ဟောပြောပွဲဆိုတာ

htet wayMarch 24, 20121min895

စာပေဟောပြောပွဲတွေ အခုတလောရာသီချိန်မဟုတ်လည်း ကျင်းပနေကြသည်။ဘာကြောင့်စာပေဟောပြောပွဲလုပ်ကြပါသနည်း။ စာပေကိုမြတ်နိုးလို့ ချစ်လို့ ပင်ဖြစ်သည်။စာပေကိုတန်ဖိုးထား၍ စာရေးဆရာကို တန်ဖိုး
ထားလာကြခြင်းဖြစ်မည်။တခါက မန္တလေးသိန်းဇော်နှစ်ပါးသွားကတော့ကဗျာ ရွတ်သံကို နားစိုက်ထောင်နေကြသည်။ကဗျျာရသထဲစီးမျောနေကြသည်။ ရသကို ခံစားနေကြသူတွေ နားလည်လားဆိုတော့ နားမလည်ပါတဲ့
ခံစားလို့ရလားဆိုတော့ ရပါတယ်တဲ့ မဆန်းပေဘူးလား။
စာပေဟောပြောပွဲတွေ တိုင်းပြည်အနှံဖြစ်နေသည်။ပွဲစီစည်သူတွေ၏ တာဝန်ကမသေး။ရန်ကုန်ကိုလာရသည်။စာရေးဆရာအိမ်ကိုသွားရသည်။ရက်ချိန်းတောင်းရသည်။ရပြန်တော့ မြို့နယ်က သက်ဆိုင်သူတွေကို
တင်ပြပြောပြ စီစဉ်ရသည်။နောက်လူတွေသိအောင်ကြော်ငြာတွေကပ်ရ ၊ကားနဲ့ လှည့်ပြီး ကြော်ငြာရ၊ အော် မလာဘဲနေမည်ကိုစိုးကြသည်လေ။
ဘာကြောင့်စာပေဟောပြောပွဲတွေအရင်ထက်တိုးတက်လာရပါသနည်း။ ယခင်ကရောစာပေဟောပြောပွဲရှိကြသည်။ဟောပြောပွဲတွေ ခပ်ကျဲကျဲ။စာရေးဆရာတစ်ယောက်၏တစ်သက်တာဖတ်ရှု့ထားသောရသ ၊သုတ
တွေကို တထိုင်ထဲယူလိုကြသည်။ စာပေမှ ရသောအတွေးကို မက်မောကြသည်။ဘဝအဓိပါယ်ကိုရှာချင်ကြသည်။တစ်ချို့စာရေးဆရာတွေက ပရိသာတ် ဖတ်ချင်အောင်၊ စာပေစိတ်တွေဝင်လာအောင်မဆွေးနွေးလိုကြ
နိုင်ငံရေးကိုပြောသည်။အမျိုးသားရေး၊နိုင်ငံရေးသည်ရှိကြရမည်။ပြောကြရမည်။လမ်းကြောင်းတည့်ပေးရမည်။သို့သော်….။
ယခင်ကကိစ္စတွေ ကို အပြစ်ဖို့နေခြင်းထက် ယခုအရေးကို မီးမောင်းထိုးပြစေချင်ပါသည်။ အပြစ်အနာထက် ခွင့်လွတ်စိတ်ဖြင့် ကြိုးစားမူကိုလိုချင်ပါသည်။လက်ခုတ်များများတီးသညိ်ကို လိုလားကြသည်။ဟာသတွေလှိုင်
လှိုင်ပြောကြ တဝါးဝါးပွဲကြစေချင်ကြသည်။တစ်ချို့က ခပ်ပါးပါးလေးပွဲဖြစ်ရုံသာပြောကြသည်။
ပရိသတ်သည် စာပေနှင့်စိမ်းသူပါသည် ကျက်သူလည်းပါသည်။ စာရေးဆရာထက်များစွာသာသူလည်း ပွဲထဲတွင်ရှိသည်။စာပေဟောပြောပွဲလာသူတိုင်းက စာပေချစ်စိတ်အနည်းနှင့်အများရှိကြပါသည်။
ကျွှန်တော်လိုချင်သောစာပေဟောပြောပွဲသည် စာပေချစ်စိတ်ဖြစ်ပေါ်စေချင်သာစာ၊ခွန်အားရှိသောစာပေနှင့် အသိပါသောစာပေဟောပြောပွဲပင်။
ပွဲစီစဉ်သူတွေ၏စေတနာနှင့်စာပေစိတ်ကား အံမခန်းပင် ။စာရေးဆရာတွေကို လက်ဆောင်ပေးရန် စာရေးဆရာများစိတ်မငြိုငြင်စေရန် အစားအသောက်မှစ၍ ..အရာအားလုံး ဂရုစိုက်ရသေး၏။လူထုပရိတ်သတ်ကလည်း
သဘောကျစေရန် လည်းကြိုးစားရသေး၏ ခုံနေရာမှစ၍ ပြဿနာမဖြစ်ရန်အဆုံး၊ ပွဲလာသူပရိတ်သတ်ကစီးနင်းလာသော စက်ဘီးဆိုင်ကယ်ကိုလည်း ဂရုစိုက်ရသေး လုံခြုံရေးလည်းရှိသေးသည်။
ပွဲမဝင်ခင်ကတည်းက အခန်းအနား ပြင်ဆင်ရန် စာလုံးဖေါက်တာ၊ခုံနေရာချတာရှာဖွေတာတွေလုပ်ရသေးသည်။ အသံချဲ့စက်ငှား မှတ်တမ်းတင်ဗီဒီယို ရိုက်ရန်ကို ပြင်ဆင်စီစဉ်ရပြန်သည်။အခမ်းနားမှူးကိုရွေးချယ်ရသည်။
ဟိုပစ္စည်း ဒီပစ္စည်း ရှာဖွေငှားရ ပြင်ရဆင်ရနှင့်ကော်မတီက အလုပ်ရှုပ်တော့သည်။စာရေးဆရာရှာသူကလည်း သေချာစေရန်ဖုန်းဆက် ရက်ချိန်းမလွဲအောင် ဂရုစိုက်နေရပြန်သည်။ပွဲချိန်နီးလျှင် ကြိုဖို့ ပြင်ဆင်ရ၊ရန်ကုန်
ကိုသွားရပြန်သေးသည်။
ဤသို့ အလုပ်ရှုပ်သောပွဲမျိုးကို တစ်ပြားတစ်ချပ်မှမရဘဲ ဘာေကြောင့်လုပ်ရပါသနည်း။ရှင်းပါသည် စာပေချစ်စိတ်ဖြစ်ပေါ်ရန်၊ စာဖတ်ချင်စိတ်ရှိလာစေရန် ဗဟုသုတရစေရန်ဖြစ်ပါသည်။အများကို အကျိုးရှိစေချင်သောစိတ်
အနုပညာစိတ်ပင်။စာပေသည် အမျိုးသားယာဉ်ကျေးမူဖြစ်သည်။ အလိမ္မာစာမှာရှိသည်..စသဖြင့် ဆိုရိုးစကားပုံတွေရှိနေပါသည်။လူငယ်တွေစာဖတ်စေချင်သည်။စာပေအသိဖြင့် ဘဝတိုးတက်စေချင်သည်။စာပေဖြင့် နိုင်ငံကောင်း
ကျိုးကိုဆောင်ရွက်ချင်စိတ်ဖြစ်စေနိုင်သည်။ယခင်က စာပေဖြင့်တော်လှန်ရေးပြုခဲ့သော သာဓကတွေလည်းရှိခဲ့သည်။စာပေထဲက ဘဝတွေကိုသိစေချင်သည်။သရုပ်မှန်ကစ၍ ခောတ်ပေါ်စာပေကိုဟောပြောပွဲက မီးမောင်းထိုးပြနိုင်သည်။တထိုင်ထဲနိုင်ငံရေး ဘာသာရေးလူမူရေးတွေရနိုင်သည်။စိတ်တွေကို ဆင်ခြင်ပြုပြင်နိုင်လိမ့်မည်။
စာပေဟောပြောပွဲက ငြိမ်းချမ်းမူကိုဖေါ်ဆောင်နိုင်မည်။အမှားတွေကိုထောက်ပြ အမှန်တရားကို မီးမောင်းထိုါ်ပြလိမ့်မည်။
ကျွန်တော်နှစ်သက်သော ဟောပြောပွဲကဖြင့် အပြစ်ချည်းပဲမရှာ အနှစ်ဆီကိုသာ ရှေ့ရှု့သော၊ ပြဿနာမပါ သောလမ်းပြခြင်းမျိုးသာဖြစ်ပါသည်။ အသိဉာဏ်ကို ဖွင့်ပေးသော အမျိုးသားရေး စိတ်ဖြစ်စေသော၊ နိုင်ငံရေးကို
အကောင်းမြင်စိတ်ဖြင့်ပြည်သူကို လမ်းဖွင့်ပေးသော ပြည်သူ့အကျိုးပြုဟောပြောပွဲပင်ဖြစ်ပါသည်။
ပရိတ်သတ် အကြိုက်ရှာသော လက်ခုတ်သံလိုချင်သော ရယ်ရပြီးရော ဟောပြောပွဲမျိုးဖြင့်မနှစ်သက်ပါ ဇာတ်သမားပြန်မှတ်သားစရာကျန်ရမည်ဟူသော ဆိုရိုးလေးအတိုင်း စာရေးဆရာပြန်ရင် မြို့မှာ အသိကျန်စေရန်သာလိုလာမိပါတော့သည်။

5 comments

  • နေဝန်းနီ

    March 24, 2012 at 10:32 pm

    ဆရာထက်ရေ့…… ကျုပ်တို့ဆီမှာတော့ တစ်နှစ်ပျက်ကွက်ခဲ့တယ်….။ ဒီနှစ်မြို့သားတွေ မှတ်သားစရာ အသိမကျန်ရစ်ဘူးဗျ……။

  • weiwei

    March 24, 2012 at 11:18 pm

    ခုနလေးတင်ပဲ စာပေဟောပြောပွဲသွားနားထောင်ခဲ့ပါတယ် .. ဆရာမ နုနုရည် (အင်းဝ) ဟောပြောခဲ့တာပါ … ရပ်ကွက်ထဲက စာပေဟောပြောပွဲကို ကျွန်မတစ်သက်မှာ ပထမဆုံးအကြိမ် နားထောင်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ် …
    အရမ်းအကျိုးရှိတဲ့ အချိန်လေးတစ်ခုကို ရရှိခဲ့ပါတယ် …

  • ဦးဦးပါလေရာ

    March 25, 2012 at 12:14 am

    “ဤသို့ အလုပ်ရှုပ်သောပွဲမျိုးကို တစ်ပြားတစ်ချပ်မှမရဘဲ ဘာေကြောင့်လုပ်ရပါသနည်း။”

    ဘယ်ကမလဲ ဆေးဆရာရဲ့
    ဒီပွဲမျိုး စီစဉ်သူကအစ ဆောင်ရွက်သူအလည် ဝိုင်းကူသူအဆုံး အားလုံးဟာ
    ဆံထုံးလဲထုံး ဆီလဲစိုက် ဆိုသလို
    တတ်နိုင်သမျှ အချိန်တွေ ငွေတွေ လုပ်အားတွေ အကြံဉာဏ်တွေ
    စိုက်ထည့်လုပ်ကိုင်ကြရတာ…
    သိပ်ချီးကျူးဘို့ကောင်းတယ်..။

  • htet way

    March 26, 2012 at 7:11 am

    ဆရာဦးဦးရဲ့ စိတ်စေတနာကိုသိရလို့ လေးစားပါတယ်။
    အခုအိမ်မဲမှာ စာပေဟောပြောပွဲရှိပါတယ် ဆရာအကြည်တော် ဆရာမောင်စိန်ဝင်း
    ဆရာဒါရိုက်တာအောင်စိုးဦးပါ။ဆရာအောင်စိုးဦးက အိမ်မဲသားပါ သင်္ကြန်မိုးရဲ့ ဇာတ်ညွှန်းေျရးဆရာ၊ နော်ရင်မွှေး
    ဇာတ်ကားမှာဒါရိုက်တာ စိုးမြတ်သူဇာ အကယ်ဒမီရတယ်။နောက်ရွှေပြည်တန်ဂျာနယ်ရွှေမြန်မာဂျာနယ်အယ်ချုပ်
    ကျွန်တော်ကနောက်နှစ်တွေဆိုရင်တော့ ဂေဇက်ကဆရာတွေဆရာမတွေကို ခေါ်ဖို့ရှိပါတဝ်၊၊
    စိတ်ပါဝင်စားသူများကျွန်တော်ထံဆက်သွယ်နိုင်ပါတယ်။

  • htet way

    March 26, 2012 at 7:21 am

    စာပေဟောပြောပွဲကို သဘောကျတဲ့ဆရာမဝေဝေကိုလေးစားပါတယ် ဆရာမရေ
    အိမ်မဲစာပေဟောပြောပွဲကတော့ စာနယ်ဇင်းကလုပ်တာပါ ပထမဆုံးအကြိမ်ပါ။
    ဆရာနေဝန်းနီခင်ဗျား ဟောပြောပွဲတွေဖြစ်နေရင် သဘောကျနှစ်သက်စရာပါ
    ပျက်ကွက်တာလည်းရှိမယ်လေ ကုန်ကျစရိတ်လည်းရှိတာပေါ့
    ဂေဇက်ဟောပြောပွဲဆိုပြီး တစ်ခုလောက်လုပ်ဖို့ကောင်းပါတယ်

Leave a Reply