BAK ဈေးဝယ်စင်တာ အိုင်တီပစ္စည်းသာရောင်းတော့မည်

klnJune 10, 20101min610

အိုလံပစ်တာဝါ ပထမထပ်ရှိ BAK ဈေးဝယ်စင်တာတွင် ဇူလိုင်မှစ၍ BAKကွန်ပျူတာဈေးအဖြစ်ပြောင်းလဲဖွင့်လှစ်တော့မည်ဟု ၎င်းစင်တာက ထုတ်ပြန်ကြေညာသည်။ ထိုကဲ့သို့ IT ဈေုးကွက်သို့ ပြောင်းလဲမည်ဖြစ်၍ ဆိုင်ခန်းငှားရမ်းလိုသူများကို ယခုလ ၈ရက်မှ စတင်ကာ လျှောက်လွှာလက်ခံနေပြီဟု သိရသည်။ ဈေးကွက်လိုအပ်ချက်အရ နည်းပညာနှင့် ပတ်သက်၍ ဈေးကွက်သီးသန့် တစ်ခုဆောင်ရွက်ခြင်းဖြစ်ကာ Wi-Fi Internet Access သုံးနိုင်အောင် စီစဉ်ထားမည်ဟု သိရသည်။ ၎င်းစင်တာသည် ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိုလံပစ်တာဝါတွင် တည်ရှိကာ ယခုလက်ရှိတွင် အင်တာနက်ကဖေးT8 Beauty Salon ၊ လူသုံးကုန်ပစ္စည်းဆိုင်များနှင့် စားသောက်ဆိုင်အချို့ ဖွင့်လှစ်လျက်ရှိသည်။ ၎င်းလူသုံးကုန်ဆိုင်များ၊ အလှပြင်ဆိုင်တို့ကို ယခုလ နောက်ဆုံးဖွင့်လှစ်စေခြင်းဖြစ်ပြီး ဆက်လက်၍ ဆိုင်ခန်းမငှားတော့ဟု သိရသည်။ ပြောင်းလဲဖွင့်လှစ်မည့် BAK Computer Mart တွင် IT နှင့်ပတ်သက်သည့် ကွန်ပျူတာပစ္စည်းများရောင်းချသည့် Show Room, IT နှင့်ပတ်သက်သည့် သင်တန်းများကို လည်းထည့်သွင်းမည်ဟု ကြားသိရသည်။