ရွာသူများနောက်မှ လို်က်ခြင်း(ပန်းကလေးများ)

1 တစ်ပွင့်ထဲ အစဉ်အမြဲတင့်တယ်(ရွှေဘိုမြို့)
2 အဆုပ်ဆုပ်ရယ်နဲ့ တရုပ်ဆိုတဲ့ပွင့်စံကား လှပုံများကတော့ ရင်သပ်ရူ့မော။
3 တစ်သက်မမုန်းစတမ်းလို့ိဆိုနေတဲ့ဘော့လုံးပန်းကလေးပေါ့
4 ကြွားကြွားဝင့်ဝင့်ငွားငွားစွင့်ပါတဲ့ နဂါးပွင့်ပန်း(နဂါးမောက်ပန်း)

5 ပန်းစွယ်တော် မရမ်းရောင်အသွေးရယ်နဲ့ အနေတော်သင့်ရုံမွှေးပါလို့ ဆောင်းလေပြေအေး

6 ကန်အလယ် ကြာနီငယ် တစ်ပွင့်ပန်းရယ်နဲ့ လန်းတင့်လှတယ်။
7 နမ်းပါနော် မောင့်ကိုခေါ်ပါလို့ လရောင်ရိပ်မှာတဲ့ မေကမျှော်
8 ပွင့်ရောင်စုံနှင်းဆီပန်းရယ်က ဆူးကိုဖယ် ခူးမယ်ကို ဆိုသူကိုစောင့်စား..............
9 ယိမ်းမလို တိမ်းသလို ပိန်းဆိုတဲ့ရွက်တူပန်းရယ်က လှမ်းလင့်လို့မျှော်
10 ပိန်းဖြူဖြူ တပွင့်ပန်းရယ်က လန်းစွင့် လို့မာန်ထည်
 

ဒီတစ်ခါတော့ ရွာသူများနောက်ကလိုက်ခဲ့ပါပြီ။

ရိုက်ခဲ့ဘူးသမျှ  ပန်းတွေထဲကနေလှရာရာ ရွေးချယ်လို့ တင်ပေးလိုက်ပါတယ်။

တင်ဘူးလို့ မြင်ဘူးရင်လဲ မမြင်ဘူးသူအတွက်သာ သတ်မှတ်လိုက်ပါလို့ ပြောလိုက်ပါသနော်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ စနက်ရှော့။

(25-3-2012)

 

15 comments

  • water-melon

    March 25, 2012 at 9:16 am

    အယ် ပန်းတွေကလှလိုက်တာတော်
    သများကို ပစ်ပြီး ကွယ်ရာမှာခြေများနေတယ်ပေါ့
    အခုလည်း ရွာသူတွေနောက်ကလိုက်ပြန်ပြီ
    နောက်ဆိုဘယ်သူနောက်က ပါသွားမလဲမသိတော့ဘူး
    ဟွန့် လူဆိုး

    • ဗြဲသီးရေ ..
      လေးပေါက်ကို အခြောက်အဖွဲ့ကြီးနောက်က လိုက်ဖို့ ပြောကြည့်ပါလား … 😀
      ဂယ်လို့ အဲလို လိုက်မယ်ဆို အီးအလွန်ပေါက်တဲ့ စိန်ပေါက်ကို နောက်ဆုံးက ထားမယ် ..
      😀 😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 25, 2012 at 9:36 am

    လေးပေါက် ပန်းတွေရိုက်ရင်တယ်လီသွင်းရိုက်ဗျာ ……….
    ဦးပေါက်အယူအဆတွေကကောင်းတယ် တယ်လီလေးပါသုံးနိုင်ရင် ပန်းတွေကပိုကြွလာပြီး
    ဖြောင်ထွက်နေအောင်လှမှာဗျ အော်တိုဒီဂျစ်တယ်တွေလည်းတယ်လီသွင်းချင်ရင်သွင်းလို့ရတယ်
    နံပါတ်တစ်ပုံတော့တယ်လီသွင်းထားတဲ့စတိုင်မျိုးလေးတွေ့ရတယ်ဗျ
    တယ်လီသွင်းဖို့အဆင်မပြေရင် ကိုယ်ဝါးတားတားဖြစ်ချင်တဲ့ဘက်ဂရောင်းလေးကို ပိုတိုရှော့ထဲမှာ ဆလက်ချ
    ပြီးဘလားနဲနဲပေးလိုက်ရင်လေးပေါက်ပုံတွေလန်ပြန်ထွက်သွားမှာလေးပေါက်ရဲ့။
    ကျွန်တော်ကအကြံပေးတာနော် တတ်လွန်းလို့ပြောတာတော့ဟုတ်ဘူး
    ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါလေးပေါက်ရေ……………

  • လှစေချင်တဲ့ဆန္ဒမွန်နဲ့အကြံပေးတာ ကျေးဇူးတင်ပါတယ်
    ရှမ်းပြည်တောင်ပိုင်းသားလေးရေ။
    ကျနော်က ရောက်တဲ့နေရာမှာ ဦးတည်ချက်မထားဘဲ ကြုံသလိုရိုက်တော့ ပုံထွက်လာမှဘဲ
    ဟိုလိုဆိုပိုကောင်းမှာ ဒီလိုဆို ပိုကောင်းမှာဆို နောင်တတွေရမိပါတယ်။
    ဖိုတိုရှေ့ာနဲ့ကတော့ မပြင်ချင်ပါဘူးညီလေးရေ။
    ဖြတ်တာ တောက်တာလောက်ဘဲလုပ်ပါတယ်။
    ကျနော်က သဘာဝအတိုင်းလေးဘဲ ခံစားစေချင်လို့ပါ။
    နောင်လဲအခုလိုပြောပြပါနော်။
    နောက်တစ်ခါရိုက်ရင် အနုစိတ်လေးတွေဆိုရင်တယ်လီနဲ့ဆော်မယ်ဗျာ။
    ကျေးကျေး။

  • Mr. MarGa

    March 25, 2012 at 9:37 pm

    လမ်းသလားကာ ပန်းများကိုလ
    လှအောင်ရိုက်ပါတဲ့ လေးပေါက်ရယ်
    ပန်းတွေရယ် မစုံသေးတာမို့
    လမ်းတွေကွယ် စုံအောင်သွားကာဖြင့်
    ကျန်နှင့်သည့် ပန်းများကိုကွယ်
    လက်ဆော့ကာ ရိုက်ခဲ့ပါဦး

    (ကာရန်မလိုက်တာ ခွင့်လွှတ်ပါဗျာ)
    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • လောလောဆယ် လမ်းမသလားနို်င်ပါ။
    စာကူးသောအမူ့ကိုစစ်နေပါသည်။
    မူရင်းပိုစ် ကိုပေါက်
    (http://myanmargazette.net/45412/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
    (“တစ်နှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ………………………………”
    – ကိုပေါက်(မန္တလေး) |427- Hits|
    Posted by ကိုပေါက်(မန္တလေး) on Mar 31, 2011 in Drama, Essays.. | 8 comments
    ိကိုပေါက်လက်ဆောင် အတွေးပါးပါးလေး )

    ကူးထားသူရဲ့ပိုစ့်
    – ET |77- Hits|
    Posted by ET on Mar 25, 2012 in Creative Writing, Short Story | 10 comments
    (အီးတီ ကူးပြီး သူတင်ထားတဲ့လင့်
    http://myanmargazette.net/?p=110496
    (မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?)
    အလင်္ကာည ဆိုတဲ့သူက
    (၂၀၁၂ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှာ တင်ထားတာကို ပြန်ကူးတင်ထားတာပါ။))
    အဲတော့ ကိုပေါက်လမ်းမသလားနိုင်သေးပါခင်ဗျာ.

    ဖတ်ကြည့်လို်က်ကြပါအုံး။

  • windtalker

    March 26, 2012 at 1:29 pm

    ဂျော်နီအောင်ပု နောက် ကို လိုက်ရင် ဘာပုံတွေထွက်လာမှာလဲ ဟင်င်င်…
    ဦးဦးပေါက် ဖြေပါဗျို ့။ ဟီဟိ

    • Gipsy

      March 26, 2012 at 8:27 pm

      သူ့နောက်ကိုလိုုက်ရင် ဒါ့ပုံတွေက ပြဲနေအောင်ဆဲနေတဲ့ပုံတွေ
      ဗြဲ မိုးမွှန်နေတဲ့ပုံတွေ ရလာမှာပေါ့ ကိုပေရ…။ :mrgreen:

  • ရွှေဘိုသား

    March 26, 2012 at 2:21 pm

    နံပါတ် ၁ အပင်လေး တရုတ်စကားပန်းလေးတစ်ပွင် ဖေကြီးချွေးမ ကို ပန်ပေးချင်လို့ ခူးသွားပြီဗျို့ဖေကြီး

  • အဲဒါမင်းတို့မြို့ နန်းတော်ထဲက ပန်းပါဗျာ။
    မင်းအမေကို လဲမင်းအဖေက ပန်းပေးခဲ့ဘူးတယ်ထင်မယ်နော်
    မေးကြည့်ပါလား

  • MaMa

    March 26, 2012 at 5:33 pm

    အုံးကျူး ပန်းတွေရိုက်ထားတာ တင်ဖို့ တလလောက်ရှိပြီ စဉ်းစားနေတာ။
    ကိုးနတ်ရှင်အလှည့်မပေးတာနဲ့ စိတ်ဓာတ်ကျပြီး ပစ်ထားလိုက်ရတယ်။
    ရွာသူားတွေ ကံထူးရင် ကြည့်ခွင့်ကြုံဦးမှာပေ့ါ။
    (အင်မတန်ကောင်းတဲ့ လက်ရာဆိုတော့) :mrgreen:

  • Khaing Khaing

    March 26, 2012 at 6:13 pm

    လေးပေါက်ရေ ဘောလုံးပန်းလေးရယ် နဂါးပန်းလေးရယ်ကြိုက်တယ် တွေ့တွေ့ချင်း မွှေးတယ်လို့တောင်ခံ စားလိုက်ရသေးတယ် စွယ်တော်ပန်းကိုတွေ့တော့ အချစ်ကိုလွမ်းလာတယ် ခုတစ်လော ဘာဖြစ်မှန်းကို မသိဘူး လေးပေါက်ရယ် ဘာတွေ့တွေ့လွမ်းနေတယ် လွမ်းစရာတွေပဲဖြစ်နေတယ် …. လွမ်းအောင်မလုပ်နဲ့နော် ……

    ခင်မင်ရင်နှီးစွာဖြင့်
    ခိုင်ခိုင်

  • မမရေ ရိုက်ထားသမျှတင်သာတင်။
    ဒီတစ်ခါလာရင် လုလင်ပြောတဲ့ 15ထပ်သွားမယ်နော်။
    မယ်ခိုင်ရေ
    လွမ်းစရာကောင်းတာတွေအများကြီးရှိသေးတယ် တင်ပေးမယ်။

Leave a Reply