ဒီနေ့ ရန်ကုန်

black chawMarch 24, 20122min26227
သဇင်ဆောင်မျက်စောင်းထိုးက အခုတ်ခံထားရတဲ့ ကြက်ဆူပင်တွေ။
အရေးပေါ်ကျင်းပတဲ့ စာနယ်ဇင်းညီလာခံ
အသစ်ဖွင့်ထားတဲ့ Junction Square ။

ဓါတ်ပုံ ၃ ပုံနဲ့ ပို့စ်တစ်ပုဒ်တင်သွားတယ်လို့ ပြောရင်လည်း ခံရတော့မှာပဲဗျာ။ ဒီနေ့ ဘယ်လိုမှ ဓါတ်ပုံတင်လို့ မရဘူး ဖြစ်နေပါတယ်။
အဲဒီတော့ ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့တာနဲ့ ဒီသုံးပုံနဲ့ ပဲလွှတ်လိုက်တော့မယ်ဗျာ။
ပြောချင်တာက မြတ်မြတ်နိုးနိုး ပိုးမွေးသလို တယုတယ စိုက်ပျိုးခဲ့ကြတဲ့ ကြက်ဆူပင်တွေကို အခု ရက်ရက်စက်စက် ခုတ်ပစ်နေတဲ့ အကြောင်း။
မြန်မာနိုင်ငံ စာနယ်ဇင်း အရေးပေါ်ညီလာခံ ဆိုင်းဘုတ်လေး အကြောင်း။
ကြံတော ကားပွဲစားတန်းနားမှာ အသစ်ဖွင့်လိုက်တဲ့ Junction Square အကြောင်း။
လက်လျှော့ပါပြီ ကော်နက်ရှင်ရေ။

ကြက်ဆူပင်ခုတ်ပေမယ့် ကျန်နေတဲ့ ကြက်ဆူငုတ်တွေ။
Junction Square ကားပါကင်။
Junction Square ထဲမှာပါတဲ့ အဆောက်အဦတစ်ခု။
တတ်ဆင်ဆဲ Junction Square ထဲက မြင်ကွင်းတစ်ခု။

27 comments

  • windtalker

    March 24, 2012 at 6:37 pm

    တံတား ဒကာရေ ။
    ကြက်ဆူပင်တွေ ကို ခုတ်ပစ်တာက နဲနဲမှကို အသုံးမဝင်တော့တာလား ၊ အသုံးမလိုတော့တာ တဲ့လားဗျ ။
    “ အရေးပေါ် ” ဆိုတဲ့ ခေါင်းစဉ်တပ်ထားတာ မြင်ရတော့ ၊ မည်သို ့မည်ပုံအရေးတွေများ ပေါ်ကုန်ပါသလိမ့် လို ့သိချင်မိပါရဲ ့ဗျာ ။
    ဂျန်းရှင်းစကွဲ ဆိုတာကိုတော့ ၊ ရန်ကုန်ရောက်မှဘဲ တံတားဒကာ တို ့ရဲ ့လိုက်လံတည်ခင်းမယ့် ဒင်နာပါတီ ကို အဲ့မှာလုပ်ရင်ကောင်းမယ်လို ့စိတ်ကူးမိသဗျာ ။

  • “ဘီလူးကြီး”ogre

    March 24, 2012 at 7:22 pm

    ကြက်ဆူပင်တွေ ဘယ်သူခုတ်တာလဲကွ
    အဲဒီကြက်ဆူဆီနဲ့ ဒုံးပျံပစ်တဲ့လောင်စာထုတ်မလိုဟာ…အခုတော့……… 🙁 🙁

    • နေဝန်းနီ

      March 24, 2012 at 8:39 pm

      ဘီလူကြီးရေ့ ငါ့အိမ်ရှေ့မှာမခုတ်ပဲတစ်မင်ထားထားတာလာယူလှဲ့ ငိုမနေမဲ့….။ တိလား

  • ကိုရင်မောင်

    March 24, 2012 at 9:11 pm

    ကြက်ဆူပင်ကတွက်ခြေမကိုက်လို့
    ဘဲဆူပင်စိုက်မလို့ဟဲ့ ဘီလူးကြီးရဲ့…..

  • ဦးဦးပါလေရာ

    March 25, 2012 at 12:08 am

    ကိုဘလက်ရေ-
    ဒီဓါတ်ပုံသုံးပုံကိုက
    ဇတ်လမ်းသုံးခုကိုပြောပြနေပါတယ်ဗျာ..။

  • Khin Latt

    March 25, 2012 at 12:12 am

    အဲဒီ ကြက်ဆူပင် ခုတ်တာကရော – ယတြာ ဘဲလား ဟင်။
    Eco ပုံမျှော်နေတယ် ကိုဘချောရေ။
    ကျွန်မ နဲ့ ဘယ်သူအဖော်ပြုပြီး လွမ်းကြပါ့မလဲ? 😉

  • Mလုလင်

    March 25, 2012 at 12:40 am

    ကြားတာ က .. ကြက်ဆူပင် ကနေ ဘိုင်အို ဒီဇယ် ထုတ်ဖို့ .. ဓတ်ကူ ပစ္စည်းတွေက အလွန်ဈေးကြီး တယ် ဆိုလားပါပဲ … အဲ့ ကြက်ဆူပင် တွေက စားလို့ လဲမရ … ဆိုတော့ ……

  • padonmar

    March 25, 2012 at 3:26 am

    ကိုဘလက်
    ဒီတစ်ခါတော့ ကိုယ့်ဖာသာတွေးကြတော့ဗျာပေါ့ဟုတ်လား။
    အဲဒီနေရာက ကြက်ဆူပင်တွေက ညီညီညာညာဆိုတော့ လှတောင်လှနေသလိုပါပဲ ။
    နေရာအသုံးပြုဖို့ ခုတ်တာဆိုရင်တော့ သင့်ပါတယ်။
    စိုက်တာတစ်နေရာ ခုတ်တာ တစ်နေရာတော့ မဖြစ်သင့်ပါဘူး။

  • kai

    March 25, 2012 at 4:47 am

    ၃ ပုံထဲပဲ… ဒါပေမဲ့.. သတင်းပုံကောင်းတွေပေါ့…။
    သစ်ပင်ခုတ်တာတော့.. အားမပေးပါဘူး..
    ဘာပင်ဖြစ်ဖြစ်.။
    အချိန်ကာလတခု ရင်းထားတာ.. ပြန်မှမရနိုင်တော့တာပဲ..။
    အဲဒီနေရာကဖယ်လွန်းစေချင်ရင်.. အမြစ်ကနေနှုတ်ပြီး… တနေရာမှာပြောင်းစိုက်ပေါ့.. 😆

    စာနယ်ဇင်းအဖွဲ့အရေးပေါ်နေပုံရပါတယ်..။
    ကျုပ်တော့.. စာနယ်ဇင်းသမဂ္ဂလို့အမည်ပြောင်းပေးချင်တာ..
    သူတို့က.. အမည်မပြောင်းကြရင်.. မီဒီယာသမားတွေစုပြီး.. စာနယ်ဇင်းသမဂ္ဂအသစ်လုပ်ကြချင်တာ..။
    ရုပ်ရှင်အစည်းအရုံးကတော့.. လွတ်လပ်ရေးရသွားပြီတဲ့နော….
    စာနယ်ဇင်းသမားတို့ရေ…။

    Junction Square ကတော့ မရောက်ဖူးသမို့ မသိပါဘူး..
    တော်တော့ကို မှောင်တာတော့သိတယ်..။

  • Foreign Resident

    March 25, 2012 at 5:50 am

    Junction Square မြေညီထပ်က
    ရွှေနန်းတော် ရွှေဆိုင်ရဲ့ ဆိုင်ခွဲ ၊
    Forever Gem ဆိုတဲ့ စိန်ရွှေဆိုင်မှာ ၊
    မနေ့ စနေနေ့ ညနေ က ၊
    လူတွေ ဝယ်နေလိုက်တာ ကြိတ်ကြိတ်တိုးပဲ ။
    အလှူပေးနေသလား မှတ်ရတယ် ။

    အဘ အထင်တော့ ( အထင် )
    မင်းသမီး ထွန်းအိန္ဒြာဘို ရဲ့ အရှိန်ထင်ရတယ် ။
    မြန်မာနိုင်ငံသားတွေက
    ( တစ်ခါတစ်လေ တုံးတယ်လို့ အဘ ထင်မိပေမယ့် )
    သူတို့ သိတယ် ၊ သေသေချာချာ ကို သိတယ် ။
    ဘယ်သူဟာ လူကောင်း ၊ ဘယ်သူဟာ လူဆိုး ဆိုတာ ။

    Policy သီချင်း တစ်ပုဒ်လေးပဲ ထွန်းအိန္ဒြာဘို တစ်ခါပဲ ဆိုမိပါတယ် ၊
    ကျောင်းသားတွေ လှည်းတန်းမှာ ထွန်းအိန္ဒြာဘို အခွေတွေ ဝယ်ပြီး မီးပုံရှို့ ဆန္ဒပြကြတယ် ။
    ကျောင်းသားတွေ ရဲ့ ထွန်းအိန္ဒြာဘို အပေါ် မျှော်လင့်မှုကလည်း အံ့မခန်းပဲ ။

    ထွန်းအိန္ဒြာဘို ကလည်း ချက်ချင်းဖြေရှင်းတယ် ။
    ” ဖိအားတွေအရ လုပ်လိုက်ရတာပါ နှင့်
    ဘယ်လို မျက်နှာပေး နှင့် ဆိုသွားတယ် ဆိုတာ သေချာကြည့်ပါအုန်း ” တဲ့ ။

    ဟုတ်တယ် ၊ အဲဒီသီချင်းလွှင့်တုန်း ၊ အဘ ကြည့်လိုက်ရတယ် ။
    ထွန်းအိန္ဒြာဘို မျက်နှာကြီးကို စူပုတ်ပြီး အသက်မပါပဲ ဆိုသွားတယ် ။
    သိသိ သာသာ ကြီးကို ပုံပျက်နေတယ် ။

    မြန်မာ့ရုပ်မြင်သံကြား ကလည်း ၊
    သိသိ သာသာ ကြီးကို ပုံပျက်နေတဲ့ အတွက် ၊
    အဲဒီ တစ်ခါပဲ လွှင့်ပြီး နောက်ထပ် မလွှင့်တော့ဘူး ။

    အဘ လည်း နောက်ဆို စိန်ရွှေ ဝယ်ရင် ၊
    ရွှေနန်းတော် ရွှေဆိုင် ကပဲ ဝယ်တော့မယ် ။ 😛

  • ကြောင်လေး

    March 25, 2012 at 7:56 am

    “ကြက်ဆူ ဆီထွက် စုကြည်တက်” ဆိုလား ပဲ ကြားခဲ့ဖူးတယ်……..
    အဲဒါကြောင့် ဆီအထွက်မခံတော့တာလားမသိ…………

  • စိုက်ခိုင်းတုန်းကလည်း မြန်မာပြည်အနှံ့လို့ ဆိုနိုင်မလားပဲ …
    ခုတော့လည်း ဘာမှ မဟုတ်တော့သလို …
    ကျနော့် အနေနဲ့ ပြောရရင် ကြက်ဆူစိုက်လို့ အရာထင်လာတာ ဘာမှကို မမြင်ရပါဘူး ..

    Junction Square တော့ မရောက်ဖြစ်သေးဘူး …
    အင်း .. သွားဦးမှ ……

  • Thel Nu Aye

    March 25, 2012 at 10:53 am

    အိမ်နားမှာတော့ ကြက်ဆူပင်ကြောင့်ကလေးတွေဆေးရုံရောက်သွားတာမနဲဘူး။ ကြက်ဆူသီးတွေခူးခူးစားလို့။ ခုတ်လဲမိုးတွင်းကျတာ့ ပြန်ပေါက်တာပဲ။ အိမ်နောက်ဖက်ထွက်ရင် တောကြီးကို ဟီးဟီးထနေတာပဲ။ ခုတ်လဲခဏပဲ။ ပြန်တက်လာတာပဲ။ အသုံးဝင်တဲ့ ကျွန်းများတပက်ရဖို့အရေးနှစ်ပေါင်း များစွာစောင့်ရတယ်။ အသုံးမဝင်တဲ့ကြကဆူပင်များကျတော့ အခုခုတ် ခဏနေပြန်တက်တာပဲ။

  • blackchaw

    March 25, 2012 at 12:29 pm

    @ windtalker ;
    @ ဘီလူးကြီး ;
    @ နေဝန်းနီ ;
    @ ကိုရင်မောင် ;
    @ M လုလင် ;
    @ ကြောင်လေး ;
    @ အံစာတုံး ;
    ကွန်းမန့်လေးတွေ ချီးမြှင့်ပေးကြတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 😛

    @ ဦးဦးပါလေရာ ;
    ဓါတ်ပုံ ၃ ပုံက ပြောသော ပုံပြင်လေးများကို
    ပုံပြောကောင်းတဲ့ ကိုပါလေရာကြီးက
    မျက်စိကနေ ကြားလိုက်တယ်ပေါ့…။ ကျေးဇူးပါဗျာ။

    @ Khin Latt ;
    ဒါကတော့ ယတြာ မဟုတ်လောက်ဘူးအစ်မရေ။
    အဲ… အတိအကျ ပြောလို့တော့ မရဘူးဗျ။
    လုပ်ချင်လည်း လုပ်နေဦးမှာ … အဲဒီယတြာကြီးကို။
    အီကိုတန်းက ကြွေရုပ်ကလေး ဆိုတဲ့ မောင်ဂဠုန်ဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ် အစ်မရေ။
    အဲဒီသီချင်းက အစ်မကို များ ရေးထားတာလားမသိ…။
    😛

    @ မပဒုမ္မာ ;
    နေရာအသုံးပြုဖို့ မဟုတ်လောက်ဘူး အစ်မရေ။
    ကြက်ဆူတွေက တောထနေတာ မြင်လို့လည်းမကောင်းဘူး။
    အဲဒီလို ခုတ်လိုက်တော့မှ ရှင်းရှင်းလင်းလင်းလေးဖြစ်ပြီး
    သမိုင်းဝင်းက သမိုင်းဝင်းဥပဓိရုပ်လေး ပြန်ပေါ်လာပါတယ်ဗျာ။
    😛

    @ kai ;
    အဲဒီ Junction Square က အဆောက်အဦတွေ တော်တော်များများ ပါတယ် သူကြီးရေ။
    ပြည်လမ်း တီတီစီ ဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်လောက် (ဆမ်းမားပဲလေ့စ် ဟိုတယ်ကျော်ကျော်လေး) ကနေ လမ်းအသစ်ဖေါက်ပြီး ကြံတော ကားပွဲစားတန်းဘက်နားမှာ
    ဆောက်ထားတာဗျ။ သူကြီး မှောင်တယ်ပြောတဲ့ ပုံက ညဘက်ကြီး သွားရိုက်ထားတာပါ။
    အခု နေ့ခင်းဘက်ရိုက်ထားတဲ့ ပုံလေးတွေ ထပ်တင်ပေးလိုက်ပါတယ်။

    @ Foreign Resident ;
    ရှားရှားပါးပါး ကျွန်တော့်ပို့စ်တွေမှာ ကွန်းမန့်ပေးတာ မြင်ရခဲတဲ့
    FR ကြီးရဲ့ ကွန်းမန့်ကို မြင်ရလို့ ကျေးဇူးတင်ပါတယ် ဗျာ။
    စကားမစပ် FR ကြီး ရန်ကုန်မှာပဲ ရှိနေသေးတယ်လို့ ထင်ပါတယ်။
    မနေ့က ရွှေနန်းတော် ရွှေဆိုင်အကြောင်း ပြောတယ်ဆိုတော့
    ဆပ်စပ်တွေးယူတာပါဗျာ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါ၏။

    @ Thel Nu Aye ;
    ဟုတ်ပါတယ်ဗျာ။ ကြက်ဆူသီးတွေက အမှည့်ဆိုရင် စားချင်စရာ အလွန်ကောင်းပါတယ်။
    တစ်ခါက ရွာတော်ရှင်ဘွားဆူးလည်း ပြောခဲ့ဘူးပါတယ်။ ကြက်ဆူသီးစားလို့ ဆေးရုံရောက်သွားတဲ့
    ကလေးတွေအကြောင်းကိုလေ။ ကွန်းမန့်လေးချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။
    😛

  • နေဝန်းနီ

    March 25, 2012 at 12:52 pm

    ကြက်ဆူ ကြက်ဆူ နင်တော်တော်ဂြိုလ်မွှေတာပဲ….။ ငါ့မျက်လုံးကိုလည်း ခိုက်မိပြီးပြီ အဲဒိကြက်ဆူအစေ့ကို သီပြီး မီးထွန်းလို့ ရတယ်လို့ ကြားဖူးတာပဲ….။ ပရဆေး သုံးတဲ့ ကြက်ဆူတစ်မျိုးရှိသေးဗျ….။ သင်္ဘော ကြက်ဆူလို့ ခေါ်တယ်…။ ကင်မရာငှားလို့ရတဲ့ နေ့မှ ဒါ့ပုံရိုက်ပြဦးမယ်…။

  • ကျနော်တို့နိုင်ငံကို ဒုက္ခပေးခဲ့တဲ့ အကြောင်းအရာတွေကို ကြက်ဆူပင်က သက်သေခံနေသလိုပါဘဲ.။
    တတ်ယောင်ကားလုပ်ပြီးတင်ပြလိုက်တဲ့အချက်ကို မသိသူက ထပ်ဆင့်လို့ အကောင်အထည်ဖော်ခိုင်းတာကို
    သိသူက အကျိုးအကြောင်းပြလို့ မငြင်းလဲ မငြင်း ငြင်းလဲမငြင်းရဲ နဲ့ဆိုတော့
    အချိန်ငွေ လူအင်အား အလဟဿတွေဖြစ်ခဲ့တာတွေအများကြီးပါ.။
    တွက်ကြည့်တော့ ဘုရားကြီးဘဲနာတာပါဘဲ။
    ကြုံတုန်းပုံပြင်လေးပြောချင်ပါသေးရဲ့။
    တစ်ခါ က နယ်ကလူတစ်ယောက် မန်းလေးက ဘုရားကြီးကိုဘုရားဖူးလာပါသတဲ့။
    သူက ဘုရားကြီးကို ရွှေသင်္ကန်းတစ်ရာဘိုးကပ်ဘို့ ရည်ရွယ်ထားပါသတဲ့။
    အဲဒီမှာ ဘုရားကြီးရှေ့နားဆိုင်ဖွင့်ထားတဲ့ရွှေကြိုတွေက ညအိပ်တည်းဘို့ပါခေါ်တာပေါ့။
    အဲဒါနဲ့သူလဲ အဲဒိဆိုင်မျာညစားစာ ညအိပ်တည်းခိုပေါ့။
    နောက်နေ့မနက် ဘုရားကို ရွှေသင်္ကန်းကပ်ဘို့ ရွှေဆိုင်း တစ်ရာဘိုးပေးဆိုပြီး သူတည်းတဲ့ဆိုင်ရှင်ဆီက ဝယ်သွားတာပေါ့။
    ဘုရားထဲရောက်တော့ တံဆိပ်လဲထိုးရော သူရလာတဲ့ရွှေဆိုင်းအရေအတွက်က
    ရသင့်တာထက် နည်းနေပါသတဲ့။
    အဲဒါနဲ့ဆိုင်ရှင်ကိုပြန်ပြီးပြောတာပေါ့။
    စကားတွေများကြတော့ ဆိုင်ရှင်က” ရွှေဆိုင်းဘိုးလောက်ဘဲမတွက်နဲ့ ညစာစားတာ ညအိပ်တာလဲထည့်ပြောအုံး”လို့ ဆိုပါတယ်။
    ဝယ်သူကလဲ သူက ရွှေဆို်င်းတစ်ရာဘိုး ဘုရားကပ်ချင်တာလို့ ဆိုပါသတဲ့။
    သူတို့ပြဿနာတက်နေတာကို ကြားသွားတဲ့ဘေးလူက
    “တော်ကြပါတော့ ခင်ဗျားလဲ တစ်ရာကုန်သွားတာမှန်တယ် ရွှေသင်္ကန်းလဲကပ်ရ ညလဲအိပ်ရ ထမင်းလဲစားရ တန်တယ်။
    ဆိုင်ရှင်ကလဲ မြတ်တော့ တန်တယ်။
    ဘုရားကြီးသာ ရွေတစ်ရာဘိုးအပြည့်မရလိုက်တော့ ဘုရားကြီးဘဲနာတာပါလို့” ပြောပါသတဲ့။
    ဒီပုံပြင်လေးကတော့ ကြားဘူးသူများပါတယ် ။
    ကျနော်လဲတစ်ဆင့်ပြန်ဖောက်သည်ချတာ.။
    သေချာတွက်ကြည့်လိုက်တော့ ဘုရားကြီးဘဲ နာသလို မှားခဲ့သမျှတွေအတွက် မြန်မာပြည်ကြီးဘဲ နာခဲ့ရတာပါဗျာ။
    ဟုတ်တယ်ဟုတ်……………..
    ကျနော်အကြံပေးချင်တာက တော့ အရင်က ဒီလိုဖြစ်ခဲ့တာတွေကို စံထားပြီး
    နောက်လူမြည်းရင် ချိုအောင် ကျနော်တို့ခင်ဗျားတို့ အားလုံးက တိုင်းပြည်ကောင်းဘို့အတွက် ပြင်ဆင်သင့် ကြိုးစားသင့်ပြီလို့
    ယုံကြည်ပါတယ်။

  • pooch

    March 26, 2012 at 12:43 am

    သတင်းထူးလေးပါ ကိုဘလက်။ အရေးပေါ်ဆိုတော့ ဘာတွေများထူးနေတာပါလိမ့်။
    ရွေနန်းတော်သတင်းတော့ ကြားလိုက်တယ် ကြိတ်ကြိတ်တိုးဆိုတာ။။။

  • blackchaw

    March 26, 2012 at 10:11 am

    @ ကိုပေါက် ;
    နောက်လူမြည်းရင် ချိုအောင် ကျွန်တော် တတ်နိုင်သလောက် (တတ်နိုင်သလောက်)
    ဖီလင်အပြည့်ထည့်ထားပါတယ်ခင်ဗျာ။
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါခင်ဗျာ။

    @ pooch ;
    ပုချ်ရေ။ ညည်းကွန်းမန့်လေးက အနီကဒ်လေး တစ်ကဒ်တောင်ရလို့။
    ဉာဏ်မမီသော အနီကဒ်လေးတွေအတွက်
    ကျွန်တော်တို့ သင်ယူကြရဦးမယ်ဗျို့။
    ကွန်းမန့်လေး အတွက်ကျေးဇူးပါနော်။
    😀 😀 😀

  • kyeemite

    March 26, 2012 at 10:37 am

    စာနယ်ဇင်းအဖွဲ့အရေးပေါ်နေပုံရပါတယ်..။
    ကျုပ်တော့..စာနယ်ဇင်းသမဂ္ဂ လို့အမည်ပြောင်းပေးချင်တာ..တဲ့ သဂျီးက
    အစိုးရကခုထိ “သမဂ္ဂ” ဆိုတဲ့စကားလုံးကို ကြောက်နေတုံးဗျ..
    မဟုတ်တာ ရက်ရက်စက်စက်လုပ်ထားခဲ့တာကိုး(တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ပါတ်သက်လို့…)
    “အဖွဲ့အစည်း”လို့ဘဲ သုံးစေတယ်..
    တလောကထွက်လာတဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေကိုကြည့်လေ
    အလုပ်သမားသမဂ္ဂလို့ပေးမသုံးဘူးဗျ…
    ကိုဘလက်ရေ..ပုံလေးတွေအားပေးသွားပါကြောင်း
    သဂျီးကိုလည်းကိုဘလက်ကိုယ်စား ဖြေပေးသွားပါကြောင်း…

  • ဇွဲမာန်အောင်

    March 26, 2012 at 1:43 pm

    အပြောင်းအလဲကလည်း မြန်လိုက်ကြတာနော်။
    အရင်တုန်းကတော့ မစိုက်မနေရ စိုက်ရပြီးတော့။
    ခုတမျိုး တော်ကြာတမျိုးတွေပါလားနော်

  • ဖားသက်ပြင်း

    March 26, 2012 at 1:57 pm

    ဆြာသစ် သတင်းရပြီဗျို့…
    ပြန်မရောက်သေးဘူးတဲ့ …
    ခြင်္သေ့ကျွန်းမှာတဲ့ ခည…
    ဒါ့ပုံတွေကိုတော့ အဂ္ဂမဟာ စာမျက်ခွက်တော်ကြီးပေါ်မှာ
    အားပါးတရ …အားပေးနိုင်ဖို့ တင်ထားတာတွေ့ပါကြောင်း..
    😛

    ဘယ်တော့ ပြန်ရောက်မယ် မသိပေမယ့်…
    ဖားသက်ပြင်းကတော့ …
    မင်ဂါရှက်ကီ ကို ကိုယ့်အတွေးနဲ့ကိုယ် အကြွေးမှတ်ပီး
    နှုတ်ခမ်း လျှာသပ်ကာ ထိုင်စောင့်နေပါကြောင်း..
    😀
    ပျားရည်စန္ဒာ အနေနဲ့ အရှေ့ကျွန်း ရောက်လာမယ်ဆိုရင်ဖြင့်
    ဒါ့ပုံ ရိုက်နှက်ပီး လက်ဖွဲ့ချင်ပါကြောင်း…

    မောင်းတီးလိုက်ရပါတယ်ဗျား….

    စကားမစပ် သဂျီးရေ….
    အောစု Zen Book ဝယ်မလားလို့ဗျာ…

    စု လည်း ပါတယ်… …လည်းပါတယ်. ..
    အာဟိ ….

    ဒက်ဂလောက် …ဒက်ဂလောက် …

    • Khin Latt

      March 27, 2012 at 3:08 am

      ကိုသစ်က ဘဝသစ် ကို ကူးပြောင်း နေခဲ့တာကိုး။
      Congratulations ပါ ကိုသစ် နဲ့ ရွာ့ယောင်းမ လေးရေ။ (မမ စကားကို မှီငြမ်းသည် 😉 )
      ပျော်ရွှင်သော အောင်မြင်သော တူနှစ်ကိုယ်တိုင်းပြည်လေး ကို သက်ဆုံးတိုင် တည်ဆောက်ထားနိုင်ကြပါစေ။ 🙂

      ဟေ့မောင်ဂီ နယူး ပက် က အပူကြီး တယ် လို့ သတင်းထွက်လာပြီ။
      သွားလေသူကြီး သိရင် ဘာပြောမယ်မသိ။
      လက်ပကျွတ်ကို အခုထိ ရွေးနေတုန်းဘဲလား။
      မင်းလဲ အခုတလော လက်ငြိမ် နေပါရောလား။

      • ဖားသက်ပြင်း

        March 27, 2012 at 6:26 am

        လက်ပကျွတ်ကိစ္စက …
        ဒီဖက်တို ဘဏ္ဍာရေးဝန်ဂျီး ဆီက ဘတ်ဂျက်မကျသေးလို့ပါချင့်…
        (အာ..ဟိ…. အထင်ကြီးခံရလည်း မနည်း…)

        အရဂါးစတာ …

        ရေးမလို့ပါပဲချင့် ..
        ၁။ အပူကြီးတာ
        ၂။ ဂိမ်းဆော့တုန်း အားမသွင်းတာ
        ၃။ စမတ်ကာဗာ တခါတခါ မစမတ်တာ
        ၄။ တီဂရာ၃ ထက်အေ၅အိပ်စ်က ၄ဆ မြန်တယ်ပြောလို့ ..နဗီးဒီးယားနဲ့သတ်ကြတာ…
        (ဂယ်လည်း မြန်ပါတယ်….ဆပ္ပဂျက် ၁ခုစာ ဆိုပါတော့)
        ဒါပေသိ …နာကနီ အောင်မှတ်ပဲရတဲ့ မြန်မာစာ မှာ ဂုဏ်ထူးထွက်တယ်ဟဲ့ ဆိုတဲ့အချိုး ချိုးတာရယ်.
        အင်္ဂလိပ်စာ သင်္ချာမှာ အမှတ်စုတ်တာကိုတော့ ထည့်မပြောသွား ….
        ဘန့်ချ်မာ့ခ် တွေက ပြောတာပြောပါရဲ့….
        http://tablet-news.com/2012/03/18/apple-a5x-cpu-versus-nvidia-tegra-3-more-than-marketing-video/

        သေချာပါရဲ့..
        သွားလေသူကြီး ရှိသေးရင် ဒါမိုးတွေ ဖြစ်မယ် မထင်….
        ချဉ်ပါတယ် ပန်းသီးရယ်…
        😀

  • manawphyulay

    March 26, 2012 at 2:57 pm

    ပုံလေးတွေကတော့ တကယ် သတင်းထူးပါပဲ ဦးဦးဘလက်ရေ… အသစ်ဖွင့်တဲ့ စင်တာကလည်း စိုက်ပျိုးရေးမှတ်တိုင်မှာ ဆင်းဆင်းနေရတာ အဆင်မပြေတော့ မဝင်ဖြစ်ဘူး။ ကားပြန်စီးရင် ကားကြပ်တာနဲ့တိုးနေတော့လည်း အပြင်ကပဲ မျှော်ငေးပြန်နေရတယ်။ ခုမှပဲ မြင်ရတော့တယ်။

  • Khin Latt

    March 27, 2012 at 2:59 am

    ~~~ အီကိုတန်းက ကြွေရုပ်ကလေး ဆိုတဲ့ မောင်ဂဠုန်ဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ် အစ်မရေ။ အဲဒီသီချင်းက အစ်မကို များ ရေးထားတာလားမသိ…။ ~~~

    တိုးတိုး လုပ်ပါ ကဘချောရယ်။
    တော်ကြာ ကျောင်းတုန်းက ရန်ဖက် သကောင့်သား တွေ ကြားပြီး ဟားတိုက် ရီလွန်းလို့ အူတက်နေကြပါဦးမယ်။
    ကျွန်မတို့ ကို “ဘီလူးမ အသံပြဲ” တွေတဲ့။
    အမယ် အဲဒီထဲ က တစ်ယောက်က အခု မြန်မာပြည်မှာ တကဲ့ သဘာကြီး ဖြစ်နေတယ် ရှင့်။
    ကျွန်မ ကတော့ သူ့ ကုမ္ပဏီ နဲ့ တွဲလို့ သူ့ပုံကို စာစောင်တွေမှာ တွေ့တိုင်း လှိမ့်ရီတာဘဲ။
    သူကလဲ ကျွန်မ ရွာထဲမှာ ပေါက်ကရတွေ ဝင်ဝင်ရေးပြီး ဆရာလုပ်နေတာ သိရင် လှိမ့်ရီမှာကို သိပါ့။
    ဘာဘဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသား/သူ ဘဝ တွေကတော့ ပြန်တွေးရင်တော့ လွမ်းစရာ တွေပါဘဲ။
    ကျွန်မတို့ ခေတ်ကပေါ့လေ။
    အခုခေတ် ခလေးတွေမှာ အဲဒီလို ဘဝ တွေ မရကြရှာတာ တကယ်စိတ်မကောင်းဘူး။

    မောင်ဂဠုန် သီချင်း တွေက ကျွန်မနားထဲ မစွဲ ခဲ့တာတော့ စိတ်မကောင်းပါဘူး။

  • aye.kk

    March 27, 2012 at 6:52 am

    ကြက်ဆူကိုစိုက်တုံးကစိုက်ခိုင်းပြီး၊စိုက်စဉ်တုံးက..
    ပြည်သူတွေမဆူနိုင်အောင်နဲ ့စုကြည်ကို
    နာလံမထူအောင်..
    နံနှိမ်တာဆိုပြီးစိုက်ခြင်းဖြစ်သည်ဟုကြားမိပါသည်။
    ယခုကြက်ဆူသီးခါဆီထုတ်နိုင်ပါပြီလဲဆိုရော…
    ကြက်ဆူဆီထွက်..
    စုုကြည်တက်ဟု..
    ပြည်သူတွေ၏အသံ
    ံမြိုင်မြိုင်ဆိုင်ဆိုင်ကြီးနှင့်တစ်ပြိုင်တည်းအသံထွက်လာကြပါသည်။
    ကြောက်သူတွေကခုတ်တာဖြစ်နိုင်သည်ဟုထင်မြင်မိပါသည်။
    ကြက်ဆူပင်ကဘယ်လောက်ခုတ်ခုတ်တော်ယုံနှင့်မသေနိုင်မိုးကျတာနှင့်ပြန်ရှင်သည်။
    အမြစ်လှန်ဖို့ကလွယ်မည်မထင်၊ရေသောက်မြစ်ကအလွန်ခိုင်သည်။(မိမိအမြင်)

  • blackchaw

    March 29, 2012 at 1:45 pm

    @ kyeemite ;
    ကွန်းမန့်လေးချီးမြှင့်သွားတာ ကျေးဇူးပါ ကိုကြီးမိုက်ရေ။
    အနီကဒ်လေး လာချီးမြှင့်ထားတော့ ကိုကြီးမိုက်ကြီးရဲ့ ကွန်းမန့်က အရောင်တွေထွက်နေတယ်ဗျာ။
    😉

    @ ဇွဲမာန်အောင် ;
    ကွန်းမန့်လေး ချီးမြှင့်ပေးလို့ ကျေးဇူးပါ ခင်ဗျာ။
    😉

    @ ဂီဂီ ;
    ကိုသစ်သတင်းအတွက် ကျေးဇူးပါ ဂီဂီရေ။
    ဖေ့စ်ဘွတ် ကပုံတွေတော့ ကြည့်ပြီးပါပြီဗျာ။
    အရမ်းကို လန်းနေတယ်ဗျာ။
    ပျော်လည်းပျော်နေတဲ့ပုံပဲဗျ။
    အေးလေ ချစ်စ ခင်စ ကြင်နာစကိုးဗျ။
    😉

    @ manawphyulay ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီမရေ။
    သွားဖူးတယ်ရှိအောင် တစ်ခေါက်လောက်တော့ သွားထားလိုက်ပေါ့ဗျာ။
    ဈေးဝယ်မယ်ဆိုရင်တာ့ သွားရလာရလွယ်ကူတဲ့ နေရာမှာဝယ်ပေါ့။
    😉

    @ Khin Latt ;
    စတာပါ အစ်မရေ။ အစ်မအတွက် အီကို ပုံလေးတွေ တင်ပေးထားပါပြီ။ 😉

    @ aye.kk ;
    အစ်မအေးရေ။ ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါခင်ဗျာ။
    😉

Leave a Reply