အားနာပါးနာ ကြည့်ပေးကြပါ…။

naywoon niMarch 25, 20121min44432

အားနာပါးနာ ကြည့်ပေးကြပါ…။
ဟုတ်ကဲ့ ….။ အားနာပါးနားကြည့်ပေးကြပါ….။ ဘာလို့လဲဆိုတော့ ဒီပို့လေးက နေဝန်းနီရဲ့ သူငယ်ချင်းက အကူအညီတောင်းပြီးတင်ပေးပါဆိုလို့ နေဝန်းနီလည်း အားနာပါးနာတင်ပေးလိုက်တာပါ….။ နေဝန်းနီရဲ့သူငယ်ချင်းဆိုတာက ရွာသားတစ်ယောက်ဖြစ်တဲ့ ဗစ်တာစိုးမိုး (m) ပါ….။ သူက စာအုပ်ဆိုင်တစ်ဖက်နဲ့ မအားလပ်လို့ နေဝန်းနီကလည်း အားနာပါးနာ တင်ပေးမယ်ဆိုပြိး သူ့ပုံလေးတွေ ယူလာခဲ့တာ …..။ ဆိုင်ရောက်မှ သူ့ပုံလေးတွေ ဖွင့်ကြည့်လိုက်တော့…………. တင်သင့်တယ်လို့ ထင်တာနဲ့ ကြိုးစားပမ်းစားတင်လိုက်မိပါတယ်…။ ရွာထဲက ဒါ့ပုံဆြာတွေကို အားကျမခံ ကိုယ်တိုင်ရိုက်တာမဟုဆ်ကြောင်းတော့ ဝန်ခံထားတယ်နော်….။ 😛

လူအသိနည်းလှတဲ့ နေပြည်တော်က ရေပူစမ်း ကလေး

အရောက်အပေါက်နည်းလှတဲ့ နေပြည်တော် က ရေပူစမ်း အကြောင်းလေး ပြောပြချင်လို့ပါ –
ရေပူစမ်း ရှိနေတဲ့ နေရာ ကတော့ –
နေပြည်တော်ရဲ့ မြောက်ဘက် မန်းတလေး ဘက်ကို အထွက် ( လမ်းဟောင်း ) ကနေ သွားရပီး –
ပုံနှိပ်ထုတ်ဝေရေးတို့ ၊ သတင်း စာတိုက် တို့ ကို ခွဲသွားတဲ့ ခရေပင် လမ်း ခွဲ ကို ကျော်လာတော့ –
တပ်ကုန်းမြို့နယ် ထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့နယ် ကိုသွားတဲ့ ပင်းလောင်းလမ်းခွဲကနေ သွားရမှာပါ –
ညာဘက်( အရှေ့ဘက် ) ပေါ့ – နေပြည်တော်ကနေ- အဲ့ ဒီလမ်းခွဲအထိ ( ၂၅ ) မိုင်လောက်ရှိလိမ့်မယ်-
အဲ့ ဒီလမ်း ခွဲကနေ ပင်လောင် ကို သွားတဲ့ အခါ အတက်လမ်းတွေ များတယ်လေ –
(၂၈)မိုင်လောက် ရောက်တဲ့ အခါ ရေပူစမ်းသို့ လို့ လမ်းခွဲလေး တွေ့ရမယ် ဘယ်ဘက်ခြမ်း မှာပေါ့ –
အဆင်းလမ်းကလေး -( ၂) မိုင်လောက် ဆင်းသွားယင် ရောက်ပါပီ –
တောင်ကုန်း တွေ သစ်တောတွေ နဲ့ သာယာပါတယ် –
ရုံးပိတ်ရက်နဲ့ သင်္ကြန်လိုရက်တွေ မှာတော့ လူနည်းနည်း စည်ပါတယ် –
အခြားနေ့တွေမှာတော့ အနည်း အကျဉ်းလောက်ပါပဲ-
ရေပူထွက်တဲ့ နေရာ က နေ မြောင်းကလေး တွေခွဲပေးထားတယ် ရေအေးနဲ့ စပ်ပီး ချိုးလို့ရအောင်ပေါ့ –
ရေပူထွက်တဲ့ နေရာ(ပုံပါ) ကတော့ အတော်ပူပါတယ် –
ကြက်ဥ ပြုတ်မယ်ဆိုယင် ( ၅) မိနစ်ဆို စားကောင်းတဲ့ အနေအထားရပါတယ် –
အာလူးလည်းပြုတ်လို့ရတယ် လို့ အဲ့ ဒီနားက ဈေးဆိုင်တွေ မှာရှိတဲ့ သူတွေ က ပြောပြတယ်-
ပင်းလောင်ဘက်ဆက်သွားမယ် ဆိုယင် တော့ ပုံမှာ ပါတဲ့ လိန်းလီကြိုး တံတား ကိုဖြတ်ပီး ယင် ရောက်ပါ မယ် –
ပင်လောင်းရောက်ယင် တောင်ကြီး ကို သွားဖို့ ရာ လွယ်ကူသွားပါပီ-
လမ်း ကတော့ ကတ္တရာ လမ်းပါပဲ မိုးရာသီ အခါ အတွက် တော့ အန္တရာယ်ရှိနိုင်ပါ တယ် –
ပွင့် လင်းရာသီ မှာတော့ စိတ်ချ လက်ချ သွားလို့ ရပါ တယ် –
ကားပဲ ဖြစ်ဖြစ်ဆိုင်ကယ်ပဲ ဖြစ်ဖြစ် သင့် တော်ပါ တယ် –
နေပြည်တော် ဆိုတာကြီး ကို အမှတ်တမဲ့ ပဲဖြစ်ဖြစ် တမင်တကာ ပဲ ဖြစ်ဖြစ် ရောက်ခဲ့ မယ် ဆိုခဲ့ ယင်တောင်မှ –
ဒီရေပူစမ်း ကိုု ရောက်ဖို့ ရာ မလွယ်ကူလှတဲ့ အတွက် ဒိပို့(စ်) ကို တင်ပြဖြစ်တာပါ –

https://myanmargazette.net/wp-content/uploads/2012/03/DSC004321.jpg

1. လမ်းနဘေးရှုခင်း”

https://myanmargazette.net/wp-content/uploads/2012/03/DSC00433.jpg

2. ရေပူစမ်းသို့ သွားရာလမ်းကလေး

https://myanmargazette.net/wp-content/uploads/2012/03/DSC00458.jpg

3.ရေပူစမ်းပုံက အသဲပုံလေးနော်

https://myanmargazette.net/wp-content/uploads/2012/03/DSC00459.jpg

4. ဒီမှာသေချာအောင်ကြည့်….
https://myanmargazette.net/wp-content/uploads/2012/03/DSC00461.jpg

5.ကြက်ဥ ပြုတ်မယ်

https://myanmargazette.net/wp-content/uploads/2012/03/DSC00462.jpg

6.ဒီလိုပြုတ်မှာ

https://myanmargazette.net/wp-content/uploads/2012/03/DSC00465.jpg

7. မဆင်းရဲဘူးတဲ့လေ…. သူက

https://myanmargazette.net/wp-content/uploads/2012/03/DSC00466.jpg

8.ဒီလိုပဲကြည့်နေတော့မှာလား
ဟုတ်ပေသားပဲ ရာသီဥတုက ပူနေပြီဆိုတော့ ဆင်းမကြည့်ချင်ကြတော့ဘူးလေ………..

32 comments

  • နေဝန်းနီ

    March 25, 2012 at 1:58 pm

    ပုံတွေ ကြီးကုန်တယ်ဗျို့ ည ကျမှ ပြန်သေးပေးတော့မယ် နှစ်နာရီ ထိုးနေပြီ မန်မန်မစားရသေးဘူး ဒီပုံတွေတက်ဖို့ လေးနာရီလောက်ကြာသွားတယ်….။ နော် သူကြီး မလုပ်တတ်လို့ပါ စိတ်တော့ မဆိုးနဲ့နော်…..။ အဟီး

  • kai

    March 25, 2012 at 2:11 pm

    အဲဒီရေပူစမ်းက.. လုပ်တတ်ရင်.. တနှစ်တိုးရစ်ဂျပန်အယောက် ၃-၄သောင်းလောက် အသာလေးရတယ်..။
    တယောက်ကို..ရေပူစမ်းရေချိုးဖို့.. ဒေါ်လှ၄-၅ရာအသာလေးသုံးတယ်..။

    မြေဝယ်ထားလိုက်လေ..။ 😆

    (ပုံတွေပြန်သေးပေးလိုက်တယ်..။)

    • နေဝန်းနီ

      March 27, 2012 at 5:38 pm

      မြေဝယ်လို့ မကိုက်ဖူးသူကြီးရေ….။ လ.၀.က ဥပဒေ အရ နေပြည်တော် ပရဝဏ်မှာ က ကန့်သတ်နယ်မြေဗျ..။ ဝင်ရောက် ရပ်နားလည်ပတ်လို့မရဘူး…။ နောက်ပြောင်းရင်တော့ မသိဘူး …။ ခုတော့ မရဘူးဗျ

  • water-melon

    March 25, 2012 at 2:21 pm

    ကြက်ဥ ပြုတ်မယ်ဆိုယင် ( ၅) မိနစ်ဆိုတော့
    ဟီးဟီးဆက်မတွေးရဲတော့ဘူး :mrgreen:
    အင်းလေးသွားတုန်းတော့ ချိုးခဲ့တယ် ညောင်ရွှေသွားတဲ့ဘက်မှာ
    ၁၀၀ဝ တောင်ပေးခဲ့ရတာ

  • Thel Nu Aye

    March 25, 2012 at 3:50 pm

    အောင်မယ်ငီး။ ဆောင်းတွင်းမှာတင်ရင်တော့ပိုကောင်းမယ်။ အထုကတော့ ရေအေးနဲ့ချုးိတာတောင်ချွေးမနိုင်ဘူး။ ရေပူဖြင့်မမြင်လိုပါ။ မတွေ့လိုပါ။ သို့သော်လဲ ဗဟုသုတအနေဖြင့်ကြည့်သွားပါကြောင်း။

  • kai

    March 25, 2012 at 4:28 pm

    လူတွေရေနွေးစိမ်ချိုးတာ.. ဟိုးးးးအီဂျစ်.. ရောမခေတ်ကတည်းကပါ…။
    ဘာလို့လုပ်သလည်းဆိုတော့.. အပန်းပြေ.. အသားအရေလှပြီး.. ကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေလို့ဖြစ်ပါတယ်..။

    သဘာဝရေနွေးကန်ထဲ.. ကန့်ဓါတ်လိုမျိုးလည်းပါတတ်ပါတယ်.။
    မြန်မာပြည်က..ငွေရှိတဲ့..အမျီုးသမီးတွေ.. စိမ်သင့်တယ်.။

    အဲဒါအရမ်းပူရင်..အဲဒီရေကို.. နည်းနည်းဝေးတဲ့နေရာစီးဆင်းစေပြီးမှ.. ကန်လုပ်ထားပေါ့..။
    ဖြစ်တာပါပဲ..။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 27, 2012 at 10:39 pm

      ဟုတ်တယ်သူကြီးရေ.. ရေပူစမ်းမှာကန့်ဓါတ်ပါလို့ ယားနာရှိသူများ ကိုယ်အရေပြားကင်ဆာတွေ
      ပျောက်တယ်ဗျ ရေပူစိမ်ရင်ဖြေးဖြေးချင်းကန်ထဲဆင်းရတယ် အရက်မသောက်ရဘူး
      မလိုက်နာလို့သေတဲ့သူတွေတော့ပေါဌေးလောဋ္ဌေးပဲ ။
      ရေပူစိမ်ချင်ရင် ရှမ်းပြည်မှာ အင်းလေးကန်တစ်ဝိုက်ဒေသများဖြစ်တဲ့ တောင်လေးလုံး
      အကျဉ်းစခန်းဘက်မှာ ရေပူဒေသတွေအများကြီးရှိတယ် တောင်ကြီးဟိုဘက်ချမ်းမှာဆို
      မိုင်းပွန်မြို့နယ်ခွဲ၊လွိုင်လင်မြို့နယ်မှာတစ်ခုရှိတယ် ခိုလမ်မြို့နယ်ခွဲနမ့်စန်မြို့နယ်မှာတစ်ခုရှိတယ်
      နမ့်စန်မြို့နယ်နှင့်မိုးနဲမြို့နယ်ကြားမှာတစ်ခုရှိတယ် လူသိများတာကတော့ တောင်လေးလုံးဘက်
      က ခေါင်တိုင်တို့ ၊ ဟူပင်တို့ရှိတယ် အဲဘက်မှာ ရေပူအများဆုံးလောက်ကျတယ်
      ရေပူစိမ်ပြီးရင် ရေအေးနဲ့ပြန်ပြီးငါးမိနစ်လောက်ချိုးပေးရတယ် မစိမ်ရဘူး ရေပူစိမ်ရင်ဆောင်းတွင်း
      မှာစိမ်တာ ဘော်ဒီအတွက်အသင့်တင့်ဆုံးလောက်ကျတယ် ရှမ်းပြည်သားတို့တော့ ဆောင်းတွင်း
      ရောက်ရင်မကြာခဏရေပူစမ်းကိုသွားတတ်တယ် နွေမှာရေပူစိမ်တာသိပ်မသင့်တော်ဘူး
      ရှော့ခ်ဖြစ်ဖို့အခြေအနေပိုများတယ် စိမ်ချင်ရင်မနက်ပိုင်းခုနှစ်နာရီမခွဲခင်စိမ်တာအသင့်တော်
      ဆုံးဖြစ်တယ်။ ရေပူစိမ်ရေအေးချိုးပြီးရင် မြန်မာထုတ်ပရီမီယာတူးပလပ်စ်ဝမ်းကော်ဖီ ပူပူလေး
      တစ်ခွက်သောက်ရတာဟာ ဆောင်းတွင်းရဲ့အနှစ်သာရလေးတစ်ခုလို့ရှမ်းပြည်သားဘဝမှာ
      တွေးတယ်ဗျ။
      စကားမစပ် နာမည်ပြောင်းတာ ပုံမှားရိုက်ချင်လို့မဟုတ်ဘူးနော် …….
      မင်္ဂလာအပေါင်းခညောင်းပါစေဆိုပြီးရွာသားအပေါင်းကို ရှမ်းလို ပအို့ဝ်လိုနှုတ်ဆက်ချင်လို့
      ပြောင်းထားခြင်းဖြစ်ပါတယ်။ ရှမ်းပြည်သားဆိုတာထက်ပိုပြီးရှမ်းလူမျိုးတို့ရဲ့အနှစ်သာရကို
      ဖော်ပြချင်သောကြောင့်ဖြစ်ပါတယ်ဟုဝန်ခံရင်း
      မိုင်ဆွန်ခ(မင်္ဂလာပါ)(ရှမ်းဘာသာဖြင့်)မင်္ဂလာတရာ;အော…(မင်္ဂလာအပေါင်းခညောင်းပါစေ) (ပအို့ဝ်ဘာသာဖြင့်)“ရှမ်းပြည်သား(တောင်ပိုင်း)”

  • kyeemite

    March 25, 2012 at 4:53 pm

    တော်တော်သာယာတဲ့နေရာလေးဘဲ
    ပါတ်ဝန်းကျင်ကအစိမ်းရောင်လေးတွေ့ရတော့
    မျက်စေ့အေးသွားတယ်ဗျာ…ရေပူစမ်းတော့တစ်ခါမှ
    မချိုးဖူးသေးဘူး…တဆင့်တင်ပေးတဲ့ဆြာနီ ကျေးကျေးပါ။

  • mocho

    March 25, 2012 at 5:13 pm

    နေပြည်တော်မှာ ၃နှစ်တိတိ နေခဲ့ တုန်းက ရှိမှန်း တောင် မသိခဲ့ဘူး ။ ဟိုတလောကလည်း ဂေဇတ်မှာပဲထင်ပါရဲ့ မိန်းကလေး တယောက် ပုံနဲ့တွေ့လိုက်ဖူးသလိုပဲ။ ခုမှပိုပြီး ရှင်းရှင်း လင်းလင်း တွေ့ရတယ်။ တော်တော် သာယာမယ့်ပုံပဲ။ ရေပူစမ်း ဆိုလို့ သာမည သွားတဲ့ လမ်းက ဘုရင်ညီ ဂူကရေပူစမ်းပဲ ရောက်ဖူးတယ်။

  • ကိုရင်မောင်

    March 25, 2012 at 5:23 pm

    အားပေးသွားပါတယ်ကိုနေဝန်းနီရေ….
    တခါမှတော့ရေပူစမ်းမှာရေမချိုးဘူးသေးပါ
    ကြုံလို့ကတော့ချိုးဘူးတယ်ရှိအောင်ချိုးရမယ်….

  • နေဝန်းနီ

    March 25, 2012 at 6:24 pm

    ဒါ့ပုံတင်တာ အရင်လို မဟုတ်တော့ပြန်ဘူး …။ ကျွန်တော်ကပဲ မတင်တာကြာလို့မေ့သွားသလားမပြောတတ်ဘူးရယ်…..။ အဲဒိနေရာကနေ ပင်လောင်းကိုသွားလို့ရတဲ့ လမ်းရှိပါတယ်….။ လိန်းလီ ကြိုးတံတားကိုဖြတ်ပြီးသွားရတာပါ….။ အဲဒိကြိုးတံတားပုံ ထည့်ပေးလိုက်ရက်နဲ့ တင်ဖို့ကျန်သွားတယ်…..။ တံတားကတော်တော်လှတာပဲ….။ ကိုယ်အနီးတစ်ဝိုက်မှာရှိနေတာသတိမထားမိကြဘူး ……။ ပြန်ပြီးအက်ဒစ်လုပ်ပေးပါ့မယ်….။

    • နေဝန်းနီ

      March 25, 2012 at 7:40 pm

      ကျွန်တော့် ဆီဝင်ခဲ့လေ……… လိုက်ပို့မှာပေါ့….။ ကိုပေါက်မှမဟုတ်ပါဘူး …။ ဘယ်သူပဲဖြစ်ဖြစ် ရောက်အောင်ဝင်လာရင်လိုက်ပို့ရမှာပေါ့….။ ခုတော့ အမြန်လမ်းဘက်ကနေပြီးရှောင်ရှောင်သွားနေကြတာ….။ ဟင့်…ပြောချင်ဘူး

  • အမေရိကန်ငတုံး

    March 25, 2012 at 7:19 pm

    လွန်ခဲ့တဲ့ ၂နှစ်လောက်ကရောက်ဖူးတယ်အဘနီ။လမ်းကဆိုးချက် ရောက်တော့မယ်
    ရောက်တော့မယ်ဆိုပီးသာွးလိုက်တော့ဘေးကိုလဲကြည့်လိုက်ရော ပင်လောင်းမြို.နယ်
    ဆိုတော့လူကကြောင်တောင်ကြောင်သာွးတယ်။ပေါ်တင်အာထားတာ နေပြည်တော်မှာမှ
    မဟုတ်တာ ရှမ်းပြည်ထဲတောင်နည်းနည်းဝင်နေဘီလို.ပြောလို.ရဒယ်။ကျွန်တော်တို.သာွးတုန်း
    ကတော့ဘာမှမရှိသေးဝူး။အခုတော့မပြောတတ်ဝူး။တကူးတကသာွးမှရောက်မယ့်နေရာပါဗျာ

  • koaung

    March 25, 2012 at 7:24 pm

    မရောက်ဘူးတဲ့နေရာမို့ဓတ်ပုံတွေအတွက်ကျေးဇူးပါဗျာ

  • Khaing Khaing

    March 25, 2012 at 9:20 pm

    ကိုနေရေ တစ်ကယ်သွားချင်တယ် …. နေပြည်တော် တပ်ကုန်း ဖြတ်သွားဖူးတယ် … မရောက်ဖူးဘူး သွားချင်စိတ်လည်းသိပ်မရှိဘူး ဖန်တီးတာတွေကများတယ်လေ … အခုလိုသဘာဝနေရာဆိုရင်တော့ သွားချင်တယ် …. လာမည်ကြာမည်ပေ့ါ အစ်ကိုရေ …

    ခင်မင်ရင်းနှီးစွာဖြင့်
    ညီမKhaing Khaing

  • ရွာစားကျော်

    March 25, 2012 at 9:30 pm

    အေးဗျာ
    ကျနော်လည်း သွားမယ်သွားမယ်နဲ့ မရောက်သေးဘူး
    လမ်းအခြေအနေမသလို့.. လူပြတ်တာဘာညာ ဖြစ်မှာစိုးလို့
    ရေဆင်းချိုးဖို့နေရာ အကာအကွယ်နဲ့ သေချာတော့ မရှိဘူးထင်တယ်
    ပုံတွေအတွက်ကျေးဇူးပဲဗျို့

  • windtalker

    March 25, 2012 at 9:51 pm

    အဘနီရေ ၊ သား နောက်တစ်ခေါက် ပွဲသွားရင်တော့ အပြန်ကို အဘဆီ ဝင်တွေ ့ပါမယ်ဗျ ။ အဲ့ခါကြ ရေပူစမ်း ကော ဘာကော အကုန် ပို ့ပေးရမယ်နော ။

  • Khin Latt

    March 25, 2012 at 10:03 pm

    ကြည့်ပြီးပါပြီ။ ကြည့်ပြီးပါပြီ။
    လှလဲ အရမ်းလှပါတယ်။
    လာလဲ လည်ချင်ပါတယ်။
    ရေပူစိမ်ဖို့ ကိုတာ့ စဉ်းစားပါဦးမယ်။ 😀

  • weiwei

    March 25, 2012 at 10:36 pm

    အားနာတာနဲ့ ဝင်ကြည့်သွားပါတယ် … 😛

    http://myanmargazette.net/31623/travel
    ကျွန်မရောက်ဖူးခဲ့တဲ့ ရေပူစမ်းလေးတစ်ခုကို ဗဟုသုတအနေနဲ့ ပြန်ကြည့်လို့ရအောင် လင့်ပေးလိုက်ပါတယ် …

  • pooch

    March 25, 2012 at 10:48 pm

    အဘနီကို ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ဖူး။ အဖေ့ဘက်က အဖိုးအဖွားတွေက လယ်ဝေးမှာ ။ ပန်းတိမ်လည်းလုပ်တယ် ရွှေဆိုင်လည်း အသေးစားလေး ဖွင့်ထားတယ်။ ၈ဝ ကျော် ၉ဝတန်း ဘိုးသက်ရှည်ဘွားသက်ရှည်တွေပေါ့။ မွေးထားတဲ့ သားလေးယောက် (အဖေအပါအဝင်) လုံးက အသက် ၃၅ ဝန်းကျင်လောက်မှာ အသဲရောဂါနဲ့ တယောက်ပြီး တယောက် ကြီးစဉ်ငယ်လိုက်ဆုံးသွားကြတာ။ သမီးချည်း(အဒေါ်တွေ) ၃ ယောက်ပဲကျန်တော့တယ်။

    မြို့ကျဉ်းတော့ အဘနီနဲ့ အဖေနဲ့တောင် အသိတွေ ဖြစ်နေနိုင်ပါသေးတယ် ။ ထင်တာပြောတာ ပါ
    သိချင်မှလည်း သိမှာပါ။ တနှစ်တခေါက်တော့ သွားလည်ဖြစ်တယ်။ သိများသိနေမလားလို့ မေးကြည့်တာ။
    သိနေရင်တော့ ကမာ္ဘကြီးက ကျဉ်းလိုက်တာလို့ပဲ ပြောရတော့မယ်။

  • အသူရာ

    March 25, 2012 at 10:51 pm

    ဟောဒီမှာ ဥပြုတ်ဒွေရမယ် ၊ ဥပြုတ်ဒွေ (ကြက်ဥ ၊ ငုံးဥ ၊ ဘဲဥ) 😆

  • padonmar

    March 25, 2012 at 11:12 pm

    အဘနီ
    ရေပူစမ်းလေးက အလယ်ဝိုင်းထားတဲ့နေရာလေးပဲလား။
    သဘာဝ အတိုင်းလား။ ဘောင်လုပ်ထားတာလား။
    နေပြည်တော် ရွာသားတွေ အင်အားတိုးလာပြီဆိုတော့
    ရန်ကုန်နဲ့ မန်းလေးသားတွေ နေပူတော်မှာ လာဆုံကြရရင်ကောင်းမယ်။
    အဲဒီတော့မှ ရေပူစမ်းပို့ပေးပေတော့။

  • ဦးဦးပါလေရာ

    March 25, 2012 at 11:16 pm

    ကျုပ် တူ တူမ တွေတော့ ရောက်ဘူးတယ်ပြောတာပဲ။
    တစ်ခါလောက်တော့ သွားကြည့်ချင်သေးတယ်။

  • kaung kin pyar

    March 26, 2012 at 8:52 am

    အိုး….နေရာလေးကလဲ သာယာပါ့။ စိမ်းစိမ်းစိုစိုနဲ့၊ ဘန်ဂလိုလေးတွေ ဆောက်ပြီး View Point လုပ်လိုက်ရရင် ကောင်းမယ်။

  • ကြောင်ကြီး

    March 26, 2012 at 10:00 am

    လူဥ (လအုမဟုတ်ပါ) ပြုတ်ရင် ဘယ်နှစ်မိနစ် ကြာမတုန်း သိချင်သား…။

    • နေဝန်းနီ

      March 27, 2012 at 1:23 pm

      ကိုကြောင်ကြီးကိုယ်တိုင် လာပြုတ်ကြည့်ပါလား အတိအကျ သိရတာပေါ့……… 😛

    • kai

      March 27, 2012 at 4:06 pm

      ဂျပန်မှာနေတုံးက.. အလုပ်ထဲကလူတွေနဲ့.. အလည်သွားတာမယ်.. အွန်းဆင်း(ရေပူကန်) သွားဖူးတယ်…
      သူတို့ထုံးစံအတိုင်းမို့.. ရှက်ရှက်နဲ့.. အမြန်ဆင်းကြည့်တော့..
      … အောင်မလေးပူလိုက်တာ..
      ဂျပန်တွေလည်း.. ခြေလေးဆင်းရင်း…ဒူးလေးနှစ်ရင်း.. ဖြည်းဖြည်းချင်းအထဲရောက်သွားတာပဲ..
      အပူချိန်ကမနည်းလောက်ဖူး…
      ရုတ်တရက်သာ.. ခုန်ဆင်းလိုက်ရင်.. ကာကျက်.. ဖြစ်လောက်တယ်..။ 😆

      • ကြောင်ကြီး

        March 28, 2012 at 11:03 am

        အဲသာကြောင့်ကိုး… သဂျီးကတော်က ဘယ်တော့မှ ကြက်ဥပြုတ် ဘဲဥပြုတ် စားဘူးဒဲ့.. ပြီးတော့ အဲဒီဥတွေပြုတ်ထားတာမြင်ရင် သနားဖို့ကောင်းလိုက်တာလို့ ပြောသေးသတဲ့… ကျနော်က သဂျီးကတော်နှယ် ကြံဖန်သနားတတ်ရန်ကောလို့ စဉ်းစားနေတာ အခုမှသိတယ်…။ ကျနော်အထင်တော့ သဂျီးကတော်က သူ့ယောက်ျား ကျုပ်တို့သဂျီး ဂုဏ်တက်အောင် လုပ်နေတာထင်တယ်။ သဂျီးနဲ့ ချစ်ခဲ့ဖူးတဲ့ ဂျော်လကီဘု အတင်းချတဲ့အခါ သဂျီးကို ငုံးဥပြုတ်တဲ့… ဘာတွေမှန်းတော့ သိဘူးဗျာ… ကြားဖူးနားဝ ပြန်ပြောပြဒါ…။

  • blackchaw

    March 26, 2012 at 5:44 pm

    ရောက်အောင်လာမည် ကိုနေဝန်းနီ။
    ရောက်အောင်လိုက်ပို့ဖို့ ပြင်ထားပါဗျာ။
    😀 😀
    😀 😀
    😀 😀

  • TTNU

    March 27, 2012 at 4:40 pm

    ကိုနီ
    ဆောင်းတွင်းမှ ကောင်းမယ်ထင်တယ်နော။

  • MaMa

    March 27, 2012 at 9:17 pm

    အားမနာ ပါးမနာ ဝေဖန်ပါမည်။
    ပုံကလေးများ လှပါသည်။ 😀

Leave a Reply