ကြေးမှုံသတင်းစာမှ အမြန်ကြေး ..

myohtatMarch 24, 20121min15012

ကြေးမှုံသတင်းစာတိုက်မှာ (ကြော်ငြာ)ထည့်မယ်ဆိုရင် …
(အမြန်ကြေး)ပေးမှသာ ရက်မကြာခင်မှာပါပြီး သတ်မှတ်ထားတဲ့အတိုင်းပေးလို့ကတော့
(၁၀)ရက်နေလို့တောင် ပါမှာမဟုတ်ပါဘူး … ကျုပ်ကိုယ်တွေ့ပါ … ကိစ္စတစ်ခုနဲ့(ကန့်ကွက်နိုင်ကြောင်း)
(ကြော်ငြာ)သွားထည့်တာ သတင်းစာတိုက်ကို(၂)ခေါက်သွားရတယ် … (၁၃)ရက်ကြာမှ ပါလာတယ် …
အသိတယောက်နဲ့တွေ့မှ (အမြန်ကြေး)ပေးရမှန်းသိတာ … ကျုပ်ကလည်းတော်တော်လေးကို အ ပါတယ် …
လတ်ပေးလတ်ယူတာတွေ အရေးယူနေတယ်ဆိုတော့ မပေးရဲဘူးလေ … ကံကောင်းလို့ပေါ့ (၁၅)ရက်သာကြာရင်
ကျုပ်ပြသနာတက်ပြီ .. အရေးတကြီးကိစ္စရှိလို့ သတင်းစာတိုက်သွားရင် (အမြန်ကြေး)လေးတော့ အပိုဆောင်သွားကြအုံးနော် …
သတင်းစာတိုက်မှာ စာရေးမ(၃)ယောက်ရှိတယ် သူတို့ကို (တိုးတိုးတိတ်တိတ်)ပေးရတာ … ဘယ်သူမှမပြောကြနဲ့နော် ….

12 comments

  • ကိုရင်မောင်

    March 24, 2012 at 11:50 pm

    ဘယ်သူမှမပြောပါဘူးကွယ် စိတ်ချပါ…

  • kai

    March 25, 2012 at 5:38 am

    ကွန်ပျူတာနဲ့.. စာရင်းသွင်းတဲ့စံနစ်လုပ်ရင်.. ဒါမျိုးဖြစ်ဖို့ခက်မှာပေါ့..
    အချိန်နဲ့.. သွင်းရတာမို့.. ကျန်နေရင်.. အသိသာကြီးဖြစ်မှာပေါ့..။
    ဘာစံနစ်သုံးနေသလည်းမသိ..။

    စကားအတင်းစပ်..
    ဂျာနယ်တွေကရော.. အဲလိုငွေရှင်းတန်း..အကောင့်တန့်တွေအတွက်.. ဘာစံနစ်သုံးကြသလည်းဟင်င်င်..
    သိသူတွေပြောပြပါဦး..
    ဈေးသက်သာရင်.. ဝယ်ချင်လို့..။ 😆
    ==
    မီဒီယာမှာခွထိုင်ပြီး မီဒီယာကဖေါ်ပေးရမဲ့.. လဘ်စား/ယူအလုပ်ကို… မီဒီယာကိုယ်တိုင်ကလုပ်ပြနေတော့.
    .. ရီစရာ…

    • Thel Nu Aye

      March 25, 2012 at 10:49 am

      ဒီမှာကတော့ ကွန်ပြူတာမသုံးပါ။ လက်နှင့်စာရွက်တွေတပုံကြီးစနစ်ဖြင့်သာ သွားနေတုန်းပါ။ အစိုးရရုံးတခါသွားရင်မိတ်တူဖိုးမနဲပါ။ တခါပေးပြီးလဲပျောက်လို့ လိုလို့နဲ့ပေးလို့ကိုမပြီးတော့ပါ။ တခါတခါကိုယ့်စာရွက်ပျောက်သွားလို့ အစကပြန်လုပ်ရတာတွေတောင်ရှိပါ၏။

    • “ဘီလူးကြီး”ogre

      March 25, 2012 at 7:35 pm

      သူကြီကတော့ လုပ်ပြီ
      ကျုပ်တို့မြန်မာပြည်မှာ ကွန်ပြူတာဆိုတာ အင်တာနက်ဆိုတာ
      ဆိုင်ဖွင့်ပြီးစီးပွားရေးလုပ်စားကြတော့မှ ကိုင်ဖူးကြတာဗျ
      သတင်စာထဲကြော်ငြာကို ကိုဖားသာ တစ်လက်မဆိုတစ်လက်မ နှစ်လက်မဆိုနှစ်လက်မ
      စာရွက်လေးထည့်မယ် ဆိုဒ် ရိုက်ယူသွား သတင်စာကြော်ငြာလက်ခံတဲ့စာရေးမလေးတွေကိုပေး
      သူတို့က အဲဒါလေးသိမ်းထားပြီး ရက်ချိန်းပေးလိုက်တယ် သိပ်တော့မသေချာဘူး လေ
      ဒါမျိုးဗျ ဘယ်က ကွန်ပြူတာရှိရမှာလဲ 🙂

  • Burmese or Chinese

    March 25, 2012 at 8:09 am

    စိတ်ချ…..စိတ်ချ…..မပြောဘူး 😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 25, 2012 at 9:12 am

    ကြေးမုံကိုမှန်အဖြစ်ပြောင်းဖို့ ဘတ်ဂျက်လိုလို့တဲ့သူကြီးရေ အဲဒါနဲ့စာရင်းသွင်းတဲ့ကိစ္စကကြာနေတာတဲ့ဗျ။
    ကျွန်တော်တို့တောင်ကြီးမှာတော့ ကန့်ကွက်စာ၊ကြော်ငြာစာ အစရှိတဲ့စာစာစာဆိုတာတွေကို သူ့လက်မအလိုက် တွက်ပြီးပေးရတယ်ဗျ နှစ်လက်မပတ်လည်ကိုသုံးသောင်းလောက်ကျတယ် ထည့်ပြီးတစ်ပါတ်အတွင်းမှာပါတယ် ကြေးမုံကော မြန်မာ့အလင်းကောဘယ်မှာထည့်ထည့်ပါ
    ကိုမျိုးထက်ကတော့ ဘယ်လောက်ပေးရတယ်မသိ……………
    မပြောဘူးနော်ကိုယ့်ဆရာ ……… လဘ်ပေးရန်မလို (လဘ်မပေးကရန်လိုမည်) ၊
    မရလို့ပါ(ပိုက်ဆံ) ရရင်လုပ်ပေးပါတယ် ၊ လူကြီးမင်းတင်ပြလာသောကိစ္စရပ်သည် (ပုဒ်မ၄၊အပိုင်း၄)ကို
    လိုက်နာခြင်းမရှိဘဲချိုးဖောက်သည်ကိုတွေ့ရှိရပါသဖြင့် လက်တလောမှန်ကန်စွာဆောင်ရွက်ရန်မဖြစ်နိုင်ပါ။
    အဓိပ္ပါယ်ဖွင့်ဆိုချက်။ ။ ပုဒ်မ၄ = ပေးမှလုပ် ၊ အပိုင်း၄ = အပေးလိုင်း
    တားတားဘာမှပြောဘူးနော် (လည်ပင်းအားဓါးဖြင့်ထောက်ထားသဖြင့် ငိုသံနှော၍တောင်းပန်သံ)

  • Thel Nu Aye

    March 25, 2012 at 10:44 am

    ဟုတ်ပါတယ်။ ၁ သောင်းတန်တကွက်ကို ၂၀၀ဝ ပိုပေးရပါတယ်။

  • ဖားသက်ပြင်း

    March 25, 2012 at 10:53 am

    ချဉ်ထှာ

  • Diamond Key

    March 25, 2012 at 4:10 pm

    နောက်ရှိသေးတယ် ကိုမျိူးထက်ရေ။ ကြော်ငြာထည့်ပြီးရင် သတင်းစာမှာပါလာရင် လက်မလေးတိုင်းကြည့်ဗျ ။ ကိုယ်က တစ်လက်မတစ်ကော်လံ ဘယ်လောက်ဆိုပြီး ပေးခဲ့ပေမယ့် တစ်ကယ်ပါလာတော့ နဲနဲ စီလျှော့နေတတ်တယ်။ တစ်မျက်နှာလုံး ခြုံလိုက်တော့ ကြော်ငြာဌာနက လူတွေ မုန့်ဖို့ပေါ့ဗျာ။ :mrgreen:

  • နေဝန်းနီ

    March 25, 2012 at 7:26 pm

    ဪ….. ဒီလူတွေကလည်း ပြန်မပြောပါနဲ့ ဆို တိတ်တိတ်မနေကြဘူး မကျေနပ်ရင် ပြန်ပေးပါ့မယ်…။ ကျောပါနဲ့ရှို…. ဟင့် ဟင့် ဟင့် 😛

  • chel gyi

    March 26, 2012 at 10:58 am

    သာဓု…..သာဓု

Leave a Reply