ကိုသိန်းရဲ ့အသံ

phone_kyawMarch 25, 20121min713

“စနစ်ပြောင်းအောင်တိုက်ရမယ်။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာကွ”

ကိုသိန်း ဒီလိုပြောတာကို ပရိတ်သတ်က တဖြောင်းဖြောင်းနဲ ့လက်ခုတ်တီးကြပါတယ်။ သူရဲ  ့ရဲရင့်တဲ့ စိတ်ဓာတ်ကို သဘောအရမ်းကြလို ့။

အဲဒိတုန်းက ရွေးကောက်ပွဲမတိုင်ခင် ကျောင်းသားခေါင်းဆောင် ကိုသိန်းရဲ  ့အသံ။

ခေတ်တွေလည်းပြောင်းလာပြီဆိုတော့ ကိုသိန်းတစ်ယောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးခံပါတော့တယ်။

ဒီတစ်ခါတော့ ကျောင်းသားခေါင်းဆောင်ကနေ ပြည်သူ ့အမတ်လောင်းဖြစ်လာတဲ့ကိုသိန်းလို ့ပြောလို ့ရနေပြီ။

တနေ ့မှာ သူ ့ကို မီဒီယာတွေက အင်တာဗျူးတယ်။ နိုင်ငံရေးစနစ်ကို ဒိ့ထက်ကောင်းအောင် ဘယ်လိုပြောင်းရင် ကောင်းမလဲဆိုပြီး အင်တာဗျူးတဲ့စော်လေးက မေးတယ်။

“စနစ်ပြောင်းအောင် လုပ်ရမှာပေါ့နော်…။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာပေါ့နော်”

အမတ်မဖြစ်ခင်တုန်းက အသံနဲ ့အမတ်ပြီးတော့ ကိုသိန်းရဲ  ့အသံက ဂငယ်ဂွေ  ့လို တဆစ်ချိုးပြောင်းသွားတာနဲ ့ပက်သက်ပြီး၊ ဘေးမှာ ဆိုက်ကားနင်းနေတဲ့ ကိုသာအေးက ဒီလိုမှတ်ချက်ချပါသတဲ့ဗျာ။

” ငါ-ိုးမသားတွေ မရတုန်းက တမျိူး၊ ရတော့တမျိူး…-ီးလိုမှိုလိုနဲ ့”

3 comments

  • kaung kin pyar

    March 26, 2012 at 12:34 pm

    အမတ်လောင်း ဝင်ရွေးခံချင်ရင် လေသံနဲ့ မျက်နှာပြောင်တတ်ရတယ်…။ ဒါများ အထူးအဆန်းလုပ်လို့ ကိုဘုန်းကြီးရယ်…။

  • myanmarcitizen

    March 26, 2012 at 2:11 pm

    နှစ်မျိုးထဲပါဂျ ခုတစ်မျိုး … တော်ကြာတစ်မျိုး

Leave a Reply