အားနာပါးနာ ကြည့်ပေးကြပါ…။
ဟုတ်ကဲ့ ….။ အားနာပါးနားကြည့်ပေးကြပါ….။ ဘာလို့လဲဆိုတော့ ဒီပို့လေးက နေ၀န်းနီရဲ့ သူငယ်ချင်းက အကူအညီတောင်းပြီးတင်ပေးပါဆိုလို့ နေ၀န်းနီလည်း အားနာပါးနာတင်ပေးလိုက်တာပါ….။ နေ၀န်းနီရဲ့သူငယ်ချင်းဆိုတာက ရွာသားတစ်ယောက်ဖြစ်တဲ့ ဗစ်တာစိုးမိုး (m) ပါ….။ သူက စာအုပ်ဆိုင်တစ်ဖက်နဲ့ မအားလပ်လို့ နေ၀န်းနီကလည်း အားနာပါးနာ တင်ပေးမယ်ဆိုပြိး သူ့ပုံလေးတွေ ယူလာခဲ့တာ …..။ ဆိုင်ရောက်မှ သူ့ပုံလေးတွေ ဖွင့်ကြည့်လိုက်တော့…………. တင်သင့်တယ်လို့ ထင်တာနဲ့ ကြိုးစားပမ်းစားတင်လိုက်မိပါတယ်…။ ရွာထဲက ဒါ့ပုံဆြာတွေကို အားကျမခံ ကိုယ်တိုင်ရိုက်တာမဟုဆ်ကြောင်းတော့ ၀န်ခံထားတယ်နော်….။ :P

လူအသိနည်းလှတဲ့ နေပြည်တော်က ရေပူစမ်း ကလေး

အရောက်အပေါက်နည်းလှတဲ့ နေပြည်တော် က ရေပူစမ်း အကြောင်းလေး ပြောပြချင်လို့ပါ –
ရေပူစမ်း ရှိနေတဲ့ နေရာ ကတော့ –
နေပြည်တော်ရဲ့ မြောက်ဘက် မန်းတလေး ဘက်ကို အထွက် ( လမ်းဟောင်း ) ကနေ သွားရပီး –
ပုံနှိပ်ထုတ်ဝေရေးတို့ ၊ သတင်း စာတိုက် တို့ ကို ခွဲသွားတဲ့ ခရေပင် လမ်း ခွဲ ကို ကျော်လာတော့ –
တပ်ကုန်းမြို့နယ် ထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့နယ် ကိုသွားတဲ့ ပင်းလောင်းလမ်းခွဲကနေ သွားရမှာပါ –
ညာဘက်( အရှေ့ဘက် ) ပေါ့ – နေပြည်တော်ကနေ- အဲ့ ဒီလမ်းခွဲအထိ ( ၂၅ ) မိုင်လောက်ရှိလိမ့်မယ်-
အဲ့ ဒီလမ်း ခွဲကနေ ပင်လောင် ကို သွားတဲ့ အခါ အတက်လမ်းတွေ များတယ်လေ –
(၂၈)မိုင်လောက် ရောက်တဲ့ အခါ ရေပူစမ်းသို့ လို့ လမ်းခွဲလေး တွေ့ရမယ် ဘယ်ဘက်ခြမ်း မှာပေါ့ –
အဆင်းလမ်းကလေး -( ၂) မိုင်လောက် ဆင်းသွားယင် ရောက်ပါပီ –
တောင်ကုန်း တွေ သစ်တောတွေ နဲ့ သာယာပါတယ် –
ရုံးပိတ်ရက်နဲ့ သင်္ကြန်လိုရက်တွေ မှာတော့ လူနည်းနည်း စည်ပါတယ် –
အခြားနေ့တွေမှာတော့ အနည်း အကျဉ်းလောက်ပါပဲ-
ရေပူထွက်တဲ့ နေရာ က နေ မြောင်းကလေး တွေခွဲပေးထားတယ် ရေအေးနဲ့ စပ်ပီး ချိုးလို့ရအောင်ပေါ့ –
ရေပူထွက်တဲ့ နေရာ(ပုံပါ) ကတော့ အတော်ပူပါတယ် –
ကြက်ဥ ပြုတ်မယ်ဆိုယင် ( ၅) မိနစ်ဆို စားကောင်းတဲ့ အနေအထားရပါတယ် –
အာလူးလည်းပြုတ်လို့ရတယ် လို့ အဲ့ ဒီနားက ဈေးဆိုင်တွေ မှာရှိတဲ့ သူတွေ က ပြောပြတယ်-
ပင်းလောင်ဘက်ဆက်သွားမယ် ဆိုယင် တော့ ပုံမှာ ပါတဲ့ လိန်းလီကြိုး တံတား ကိုဖြတ်ပီး ယင် ရောက်ပါ မယ် –
ပင်လောင်းရောက်ယင် တောင်ကြီး ကို သွားဖို့ ရာ လွယ်ကူသွားပါပီ-
လမ်း ကတော့ ကတ္တရာ လမ်းပါပဲ မိုးရာသီ အခါ အတွက် တော့ အန္တရာယ်ရှိနိုင်ပါ တယ် –
ပွင့် လင်းရာသီ မှာတော့ စိတ်ချ လက်ချ သွားလို့ ရပါ တယ် –
ကားပဲ ဖြစ်ဖြစ်ဆိုင်ကယ်ပဲ ဖြစ်ဖြစ် သင့် တော်ပါ တယ် –
နေပြည်တော် ဆိုတာကြီး ကို အမှတ်တမဲ့ ပဲဖြစ်ဖြစ် တမင်တကာ ပဲ ဖြစ်ဖြစ် ရောက်ခဲ့ မယ် ဆိုခဲ့ ယင်တောင်မှ –
ဒီရေပူစမ်း ကို ရောက်ဖို့ ရာ မလွယ်ကူလှတဲ့ အတွက် ဒီိပို့(စ်) ကို တင်ပြဖြစ်တာပါ –

http://myanmargazette.net/wp-content/uploads/2012/03/DSC004321.jpg

1. လမ်းနဘေးရှုခင်း”

http://myanmargazette.net/wp-content/uploads/2012/03/DSC00433.jpg

2. ရေပူစမ်းသို့ သွားရာလမ်းကလေး

http://myanmargazette.net/wp-content/uploads/2012/03/DSC00458.jpg

3.ရေပူစမ်းပုံက အသဲပုံလေးနော်

http://myanmargazette.net/wp-content/uploads/2012/03/DSC00459.jpg

4. ဒီမှာသေချာအောင်ကြည့်….
http://myanmargazette.net/wp-content/uploads/2012/03/DSC00461.jpg

5.ကြက်ဥ ပြုတ်မယ်

http://myanmargazette.net/wp-content/uploads/2012/03/DSC00462.jpg

6.ဒီလိုပြုတ်မှာ

http://myanmargazette.net/wp-content/uploads/2012/03/DSC00465.jpg

7. မဆင်းရဲဘူးတဲ့လေ…. သူက

http://myanmargazette.net/wp-content/uploads/2012/03/DSC00466.jpg

8.ဒီလိုပဲကြည့်နေတော့မှာလား
ဟုတ်ပေသားပဲ ရာသီဥတုက ပူနေပြီဆိုတော့ ဆင်းမကြည့်ချင်ကြတော့ဘူးလေ………..

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010