မပူးပေါင်းငြား ဒူးတောင်းထား Cooperation

သေနတ်ထက် ငဝက် ပိုအရေးကြီးတယ် ကိုယ့်လူရေ...

မနေ့က သတင်းမှာဖတ်ရတယ် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း ကချင်ပြည်နယ် သုံးမြို့နယ်မှာ လုံခြုံရေး အခြေအနေအရ ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တယ်တဲ့။ အဲဒီအကြောင်းပြချက် နောက်ကွယ်မှာ ဘာတွေရှိနိုင်မလဲ။ ဝိုင်းစဉ်းစားကြည့်ရအောင်…
၁။ လူမျိုးစုပြည်နယ်ဖြစ်တယ်… လူမျိုးစုပြည်နယ် အများအပြားရှိပေမဲ့ စစ်တပ်အတွက် နီးစပ်တယ်လို့ ခံစားရပုံခြင်း တူချင်မှတူလိမ့်မယ်။ ကချင်တွေကို အနောက်အုပ်စုနဲ့ သိပ်နီးစပ်လွန်းတယ်လို့ စစ်တပ်အနေနဲ့ တွက်ထားဖို့များတယ်။ အတိုက်အခံ အားကောင်းတာခြင်းအတူတူ အဲလိုဒေသမျိုးတွေမှာ စစ်အုပ်စုအတွက် အန္တရာယ်ဖြစ်နိုင်သူ ဒါမှမဟုတ် ရှင်းထုတ်ရခက်တဲ့သူဆို တရားဝင်နေရာပေးဖို့ အဆင်သင့်ဖြစ်ပုံမရဘူး။ ကေအိုင်အို ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာကို ၂၀၁ဝရွေးကောက်ပွဲ အဝင်မခံတာ အသိသာဆုံးပဲ။
၂။ မဟာဗျူဟာအရ အရေးပါတဲ့ ရှေ့တန်းခံတပ်တွေ ဖြစ်ပုံရတယ်။ ဗန်းမော်ဆိုရင် ဗလမင်းထင် တရုတ်နဲ့ စစ်တိုက်တုန်းက ခံတပ်မြို့ဖြစ်ခဲ့တယ်လို့ မှတ်မိသလိုပဲ။ (ကောင်းတုံ ဗန်မော်ဆိုလားပဲ) ပြည်ပရန် တရုတ် ကျူးကျော်မှုအတွက် ခံစစ်ဖြစ်သလို ကေအိုင်အေလို လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ဖြစ်ရာမှာလဲ လက်လွတ် မခံနိုင်တဲ့ ဒေသဖြစ်ပုံရတယ်။ ပြောရရင် စစ်ရေးအမြင်အရ အဖက်ဖက်က လုံးဝ ချုပ်ကိုင်ထားရမည့် မြို့များ ဖြစ်နိုင်တယ်။
၃။ မြေပေါ်မြေအောက် သဘာဝ သယံဇာတ ပေါကြွယ်ဝတယ်။ ကျောက်စိမ်း၊ ပတ္တမြား၊ သတ္တု သစ်တော အလျှံအပယ် ရှိနေတယ်။ တရုတ်ကုမ္မဏီ၊ စစ်အုပ်စုနဲ့ အလွမ်းသင့်သူတွေကို တူးဖေါ်ထုတ်ယူခွင့်ပေးထားလို့ ပုဂ္ဂလိက အကျိုးအမြတ် များစွာရှိသလို နိုင်ငံတော်လို့ခေါ်တဲ့ စစ်အုပ်စု တည်တံ့ခိုင်မြဲရေးမှာ အခရာကျတဲ့ ငွေတွင်းကြီးဖြစ်တယ်။ အတိုက်အခံအမတ်တွေ အဲဒီဒေသတွေကို ကိုယ်စားပြုပြီး လွှတ်တော်ထဲ ရောက်လာရင် မေးခွန်းထုတ်လာဂျ ဒေသခံအကျိုးစီးပွားအတွက် တောင်းဆိုလာဂျလိမ့်မယ်။
၄။ ပုံမှန်အားဖြင့် ကြံ့ဖွတ်ပါတီ မနိုင်မှာသေချာတယ်။ အခုအခြေအနေက ပေါ်ပေါ်ထင်ထင် ညစ်ဖို့မလွယ်၊ ရသလောက် ညစ်သည့်တိုင်အောင် အန်အယ်ဒီ သို့မဟုတ် အခြားအတိုက်အံ တဦးဦးနိုင်ဖို့ ကျိန်းသေဟန် တူတယ်။ အတိုက်အခံများအကြား မဲပြန့်သွားနိုင်တဲ့ ဖြစ်နိုင်ချေကို စွန့်စားရယူရဲဟန် မတူဘူး။ ဖြစ်နိုင်တာ ကြံ့ဖွတ်ပါတီ တမဲမှမရဘဲ အန်အယ်ဒီနဲ့ အခြားပါတီများအကြား အကြိတ်အနယ် ပြိုင်ရလောက်ထိအောင် ဒင်းတို့အခြေအနေ ဆိုးပုံရတယ်။
၅။ ဧပြီလတရက်နေ့ ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ အာဏာရ ကြံ့ဖွတ်ပါတီရဲ့ နိုင်ငံရေးအကြမ်းဖက် အပုပ်ချလုပ်ငန်းများ ပိုမိုရဲတင်းလာတယ်။ သဘာဝဖြစ်စဉ်အရ သူ့အလိုအလျောက် အရှိန်မြင့်တက်လာတာ မဟုတ်ဘဲ အကြံအစည်ရှိရှိနဲ့ တရစ်ပြီးတရစ် တိုးလာနေတာ။ ဒီအခြေအနေရောက်ရင် ဒီနည်းလမ်းသုံး.. နောက်တဆင့်မှာ နောက်တမျိုးသုံး ဒါမျိုးတွေကို စစ်အုပ်စု သက်တမ်းတလျောက်လုံး တွေ့နေရတယ်။ ဒီပုံဆို ပိုမိုတင်းကြပ်တဲ့ ချုပ်ကိုင်မှု၊ တရားလက်လွတ် နှိပ်ကွပ်မှုတွေ အခုကစလို့ မြင်လာရတော့မယ်။
၆။ စစ်အုပ်စု အဖွဲ့အဝင် အချင်းချင်းကြား အာဏာလွန်ဆွဲပွဲ ဖြစ်နေဟန်ရှိတာလဲ အရေးကြီးတဲ့အချက်တခု ဖြစ်နိုင်တယ်။ သဘောက နင်ချထားတဲ့ ပလန်အတိုင်း မသွားဘူး၊ ငါ့မှာလည်း အစွယ်နဲ့လို့ အာဏာလက်ရှိ စစ်ဗိုလ်ဟောင်းများ အချင်းချင်း အချစ်စမ်းနိုင်တယ်။ ရေးနေဂျတာတော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ နှစ်ရပ် အားပြိုင်နေတယ်ဆိုလား။ အာပြိုင်တာ မဖြစ်ပါစေနဲ့ ဆုတောင်းပါ၏။
အဖြစ်နိုင်ဆုံးကတော့ အဘဂျုတ်ကျီး အစီအစဉ်ပြောင်းခိုင်းလိုက်တာ ဖြစ်ဖို့များတယ်။ နောက်ဆုံးလုပ်ပိုင်ခွင့် အာဏာက သူဆီမှာကလား။ တက်လာတဲ့ သတင်းတွေကို စောင့်ကြည့်ပြီး အချိန်တခုရောက်တဲ့အခါ မောင်း ဖြုတ်ချလိုက်ဖြစ်မယ်။ ပြောရရင် ဒေါ်စုဘယ်လောက်ပဲ သိန်းနဲ့ချည်တဲ့ လူထုအင်အားပြပြ ၈၈မျိုးဆက်လို အဖွဲ့မျိုးခေါင်းဆောင်တဲ့ လှုပ်ရှားမှုမျိုး မဟုတ်သ၍ သူတို့ထိုင်ခုံပျောက်ဖို့ စိုးရိမ်စရာ မရှိဘူး။ တိုင်းပြည်ကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်၊ ကြိုက်သလို ကစားနိုင်နေတုန်းပဲ။ ကြည့်ရမှာ ဦးသိန်းစိန်ကို အဘဂျီး အမိန့်နဲ့ အစိုးရဝန်ကျီးအဖွဲ့ အပြောင်းအလဲလုပ်ခိုင်းမလား၊ အစိုးရ ပေါ်လစီအချို့ ပြောင်းလဲခိုင်းမလား.. ဖြစ်လာနိုင်စရာ ရှိနေတယ်။ ဒေါ်စုကို အတိုင်းအတာ တခုအထိ လွှတ်ပေးထားလို့ စစ်အုပ်စုအတွက် အရှုံးချည်ဖြစ်မနေဘူး။ ၈၈အဖွဲ့ကလည်း ရုတ်ချည်း တိုက်ရိုက် စိန်မခေါ်နိုင်သေးဘူး။ လက်ထဲမှာ ရှိနေတဲ့ အသုံးချလို့ရတဲ့ဖဲချပ်က တရုတ်ကြီးနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု။ တလောကပဲ မြစ်ဆုံစီမံကိန်းကို ပြန်စတော့မလိုလို သတင်းလွှင့်လိုက်သေးတယ်။ အဆုံးအဖြစ်က ဘယ်သူဖြစ်မလဲ.. ပြောစရာမလိုဘူး အဘဂျုပ်ကျီးပဲ..သူ့ရဲ့ ကျောထောက်နောက်ခံ အင်အားက စစ်တပ်၊ ဘယ်သူတွေက စစ်တပ်ကို တိုက်ရိုက်ထိန်းချုပ်ထားသလဲ… ဗိုလ်ချုပ်မင်းအောင်လှိုင် ဗိုလ်ချုပ်စိုးဝင်းတို့လို့ ထိပ်ပိုင်းစစ်ဦးစီးအဖွဲ့ဖြစ်တယ်။ အဘဂျုပ်ကျီးစိတ်ပေါက်လာရင် မဆလအစိုးရအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်ကို ဦးနေဝင်း လားပင်စင်ပေးလိုက်သလို လုပ်ပစ်နိုင်တယ်။ ဒီတချီမှာ စစ်တပ်ကို တိုက်ရိုက်ဝင်ခိုင်းတာထက် ကြံ့ဖွတ် ဦးအောင်သောင်း၊ ဦးဌေးဦးတို့နဲ့ အစားထိုးပစ်ဖို့များတယ်။
ဖြစ်နိုင်ချေတွေ တွေးကြည့်တာပါ။ ဦးသိန်းစိန်အစိုးရ၊ ဦးရွှေမန်းလွှတ်တော်ကို အကြံပေးချင်တာ အကယ်၍များ နတ်သိကြားမလို့ ခင်ဗျားတို့သည် အဘဂျီးလက်အောက်က ရုန်းထွက်လိုစိတ်ရှိရင် ဒုတိယကမာ္ဘစစ်ပြီးခါနီး နာဇီဂျာမနီတပ်များ ကြုံတွေ့ခဲ့ရပုံကို အတုယူပါ။ အရှေ့ဖက်စစ်မျက်နှာကနေ ဆိုဗီယက်ကူမြူနစ်တပ်နီတော် ဝင်လာတယ်၊ အနောက်ဖက်စစ်မျက်နှာမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်မျာ ဝန်းရံထားတယ်။ အဲဒီ အနေအထားမှာ ဂျာမန်တပ်များ အမေရိကန်တို့ဆီမှာ လက်နက်ချဂျတယ်။ အသက်သာဆုံး ဖြစ်နိုင်ချေလမ်းကို ရွေးတာပါ။ အနောက်နိုင်ငံ မဟာမိတ်တပ်တွေဆိုတာ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံတွေကလာတာ။ ဆိုဗီယက်ကြတော့ နာဇီတွေလိုပဲ တရားလက်လွတ်ပြုမူမဲ့ ကူမြူနစ်တွေ။ ထင်တဲ့အတိုင်းပဲ စစ်ပွဲအပြီး ဆိုဗီယက်တွေဆီပါသွားတဲ့ ဂျာမန်သုံ့ပန်း သိန်းဂဏန်းကျော်မှာ ထောင်ဂဏန်းလောက်ပဲ အသက်လျင်ရက် ပြန်လွတ်လာတယ်လို့ သမိုင်းမှတ်တမ်းများမှာဆိုတယ်။ စစ်ပြီးတော့ ဂျာမနီ နှစ်ခြမ်းကွဲတော့လည်း သိဂျတဲ့ အတိုင်းပဲ ကူမြူနစ်အရှေ့ဂျာမနီနဲ့ အရင်းရှင်အနောက်ဂျာမနီ တိုးတက်ပုံခြင်း အကွာကြီးကွာခြားသွားတယ်။ လက်ရှိ အာဏာရ လူဂျီးမင်းများလဲ အလားတူ အခြေအနေမျိုး ကြုံတွေ့နေရတယ်ဆိုရင် အသင့်တော်ဆုံး လမ်းကြောင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ပါ။
အကယ် ၍များ မှန်းသလို နတ်သိကြားမလို့ ဟုတ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့နောင်ရေးအတွက် သူတို့လောက် စိတ်ချရသူမရှိဘူး။ တဖက်မှာ အဘဂျုပ်ကျီး ဒဏ်ခတ်ဖို့ စောင့်နေတယ်။ အခြားတဖက်မှာ လက်နက်ကိုင် လူမျိုးစုအဖွဲ့တွေနဲ့ တွေ့လိုက်ရင် မချောင်ဘူး။ ဟိုက သေချာပေါက် ဂမူကျွေးမှာ။ လားပင်စင်နဲ့ ဂမူအကျွေး ခံရတာ နှစ်ခုအကြား သိက္ခာရှိရှိ နာမည်ကောင်းနဲ့ အနားယူသွားဖို့ (အဆိုးဆုံးအခြေအနေ) ဒါမှမဟုတ် အချိန်အတိုင်းအတာ တခုအထိ တိုင်းပြည်အာဏာကို ပူးတွဲရယူသွားဖို့ (အကောင်းဆုံးအခြေအနေ) ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေမှု အချိန်မနှောင်းခင် လုပ်ကြပါ။ မြန်မာလူမျိုးဆိုတာ မေ့ပျောက်လွယ် ခွင့်လွှတ်တတ်တဲ့ လူမျိုးတွေ၊ တနှစ်ကောင်းပြလိုက်ရင် နှစ်တရာဆိုးခဲ့တာ မေ့ပစ်လိမ့်မယ်။ ဒေါ်စုလို အမျိုးသားခေါင်းဆောင် နိုင်ငံတကာလေးစားလက်ခံတဲ့ ခေါင်းဆောင်ကောင်း ရှိနေခြင်းဟာ လုံလောက်တဲ့ အာမခံချက် တခုဖြစ်တယ်။ တခုတော့ရှိတယ် အဲဒီအချက်တွေအားလုံးသည် အချိန်အခါကိုက်လုပ်ရမယ်။ နိုင်ငံတကာက ကြိုဆိုနေတုန်း၊ ဒေါ်စုလုပ်နိုင်ကိုင်နိုင်ရှိနေတုန်း၊ စစ်အုပ်စုဝင်များလည်း အင်အားရှိနေတုန်း၊ ပြည်သူများလည်းမျှော်လင့်ချက် ရေချိန်မြင့်နေတုန်း အချိန်ကိုက်လုပ်ပါလို့ စေတနာနဲ့ အသိပေးပါတယ်။
မရရင်တော့ မီးဒုတ်မီးဒုတ် ရှို့ရှို့…

12 comments

  • Khin Latt

    March 24, 2012 at 8:59 pm

    ကကြောင်ကြီး ရှင့်

    ဆလု ကို အခါ တရီလီယံ ပေါင်း တစ်သိန်း နဲ့ ဦးညွတ် သွားပါသည်။

    သက်ဆိုင် သူများ အသေအချာ စဉ်းစားရန်လို နားထောင်ကြရန် လိုပါသည်။
    အလကားပေးသော အကြံ ဖြစ်ပေမဲ့ တန်ဖိုးမဖြတ်နိုင်တာ တစ်နေ့ သိကြပါလိမ့်မည်။

  • ကိုရင်မောင်

    March 24, 2012 at 9:06 pm

    ကိုကြောင်ကြီးရေ..တော်တော်အပြုသဘောဆောင်တဲ့
    အကြံပေးစာလို့မြင်မိပါတယ်…
    ခုအချိန်ဟာအချိန်ကောင်းအခါကောင်းဘဲမဟုတ်ပါလား….

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2012 at 9:10 pm

    ဒီတစ်ခါဘယ်သူနဲ့မှမတူအောင်ပြောရရင်တော့
    ဘာမှကို မပြောတော့ဘဲ
    ရက်စ်စ်စ်စ်စ်စ်

    • Khin Latt

      March 24, 2012 at 10:31 pm

      “I DO” … လို့ပါ ပြောလိုက်ပါဦး – ဦးကြီးပု ရယ်။ 😆

  • maungmoenyo

    March 25, 2012 at 7:56 am

    လေ့လာကြည့်ရသလောက် ကချင်ပြည်နယ်တခုလုံးဟာ နိုင်ငံရေး နဲ့ စစ်ရေးအရ transparent မဖြစ်တဲ့အနေအထားမှာရှိပါတယ်။
    (၁) ကချင်ပြည်နယ်ကနေကိုယ်စားပြုမဲ့အမတ် များဟာ လူနဲစုဖြစ်တဲ့အတွက်၊ ပြည်ထောင်စုအစိုးရရဲ့ လုပ်ရပ်တခုလုံးကို direction ပြောင်းဘို့ခဲယဉ်းပါတယ်။ တကယ် လုပ်နိုင်တာက ပြည်နယ်အစိုးရအဖွဲ့ကပါ။ ပြည်နယ်ရဲ့ အကျိုးစီးပွားကို တကယ်ရုပ်လုံးဖေါ်နိုင်မဲ့ အာဏာပိုင်စိုးမှုဟာ ပြည်နယ်အစိုးရအပေါ်မှာ ရာနှုန်းအတော်များများမူတည်နေပါတယ်။
    (၂) ဗဟိုအစိုးရ ဆီကအကူအညီဟာ ဘတ်ဂျက်ခွဲဝေရယူရေးကိစ္စက အခရာကျပါတယ်။
    (၃) ပြည်ပရဲ့ဩဇာလွှမ်းမိုးမှု ဆိုတဲ့ကိစ္စမှာ အမေရိကန်အစိုးရက လတ်တလော ကချင်ဒေသတွင်းအဓမ္မပြောင်းရွှေခံရသူတွေ အပေါ် ထောက်ပံ့ရေးအစီအစဉ် ရှိပြီးပြီမို့၊ အမေရိကန်ရဲ့ အခြေတကျဝင်ရောက်လက်ဦးမှုရှိနေပါပြီ။ တရုတ်ကြီးရဲ့ လက်ဝါးကြီးအုပ်လိုမှု (နိုင်ငံရေး အရ) သိပ်စိတ်မပူလှပါဘူး။
    (၄) လက်ရှိ အစိုးရအဖွဲ့အတွင်းလွန်ဆွဲမှုဟာ အမှန်တကယ်ရှိနေပါတယ်။ ဒါပေမဲ့ဒီနေရာမှာ bipartisanship နဲ့ အာဏာလွန်ဆွဲမှုကို ခွဲခြားမြင်တတ်ကြဘို့ အထူးလိုပါတယ်။
    (၅) ဂျိုကုပ်ဒူးကြီး ရဲ့ လက်ရှိအစိုးရထဲဝင်ရောက်ချယ်လှယ်လိုမှုကို မောင်မိုးညိုက ဒီလိုမြင်ပါတယ်။ သူတို့မိသားစုရေး၊ စီးပွားဥစ္စာကိစ္စ ဆိုရင်တော့ ပါတ်သက်လာနိုင်စရာရှိပါတယ်။ ဒီလိုနိုင်ငံစီမံခန့်ခွဲရေးမှာ ဂျိုကုပ်ဒူးကြီး အနေနဲ့ (လိုအပ်လို့ အစိုးရက အကူအညီတောင်းခဲ့ရင်တောင်) ဝင်ရောက်ပါတ်သက်လာလိမ့်မယ်လို့မထင်ပေါင်။ လက်ရှိအစိုးရ အနေနဲ့လည်းဒီလိုအဖြစ်မျိုးကို ရှောင်နိုင်သမျှရှောင်ဘို့ သိပ်အရေးကြီးနေတဲ့ အခြေအနေမှာရှိနေပါတယ်။ ဗိုလ်သိန်းစိန်က ဂျိုကုပ်ဒူးကြီး အိမ် သွားလည်တိုင်းလည်း အကြံသွားယူတယ်လို့တရားသေမပြောနိုင်ပါဘူး။ ဂျိုကုပ်ဒူးကြီး ရဲ့ သမီးတော်တယောက်ယောက်က ဦးသိန်းစိန်ဆီ ဝင်တွေ့တယ်ဆိုတိုင်းလည်း နိုင်ငံရဲ့ကိစ္စမှာ ဝင်စွက်နေပြီလို့ယူဆလို့မရပါဘူး။ ဂျိုကုပ်ဒူးကြီး နဲ့ လက်ရှိသမ္မတအပါအဝင် ကာ/လုံ အဖွဲ့နဲ့ ဘယ်လောက်အဆက်အသွယ်ရှိလည်းဆိုတာသိချင်ရင် လွယ်ပါတယ်။ အရင် ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ ဦးသောင်းတို့လိုလူမျိုးတွေ ကိုစကားပြောကြည့်ကြပါ။
    ဆိုတော့ – ကချင်တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်အစိုးရလွှတ်တော် မှာ အရေးလည်းပါ အရာလည်းရောက်အောင်ကျိုးစားနိုင်ဘို့က ပို လို့တောင်အရေးကြီးနေပါတယ် ဆိုတာ…..။

  • ကြောင်လေး

    March 25, 2012 at 8:13 am

    တကယ်တော့ ကိုကြောင်ကြီးကို နေဇင်ကြောင်ဆိုပြီး တာဝန်ပေးသင့်တယ်။

  • mg mg

    March 25, 2012 at 9:46 am

    ကိုကြောင်ကြီး မထိတ်သာ မလန့်သာရှိလိုက်တာဗျာ၊
    ခင်ဗျားရဲ့ ကြောင်တောင်တောင်အတွေးများဘဲ ဖြစ်ပါစေ၊
    နတ်သိကြားများလည်း မမပါစေနဲ့။

  • kai

    March 25, 2012 at 3:11 pm

    အောက်ကသတင်းကို အရကောက်တတ်ရင်.. အမေရိကားက လုပ်နေတာတွေဟာ.. သိပြီးလုပ်နေတာတွေလို့..တွက်ဆလို့ရနိုင်ပါတယ်..။
    ဘင်လာဒင်ကွိသွားတာ..သူ့တပည့် အီလက်ထရောနစ်ပစ္စည်းလေး သုံးလိုက်မိလို့ပါပဲ..။
    လူသန်း၇၀၀ဝထဲ. တယောက်ကို အတိအကျ..အမိအရရှာလိုက်နိုင်တယ်လေ…

    အင်း..ကျုပ်အိမ်က.. လျှပ်စစ်ပစ္စည်းတွေ..အကုန်မီးပိတ်ထားဦးမှ..။
    အဲ. ဘက်ထရီပါထုတ်ထားမှ…
    အဲ.. ရေထဲပစ်ချပါမှ.. စိတ်ချရမယ်ထင်တယ်..

    အာဟိ..။

    CIA Will Soon Spy Via ‘Internet of Things’

    CIA Director David Petraeus says technological advances have opened up a whole new field of spying opportunities by turning personal and household devices into what amounts to intelligence-gathering stations.

    Everything from phone applications used to control home lighting to car navigation systems can now be tapped by the CIA or other intelligence agencies and used to monitor the activities of persons of interest, according to Wired magazine’s Danger Zone national security blog.

    Petraeus talked openly earlier this month about what he called an “Internet of Things,” or wired devices that could be turned automatically to spying without their users’ knowledge. He made the comments, the Danger Zone reported, at a summit for In-Q-Tel, a company described as an investment arm of the CIA.

    “‘Transformational’ is an overused word, but I do believe it properly applies to these technologies,” Petraeus reportedly said at the summit, “particularly to their effect on clandestine tradecraft.”

    “Items of interest will be located, identified, monitored, and remotely controlled through technologies such as radio-frequency identification, sensor networks, tiny embedded servers, and energy harvesters — all connected to the next-generation Internet using abundant, low-cost, and high-power computing,” the CIA director continued.

    Petraeus acknowledged these new household spy devices would likely change “our notions of identity and secrecy,” which is something that worries privacy protection groups and lawmakers already concerned about how easy it is to obtain information from personal devices.

    Petraeus also expressed interest at the summit in creating new online identities for undercover agents and being able to erase any digital record of their existence.

    © 2012 Newsmax. All rights reserved.

  • metallic

    March 25, 2012 at 3:40 pm

    နေဇင်ကြောင်ကြီးတဲ့
    😀

  • MTY

    March 25, 2012 at 5:44 pm

    Do သာDo ကိုယ့်လူတို့ရေ…

  • အမေရိကန်ငတုံး

    March 26, 2012 at 12:19 am

    အင်း ခက်တော့နေပါဘီ ကိုကြောင်ကြီးပြောတာအများကြီးကိုဖြစ်နိုင်ချေရှိတာပေါ့
    🙁

Leave a Reply