော်ခက်ခဲတယ်ဒကာမလေးရဲ့ သူ့တို့ခင်မျာ လူတိုင်းကိုအကူအညီတောင်းလို့မရနိုင်ရှာဘူးလေ ဒါကြောင့်ဒကာမလေးတို့လို့ လူတွေဆီကိုတောင်းရတာပေါ့တဲ့ နောက်ဆိုအပြင်မှာတောင် ဒကာမလေးကို အကူအညီတောင်းလိမ့်မယ်တဲ့ အို …. ကျွန်မစိတ်ထဲတော်တော်လေး ကြောက်သွားမိတယ် ကျွန်မ သရဲအရမ်းကြောက်တတ်တာ … ဘုန်းဘုန်းကဆက်ပြောပါတယ် ဒါမျိုးကလည်းး အချိန်းတိုင်းမဖြစ်ပါဘူး အချိန်အတိုင်းအတာတစ်ခုထိတော့ ဖြစ်နေဦးမှာပဲတဲ့ ဒီလိုနဲ့ ကျွန်မအိမ်ကိုပြန်ခဲ့တယ် တစ်နေ့ ကျွန်မခြံထဲ ဆင်းပြီး ဘုရားစာရွတ်မလို့ တရားနာလာရန်အတွက် ခြံစောင့်နတ်တွေ မမြင်အပ်မြင်အပ်တွေကို ဖိတ်ကြားမိတယ် ကျွန်မကလမ်းလျှောက်ရင်း ဘုရားစာရွတ်နေမိတယ် .. ကျွန်မနောက်က ခြေသံကိုကြားနေရတယ် ကျွန်မလှည့်ကြည့်တော့ မည်သူမှမရှိ အဲဒါနဲ့ကျွန်မဆက်ပြီးဘုရားစာရွတ်တယ် ဒီလိုပဲ အနောက်ကလိုက်နေတယ် ဪ ကျွန်မသိလိုက်ပြီ စောစောကကျွန်မနှုတ်ကပင့်ဖိတ်လိုက်မိတာကို ဒီလိုသေချာကြုံလာတော့ ကျွန်မအရမ်းကြောက်တယ် ဒါနဲ့ကျွန်မလည်း အိမ်ပေါ်ကိုတက်ပြေးတော့တာပဲ ဘုရားစင်ရှေ့မှာ ငုပ်တုပ်ထိုင်ပြီး ဘုရားဆက်ရှိခိုးလိုက်တယ် ကျွန်မအဖြစ်ကိုမြင်တဲ့ ဦးလေးက ဘာဖြစ်သလဲလို့မေးတယ် အဖြစ်အပျက်တွေကို ကျွန်မပြောပြတော့ ဦးလေးက အဲလိုမလုပ်ရဘူးသမီး သူတို့က သမီးရွတ်တဲ့ ဘုရားစာကို နာချင်လို့လာတာလေ သမီးခေါ်ထားတာ သူတို့သမီးကို ဘာမှမလုပ်ပါဘူးလို့ ဦးလေးကနှစ်သိမ့်ပေးပါတယ် ….ဆက်ပြီးအိပ်မက်အကြောင်းလေးပြောဦးမယ် အိမ်မက်ထဲမှာ ဘုရားတစ်ဆူကို မကြာခဏမက်ပြန်တယ် အဲဒီဘုရားကို ကျွန်မလုံးဝမရောက်ဖူးဘူး ဘုရားက ရေကန်ဘေးမှာရှိတဲ့ စေတီငယ်လေးပါ … ဒီလိုနဲ့ ကျွန်မမေ့မေ့ပျောက်ပျောက်နေခဲ့တယ် စိတ်ထဲမှာတော့ အဲဒီဘုရားမှာ ကိစ္စတစ်တစ်ခုပေါ်နေတယ်လို့ တွက်ဆမိတယ် ဒီလိုနဲ့ ကျွန်မဘုန်းဘုန်းကျောင်းကို အလှူကိစ္စတစ်ခုရှိလို့ လှူဖွယ်ဝတ္ထုတွေသွားလှူစဉ် ဘုန်းဘုန်းပြောသံကိုကျွန်မကြားလိုက်တာ ဘုန်းဘုန်းဘုရား ၂ဆူ ပြန်လည်မွမ်းမံတည်နေတယ်လို့ပေ့ါ .. ကျွန်မလည်းဘုန်းဘုန်းကို ဘာမျှမလျှောက်ပဲ အသာလေးနေမိတယ် ပြီးမှဘုန်းဘုန်းကျောင်းက ကပ္ပိယကြီးကိုမေးကြည့်မိတယ် ဘုန်းဘုန်းနောက်ဘုရားတစ်ဆူကို ဘယ်နေရာမှာတည်နေသလဲလို့ပေ့ါ ကပ္ပိယကြီးကပြောတယ် ဘုရားနံမည်ကိုတော့ အမှန်ထည့်မပြောတော့ပါဘူး ရေကန်နားကဘုရားတစ်ဆူကိုတည်နေတယ်တဲ့ စေတီနံမည်မှာ ကန်ဆိုတဲ့နံမည်တောင်ပါတယ် ကျွန်မလည်း အရမ်းအံ့ဩမိတယ် စေတီရဲ့ပတ်ဝန်းကျင်ပုံသဏ္ဍန်ကိုကျွန်မပြောပြလိုက်တော့ ကပ္ပိယကြီးက ဟုတ်တယ်တဲ့ သမီးရောက်ဖူး လားလို့မေးပါတယ် ကျွန်မဘယ်လိုပြောရမလဲ အခုချိန်အထိအဲဒီစေတီကျွန်မမရောက်ဖူးပါဘူး ကျွန်မရောက်ဖူးဖို့လည်းမလွယ်ဘူး တောရွာကလေးမှာပါ … ဒါပေသည့် ဘာပဲပြောပြော ကျွန်မလှူဒါန်းစရာရှိတာကိုတော့ အဲဒီစေတီလေးအတွက်ပါလှူဒါန်းခဲ့ပါတယ် …..   ကျွန်မမက်ဖူးတဲ့အိပ်မက်တွေကအများကြီးရှိခဲ့ ဖူးသလို ကြုံရတာတွေလည်းအများကြီးပါ ဒါပေသည့် နောက်အခါအခွင့်သင့်မှပဲ ဆက်လက်ဖော်ပြ ပေးပါမယ် အခုအိပ်မက်တွေမမက်တာ တော်တော်ကြာနေပါပြီ …..အိပ်မက်မကောင်းလို့ နိုးခဲ့ရင် အဲသည်အဖြစ်တွေအပြင်မှာဖြစ်မှာစိုးရိမ်လို့ မိုးလင်းတာနဲ့ ကျွန်မဘုရားစာရွတ် ဘုရားကိုအရင်ဆုံးဝတ်ပြုလိုက်တယ် ………. တစ်ကယ်တော့ ကျွန်မလူ့ဘဝမှာ ရိုးရိုးရှင်းရှင်းနဲ့ ရှင်သန်နေထိုင်သွားချင်တာ စိတ်ရင်းအမှန်ပါ ……..

 

ခင်မင်စွာဖြင့်

Khaing Khaing

 

 

4 comments

  • FattyCat

    March 30, 2012 at 9:55 am

    ဟုတ်တယ်အခိုင်ရေ-
    လောကကြီးမှာ လူတွေက အရှေ့ကိုကြိုမြင်ချင်ကြပေမယ့် တကယ်ကြိုမြင်ကြတဲ့လူတွေအတွက် ဒုက္ခအတိဆိုတာ ကြုံဖူးတဲ့လူမှသိကြမှာပါ….
    ဘာပဲဖြစ်ဖြစ် ဘာသာရေးက လူတွေအပေါ်မှာ အကျိုးမယုတ်ပါဘူးလေ…ဆက်လုပ်ပါ…အားပေးပါတယ်…

    • ဖားသက်ပြင်း

      March 30, 2012 at 10:06 am

      အစာကျေအောင်
      ဒါလေးနဲ့ပါ တွဲစားရတယ်ကွဲ့ ..
      http://en.wikipedia.org/wiki/Telepathy

      ပြန်လာခဲ့ပါ့မယ်..
      ဒက်ဂလောက်…

  • ဆူး

    March 30, 2012 at 10:03 am

    ခိုင်ခိုင် ရေ ညီမလို မျိုး အမလည်း ခဏခဏ ကြုံဖူးတယ်။

Leave a Reply