ကျုံကူးရွာသား ဦးသိန်းစိန် (သို့) စစ်ပုံမကျသော စစ်သားတစ်ယောက်

ေရႊဘိုသားMarch 25, 20121min43218

ဦးသိန်းစိန်ဟာ သူရဲ့ တာဝန် သက်တမ်းတလျှောက်လုံးနီးပါးမှာ ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရရဲ့ အရာရှိကြီး တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သမ္မတဖြစ်လာတဲ့ တနှစ်အတွင်းမှာ လူဦးရေ ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်မှာ လုံးလုံးလျားလျား ကျရောက်နေတဲ့ နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဦးဆောင်ကြိုးပမ်းလာပါတယ်။

နိုင်ငံကို ပြောတဲ့ သူရဲ့မိန့်ခွန်းက စကားအတိုင်းဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အတိတ်က အမွေဆိုးတွေကို ရှင်းလင်းဖယ်ရှားဖို့ သံဓိဌာန်ချ လုပ်ဆောင်လာပါတယ်။

(သမ္မတကြီးတို့ ရွာသားတွေ သောက်သုံးတဲ့ ရေကန်)

(သမ္မတကြီး ဦးသိန်းစိန် ဆော့ကစားခဲ့တဲ့ ရွာကလေး)

စာဖတ်ဝါသနာကြီးတဲ့၊ မျက်မှန်တပ်ထားသူ၊ ပဟေဋိဆန်ဆန် ဦးသိန်းစိန်တယောက် အာရှက အဆင်းရဲဆုံး တိုင်းပြည်၊ အထီးကျန်ဆန်ဆန် တိုင်းပြည်ကို ပြောင်းလဲပစ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲ ဆိုတာကတော့ တိတိကျကျ အဖြေပေးဖို့ခက်ပါတယ်။ မြန်မာပြည်ရဲ့ ဂိုဘာ့ချောဗ်လို့ ခေါ်လာကြတဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နဲ့ပတ်သက်လို့ ရေးကြသားကြတာတွေကလည်း နည်းပါတယ်။ ဒါကလည်း မြန်မာပြည်က လက်ရှိ အပြောင်းအလဲတွေက ကွဲလွယ်ရှလွယ် အခြေအနေကြောင့် ပြောဖို့ စောသေးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်ရဲ့ မွေးရပ်ဇာတိ ကျုံကူး ဆိုတဲ့ ချောင်ကျကျ ရွာကလေးကို သွားမယ်ဆိုရင်တော့ ဦးသိန်းစိန်ဟာ ဘယ်လိုလူမျိုးလဲဆိုတာက တစွန်းတစ အကဲခတ်လို့ ရနိုင်ပါတယ်။ ဒီ အပြောင်းအလဲတွေကို သူ့ဘာကြောင့် ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်ဆောင်နေသလဲ၊ ဘာတွေက သူ့ကို တွန်းအား ပေးလိုက်သလဲဆိုတာကို သဲလွန်စတွေရနိုင် ပါတယ်။

ဦးသိန်းစိန်ရဲ့ ဇာတိ ကျုံကူး ဆိုတဲ့ ရွာကလေးဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်က ငပုတောမြို့နယ်ထဲမှာ ရှိပါတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေနဲ့ ကွန်ယက်ဖွဲ့ထားတဲ့ ဒေသ လေးပါ။

လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယသမုဒ္ဒရာကနေ ဆိုင်ကလုန်းမုန်းတိုင်း မွှေနှောက်တိုက်ခတ်သွားတဲ့ နောက် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ဦးသိန်းစိန် တယောက်ပြန် ရောက်ခဲ့ပါတယ်။ ဆိုင်ကလုန်း နာဂစ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက် ရှိခဲ့တဲ့ကြောင့် မြန်မာပြည်သမိုင်းမှာတော့ အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီးပါပဲ။

ဦးသိန်းစိန် ငယ်ဘဝက နေခဲ့တဲ့ မြေဩဇာကောင်းတဲ့ ကျေးလက်ဒေသလေးဟာလည်း မုန်တိုင်းကြောင့် ရွာတွေလည်း ပြားပြားဝပ်၊ လူသေအလောင်းတွေကလည်း ရေစုန်ရေဆန်မှာ ပေါလော မျောနေတဲ့ အခြေအနေကို ရောက်သွားပါတယ်။

အဲဒီအချိန်တုန်းက ဦးသိန်းစိန်က နိုင်ငံတော်အဆင့် သဘာဝကပ်ဘေးကာကွယ်ရေး ကော်မတီရဲ့ ဥက္ကဌလည်း ဖြစ်တာကြောင့်၊ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အရေးပေါ် အခြေအနေကို သူကိုယ်တိုင် ကိုင်တွယ်ခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသကို ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ ခေါက်ပြန်သွားခဲ့တဲ့အခါမှာ ဆင်းရဲနုံချာလှတဲ့ သူ့တိုင်းပြည်လေးဟာ နာဂစ်ဆိုင်ကလုန်းလို ကြီးမားတဲ့ သဘာဝကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ဖို့ ဘာမှ ပြင်ဆင်မထား ပါလားဆိုတာကို စိတ်မချမ်းမြေ့ဖွယ် သူတွေ့ခဲ့ရပါတယ်။

“နာဂစ်ဆိုင်ကလုန်းကတော့ စိတ်ပြောင်းလဲစေတဲ့ အကြောင်းတရားပါပဲ၊ ဆိုင်ကလုန်းနဲ့ကြုံတဲ့ အခါမှာ အစိုးရဟောင်းလက်ထက်မှာ အကန့်အသတ်တွေ ဘယ်လောက် ရှိနေသလဲဆိုတာကို သူသိသွားတယ်” လို့ ရန်ကုန်အခြေစိုက် မြန်မာအီးဂရက် သုတေသနအဖွဲ့က ခေါင်းဆောင် ဦးတင်မောင်သန်းက ပြောပါတယ်၊ မြန်မာပြည်ရဲ့ အဓိက မြို့ကြီးမှာ အခြေစိုက်တဲ့ ဒီအဖွဲ့ဟာ သမ္မတဦးသိန်းစိန်ကို မူဝါဒအကြံဉာဏ်တွေ ပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်အတွက် နောက်ထပ်အကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူခဲ့တဲ့ သုံးနှစ်တာ ကာလမှာ ဦးသိန်းစိန်ဟာ တို်င်းပြည်ခေါင်းဆောင်အဖြစ် နိုင်ငံရပ်ခြားကို ရောက်ဖူးပါတယ်၊ ဒါဟာ မြန်မာပြည်ကခွာပြီး၊ တခြားနိုင်ငံတွေကို များများစားစားမရောက်ဖူးကြတဲ့ တခြားထိပ်တန်း အစိုးရအရာရှိတွေနဲ့ ဦးသိန်းစိန်ကြားက ကွာခြားချက်လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ နှလုံးရောဂါကြောင့် စင်ကာပူလည်း ရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးတခုအတွက် နယူးယောက်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီလို နိုင်ငံတွေကို ရောက်တဲ့အခါမှာ မြန်မာပြည်ဟာ စီးပွားရေးအရ ဘယ်လောက် နောက်ကောက်ကျနေသလဲဆိုတာ သူ့ကို မျက်စိဖွင့်ပေးခဲ့သလို ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်၊ မြန်မာပြည်ဟာ အာရှမှာ အမွဲဆုံးနိုင်ငံတနိုင် ဖြစ်ပါတယ်။

စစ်တပ်ထဲမှာ ဦးသိန်းစိန်တယောက် အဆင့်ဆင့်ရာထူးတက်လာတာကို သိမှီသူတွေက ဦးသိန်းစိန်ဟာ သစ္စာစောင့်သိသူ တယောက်ဖြစ်သလို၊ စစ်အစိုးရအဖွဲ့ထဲက တခြားအဆင့်မြင့် ခေါင်းဆောင်တွေနဲ့ မတူဘဲ လူမှုဆက်ဆံရေးပြေပြစ်သူလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဦးသိန်းစိန်ဟာ မြန်မာပြည်မြောက်ပိုင်းက မူးယစ်မှောင်ခိုမှုတွေ အကြီးအကျယ်ရှိတဲ့ ရွှေတြိဂံဒေရဲ့ တိုင်းမှူးလည်း ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုငယ်လေးတွေ မျိုးစုံနေထိုင်တဲ့ ဒေသရဲ့ တိုင်းမှူးဘဝမှာလည်း ဦးသိန်းစိန်ဟာ တခြားတိုင်းမှူးတွေလောက် မရက်စက်တဲ့ တိုင်းမှူးဖြစ်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက ဦးခွန်ဆိုင်းက ပြောပါတယ်။

“ဒီဒေသက ပြည်သူတွေကို ဘယ်တိုင်းမှူးကို အကြိုက်ဆုံးလဲလို့ မေးကြည့်ရင် ဦးသိန်စိန် လို့ ဖြေကြလိမ့်မယ်ဗျ၊ ပိုပြီး တိတိကျကျပြောရရင်တော့ ဦးသိန်းစိန်ဟာ လူမုန်းအနည်းဆုံး တိုင်းမှူးတယောက်ပါပဲ” လို့ ဦးခွန်ဆိုင်းက တယ်လီဖုန်း အင်တာဗျူးမှာ ပြောပါတယ်။

လူတွေကြားထဲမှာ ပဟေဋိဖြစ်နေတဲ့ ကြီးမားတဲ့ နောက်အကြောင်းတရပ်က ဦးသိန်းစိန်တယောက် ဘယ်ကနေဘယ်လို ထိပ်ဆုံးက ရာထူးကို ရသွားသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်၊ တခြား အဆင့်မြင့်အရာရှိတွေနဲ့ မတူတဲ့အချက်က ဦးသိန်းစိန်ဟာ စစ်တပ်ထဲမှာ အာဏာအခြေခံ မရှိပါဘူး။ သူဟာ ရည်မှန်းချက်ကြီးသူလည်း မဟုတ်ခဲ့ပါဘူး။

ရန်ကုန်မှာ လူပြောများတဲ့ ဇာတ်လမ်းတပုဒ်က ဦးသိန်းစိန်ဟာ ရာထူးကနေထွက်ပြီး သူ့ရွာလေးမှာပဲ အနားယူချင်နေတယ်လို့ ဆိုကြပါတယ်၊ သမ္မတရဲ့ အကြံပေးတွေကလည်း ဦးသိန်းစိန်ဟာ သမ္မတရာထူးအတွက် အထူး ကြိုးပမ်းအားထုတ်ခဲ့တာမျိုး တခါမှ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

ဦးသိန်းစိန်တယောက် စစ်တပ်ထဲမှာ ရာထူးတက်လာရတဲ့အကြောင်းကတော့ သူ့ရဲ့ လက်ရင်းဆရာ၊ မြန်မာပြည်ကို နှစ်ပေါင်း ၂ဝ ကြာ အုပ်ချုပ်ခဲ့ပြီး၊ မနှစ်တုန်းက အနားယူသွားတဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာကြောင့် နာမည်ပျက်ပေါင်းများတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန်ကို သမ္မတအဖြစ် အရွေးချယ်ခံရအောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ယူဆကြပါတယ်။

သမ္မတအကြံပေးတယောက်ပြောတာကတော့ သမ္မတ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အနားယူဖို့ အခွင့်အရေး ရသွားတယ်လို့ ဆိုပါတယ်။

“ဒီအပြောင်းအလဲတွေကြောင့် ဦးသန်းရွှေအတွက် ဘေးကင်းလုံခြုံသွားတာပေါ့ဗျာ၊ ဦးသန်းရွှေအတွက် ဘေးမသီရန်မခတဲ့ အခြေအနေမျိုးကို ဖြစ်လာတယ်၊ လူထုအုံကြွမှုတွေလည်း လတ်တလောမှာ လက်တွေ့ဖြစ်လာဖို့ အကြောင်းမရှိတော့ဘူး” လို့ သမ္မတရဲ့ အကြံပေးနဲ့ သမ္မတ မိန့်ခွန်းတွေကို ရေးပေးတဲ့ ဦးနေဝင်းမောင်က ပြောပါတယ်။

ဒီစကားကို နှလုံးရောဂါနဲ့ မကွယ်လွန်ခင် တလလောက်အလိုမှာ ဦးနေဝင်းမောင်က ပြောခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ဟာ “ရည်မှန်းချက်လည်းမကြီး။ ဆုံးဖြတ်ချက်လည်း မပြတ်သား၊ ဆွဲဆောင်စည်းရုံးနိုင်စွမ်းလည်းမရှိ၊ ဒါပေမယ့် အလွန် ရိုးသားတည်ကြည်သူ” လို့ ဦးနေဝင်းမောင်က မဖွဲ့မနွဲ့ဘဲ ပုံဖော်ပြပါတယ်။

တကယ်တော့ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို ဦးသိန်းစိန်တယောက်လည်း လုပ်နေတာတော့ မဟုတ်ပါဘူး။ ပြည်သူလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းလို ပုဂိ္ဂုလ်မျိုးကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အရှိန်ရလာအောင် ဆော်ဩနေတာတွေ့ရပါတယ်။

မြန်မာပြည်က အပြောင်းအလဲနဲ့ပတ်သက်လို့ ၁၉ ရာစု ပြင်သစ်က ကဗျာဆရာ ဗစ်တာ ဟူဂိုး ရဲ့ စကားနဲ့ ပြောရရင် “အချိန်တန်လို့ ဖြစ်လာတယ်”လို့ ပဲ ဆိုရမှာပါ။ စစ်အစိုးရ လက်အောက်မှာ ဒုက္ခရောက်ပြီး မခံမရပ်နိုင်ဖြစ်နေတဲ့ စီးပွားရေးသမားလေးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ သာမာန်ပြည်သူတွေဟာ မနှစ်တုန်းက အာရတ်ကမ္ဘာက လူထုအုံကြွမှုတွေကို တနည်းတဖုံ အားကျပြီး အောက်ခြေကနေ ရုန်းကန ထကြွလာနိုင်တဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဦးသိန်းစိန် အစိုးရက တုံ့ပြန်လိုက်တာပါပဲ။

ဒါပေမယ့် လေ့လာသူတွေက ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကိုလည်း လျှော့မတွက်သင့်ဘူးလို့ ဆိုပါတယ်။ သူ့အစိုးရအဖွဲ့က ကြီးမားတဲ့ အခက်အခဲကျော်လွှားမှုကတော့ မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးစနစ်ထဲကို ပြန်ဝင်လာအောင် စည်းရုံးနိုင်တာဖြစ်ပါတယ်။ ဒီလို လျှပ်တပြက် လုပ်ဆောင်ချက်ကြောင့် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အမှတ်တွေ တော်တော်ရလိုက်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးနိုင်တာဟာ သမ္မတဦးသိန်းရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့လည်း ဆိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဦးသိန်းစိန်ဟာ မြင်နေကျ စစ်အရာရှိတယောက်၊ အထူးသဖြင့် ရက်စက်မှုတွေနဲ့ နာမည်ဆိုးတဲ စစ်အရာရှိတယောက်မျိုး မဟုတ်ပါဘူး။ ဦးနေဝင်းမောင်က သမ္မတဦးသိန်းစိန်ဟာ စစ်သားပုံ ဘယ်လိုမှ မပေါက်တဲ့ စစ်သားတယောက်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ရဲ့ အတွင်းရေးမှူး ထိုင်းလူမျိုး ဆူရင် ပစ်ဆူဝမ်က သမ္မတ ဦးသိန်းစိန်ဟာ အလွန်ကို ညင်သာ၊ သိမ်မွေ့ပြီး၊ အလေးအနက်ရှိတဲ့ လူစားမျိုးလို့ အကဲခတ်ပါတယ်။

“တဖက်သားပြောတာကို သေချာနားထောင်တတ်တဲ့ လူ” လို့ မစ္စတာ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

သမတဦးသိန်းစိန်ဟာ အဂတိလိုက်စားမှုတွေ ဖောင်းပွနေတဲ့ စစ်အစိုးရခေတ်မှာ မိတ်ဆွေတွေ၊ မိသားစုတွေကို အခွင့်ထူးတွေ၊ လုပ်ပိုင်ခွင့်တွေပေးတတ်တဲ့ တခြားအရာရှိတွေနဲ့ မတူတဲ့ သန့်ရှင်းတဲ့ လူလို့လည်း သတ်မှတ်ခံရပါတယ်။

“စစ်တပ်နဲ့ နီးစပ်တဲ့လူတွေကြားထဲမှာ ဦးသိန်းစိန်ဟာ တခြားလူတွေထက်စာရင် လူကောင်းတယောက် ဖြစ်တယ်၊ အဂတိလိုက်စားမှုကင်းတဲ့ လူလို့ ယူဆကြတယ်” လို့ မြန်မာပြည်မှာ မနှစ်ဩဂုတ်လအထိ တာဝန်ထမ်းခဲ့တဲ့ အမေရိကန်သံတမန် လယ်ရီ ဒင်ဂါက ပြောပါတယ်။

စစ်အစိုးရဟာ အရပ်သားအစိုးရလက်ထဲကို အာဏာမလွှဲခင်နှစ်မှာ တိုင်းပြည်ရဲ့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေကို ရောင်းချခဲ့ပါတယ်၊ ဒီလို ငွေတွေ အကြီးအကျယ်ရပြီး ရတနာပုံဆိုက်သွားတာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ အရင် စစ်အစိုးရခေါင်းဆောင်တွေက မီးစိမ်းပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြန်မာပြည်က ထိပ်တန်းသူဌေးကြီးတွေနဲ့ စီးပွားရေးတွေလုပ်၊ ပေါ်ပေါ်ထင်ထင် ချမ်းသာနေကြတဲ့ အဆင့်မြင့် စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေနဲ့ မတူတာက ဦးသိန်းစိန်ရဲ့ သမီး သုံးယောက်စလုံးဟာ လူတွေ အာရုံစိုက်ရလောက်တဲ့ အခြေအနေမျိုး မရှိကြပါဘူး။ မထင်မရှားနေတဲ့ ဦးသိန်းစိန်ရဲ့ ဇနီးကလည်း မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးနှစ်ယောက် အဆင်ပြေနေတာကို မြင်တွေ့ခဲ့ရတယ်လို့ မြန်မာ သတင်းထောက်တွေက ပြောကြပါတယ်။

ရန်ကုန်ကနေ အနောက်တောင်ဘက်က ၈ နာရီလောက်ကားမောင်းသွားရတဲ့ ဦးသိန်းစိန်ရဲ့ ဇာတိရွာလေးမှာလည်း ဦးသိန်းစိန်ဟာ ဘယ်သူကိုမျှ ဦးစားမပေးတတ်တဲ့ လူစားလို့ သိထားကြပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရပြီး တနှစ်ကြာတဲ့အချိန်အထိ ကျုံကူးရွာလေးမှာ ရေပိုက်လည်း မရှိသေး၊ ကွန်ကရစ်လမ်းလည်း မပေါက်သေးပါဘူး၊ ရွာကို လာတဲ့ ဧည့်သည့်တွေကို ညဘက်ကျရင် ရွာပြင်က ဖုန်ထူတဲ့ လမ်းမဘက်ကို မထွက်ကြကြဖို့ သတိပေးကြပါတယ်။ အကြောင်းကတော့ တောင်တန်းနိမ့်နိမ့်တွေပေါ်မှာနေတဲ့ ဆင်တွေ ဆင်းလာတာနဲ့ တိုးရင် အန္တရာယ် ကျရောက်တတ်လို့ပါ။

“ဦးသိန်းစိန်ဟာ လူရိုးတယောက်ဖြစ်တယ်၊ ကျနော်တို့ ရွာကိုလည်း တခါမှ ဦးစားပေးတာမျိုးမရှိပါဘူး” လို့ ဦးသိန်းစိန်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်လမ်းမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ဦးကျော်စိုးက ပြောပါတယ်။

ဦးသိန်းစိန်ဟာ မောင်နှမ သုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပြီး၊ ကျုံကူးရွာက ရွာလယ်လမ်းမကြီးဘေး၊ ဝါးအိမ်လေးမှာ သူ့ကို မွေးပါတယ်။ သူ့မိဘတွေဟာ မြေမဲ့ယာမဲ့ဖြစ်ပြီး သူ့အဖေ ဦးမောင်ဖြိုးဟာ မြစ်ဆိပ်မှာ ကုန်ထမ်းပြီး၊ ဝါးဖျာတွေယက်ပြီး မိသားစုကို ကျွေးမွေးခဲ့ပါတယ်။ ဦးမောင်ဖြိုးဟာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကျုံကူး ရွာသားတွေထဲမှာတော့ ထူးထူးခြားခြား စာတတ်သူလို့ ဆိုရပါမယ်။

“ဦးသိန်းစိန်ရဲ့ အောင်မြင်မှုဟာ သူ့အဖေ ဦးမောင်ဖြိုးကြောင့်” လို့ ဦးကျော်စိုးက ပြောပါတယ်၊ သူ့အဖေဟာ ဦးသိန်းစိန်ရဲ့ ဘဝမှာ အရေးအကြီးဆုံးပုဂိ္ဂုလ်ဖြစ်တယ်။ ကန့်ကူလက်လှည့် ဆရာဖြစ်သလို၊ စိတ်ဓာတ်ပိုင်းအရလည်း လေးစားရတဲ့ လူ” လို့ ဦးကျော်စိုးက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ အမေ ဖြစ်တဲ့ အိမ်ရှင်မကြီး ဒေါ်ခင်ညွန့်ကတော့ မိသားစုက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ဝိုင်းကူပါတယ်။ အခုတော့ ဦးသိန်းစိန်ရဲ့ မိဘတွေ ကွယ်လွန်သွားတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ၊ ဦးသိန်းစိန်ရဲ့ ကလေးဘဝက နေခဲ့တဲ့ အိမ်ဟောင်းကို ဖျက်ပြီး၊ အိမ်သစ်နဲ့ အစားထိုးထားပါတယ်။

ဦးသိန်းစိန်တို့ ရွာကို သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ သွားရင် အာဏာပိုင်တွေအတွက် အရေးတကြီးကိစ္စ၊ အမှားအယွင်းမခံတဲ့ ကိစ္စအဖြစ် ယူဆတုန်းပါပဲ။ သမ္မတရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို ကြားလူတွေကတဆင့် ဆက်သွယ်ပြီးတဲ့အခါ အရာရှိတွေဟာ သတင်းထောက်ရဲ့ ကားကို ရွာကို သွားတဲ့ တလမ်းလုံးနောက်ယောင်ခံ လိုက်ပါတယ်။ ရွာကို ရောက်တဲ့အခါအမှာ အရပ်ဝတ်နဲ့ ရဲတွေက အသင့်စောင့်နေကြတာတွေ့ရပါတယ်။

“ကျနော်တို့ ခင်ဗျားကို မျှော်နေကြတာ” လို့ အဲဒီဒေသက အရာရှိ ဦးမြင့်ဦးက ခရီးဦးကြိုဆိုရင်း ပြောပါတယ်။

အာဏာပိုင်တွေဟာ ယဉ်ကျေးကြပါတယ်။ မုန့်တွေနဲ့ ဘီယာအေးအေးလေးတောင် တိုက်ပါသေးတယ်။ ဒါပေမယ့် အင်တာဗျူးတဲ့ အချိန်တွေမှာတော့ ရဲတွေက ဘေးကနေ လိုက်မှတ်ပါတယ်။

နိုင်ငံခြားသားသတင်းထောက်တယောက်ကို လက်ခံရကောင်းနိုးနိုး၊ မကောင်းနိုးနိုး မတင်မကျ ဖြစ်နေတာကလည်း အရင်တုန်းက မြန်မာပြည်နဲ့ အခုမြန်မာပြည်တို့ ကြားက ထိပ်တိုက် တွေ့နေတာကို မီးမောင်းထိုးပြတာပါပဲ။ သမ္မတဦးသိန်းစိန် အာဏာယူပြီး တနှစ်အကြာမှာ မြန်မာပြည်ဟာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြားက လမ်းခုလတ်မှာ ရောက်နေပါတယ်။

နိုင်ငံကို ပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတမိန့်ခွန်းမှာ ဦးသိန်းစိန်က “ ကျနော်တို့ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ရောက်ပြီလားဆိုရင်၊ မရောက်သေးပါဘူး၊ နောက်ထပ်အများကြီး လုပ်ဆောင်စရာတွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။

သမ္မတမိန့်ခွန်းမှာ ခေတ်မှီတဲ့ စကားလုံးတွေသုံးတာကြောင့်လည်း ပြောစမတ်တွင်ရပါတယ်။ မိန့်ခွန်းထဲမှာ သက်ဆိုင်သူများအားလုံး “stakeholders,” တို့၊ သတင်းမီဒီယာကိုလည်း စတုထ္ထမဏ္ဍိုင် “fourth estate.” လို့ ထပ်တလဲလဲ ထည့်ပြောသွားပါတယ်။ မီဒီယာဟာ လွတ်လပ်မှုနဲ့ တာဝန်ခံမှုရှိရမယ်လို့ သမ္မတက ဆိုပါတယ်။

ယူနီဗာဆယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လည်း သမ္မတက ကတိပြုပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးအသုံးစရိတ်ကို လေးဆတိုးပြီး ပညာရေးကို နှစ်ဆတိုးမယ်လို့ သမ္မတက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနှစ်မတ်လက အာဏာလက်ခံတဲ့ မိန့်ခွန်းမှာလည်း အခုလိုပဲ ရဲရင့်ပြီး ရည်မှန်းချက်ကြီးတဲ့ ကတိတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သမတ စကားတွေဟာ နှစ်ပေါင်း ၅ဝ လောက် စစ်အုပ်ချုပ်ရေး၊ တလွဲတချော် စီးပွားရေးစီမံခန့်မှုတွေ အောက်မှာ နေခဲ့ရတဲ့ တိုင်းပြည်မှာ ပြည်သူတွေ အပြောင်းအလဲကို ပြင်းပြင်းပြပြ တောင့်တနေတယ်ဆိုတာကို သိလို့ ချွေးသိပ်တဲ့သဘောပဲ ဖြစ်မယ်လို့ သံသယရှိသူတွေလည်း ရှိခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကလည်း အခုအချိန်ထိတော့ အထိမခံကြွေပန်းကန်အခြေအနေပါပဲ။ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဖိအားပေးနေသလို၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အာဏာအလွဲသုံးစား လုပ်နေတယ်လို့ စောဒကတက်ရင်၊ ရွေးကောက်ပွဲဟာ အလိမ်အညာ ဖြစ်နိုင်တယ်လို့ သတိပေးနေပါတယ်။

လေ့လာသူတွေ တော်တော်များများက ရှေ့ကို မျှော်ကြည့်ရင်း အပြောင်းအလဲဟာ လူပုဂိ္ဂုလ်တွေ အပေါ်မှာ မှီခိုလွန်းအားကြီးနေတယ်၊ ဦးသိန်းစိန်ရဲ့ အောင်မြင်မှု လက်တဆုပ်စာလောက်ရှိတဲ့ သမ္မတအကြံပေးနဲ့၊ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ဝန်ကြီးတချို့အပေါ်မှာပဲ အလွန်အကျွံ ပုံအပ်ထားသလို ဖြစ်နေတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

တချိန်ချိန်မှာ ပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေးဆန္ဒတွေ ပျောက်သွားတာမျုးိလည်း ဖြစ်နိုင်တယ်လို့ စိုးရိမ်ကြပါတယ်။ နိုင်ငံရေးလွတ်လပ်မှုတွေ တိုးတက်လာလို့ အပျော်လွန်တဲ့ကာလဟာ သိပ်မကြာခင်မှာ တစခန်းရပ်ပြီး၊ တိုင်းပြည်ကို ပတ်ချာလည်ကနေ ဖိစီးနှိပ်စက်နေတဲ့ ဆင်းရဲမွဲတေမှုလို့ လက်တွေ့ အရှိတရားဘက်ကို မြှားဦးလှည့်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။

သမ္မတရဲ့ မိန့်ခွန်းတွေကို ရေးပေးခဲ့တဲ့ ဒေါက်တာ နေဝင်းမောင်က “ လောလောဆယ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စမ်းသပ်ကာလပေါ့ဗျာ။ မကြာခင်မှာတော့ စိတ်ပျက်စရာကောင်းတဲ့ အချိန်ကာလတခု ရောက်လာဦးမယ်” လို့ ပြောခဲ့ပါတယ်။

(နယူးယော့ခ်တိုင်းမ် ပင်တိုင်ဆောင်းပါးရှင် THOMAS FULLER ရေးသည့် A Most Unlikely Liberator in Myanmar ဆောင်းပါးကို ဘာသာပြန်ပါသည်)

နေသွင်

ဒါကတော့ မူရင်းဘာသာပြန်ထားတဲ့ လင့် ပါဗျာ
http://www.maukkha.org/index.php/book-store/essay-maukkha/1971-maukkha-burmese-president-thein-sein
ကျနော်လည်း တွေ့မိလို့ သိသင့်တယ်ထင်လို့ သမ္မတကြီးအပေါ် ဘယ်လိုများ သဘောထားကြသလဲဆိုတာကိုလည်း သိချင်လို့ကူးယူတင်ပြလိုက်တာပါ ကော်ပီပေါ့နော်

18 comments

  • ရွှေဘိုသား

    March 25, 2012 at 9:48 am

    ရွာသူရွာသားတွေတော့မသိဘူး ကျနော်ကတော့ ကျနော့် မှီသမျှ ကျနော်တို့ နယ်ဘက်မှာဖြစ်သွားတဲ့
    ဒီပဲယင်းအရေးအခင်း ရွာသားတွေ လေးခွယူပြီး ဒေါ်စုတို့ကိုပစ်ခိုင်း မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့ ရွှေဝါရောင် တော်လှန်ရေးတုန်းက ကျနော်တို့ ဆယ်တန်းပေါ့ ဘုန်းကြီးကျောင်းနေတာတောင် နေခွင့်မရှိဘူး ပြန်ဆိုလို့ ခိုးကြောင်ခိုးဝှက်နေ ကျောင်းခွင့်ယူပြီး ရွာပြန်ရနဲ့ ဘုန်းကြီးတွေကိုရိုက်နှက် ပစ်သတ် ဆိုးဝါးလွန်းတဲ့ အစိုးရထက်စာရင်တော့ ဦးသိန်စိန်းက ပိုကောင်းပါတယ် အဆိုးထဲက အကောင်လို့မြင်မိတယ်ဗျာ

  • mocho

    March 25, 2012 at 10:19 am

    ကျမလည်း ဦးသိန်းစိန်ကို နာဂစ်မှာ ကပ်ဘေးဆိုက်ပြီးကာစ အရမ်းကို ဆိုးရွား တဲ့နေရာဒသကို ပထမဆုံး ရောက် သွားတဲ့ လူကြီး အဖြစ် စပြီးသတိထားမိပါတယ်။

  • Thel Nu Aye

    March 25, 2012 at 10:35 am

    သူ့သမီးနှစ်ယောက်ဟာလဲ တခြားအာဏာရ အစိုးရအဖွဲ့ဝင်တွေရဲ့သမီးတွေနဲ့မတူ ခြားနားစွာ မာန်မာန ကင်း သော အေးချမ်းသောမိသားစုဖြစ်ကြောင်းအပြည့်အဝထောက်ခံပါတယ်။

  • ဦးသိန်းစိန်ရဲ့ ပုံစံကို ကြည့်ရရင် ..
    အေးဆေးသမား တစ်ယောက်အဖြစ် ယူဆနိုင်ပါတယ် …
    ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းထားတဲ့ လူတစ်ယောက်လို့လည်း မြင်နိုင်ပါတယ် …
    ဒါဟာ သူ့အဖေရဲ့ သွန်သင်မှု အဆုံးအမကြောင့်လို့ ထင်မိပါတယ် …
    ဦးသိန်းစိန်ဟာ ထက်ထက်မြက်မြက် ရှိလှသူတော့ ဟုတ်ဟန် မထင်ပါဘူး …
    ဒါပေမယ့် လူတွေရဲ့ ချစ်ခင်မှုကိုတော့ ရယူနိုင်စွမ်းရှိသူလို့ ထင်မိကြောင်းပါ …

    အခုပို့စ်အတွက် ကိုရွှေဘိုသားကို ကျေးဇူးတင်ကြောင်းပါလို့ …
    ပြီးတော့ စာတွေက ထပ်နေသလားလို့ … 🙄

  • အမေရိကန်ငတုံး

    March 25, 2012 at 11:04 am

    ကျေးဇူးပါ ကိုရွှေဘိုသားရေသမ္မတကြီးအကြောင်းကိုပြည့်ပြည့်စုံစုံသိလိုက်ရလို.
    ကိုယ်နိုင်ငံကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့အကြောင်းကို
    ဘယ်လိုလူစားမျိုးလဲဆိုတာကိုလူတိုင်းသိထားသင့်ပါတယ်။

  • kyeemite

    March 25, 2012 at 5:45 pm

    တကယ်တော့ လူတိုင်းငယ်ငယ်ကကောင်းပါတယ်…
    ကြီးမှသာ ……သင့်ခရုပါရွှေဘိုသားရေ…

  • Mr. MarGa

    March 25, 2012 at 9:20 pm

    မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ သမ္မတ လို့ ပြောချင်ပါတယ်။
    အရင်အစိုးရ ရဲ့ ဆိုးမွေအများစု ကို အကောင်းဘက် ပြောင်းအောင် ကြိုးစားနေတဲ့သူ လို့လည်းမြင်ပါတယ်။
    သူကိုယ်တိုင်က ထက်ထက်မြက်မြက် သိပ်မရှိဘူးလို့ထင်ပေမယ့် သူ့အနားမှာ ထားတဲ့လူတွေကိုတော့
    မှန်မှန်ကန်ကန် ရွေးခဲ့တယ်လို့ ထင်ပါတယ်။
    အဆုံးသတ် မှတ်ချက်ချချင်တာကတော့
    ဦးသိန်းစိန်ဟာ
    မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းထက်တော့ အများကြီး သာတယ်လို့ ဆိုချင်ပါတယ်ဗျာ။

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • padonmar

    March 25, 2012 at 10:25 pm

    အခုပဲ သမ္မတကြီး ပုသိမ်-ငပုတောလမ်းက တံတားဖွင့်ပွဲက အပြန် ပုသိမ်ကနေ တပြည်လုံးကို မိန့်ခွန်းပြောသွားပါတယ်။
    ဒီထဲမှာပါသလို သူဟာသာမာန်မိဘတွေကမွေးတဲ့ အကြောင်း၊သူ့ရွာခုထိ မတိုးတက်သေးတဲ့အကြောင်း၊သူက တပြည်လုံးအတွက် အလုပ်လုပ်နေတာဖြစ်ကြောင်းပါပါတယ်။
    မိန့်ခွန်းရေးပေးတဲ့ think tank တွေရဲ့ ဉာဏ်ကျယ်မှုကိုပါလေးစားစရာပါ။

    မကြာမီက မှောက်ခဲ့တဲ့ ပုသိမ်သူရှပ်ပြေးအကြောင်း၊ဒီနှစ် သီးနှံတွေ ပိုးကျ အထွက်နည်းလို့ တောင်သူတွေ အခက်တွေ့ကြတဲ့အကြောင်း၊ငွေဈေးမတည်ငြိမ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲကြုံရကြောင်း၊တွေလည်းပါပါတယ်။
    ပြည်တွင်းရောပြည်ပရောက်နေသူတွေပါ နာဂစ်မှာကူညီကြတာကျေးဇူးတင်ကြောင်းလည်းပါတယ်။

    မှတ်မိသလောက် ကောက်နှုတ်တင်ပေးပါတယ်။
    (၁)ကျန်းမာရေး၊ပညာရေး ဘတ်ဂျက်တိုးတိုးပေးသွားမယ်တဲ့။
    (၂)ဧရာဝတီတိုင်းမှာ စက်မှုဇုံ ၃ခုနဲ့ ရေနက်ဆိပ်ကမ်းလုပ်ပေး မှာဖြစ်လို့ ရန်ကုန်၊မန်း၊ပြည်ပထွက်တဲ့ လူငယ်တွေ အိုးမကွာအိမ်မကွာ အလုပ်ရတော့မယ်တဲ့။
    (၃)လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်(လယ်လုပ်ပိုင်ခွင့်မဟုတ်နော်) ဥပဒေတွေရေးနေပါတယ်တဲ့။
    (၄)အလုပ်သမားဥပဒေ၊သမဂ္ဂတွေဖွဲ့ခွင့်လည်းပေးပါမယ်တဲ့။
    (၅)SME တွေ အခွင့်အလမ်းတိုးအောင်လည်း ညှိပေးပါမယ်တဲ့။
    (၆)ဥပဒေခုတုံးလုပ်တာရှောင်ကြပါတဲ့။
    (၇)ဝန်ထမ်းတွေကလည်း အခြေခံဥပဒေနဲ့ အညီ မိဘပြည်သူတွေ စိတ်ချမ်းသာအောင်လုပ်ပေးပါတဲ့။
    (၈)ထုတ်မပြောနိုင်သေးတဲ့ အဂတိလိုက်စားမှုအရေးယူရေးတွေ လုပ်နေပါတယ်တဲ့။
    စေတနာအမှားတော့ခွင့်လွှတ်ပါမယ်တဲ့။
    (၉)ရွေးကောက်ပွဲ တရားမျှတအောင်လုပ်ဖို့ ကော်မရှင်၊အစိုးရ၊Media၊မိဘပြည်သူ ဝိုင်းဝန်းပါ၊
    ပါတီတွေ အခွင့်အရေး မနစ်နာစေရပါဘူး၊မဲစာရင်းမှန်အောင်ဝိုင်းဝန်းပါတဲ့။
    တကမာ္ဘလုံးလေ့လာနေတာဖြစ်လို့ သန့်ရှင်းမျှတဖို့ တိုက်တွန်းသွားပါတယ်
    (၁၀)ရှုံးတဲ့ပါတီကလည်း မိဘပြည်သူအဆုံးအဖြတ်ကို ကျေကျေနပ်နပ်ခံယူပါတဲ့။

    ရွေးကောက်ပွဲကိစ္စအဓိကပြောချင်တဲ့အတွက် မိန့်ခွန်းအစမှာကတည်းက ပြောမယ့်အကြောင်းအရာမှာထည့်ပြောသွားပါတယ်။
    ဒို့သမ္မတကြီးကို ဒေါ်စုနဲ့တွဲရက် စတစ်ကာတီရှပ်လေးများထုတ်ရင် ဝတ်ပြီးအားပေးချင်လာပါပြီ။

    • Khin Latt

      March 25, 2012 at 10:47 pm

      ကောက်နှုတ်ချက် လေးအတွက် ကျေးဇူး ပါဘဲ အစ်မပဒုမ္မာရေ။
      သမိုင်းကောင်းခဲ့သူမို့ ကျွန်မတို့ အတွက် အားကိုးရာဖြစ်လောက်ပါတယ်။
      ယုံကြည်သင့်တယ် လို့လဲ ထင်ပါတယ်။
      သူကလဲ ပြည်သူ့မေတ္တာ တွေ နဲ့ ပြည်သူတွေ အတွက် အမှန်တရား ကို လုပ်ဖို့ အင်အားရမယ် မျှော်လင့်ပါတယ်။
      အခုအချိန်မှာတော့ ကျွန်မတို့ အားလုံးညီဖို့သာလိုပါမယ်။

  • Khin Latt

    March 25, 2012 at 10:40 pm

    သမ္မတကြီး အကြောင်း ဘာသာပြန်လေး ဖတ်ရတာ အားရှိလိုက်ပါဘိတော့။
    ဒီလို လူမျိုး ကို တကယ်ဘဲ ယုံကြည်ချင်ပါတယ်။
    တကဲ့ကို ဆင်းရဲသူတွေ အတွက် ပြည်သူတွေ ရပ်ပေးပါရှင်။
    တစ်ဖက်ကလဲ သမ္မတကြီး မှာ ရင်ဆိုင်နေရတဲ့ ဘေးကြပ်နံကြပ် အခြေအနေတွေ ကို နားလည်ပြီး နဲနဲလေး စိတ်ရှည်ပေးကြပါ။
    သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ ကျန်းကျန်းမာမာ နဲ့ အတူလက်တွဲပြီး ပြည်သူတွေကို ငရဲတွင်းထဲ က (ပြိတ္တာတွေ ငရဲသားတွေ လက်ထဲက) ကယ်ထုတ်ပေးနိုင်ဖို့ ကျွန်မတို့ အားလုံး လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။
    ကျေးဇူးဘဲ ရွှေဘိုသားရေ။

  • pooch

    March 25, 2012 at 11:32 pm

    ဒီလိုလေးဖတ်ရတော့ ရင်ထဲမှာ အကောင်းမြင်စိတ်လေးတွေ ပိုပြီး တိုးလာတယ်။ မဟုတ်ရင် စိတ်ထဲ တထိတ်ထိတ်နဲ့။ သမိုင်းကောင်းရှိခဲ့တဲ့သူဆိုလို ဝမ်းသာရပါတယ်။ တကယ်ကောင်းရင် အားပေးထောက်ခံဖို့ ဝန်မလေးပါဘူး။

  • ငပွကြီး

    March 25, 2012 at 11:41 pm

    သန့်ရှင်းသော ရေတစ်ခွက်ဟာ အပေါ်ယံတင်ကြည်ရုံနဲ့ မရပါဘူး (အောက်ခြေမှာ အနည်တွေအများကြီး)
    ဆိုတော့…အဲဒီ မကောင်းတဲ့ အနည်တွေကို ရအောင်ဖယ်ရှားလိုက်မယ်ဆိုရင် …

  • ရွှေဘိုသား

    March 26, 2012 at 9:52 am

    အနည်တွေကတော့ များသားဗျာ ဒါပေမဲ့လည်း ကျနော့်အခုအသက်ထိ
    မကြားဖူး မမြင်ဖူးတာတွေကို မြင်ဖူးကြားဖူးအောင်ပြုလုပ်ပေးလို့
    အပြုသဘောဆောင်တယ်လို့မြင်မိတယ်

  • htoosan

    March 26, 2012 at 12:07 pm

    ူသူကြီး ဦးခို်င် ၊ဦးကြောင်ကြီး အမြန်ပြန်လာပါ။ ဦးသိန်းစိန် တံခါးဖွင့်ထားသည်။

    (ယနေ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် ဒေသတွင်း နိုင်ငံများကို တိုးတက်သည့် ဘဝရောက်ရှိအောင် အကြံဉာဏ်များပေးခဲ့ ၊ ပါဝင်ဆောင်ရွက်ခဲ့သော အဓိကပညာရှင် ပုဂ္ဂိုလ်ကြီးများထဲတွင် မိမိတို့နိုင်ငံသားများပါဝင်ခဲ့ကြောင်း ၊နိုင်ငံတကာ အာကာသသိပ္ပံနည်းပညာနယ်ပယ်အထိ မိမိတို့နိုင်ငံသားပညာရှင်များ ကမာ္ဘအနှံ့အပြားတွင်ရှိနေကြပါကြောင်း ၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မိမိတို့နိုင်ငံကိုတတ်နိုင်သမျှ အလုပ်အကျွေးပြုကြရန် ပြန်လာနေကြပြီဖြစ်ပါကြောင်း ၊၎င်းတို့၏ ကျွမ်းကျင်မှုများ ၊ အတွေ့ အကြုံများ၊ အကြံဉာဏ်များသည် မိမိတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အင်အားစုများပင်ဖြစ်ပါကြောင်း၊
    ကျန်ရှိနေသေးသော မိမိတို့နိုင်ငံသားများအတွက် မိမိတို့ တံခါးဖွင့်ထားပါကြောင်း ၊ပြန်လာကြပါ၊ မိမိတို့နိင်ငံဖွံဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါဟူ၍ အမြဲတန်းကြိုဆိုနေပါကြောင်း )

  • htoosan

    March 26, 2012 at 12:12 pm

    ဦးသိန်းစိန် မတ်လ ၂၅ ရက်​ပုသိမ်မြို့ တွင် ပြောကြားသော မိန့်ခွန်းမှ ။

  • ရွှေဘိုသား

    March 26, 2012 at 1:59 pm

    ကိုထူးစန် သူကြီးတော့ပြန်မခေါ်ပါနဲ့ဗျာ သူ့ရဲ့ ကျနော်တို့ရွာ ဆာဗာလေး မြန်မာနိုင်ငံလာထိုင်မှဖြင့် မြန်မာ့
    အင်တာနှေးနဲ့ဘာမှလုပ်မရ ကျနော်တို့လိုဝါသနာရှင်လေးတွေစာရေးဖို့ နေရာပျောက်နေပါအုံးမယ်
    ကိုကြောင်ကတော့ ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး သူကအကြွေးတွေနည်းတာမဟုတ်ဘူးဆိုပဲပေးစရာတွေက

  • kai

    March 26, 2012 at 3:26 pm

    တော်ပြီး.. တတ်ပြီးသူတွေအများကြီးပါ…
    ပြန်သင့်တဲ့အချိန်ပြန်ကြမယ်လို့ထင်ပါတယ်..
    ပြန်တဲ့သူလည်း..ပြန်နေကြပါတယ်..။
    ကျုပ်ကတော့.. ဖိတ်စာမရသေးလို့.. ပြန်သေးဘူး.. 😆

    မြန်မာပြည်အစိုးရဟာ.. အခုကြားဖြတ်ရွေးကောက်ပွဲမှာ.. NLD ကိုနေရာ(ဖြစ်နိုင်သမျှ)အပြည့်ပေးရပါလိမ့်မယ်..။
    ဒါဆို.. ယူအက်စ်ရဲ့.. ဆန်ရှင်မှာ.. ကင်းလွတ်ပလပ်တာတွေရပါလိမ့်မယ်..။

    ဆန်ရှင်လျှော့ပြီးနောက်ပိုင်း.. အစိုးရရဲ့ ပညာတော်သင်တွေ.. အနောက်နိုင်ငံတွေဆီ.. ဖိလွှတ်ရမယ်ထင်ပါတယ်..။
    ဂျပန်၊ကိုရီးယား၊ထိုင်ဝမ်၊တရုတ်၊ ဒီအတိုင်းလုပ်ခဲ့ကြတာပါ…။
    တချို့ထက်တော်သူတွေကို.. အစိုးရက.. ကျောင်းစားရိပ်ထုတ်ပြီးတောင်.. ပညာသင်စေသင့်ပါတယ်.။

    ပညာတော်သင်တွေဟာ.. မြန်မာပြည်ပြန်အမှုထမ်းနိုင်တဲ့အချိန်မှာ.. အမိမြေအတွက်.. ကောင်းတာတွေဖြစ်လာလိမ့်မယ် မျှော်လင့်မိပါတယ်..။
    ပုံမှန်ချောချောမွေ့မွေ့သွားရင်တောင်… အနည်းဆုံး… ၁ဝနှစ်လောက်တော့.. အချိန်ယူမယ်ထင်ပါတယ်..။

    ကျုပ်က.. အဲဒီလို.. လာလတံ့သော.. သူများအတွက်.. ယူအက်စ်မှာ.. အဆင်ပြေအောင်..ကူညီ… ပြင်ဆင်ပေးမယ်လေ..
    ယူအက်စ်မှာအနေရကြာရင်.. မြန်မာပြည်အလွမ်းပြေ… မုန့်ဟင်းခါးများ….. လုပ်ရောင်းမလားလို့ပါ…။ :mrgreen:

  • maungmoenyo

    March 27, 2012 at 8:19 am

    လက်ရှိမြန်မာပြည် ရဲ့ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနောက်နဲ့ အိမ်နီးချင်းနိုင်ငံတွေက အောချရလောက်အောင်တောင် အံ့ဩနေကြပါတယ်။ မနာလိုစရာအဖြစ်တောင်ရောက်နေမလားဘဲ။
    ဒီအရှိန်အဟုန်ကြီးမားတဲ့ ဒီ ပြောင်းလဲမှု သက်တမ်းဟာ တနှစ်သားလဲရှိသေးတာမို့၊ အာဏာရှိအစိုးရ၊ ပြည်သူသန်း(၆၀) နဲ့ ဆန့်ကျင်ဖက်အုပ်စု၊ ဖိုခနောက်ဆိုင်(၃) ခုစလုံးက ဟန်ချက်ညီညီ အချင်းချင်း ထိန်ညှိသွားဘို့ အထူးလိုပါတယ်။ မြန်မာသမိုင်းမှာ စာမျက်နှာသစ်ကြီးတခုဖွင့်လိုက်ပြီပေါနော်။
    (မှတ်ချက်၊ ရန်ကုန်မှ ပို့ပေးလိုက်သော ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး ဇာတ်လမ်း၊ အသံလွှင့်ချက်များ နားထောင်မိပြီးသကာလ…)

Leave a Reply