လူသိနည်းသော ကွန်ပျူတာအကြောင်းလေးများ

Mr. MarGaMarch 24, 20121min26812

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ
လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။
ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ်
သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ
အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀ဝ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။
တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ရ ကြိမ်သာ မျက်တောင်ခတ်သည်။

၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅ဝ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။

သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅ဝ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က

ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင်စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀ဝ ကုန်ကျသည်။
ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card
များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှငွေ အမေရိကန်ဒေါ်လာ ၆၈ဝ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11
Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။

သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။
Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
forward message မှ ကူးပါတယ်။

12 comments

  • ကိုရင်မောင်

    March 24, 2012 at 8:39 pm

    ကိုယ်သုံးနေတဲ့ကွန်ပြူတာ ရဲ့သမိုင်းအကြောင်းခုမှသိရတော့တယ်
    ကျေးဇူးဘဲ မစ္စတား သကြားမင်းရေ…..

    • Mr. MarGa

      March 25, 2012 at 8:36 pm

      ဟုတ်ကဲ့ပါဗျာ
      ကျွန်တော်ကလည်း ဝင်ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ လို့ ပြောပါရစေ

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 24, 2012 at 9:52 pm

    ကောင်းလိုက်တဲ့ပို့စ်လေးဗျာ ကွန်ပျူတာသာသုံးနေတာ ဒီသမိုင်းကြောင်းတော့မသိဘူးရယ်
    ကျွမ့်ရောက်ခ(ရှမ်းဘာသာစကားဖြင့် ကျေးဇူးတင်ပါတယ်) ဦးမာဃရေ…………………..
    စကားမစပ် ဦးမာဃနဲ့ဦးမာဃရဲ့ယောက္ခမ အသူရာတို့ တရွာထဲနေပြီး တည့်ကြလားဗျ။
    ဦးမာဃကတော် ဦးအသူရာ့သမီးရောမရှိဘူးလား ရွာထဲမှာ။

    • Mr. MarGa

      March 25, 2012 at 8:35 pm

      ကို ရှမ်းပြည်သားရေ
      ဦးမာဃရဲ့ ယောက္ခမကြီး အသူရာနဲ့ က တော်တော်တည့်ကြပါတယ်။
      သူက ဦးမာဃကို ကြောက်တာကိုး
      ဦးမာဃကတော် သုဇာတာကတော့ ရွာထဲမခေါ်ရသေးပါဘူး
      အဆင့်သင့်မှ ဆွဲခေါ်ခဲ့ ပါမယ်။
      အခုတော့ နတ်ပြည်မှာ ကျန်ခဲ့လေရဲ့

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

      • အသူရာ

        March 25, 2012 at 10:44 pm

        ဟဲ့ဟဲ့ မိပေါက်နဲ့ ဖြဲမပျောက်နေတာ မာဃဆီကိုရောက်နေလို့ကိုးးးး 😆

      • အသူရာ

        March 25, 2012 at 10:46 pm

        မာဃ ကတော် သုအံချာ ကိုလည်းခေါ်လိုက်အုံးနော် 😆

  • mg mg

    March 25, 2012 at 10:07 am

    “တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။”
    ရည်ရွယ်ချက်နဲ့ အကျိုးဆက် တခြားစီပါလား၊

    • Mr. MarGa

      March 25, 2012 at 8:31 pm

      အကောင်းကို လုပ်ပေမယ့် အဆိုးဖြစ်သွားတာများပါတယ်ဗျာ
      ပညာရှင် တော်တော်များများက အကောင်းဘက်ကို တွေးပြီး ထွင်ကြတာပါ
      ဒါပေမယ့် လူတွေက အဆိုးဘက်မှာ အသုံးချတာများတယ်ဗျ
      လူ့ သဘာဝ လို့ပဲ ပြောရမယ်ထင်ပါတယ်ဗျာ

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

  • ဦးသကြားရေ …
    ချိုလှသဗျာ …
    ဂယ်ပါပဲ … ရှဲရှဲပါဗျို့ …

    the first and oldest .com on the internet ဖြစ်တဲ့
    http://symbolics.com ကတော့ 2009 ခုနှစ်က http://xf.com/ ကို ရောင်းခဲ့တယ် ဆိုပါလားဗျ .. နော့ …

    ခုလို လူသိနည်းလှတဲ့ ကွန်ပျူတာ အကြောင်းအရာတွေကို ရှဲပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါလို့ …..

    ခင်တဲ့ … အံစာတုံး

    • Mr. MarGa

      March 25, 2012 at 8:29 pm

      ကျေးဇူးပါဗျာ ဝင်ဖတ်ပေးလို့
      ကျွန်တော်လဲ မေးလ် ထဲက ရလို့ မျှလိုက်တာပါ

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

  • Don Juan Ronald

    March 25, 2012 at 10:11 pm

    ကျေး ဇူး တင် ခြင်း များ စွာ ဖြင့် ~~~

  • Khin Latt

    March 25, 2012 at 10:56 pm

    မသိတာတွေ အများကြီး ပါလား။
    ဒီလို သိအောင် နတ်ပြည်ကတောင် ဆင်းလာပြီး တစ်ကူးတစ်က မျှဝေပေးတဲ့ ဖိုးသကြား ကို ကျေးဇူးပါရှင်။
    သင်္ကြန်မတိုင်ခင် ကြိုဆင်းလာတယ် ထင်ပါ့။ 😀

Leave a Reply