ငို၍ရယ်၍မရသော…….

naywoon niMarch 24, 20121min14013

အဆိုးဆုံး ငို၍ ရယ်၍ မရတဲ့အချိန်တွေဟာ နေဝန်းနီ ဒေါသတွေ ထွက်နေတဲ့ အချိန်ပါ…။ ရယ်ခြင်းငိုခြင်းရဲ့ အခြားတစ်ဘက်က အရာဟာ ဒေါသ လား ? ဒါမှမဟုတ် ရယ်ခြင်းနဲ့ငိုခြင်းကြားထဲမှာ ဒေါသ ရဗိနေသလား မတွေးတတ်တော့ပါ……..။ တစ်ခါတစ်ရံဒေါသတို့သည် အိတ်ကာလမှလာချေ၏။ တစ်ခါတစ်ခါလည်း လတ်တစ်လောအခြေအနေကြောင့်ဖြစ်ပေါ်လာတတ်ချေသေး၏…။ အတိတ်ကာလ မှလာသောဒေါသတို့ကား တစ်နည်းနည်းနှင့် ဖြေသိမ့်ခြင်းငှာ ရပေသောငြား ……လတ်တစ်လော ပေါ်ပေါက်လာသောဒေါသတိ်ု့ကား ဖြေသိမ့်စရာနည်လမ်းမရှိ ….။ တစ်ယောက်ထဲ ဒေါဖောင်းနေရသောအဖြစ်ကားဆိုးဝါးလှချေ၏….။
တစ် ရက်သား ကော်နက်ရှင်မကောင်း၍ အိမ်သို့စောစီးစွာပြန်ရောက်ချေ၏…။ အိမ်၌ကား မာတာမိခင်သည် MRTV ဖွင့်ချေ၏ ….။ ဒီအထိ ပြဿနာမရှိသေး…။ သတင်းပြီးလာလိုက်သည်က ဇာတ်လမ်းတွဲများ ….။ MRTV လူကြီးမင်းများသည် မြန်မာပြည်ရှိ အနုပညာရှင်များနှင့် ရန်ဖြစ်ထားသည်ထင်၏…။ သူတို့ အကြောင်းမလွင့်ပါချေ….။ အမေကျော်ကာ ဒွေးတော်လွမ်းသည် ဆိုသည့် စကားအတိုင်းပင်….။ (အင်းအဲဒိကစပြီးစိတ်တိုလာတာ….။ ) ကြည့်ဦိးလေ…။ ရိုက်ကွင်းပေါ်က အလွဲအမှားဟာသတဲ့…။ ကိုယ့်ပြည်တွင်းက ဗွီဒီယို ရုပ်ရှင်တွေက ကော မရှိဘူးလား ….။ သူတို့က ပြသခွင့်မပေးလို့လားမသိ…။ နော့…။ ဒါပေသည့် မြန်မာ့ မြန်မာ့ရုပ်ရှင်ကိုပစ်ပယ်ထားတာက သိသာလွန်းနေပါတယ်…။ ဗုဒ္ဓဟူးနေ့တောင် မကောင်းတတ်လို့ မြန်မာကားပြနေတာ…။ ဒီ MRTV တစ်လိုင်းထဲမဟုတ်…။ ဘယ်ရုပ်သံလိုင်းကိုပဲလိုက်ကြည့်ကြည့် ကိုရီးယားကားပြတဲ့ အချိန်နဲ့ မြန်မာကားပြတဲ့အချိန်ဘယ်ဟာကပိုများမလဲ တွက်ကြည့်လိုက်ရင်သိသာပါတယ်…..။
နေဝန်းနီနဲ့ ရင်းနှီးတဲ့ အကိုတော်တစ်ယောက်တော့
“ ဒါတွေက လူတွေ ကိုမှီုင်းတိုက်တာကွ…တဲ့လေ….။ ကြားဖူးတယ်မဟုတ်လား “ ပညာပေးရန်မြန်မာ့ရုပ်သံ…။ စည်းရုံးရန်မြန်မာ့ရုပ်သံ” “ပညာပေးရန်မြန်မာ့ရုပ်သံ” ဆိုလား …။ ဒီလိုလုပ်ကြ ရအောင် ဒီလိုနေကြ အောင်အောင်ဆိုပြီး ကိုရီးယားကားတွေပြပြ ပြီးစည်းရုံးပညာပေးနေတာကွ…။ လိုက်လုပ်တဲ့သူတွေ အပြစ်မဆိုသာဘူးဟေ့…။ ငါကတော့ ကိုးရီးယားရူး တွေနဲ့ တွေ့လို့ သောက်ချိုးမပြေရင် အဲဒိရုပ်သံတွေကိုပဲ ငါနဲ့ထောင်တုတ်ချင်တယ် သိလား”
………တဲ့……..။
တော်သေးတာပေါ့…။ ဟိုးအရင်တစ်ချိန်က ပေါင်ချိန်တို့ ကျန်ချောင်းတို့ ခောတ်ကများဆို ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ပေါင်ချိန်နဲ့ ကျန်ချောင်း ချည့်ပဲ…။ ခုထိ ကြွတ်ကြွတ်အိတ်ကို ကျန်ချောင်းအိတ်လို့ ခေါ်တဲ့နေရာကခေါ်တုန်း….။ ဂျပန်က “ အိုးရှင်း”လား အဲဒိတုန်းကလည်း အိုးလိုက်ရှင်းလိုက်ကြတာ စာပေနယ်အထိတောင်ရောက်လာသေးရဲ့…။ ပေါင်ချိန်ကရော…။ စာပေ စာနယ်ဇင်းစာမျက်နှာပေါ်နေရာယူလာတာပဲ……။ ဈေးကွက်…..ဈေးကွက်…။ အဲဒါကို နေဝန်းနီ အကိုတော်က
“အဲဒါက ပညာပေးကွ အနုပညာအနည်းအပါးပါသေးကွ…။ ခုဟာက သရုပ်ပျက်နဲ့ တိုးတက်တဲ့စက်မှုပစ္စည်းကလွဲလို့ ဘာမှပါလာတာ မဟုတ်ဘူးကွ….။ အိုးရှင်းလိုဇာတ်လမ်းမျိုး သူတို့ဆီမှာရှိချင်မှရှိမှာ….။ “
နေဝန်းနီကတော့ ဘာပဲဖြစ်ဖြစ် စာပေနယ်က ဘာသာပြန်ဆရာများကို ဒီတစ်ခုထဲနဲ့ ကျေးဇူးတင်မိပါတယ်…။ နေဝန်းနီ မြင်ပြင်းကတ်နေတဲ့ ကိုရီးယားစာပေ မြန်မာ ဘာသာပြန်စာအုပ်တွေထဲ ဆွဲသွင်းမလာလို့ပါ…။ ပြောလိုက်မှ သတိပေးလိုက်သလိုများဖြစ်သွားမှာလဲကြောက်ပါရဲ့……။
ကိုယ့်မြေ ကိုယ့် ရေ ကိုယ်ဒေသ ထွက် တွေရှိပါလျှက်ကယ်နဲ့ သူများပစ္စည်းမှ အကောင်းထင်နေသူများကို စိတ်တိုရ ဒေါသထွက်ရပါသည်…။ အကောင်းထင်ရုံတင် ထင်သာမဟုတ်လို့ပေါ့…။ ဘာလေးလုပ်လိုက်လုပ်လိုက် ပါးစပ်က ကိုရီးယားဆိုတဲ့ စကားလုံးကမချ…။ ကြာတော့ နားကြားပြင်းကတ်လာပြီ…။ ဘယ်အိမ်ကြည့်လိုက်ကြည့်လိုက် မီးလာရင် ကိုရီးယားကား ကြည့်နေတာပဲ…။ ဆိုတော့ ဘိန်းစွဲသလို စွဲနေတာကတော့ သေချာပြီ…။ ဒါကိုအချိန်မှီ မကုစားနိုင်ရင်………
အဓိက တာဝန်ရှိတာကတော့ အခမဲ့ လွှင့်ထုတ်ပေးနေတဲ့ ရုပ်သံတွေလို့ ပဲ ထင်တယ်……။ သူတို့ လွှင့်မပေးရင် လွယ်လင့် တစ်ကူ ကြည့်စရာတွေရှိနေပေမဲ့ လူတွေ ကြည့်တာ စိတ်ဝင်းစားတာနဲနဲတော့ လျော့သွားမယ်ထင်တယ်…။ ဆင်ဆာလွတ် DISC တွေ သိမ်းလည်းခဏပဲ……။ ရောင်းတဲ့ ဆိုင်တွေတင် သိမ်းတာကိုးး ………..။ လူတွေ လက်ထဲမှာ အိမ်တိုင်းမှာ အနဲဆုံး DISC ဆယ်ချပ်လောက်တော့ရှိနေတာပဲ….။ အဲဒါတွေပါလိုက်သိမ်းရမှာ …..။
အဲဒိလိုနဲ့ အတွေးထဲမှာလိပ်ပတ်မလည်ရင်းနဲ့ အိပ်ပျက်ညတွေမှာ …….. ငို၍ ရယ်၍ မရသောရောဂါ စွဲကပ်နေရပါကြောင်းးးးးး

နေဝန်းနီ

13 comments

  • Gipsy

    March 24, 2012 at 11:22 pm

    ငိုရီ ငိုရီ ဆန်တပြည် တဲ့လေ …။
    မငို မရီ နိုင်ဆိုတော့ ဆန်မရတော့ဘူးပေါ့…။
    အိမ် မှာလည်း ဒီလိုပါပဲ..၊
    ကိုးရီးယားတွေ သောင်းကြမ်းတာ ဘိ်န်းစွဲတာထက်ဆိုးမလားပဲ…၊
    တခါတခါ စိတ်မရှည် နိုင်အောင်ဖြစ်မိပါရဲ့…။

  • pazflor

    March 24, 2012 at 11:29 pm

    ကိုရီယားကားတွေဘဲ ကြည့်နေရင်း မြန်မာတွေ ကျန်ခဲ့တောမယ်ထင်ပါတယ် ခင်ဗျာ၊

  • ဦးဦးပါလေရာ

    March 24, 2012 at 11:52 pm

    အခုတော့ ကိုရီးယားကားတွေ ဩဇာလွှမ်းနေပုံများ
    မကောင်းလို့ မကောင်းကြောင်းတောင် မပြောရဲအောင်ဖြစ်နေတယ်။
    နေရာတိုင်းသူ့ပရိတ်သတ်..

    ပြဿနာက အဲဒီလောက် လူတွေကို ဩဇာလွှမ်းမိုးလာရင်
    အတွေးအခေါ် အယူအဆ ခံယူချက်တွေပါ ပြောင်းကုန်လိမ့်မယ်။
    (တကယ်တော့ ပြောင်းနေပါပြီ)

  • htoosan

    March 25, 2012 at 7:33 am

    ပြောင်းပါ့ .. ငရဲကြီးမယ် ..ဘုန်းနိမ့်မယ် မဟုတ်တော့ဘူးလေ..
    ဟို

    ကိုရိးယားကားလို ကုန်းပိုးခေါ်ပါလားဟင်..

    တဲ့ 😀 😀

  • ကြောင်လေး

    March 25, 2012 at 8:29 am

    အဝတ်အစားစတိုင်လေးတွေပြောင်းလာတာတော့ အဘ တို့ တော်တော်ကြည့်လို့ကောင်းလာတယ်။ခွစ်ခွစ်

  • ပိုင်လေး

    March 25, 2012 at 9:14 am

    ကိုးရီးယားတွေ က ဘိ်န်းစွဲတာထက် တော်ဆိုးတယ်။

  • mocho

    March 25, 2012 at 9:33 am

    ကျမလည်း ကိုရီးယားကား မကြိုက်တဲ့ သူပါ။ ကိုရီးယား မင်းသားတွေရဲ့ ဖြူဖက်ဖြူလျော် ၊ ပျော့စိပျော့ဖက်ပုံ ရုပ်တွေကို ဘယ်လိုမှ ခံစားလို့မရပါဘူး။ မြန်မာကားတွေည်းမကြိုက်ဘူး။ကျမကတော့ ရုပ်ရှင် ဇတ်လမ်းတွေ ထက်စာရင်၊ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ တကယ့် လက်တွေ့ ဘဝတွေကို ပိုစိတ်ဝင်စားတယ်။

  • blackchaw

    March 25, 2012 at 11:43 am

    ကိုနေရေ။
    ဒါလည်း နယ်ချဲ့ ခံထားရခြင်း တစ်မျိုးပါပဲ။
    ကိုသစ်ကြီးပြောပြောနေတဲ့ ပါဝါအပျော့ ဆိုတာပဲ ဖြစ်ရမယ်ဗျာ။
    ထူးဆန်းနေတာက
    မြန်မာ့အသံရော
    MRTY 4 ရော
    မြဝတီရော
    ဖမ်မလီအန်တာတိန်းမန့်ရော
    စကိုင်းနက်ရော
    မြန်မာပြည်ရဲ့ အားကောင်းတဲ့ မီဒီယာကြီးတွေမှန်သမျှ
    ကိုးရီးယား တွေ နယ်ချဲ့ တာကို ကျေကျေနပ်နပ်ကြီး လက်ခံပြီး
    ကိုးရီးယားဇာတ်လမ်းတွဲတွေကို အပြိုင်အဆိုင်ထုတ်လွှင့်ပေးနေကြတာပါ။
    ကဲ အဲဒါကို ဘဘကြီး သန်းရွှေ တို့ တစ်ခါက ဝါဒဖြန့်ချိခဲ့သလို
    ပြည်ပအားကိုး ပုဆိန်ရိုး လုပ်နေတာပါလို့ ပြောရင် ခင်ဗျားသဘောတူမတူ သိချင်မိတယ်ဗျာ။
    ခင်မင်လေးစားစွာဖြင့်
    ဘလက်ချော။
    😆

  • blackchaw

    March 25, 2012 at 11:45 am

    လက်မလေးတစ်ချောင်းထောင်ခဲ့တာ ပြောဖို့ မေ့သွားလို့ဗျို့။ 😆

  • TTNU

    March 25, 2012 at 11:57 am

    ဆရာနီရေ..
    တရုတ်ကားတွေလည်း များသေးတယ်။ကိုရီးယားနဲ့ တရုတ်
    နှစ်ဖွဲ့ပေါင်းတိုက်လိုက်တာ ကျမတို့မှာ Up-to-date သတင်းလေးနဲ့
    အပန်းဖြေမလားလုပ်နေတုန်း မီးပြတ်သွားပါရောလား။အခုတလော
    မီးက လာလိုက် ပျက်လိုက် သွေးဝမ်းသွားနေသလိုပါပဲ။ 🙂

  • ြ(ကည့်ဦိးလေ…။ ရိုက်ကွင်းပေါ်က အလွဲအမှားဟာသတဲ့…။ ကိုယ့်ပြည်တွင်းက ဗွီဒီယို ရုပ်ရှင်တွေက ကော မရှိဘူးလား ….။ သူတို့က ပြသခွင့်မပေးလို့လားမသိ…။ နော့…။ ဒါပေသည့် မြန်မာ့ မြန်မာ့ရုပ်ရှင်ကိုပစ်ပယ်ထားတာက သိသာလွန်းနေပါတယ်…)
    ဒီအကြောင်းကိုပြောရရင် မြန်မာပြည်ကလူတွေက အဝေဖန်မခံနိုင်ကြဘူးဗျ.
    ဟိုတစ်လောက စာစောင်တစ်ခုထဲမှာဖတ်လိုက်ရတာလေးပြန်ပြောပြချင်ပါတယ်။
    အနုပညာရှင် သရုပ်ဆောင်အသစ်ထွက်အောင် ဖော်ထုတ်နေတဲ့အဖွဲ့က သူတို့ရုပ်ရှင်ရိုက်ရင်းမှားတဲ့အမှားတွေကို
    သူတို့ရဲ့အစီအစဉ်အပြီးမှာ ပြန်ပြပါတယ်။.
    အဲဒီထဲမှာ ပါဝင်သရုပ်ဆောင်သူတစ်ယောက်က အဲဒါက သူတို့ကို သိက္ခာချပါတယ်ဆိုပြီးကန့်ကွက်ပါတယ်။
    မြန်မာကားတွေကို အမြဲတမ်းလွှင့်ပါမယ်ဆိုရင်ကော ထုတ်လုပ်သူတွေက ဒီလိုအမြဲတမ်းအလကားအပြခံပါ့မလား။
    ကိုနေရေ မြန်မာပြည်က ဘာမဆိုလုပ်ရခက်တယ်နော်။

  • အမေရိကန်ငတုံး

    March 25, 2012 at 7:58 pm

    ကျွန်တော်တို.တိုင်းပြည်ကတော့မလွယ်တော့ပါဝူး။သယံဇာတတွေကတရုပ် ကုလားလက်ထဲရောက်
    စိတ်ဓာတ်ရေးရာက ကိုးရီးယားကလွှမ်းမိုး ကျွန်တော်အပြင်ထွက်လို.ပစ္စည်းတစ်ခုခု
    သာွးဝယ်ရင် အဲ.ဆိုင်ကအစ်ကိုဒါကိုးရီးယားမိတ်လိုပြောလိုက်ရင်ဘာမှမပြောဝူးချက်ချင်း
    လှည့်ထွက်လာတယ်.။ေ-ာက်မြင်ကတ်လို. ဘယ်နှယ်ဗျာ အတုခိုးမယ့်ခိုး ဥရောပတို.
    အမေရိကတို.အာရှထက်အများကြီးသာတယ်။သူတို.ဒီဇိုင်းတွေ အတွေးအခေါ်တွေက
    ကိုးရီးယားထက်အများကြီးသာပါတယ်။အတွေူးအခေါ်နိမ့်တဲ့သူတွေလောက်သာ
    ကိုးရီးယားအထင်ကြီးကြတာ ရုပ်ရှင်ထဲမှာသာကြည့်ကောင်းအောင်ပြင်ထားကြတာ
    တကယ့်အပြင်မှာေ-ာက်ရုပ်ကလဲဆိုး ရိုင်းလိုက်တာလဲနှစ်ယောက်မရှိ

  • aye.kk

    March 25, 2012 at 9:15 pm

    မြန်မာမှုမြန်မာဓလေ့..
    ချစ်စရာကောင်းလွန်းလှလို ့..
    ဘယ်တိုင်းပြည်ကမှမလေးစားဘဲမနေနိုင်ကြပါဘူး..
    မြန်မာပြည်ကတာဝန်ရှိသူများ၊သူများတိုင်းပြည်တာဝန်နဲ ့သွားကြတဲ့အခါ..
    နွဲ ့ယဉ်ဝင်းဆိုတဲ့ဟိုသီချင်းထဲကလို..ပုဆိုးနဲ ့တိုက်ပုံဝတ်လာပါ၊မှာစရာမလိုအောင်
    ပင်နီတွေပါထည့်သွားကြတယ်လို့သိရပါတယ်(ပင်နီမဝတ်ရင်ဗမာမှန်းမသိကြဘူးတဲ့)
    အသိအမှတ်မပြုချင်ကြဘူးတဲ့ဗျာ..။
    ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး၊ကိုယ့်ရဲ ့ယဉ်ကျေးမှု
    ကိုယ်သာကာကွယ်စောင့်ရှောက်ရမဲ့ဝတ္တရား
    ကိုယ့်မှာသာတာဝန်ရှိနေတာမို ့ပြောရရင်တော့ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြသလိုဖြစ်နေပါရဲ ့..
    မမြလေးပြောသလိုသာပြောလိုက်ချင်ပါတော့တယ်..
    ပြောကိုမပြောချင်တော့ပါဘူးဆိုတာကိုပါဘဲ..။။

Leave a Reply