ဦးသိန်းစိန်ဟာ သူရဲ့ တာဝန် သက်တမ်းတလျှောက်လုံးနီးပါးမှာ ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရရဲ့ အရာရှိကြီး တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သမ္မတဖြစ်လာတဲ့ တနှစ်အတွင်းမှာ လူဦးရေ ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်မှာ လုံးလုံးလျားလျား ကျရောက်နေတဲ့ နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဦးဆောင်ကြိုးပမ်းလာပါတယ်။

နိုင်ငံကို ပြောတဲ့ သူရဲ့မိန့်ခွန်းက စကားအတိုင်းဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အတိတ်က အမွေဆိုးတွေကို ရှင်းလင်းဖယ်ရှားဖို့ သံဓိဌာန်ချ လုပ်ဆောင်လာပါတယ်။

(သမ္မတကြီးတို့ ရွာသားတွေ သောက်သုံးတဲ့ ရေကန်)

(သမ္မတကြီး ဦးသိန်းစိန် ဆော့ကစားခဲ့တဲ့ ရွာကလေး)

စာဖတ်ဝါသနာကြီးတဲ့၊ မျက်မှန်တပ်ထားသူ၊ ပဟေဋိဆန်ဆန် ဦးသိန်းစိန်တယောက် အာရှက အဆင်းရဲဆုံး တိုင်းပြည်၊ အထီးကျန်ဆန်ဆန် တိုင်းပြည်ကို ပြောင်းလဲပစ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲ ဆိုတာကတော့ တိတိကျကျ အဖြေပေးဖို့ခက်ပါတယ်။ မြန်မာပြည်ရဲ့ ဂိုဘာ့ချောဗ်လို့ ခေါ်လာကြတဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နဲ့ပတ်သက်လို့ ရေးကြသားကြတာတွေကလည်း နည်းပါတယ်။ ဒါကလည်း မြန်မာပြည်က လက်ရှိ အပြောင်းအလဲတွေက ကွဲလွယ်ရှလွယ် အခြေအနေကြောင့် ပြောဖို့ စောသေးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်ရဲ့ မွေးရပ်ဇာတိ ကျုံကူး ဆိုတဲ့ ချောင်ကျကျ ရွာကလေးကို သွားမယ်ဆိုရင်တော့ ဦးသိန်းစိန်ဟာ ဘယ်လိုလူမျိုးလဲဆိုတာက တစွန်းတစ အကဲခတ်လို့ ရနိုင်ပါတယ်။ ဒီ အပြောင်းအလဲတွေကို သူ့ဘာကြောင့် ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်ဆောင်နေသလဲ၊ ဘာတွေက သူ့ကို တွန်းအား ပေးလိုက်သလဲဆိုတာကို သဲလွန်စတွေရနိုင် ပါတယ်။

ဦးသိန်းစိန်ရဲ့ ဇာတိ ကျုံကူး ဆိုတဲ့ ရွာကလေးဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်က ငပုတောမြို့နယ်ထဲမှာ ရှိပါတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေနဲ့ ကွန်ယက်ဖွဲ့ထားတဲ့ ဒေသ လေးပါ။

လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယသမုဒ္ဒရာကနေ ဆိုင်ကလုန်းမုန်းတိုင်း မွှေနှောက်တိုက်ခတ်သွားတဲ့ နောက် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ဦးသိန်းစိန် တယောက်ပြန် ရောက်ခဲ့ပါတယ်။ ဆိုင်ကလုန်း နာဂစ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက် ရှိခဲ့တဲ့ကြောင့် မြန်မာပြည်သမိုင်းမှာတော့ အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီးပါပဲ။

ဦးသိန်းစိန် ငယ်ဘဝက နေခဲ့တဲ့ မြေဩဇာကောင်းတဲ့ ကျေးလက်ဒေသလေးဟာလည်း မုန်တိုင်းကြောင့် ရွာတွေလည်း ပြားပြားဝပ်၊ လူသေအလောင်းတွေကလည်း ရေစုန်ရေဆန်မှာ ပေါလော မျောနေတဲ့ အခြေအနေကို ရောက်သွားပါတယ်။

အဲဒီအချိန်တုန်းက ဦးသိန်းစိန်က နိုင်ငံတော်အဆင့် သဘာဝကပ်ဘေးကာကွယ်ရေး ကော်မတီရဲ့ ဥက္ကဌလည်း ဖြစ်တာကြောင့်၊ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အရေးပေါ် အခြေအနေကို သူကိုယ်တိုင် ကိုင်တွယ်ခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသကို ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ ခေါက်ပြန်သွားခဲ့တဲ့အခါမှာ ဆင်းရဲနုံချာလှတဲ့ သူ့တိုင်းပြည်လေးဟာ နာဂစ်ဆိုင်ကလုန်းလို ကြီးမားတဲ့ သဘာဝကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ဖို့ ဘာမှ ပြင်ဆင်မထား ပါလားဆိုတာကို စိတ်မချမ်းမြေ့ဖွယ် သူတွေ့ခဲ့ရပါတယ်။

“နာဂစ်ဆိုင်ကလုန်းကတော့ စိတ်ပြောင်းလဲစေတဲ့ အကြောင်းတရားပါပဲ၊ ဆိုင်ကလုန်းနဲ့ကြုံတဲ့ အခါမှာ အစိုးရဟောင်းလက်ထက်မှာ အကန့်အသတ်တွေ ဘယ်လောက် ရှိနေသလဲဆိုတာကို သူသိသွားတယ်” လို့ ရန်ကုန်အခြေစိုက် မြန်မာအီးဂရက် သုတေသနအဖွဲ့က ခေါင်းဆောင် ဦးတင်မောင်သန်းက ပြောပါတယ်၊ မြန်မာပြည်ရဲ့ အဓိက မြို့ကြီးမှာ အခြေစိုက်တဲ့ ဒီအဖွဲ့ဟာ သမ္မတဦးသိန်းစိန်ကို မူဝါဒအကြံဉာဏ်တွေ ပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်အတွက် နောက်ထပ်အကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူခဲ့တဲ့ သုံးနှစ်တာ ကာလမှာ ဦးသိန်းစိန်ဟာ တို်င်းပြည်ခေါင်းဆောင်အဖြစ် နိုင်ငံရပ်ခြားကို ရောက်ဖူးပါတယ်၊ ဒါဟာ မြန်မာပြည်ကခွာပြီး၊ တခြားနိုင်ငံတွေကို များများစားစားမရောက်ဖူးကြတဲ့ တခြားထိပ်တန်း အစိုးရအရာရှိတွေနဲ့ ဦးသိန်းစိန်ကြားက ကွာခြားချက်လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ နှလုံးရောဂါကြောင့် စင်ကာပူလည်း ရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးတခုအတွက် နယူးယောက်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီလို နိုင်ငံတွေကို ရောက်တဲ့အခါမှာ မြန်မာပြည်ဟာ စီးပွားရေးအရ ဘယ်လောက် နောက်ကောက်ကျနေသလဲဆိုတာ သူ့ကို မျက်စိဖွင့်ပေးခဲ့သလို ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်၊ မြန်မာပြည်ဟာ အာရှမှာ အမွဲဆုံးနိုင်ငံတနိုင် ဖြစ်ပါတယ်။

စစ်တပ်ထဲမှာ ဦးသိန်းစိန်တယောက် အဆင့်ဆင့်ရာထူးတက်လာတာကို သိမှီသူတွေက ဦးသိန်းစိန်ဟာ သစ္စာစောင့်သိသူ တယောက်ဖြစ်သလို၊ စစ်အစိုးရအဖွဲ့ထဲက တခြားအဆင့်မြင့် ခေါင်းဆောင်တွေနဲ့ မတူဘဲ လူမှုဆက်ဆံရေးပြေပြစ်သူလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဦးသိန်းစိန်ဟာ မြန်မာပြည်မြောက်ပိုင်းက မူးယစ်မှောင်ခိုမှုတွေ အကြီးအကျယ်ရှိတဲ့ ရွှေတြိဂံဒေရဲ့ တိုင်းမှူးလည်း ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုငယ်လေးတွေ မျိုးစုံနေထိုင်တဲ့ ဒေသရဲ့ တိုင်းမှူးဘဝမှာလည်း ဦးသိန်းစိန်ဟာ တခြားတိုင်းမှူးတွေလောက် မရက်စက်တဲ့ တိုင်းမှူးဖြစ်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက ဦးခွန်ဆိုင်းက ပြောပါတယ်။

“ဒီဒေသက ပြည်သူတွေကို ဘယ်တိုင်းမှူးကို အကြိုက်ဆုံးလဲလို့ မေးကြည့်ရင် ဦးသိန်စိန် လို့ ဖြေကြလိမ့်မယ်ဗျ၊ ပိုပြီး တိတိကျကျပြောရရင်တော့ ဦးသိန်းစိန်ဟာ လူမုန်းအနည်းဆုံး တိုင်းမှူးတယောက်ပါပဲ” လို့ ဦးခွန်ဆိုင်းက တယ်လီဖုန်း အင်တာဗျူးမှာ ပြောပါတယ်။

လူတွေကြားထဲမှာ ပဟေဋိဖြစ်နေတဲ့ ကြီးမားတဲ့ နောက်အကြောင်းတရပ်က ဦးသိန်းစိန်တယောက် ဘယ်ကနေဘယ်လို ထိပ်ဆုံးက ရာထူးကို ရသွားသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်၊ တခြား အဆင့်မြင့်အရာရှိတွေနဲ့ မတူတဲ့အချက်က ဦးသိန်းစိန်ဟာ စစ်တပ်ထဲမှာ အာဏာအခြေခံ မရှိပါဘူး။ သူဟာ ရည်မှန်းချက်ကြီးသူလည်း မဟုတ်ခဲ့ပါဘူး။

ရန်ကုန်မှာ လူပြောများတဲ့ ဇာတ်လမ်းတပုဒ်က ဦးသိန်းစိန်ဟာ ရာထူးကနေထွက်ပြီး သူ့ရွာလေးမှာပဲ အနားယူချင်နေတယ်လို့ ဆိုကြပါတယ်၊ သမ္မတရဲ့ အကြံပေးတွေကလည်း ဦးသိန်းစိန်ဟာ သမ္မတရာထူးအတွက် အထူး ကြိုးပမ်းအားထုတ်ခဲ့တာမျိုး တခါမှ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

ဦးသိန်းစိန်တယောက် စစ်တပ်ထဲမှာ ရာထူးတက်လာရတဲ့အကြောင်းကတော့ သူ့ရဲ့ လက်ရင်းဆရာ၊ မြန်မာပြည်ကို နှစ်ပေါင်း ၂ဝ ကြာ အုပ်ချုပ်ခဲ့ပြီး၊ မနှစ်တုန်းက အနားယူသွားတဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာကြောင့် နာမည်ပျက်ပေါင်းများတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန်ကို သမ္မတအဖြစ် အရွေးချယ်ခံရအောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ယူဆကြပါတယ်။

သမ္မတအကြံပေးတယောက်ပြောတာကတော့ သမ္မတ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အနားယူဖို့ အခွင့်အရေး ရသွားတယ်လို့ ဆိုပါတယ်။

“ဒီအပြောင်းအလဲတွေကြောင့် ဦးသန်းရွှေအတွက် ဘေးကင်းလုံခြုံသွားတာပေါ့ဗျာ၊ ဦးသန်းရွှေအတွက် ဘေးမသီရန်မခတဲ့ အခြေအနေမျိုးကို ဖြစ်လာတယ်၊ လူထုအုံကြွမှုတွေလည်း လတ်တလောမှာ လက်တွေ့ဖြစ်လာဖို့ အကြောင်းမရှိတော့ဘူး” လို့ သမ္မတရဲ့ အကြံပေးနဲ့ သမ္မတ မိန့်ခွန်းတွေကို ရေးပေးတဲ့ ဦးနေဝင်းမောင်က ပြောပါတယ်။

ဒီစကားကို နှလုံးရောဂါနဲ့ မကွယ်လွန်ခင် တလလောက်အလိုမှာ ဦးနေဝင်းမောင်က ပြောခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ဟာ “ရည်မှန်းချက်လည်းမကြီး။ ဆုံးဖြတ်ချက်လည်း မပြတ်သား၊ ဆွဲဆောင်စည်းရုံးနိုင်စွမ်းလည်းမရှိ၊ ဒါပေမယ့် အလွန် ရိုးသားတည်ကြည်သူ” လို့ ဦးနေဝင်းမောင်က မဖွဲ့မနွဲ့ဘဲ ပုံဖော်ပြပါတယ်။

တကယ်တော့ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို ဦးသိန်းစိန်တယောက်လည်း လုပ်နေတာတော့ မဟုတ်ပါဘူး။ ပြည်သူလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းလို ပုဂိ္ဂုလ်မျိုးကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အရှိန်ရလာအောင် ဆော်ဩနေတာတွေ့ရပါတယ်။

မြန်မာပြည်က အပြောင်းအလဲနဲ့ပတ်သက်လို့ ၁၉ ရာစု ပြင်သစ်က ကဗျာဆရာ ဗစ်တာ ဟူဂိုး ရဲ့ စကားနဲ့ ပြောရရင် “အချိန်တန်လို့ ဖြစ်လာတယ်”လို့ ပဲ ဆိုရမှာပါ။ စစ်အစိုးရ လက်အောက်မှာ ဒုက္ခရောက်ပြီး မခံမရပ်နိုင်ဖြစ်နေတဲ့ စီးပွားရေးသမားလေးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ သာမာန်ပြည်သူတွေဟာ မနှစ်တုန်းက အာရတ်ကမ္ဘာက လူထုအုံကြွမှုတွေကို တနည်းတဖုံ အားကျပြီး အောက်ခြေကနေ ရုန်းကန ထကြွလာနိုင်တဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဦးသိန်းစိန် အစိုးရက တုံ့ပြန်လိုက်တာပါပဲ။

ဒါပေမယ့် လေ့လာသူတွေက ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကိုလည်း လျှော့မတွက်သင့်ဘူးလို့ ဆိုပါတယ်။ သူ့အစိုးရအဖွဲ့က ကြီးမားတဲ့ အခက်အခဲကျော်လွှားမှုကတော့ မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးစနစ်ထဲကို ပြန်ဝင်လာအောင် စည်းရုံးနိုင်တာဖြစ်ပါတယ်။ ဒီလို လျှပ်တပြက် လုပ်ဆောင်ချက်ကြောင့် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အမှတ်တွေ တော်တော်ရလိုက်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးနိုင်တာဟာ သမ္မတဦးသိန်းရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့လည်း ဆိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဦးသိန်းစိန်ဟာ မြင်နေကျ စစ်အရာရှိတယောက်၊ အထူးသဖြင့် ရက်စက်မှုတွေနဲ့ နာမည်ဆိုးတဲ စစ်အရာရှိတယောက်မျိုး မဟုတ်ပါဘူး။ ဦးနေဝင်းမောင်က သမ္မတဦးသိန်းစိန်ဟာ စစ်သားပုံ ဘယ်လိုမှ မပေါက်တဲ့ စစ်သားတယောက်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ရဲ့ အတွင်းရေးမှူး ထိုင်းလူမျိုး ဆူရင် ပစ်ဆူဝမ်က သမ္မတ ဦးသိန်းစိန်ဟာ အလွန်ကို ညင်သာ၊ သိမ်မွေ့ပြီး၊ အလေးအနက်ရှိတဲ့ လူစားမျိုးလို့ အကဲခတ်ပါတယ်။

“တဖက်သားပြောတာကို သေချာနားထောင်တတ်တဲ့ လူ” လို့ မစ္စတာ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

သမတဦးသိန်းစိန်ဟာ အဂတိလိုက်စားမှုတွေ ဖောင်းပွနေတဲ့ စစ်အစိုးရခေတ်မှာ မိတ်ဆွေတွေ၊ မိသားစုတွေကို အခွင့်ထူးတွေ၊ လုပ်ပိုင်ခွင့်တွေပေးတတ်တဲ့ တခြားအရာရှိတွေနဲ့ မတူတဲ့ သန့်ရှင်းတဲ့ လူလို့လည်း သတ်မှတ်ခံရပါတယ်။

“စစ်တပ်နဲ့ နီးစပ်တဲ့လူတွေကြားထဲမှာ ဦးသိန်းစိန်ဟာ တခြားလူတွေထက်စာရင် လူကောင်းတယောက် ဖြစ်တယ်၊ အဂတိလိုက်စားမှုကင်းတဲ့ လူလို့ ယူဆကြတယ်” လို့ မြန်မာပြည်မှာ မနှစ်ဩဂုတ်လအထိ တာဝန်ထမ်းခဲ့တဲ့ အမေရိကန်သံတမန် လယ်ရီ ဒင်ဂါက ပြောပါတယ်။

စစ်အစိုးရဟာ အရပ်သားအစိုးရလက်ထဲကို အာဏာမလွှဲခင်နှစ်မှာ တိုင်းပြည်ရဲ့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေကို ရောင်းချခဲ့ပါတယ်၊ ဒီလို ငွေတွေ အကြီးအကျယ်ရပြီး ရတနာပုံဆိုက်သွားတာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ အရင် စစ်အစိုးရခေါင်းဆောင်တွေက မီးစိမ်းပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြန်မာပြည်က ထိပ်တန်းသူဌေးကြီးတွေနဲ့ စီးပွားရေးတွေလုပ်၊ ပေါ်ပေါ်ထင်ထင် ချမ်းသာနေကြတဲ့ အဆင့်မြင့် စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေနဲ့ မတူတာက ဦးသိန်းစိန်ရဲ့ သမီး သုံးယောက်စလုံးဟာ လူတွေ အာရုံစိုက်ရလောက်တဲ့ အခြေအနေမျိုး မရှိကြပါဘူး။ မထင်မရှားနေတဲ့ ဦးသိန်းစိန်ရဲ့ ဇနီးကလည်း မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးနှစ်ယောက် အဆင်ပြေနေတာကို မြင်တွေ့ခဲ့ရတယ်လို့ မြန်မာ သတင်းထောက်တွေက ပြောကြပါတယ်။

ရန်ကုန်ကနေ အနောက်တောင်ဘက်က ၈ နာရီလောက်ကားမောင်းသွားရတဲ့ ဦးသိန်းစိန်ရဲ့ ဇာတိရွာလေးမှာလည်း ဦးသိန်းစိန်ဟာ ဘယ်သူကိုမျှ ဦးစားမပေးတတ်တဲ့ လူစားလို့ သိထားကြပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရပြီး တနှစ်ကြာတဲ့အချိန်အထိ ကျုံကူးရွာလေးမှာ ရေပိုက်လည်း မရှိသေး၊ ကွန်ကရစ်လမ်းလည်း မပေါက်သေးပါဘူး၊ ရွာကို လာတဲ့ ဧည့်သည့်တွေကို ညဘက်ကျရင် ရွာပြင်က ဖုန်ထူတဲ့ လမ်းမဘက်ကို မထွက်ကြကြဖို့ သတိပေးကြပါတယ်။ အကြောင်းကတော့ တောင်တန်းနိမ့်နိမ့်တွေပေါ်မှာနေတဲ့ ဆင်တွေ ဆင်းလာတာနဲ့ တိုးရင် အန္တရာယ် ကျရောက်တတ်လို့ပါ။

“ဦးသိန်းစိန်ဟာ လူရိုးတယောက်ဖြစ်တယ်၊ ကျနော်တို့ ရွာကိုလည်း တခါမှ ဦးစားပေးတာမျိုးမရှိပါဘူး” လို့ ဦးသိန်းစိန်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်လမ်းမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ဦးကျော်စိုးက ပြောပါတယ်။

ဦးသိန်းစိန်ဟာ မောင်နှမ သုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပြီး၊ ကျုံကူးရွာက ရွာလယ်လမ်းမကြီးဘေး၊ ဝါးအိမ်လေးမှာ သူ့ကို မွေးပါတယ်။ သူ့မိဘတွေဟာ မြေမဲ့ယာမဲ့ဖြစ်ပြီး သူ့အဖေ ဦးမောင်ဖြိုးဟာ မြစ်ဆိပ်မှာ ကုန်ထမ်းပြီး၊ ဝါးဖျာတွေယက်ပြီး မိသားစုကို ကျွေးမွေးခဲ့ပါတယ်။ ဦးမောင်ဖြိုးဟာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကျုံကူး ရွာသားတွေထဲမှာတော့ ထူးထူးခြားခြား စာတတ်သူလို့ ဆိုရပါမယ်။

“ဦးသိန်းစိန်ရဲ့ အောင်မြင်မှုဟာ သူ့အဖေ ဦးမောင်ဖြိုးကြောင့်” လို့ ဦးကျော်စိုးက ပြောပါတယ်၊ သူ့အဖေဟာ ဦးသိန်းစိန်ရဲ့ ဘဝမှာ အရေးအကြီးဆုံးပုဂိ္ဂုလ်ဖြစ်တယ်။ ကန့်ကူလက်လှည့် ဆရာဖြစ်သလို၊ စိတ်ဓာတ်ပိုင်းအရလည်း လေးစားရတဲ့ လူ” လို့ ဦးကျော်စိုးက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ အမေ ဖြစ်တဲ့ အိမ်ရှင်မကြီး ဒေါ်ခင်ညွန့်ကတော့ မိသားစုက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ဝိုင်းကူပါတယ်။ အခုတော့ ဦးသိန်းစိန်ရဲ့ မိဘတွေ ကွယ်လွန်သွားတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ၊ ဦးသိန်းစိန်ရဲ့ ကလေးဘဝက နေခဲ့တဲ့ အိမ်ဟောင်းကို ဖျက်ပြီး၊ အိမ်သစ်နဲ့ အစားထိုးထားပါတယ်။

ဦးသိန်းစိန်တို့ ရွာကို သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ သွားရင် အာဏာပိုင်တွေအတွက် အရေးတကြီးကိစ္စ၊ အမှားအယွင်းမခံတဲ့ ကိစ္စအဖြစ် ယူဆတုန်းပါပဲ။ သမ္မတရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို ကြားလူတွေကတဆင့် ဆက်သွယ်ပြီးတဲ့အခါ အရာရှိတွေဟာ သတင်းထောက်ရဲ့ ကားကို ရွာကို သွားတဲ့ တလမ်းလုံးနောက်ယောင်ခံ လိုက်ပါတယ်။ ရွာကို ရောက်တဲ့အခါအမှာ အရပ်ဝတ်နဲ့ ရဲတွေက အသင့်စောင့်နေကြတာတွေ့ရပါတယ်။

“ကျနော်တို့ ခင်ဗျားကို မျှော်နေကြတာ” လို့ အဲဒီဒေသက အရာရှိ ဦးမြင့်ဦးက ခရီးဦးကြိုဆိုရင်း ပြောပါတယ်။

အာဏာပိုင်တွေဟာ ယဉ်ကျေးကြပါတယ်။ မုန့်တွေနဲ့ ဘီယာအေးအေးလေးတောင် တိုက်ပါသေးတယ်။ ဒါပေမယ့် အင်တာဗျူးတဲ့ အချိန်တွေမှာတော့ ရဲတွေက ဘေးကနေ လိုက်မှတ်ပါတယ်။

နိုင်ငံခြားသားသတင်းထောက်တယောက်ကို လက်ခံရကောင်းနိုးနိုး၊ မကောင်းနိုးနိုး မတင်မကျ ဖြစ်နေတာကလည်း အရင်တုန်းက မြန်မာပြည်နဲ့ အခုမြန်မာပြည်တို့ ကြားက ထိပ်တိုက် တွေ့နေတာကို မီးမောင်းထိုးပြတာပါပဲ။ သမ္မတဦးသိန်းစိန် အာဏာယူပြီး တနှစ်အကြာမှာ မြန်မာပြည်ဟာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြားက လမ်းခုလတ်မှာ ရောက်နေပါတယ်။

နိုင်ငံကို ပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတမိန့်ခွန်းမှာ ဦးသိန်းစိန်က “ ကျနော်တို့ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ရောက်ပြီလားဆိုရင်၊ မရောက်သေးပါဘူး၊ နောက်ထပ်အများကြီး လုပ်ဆောင်စရာတွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။

သမ္မတမိန့်ခွန်းမှာ ခေတ်မှီတဲ့ စကားလုံးတွေသုံးတာကြောင့်လည်း ပြောစမတ်တွင်ရပါတယ်။ မိန့်ခွန်းထဲမှာ သက်ဆိုင်သူများအားလုံး “stakeholders,” တို့၊ သတင်းမီဒီယာကိုလည်း စတုထ္ထမဏ္ဍိုင် “fourth estate.” လို့ ထပ်တလဲလဲ ထည့်ပြောသွားပါတယ်။ မီဒီယာဟာ လွတ်လပ်မှုနဲ့ တာဝန်ခံမှုရှိရမယ်လို့ သမ္မတက ဆိုပါတယ်။

ယူနီဗာဆယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လည်း သမ္မတက ကတိပြုပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးအသုံးစရိတ်ကို လေးဆတိုးပြီး ပညာရေးကို နှစ်ဆတိုးမယ်လို့ သမ္မတက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနှစ်မတ်လက အာဏာလက်ခံတဲ့ မိန့်ခွန်းမှာလည်း အခုလိုပဲ ရဲရင့်ပြီး ရည်မှန်းချက်ကြီးတဲ့ ကတိတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သမတ စကားတွေဟာ နှစ်ပေါင်း ၅ဝ လောက် စစ်အုပ်ချုပ်ရေး၊ တလွဲတချော် စီးပွားရေးစီမံခန့်မှုတွေ အောက်မှာ နေခဲ့ရတဲ့ တိုင်းပြည်မှာ ပြည်သူတွေ အပြောင်းအလဲကို ပြင်းပြင်းပြပြ တောင့်တနေတယ်ဆိုတာကို သိလို့ ချွေးသိပ်တဲ့သဘောပဲ ဖြစ်မယ်လို့ သံသယရှိသူတွေလည်း ရှိခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကလည်း အခုအချိန်ထိတော့ အထိမခံကြွေပန်းကန်အခြေအနေပါပဲ။ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဖိအားပေးနေသလို၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အာဏာအလွဲသုံးစား လုပ်နေတယ်လို့ စောဒကတက်ရင်၊ ရွေးကောက်ပွဲဟာ အလိမ်အညာ ဖြစ်နိုင်တယ်လို့ သတိပေးနေပါတယ်။

လေ့လာသူတွေ တော်တော်များများက ရှေ့ကို မျှော်ကြည့်ရင်း အပြောင်းအလဲဟာ လူပုဂိ္ဂုလ်တွေ အပေါ်မှာ မှီခိုလွန်းအားကြီးနေတယ်၊ ဦးသိန်းစိန်ရဲ့ အောင်မြင်မှု လက်တဆုပ်စာလောက်ရှိတဲ့ သမ္မတအကြံပေးနဲ့၊ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ဝန်ကြီးတချို့အပေါ်မှာပဲ အလွန်အကျွံ ပုံအပ်ထားသလို ဖြစ်နေတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

တချိန်ချိန်မှာ ပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေးဆန္ဒတွေ ပျောက်သွားတာမျုးိလည်း ဖြစ်နိုင်တယ်လို့ စိုးရိမ်ကြပါတယ်။ နိုင်ငံရေးလွတ်လပ်မှုတွေ တိုးတက်လာလို့ အပျော်လွန်တဲ့ကာလဟာ သိပ်မကြာခင်မှာ တစခန်းရပ်ပြီး၊ တိုင်းပြည်ကို ပတ်ချာလည်ကနေ ဖိစီးနှိပ်စက်နေတဲ့ ဆင်းရဲမွဲတေမှုလို့ လက်တွေ့ အရှိတရားဘက်ကို မြှားဦးလှည့်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။

သမ္မတရဲ့ မိန့်ခွန်းတွေကို ရေးပေးခဲ့တဲ့ ဒေါက်တာ နေဝင်းမောင်က “ လောလောဆယ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စမ်းသပ်ကာလပေါ့ဗျာ။ မကြာခင်မှာတော့ စိတ်ပျက်စရာကောင်းတဲ့ အချိန်ကာလတခု ရောက်လာဦးမယ်” လို့ ပြောခဲ့ပါတယ်။

(နယူးယော့ခ်တိုင်းမ် ပင်တိုင်ဆောင်းပါးရှင် THOMAS FULLER ရေးသည့် A Most Unlikely Liberator in Myanmar ဆောင်းပါးကို ဘာသာပြန်ပါသည်)

နေသွင်

ဒါကတော့ မူရင်းဘာသာပြန်ထားတဲ့ လင့် ပါဗျာ
http://www.maukkha.org/index.php/book-store/essay-maukkha/1971-maukkha-burmese-president-thein-sein
ကျနော်လည်း တွေ့မိလို့ သိသင့်တယ်ထင်လို့ သမ္မတကြီးအပေါ် ဘယ်လိုများ သဘောထားကြသလဲဆိုတာကိုလည်း သိချင်လို့ကူးယူတင်ပြလိုက်တာပါ ကော်ပီပေါ့နော်

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ