ကြက်ကြာဇံပေါင်း

မြသဲ ( 17082011 )March 25, 20121min32636

 

အခုတလောတော်တော်လေးပူလာတာကို သတိထားလိုက်မိတယ်။ နေ့ခင်းဆိုရင်လဲအပြင်ထွက်လို့ မရလောက်အောင်ကိုပူနေတော့တာပါပဲ။ အစားအစာတွေဆိုလဲ အေးတာလေးတွေ အရည်ရွှမ်းတာ လေးတွေပဲစားချင်နေပြီး ဟင်းဆိုလဲအီတာတွေမစားချင်တော့တာနဲ့ပဲ အအီလဲပြေ ကျန်းမာရေးနဲ့ လဲညီညွတ်တဲ့ ကြက်ကြာဇံပေါင်း ကိုလုပ်စားဖြစ်ရင်း ရွာထဲကိုလဲကျွေးချင်တာနဲ့ တင်ပေးလိုက်ပါ တယ်။ တခါတလေ ထမင်းနဲ့စားဖြစ်သလို ဝိတ်ချချင်တဲ့အခါမှာလဲ ထမင်းလွတ်စားဖြစ်ပါတယ်။ အိမ်မှာထွင်ထားတဲ့မီနူးလေးပါ။

ကြက်ကြာဇံပေါင်း

လိုအပ်သောပစ္စည်းများ

၁ ။ ဆန်ကြာဇံ ၂ ထုပ် ( ၃ ဦးစာ ) ( ပဲကြာဇံဖြင့်မရပါ )

( စားမည့်လူဦးရေပေါ်မူတည်ပြီး လိုသလိုတိုးနိုင်ပါသည် )

၂ ။ ကြက်သား အသားလွှာ ၂ဝ သား

( ကြာဇံပေါ်မူတည်ပြီးလိုသလို အချိုးကျတိုးနို်င်ပါသည် )

၃ ။ ကြက်သွန်ဖြူကြော်

၄ ။ ကြက်သွန်ဖြူ နုတ်နုတ်စင်း

၅ ။ ငရုတ်ကောင်းမှုန့်

၆ ။ ခနောကြက်သားမှုန့်

ရ ။ ဆား

ပြုလုပ်ပုံ

၁ ။ ကြာဇံကို ၅ နာရီခန့်ရေစိမ်ပါ။

၂ ။ ကြက်သားကိုအရွယ်တော် အတုံးလေးများတုံးပါ။ ဇလုံထဲတွင် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း မှုန့်၊ ကြက်သွန်ဖြူ နုတ်နုတ်စင်း များဖြင့်နယ်ပါ။

( ကြိုက်တတ်ရင်တော့ နှမ်းဆီလေးနဲနဲထည့်နယ်ရင်ပိုမွှေးပါတယ်။ )

၃ ။ ပေါင်းမည့်အိုး ( သို့ ) ဇလုံထဲသို့ကြက်သားနယ်ပြီးသားထဲ့ပါ။

၄ ။ ကြာဇံကိုဆယ်ပြီးရေစစ်ထားပါ။ ဇလုံတလုံးထဲထည့်ပြီး ကြက်သားမှုန့်၊ ကြက်သွန်ဖြူကြော်တို့ဖြင့် နယ်ပါ။

၅ ။ ပေါင်းအိုးထဲမှ ကြက်သားပေါ်သို့နယ်ပြီးသားကြာဇံကိုတင်ပါ။

၆ ။ အောက်ကအိုးထဲတွင်ရေများများခံပြီးမီးအေးအေးဖြင့် ၃ဝ မိနစ်ပေါင်းပါ။ အထက်အောက်လှန်ပြီး နောက်ထပ် ၃ဝ မိနစ်ထပ်ပေါင်းပါ။

ရ ။ ကြက်သားများနူးပြီး ကြာဇံများအိသွားလျှင် အရသာရှိပြီးကျန်းမာရေးနှင့်ညီညွတ်သော ကြက်ကြာဇံပေါင်းကို ပန်းကန်ထဲပြောင်းထည့်ပြီး ဆော့ ( သို့ ) ကင်ချီဖြင့်တွဲဖက်စားသုံးနိုင်ပါသည်။

36 comments

  • water-melon

    March 25, 2012 at 5:11 pm

    ဗိုက်ဆာဆာနဲ့စားလိုက်လို့ကတော့
    ၄ ပွဲ ၅ ပွဲလောက်ဘဲ
    အန်တီကြီး ဒီကိုလိုက်ပွဲပေးပါအုန်း 😀

    • Thel Nu Aye

      March 25, 2012 at 5:34 pm

      ရပါ့ရပါ့။ အဝသားစား။ အပေါ်စီးကရိုက်ထားလို့နဲနေတယ်ထင်ရတာ။ ထမင်းလွတ်စားရင် ဒီတပွဲက ၂ ယောက်စားလို့ရတယ်။ အများကြီးရယ်။

  • windtalker

    March 25, 2012 at 6:21 pm

    သဲလေး က အခုလို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကြော်လှော်တတ်တာ ကို ပြောပြတော့ ၊ ပေကြီး စိတ်အေးရပါဘီကွယ် ။

    • Thel Nu Aye

      March 25, 2012 at 6:39 pm

      အောင်မယ်ငီးငီးငီးငီးငီး———————။

    • water-melon

      March 25, 2012 at 7:50 pm

      အမလေး သူ့ရုုပ်နဲ့များ သဲလေးတဲ့
      နာလို ချောနေရင်တော့ ဒုက္ခဘဲ

    • Shwe Tike Soe

      March 26, 2012 at 11:05 am

      အမယ်အမယ် ကပေ ရှင်အခုတော့ သဲလေးတွေဘာတွေဖြစ်နေပါပေါ့လာ…. ဒီမှာဖြင့် ရှင်အရှုပ်ထုပ်ကြီး နဲ. ကဲ ဘယ်လိုရှင်းမလဲ… ခိခိခိ

  • koaung

    March 25, 2012 at 7:15 pm

    ဟုက်ကဲ့ခင်ဗျာ မှတ်သားသွားပါတယ်

  • weiwei

    March 25, 2012 at 8:24 pm

    ပဲကြာဇံနဲ့ ဆန်ကြာဇံ မှားနေတယ်ထင်တယ် မသဲနုအေးရေ …
    အမ ပြထားတာက ပဲကြာဇံလေ (ဆန်ကြာဇံ မဟုတ်ပါ) ..

    • Thel Nu Aye

      March 26, 2012 at 4:07 pm

      ယိုးဒယားဆန်ကြာဇံပါအမ။ မြန်မာနိုင်ငံကထုပ်တဲ့ မွှေးပဲကြာဇံနဲ့လုပ်လို့မရပါဘူး။ ပဲဟင်းထဲထဲ့တဲ့ကြာဇံနဲ့လုပ်ရင်သူ့လိုမစီးပဲ ဖွယ်ဖွယ်မာမာကြီးမို့စားမကောင်းပါ။ လုပ်စားဖူးသမျှ ထဲမှာ ( ကြက်ကြာဇံပေါင်း ) ဒီယိုးးယားကြာဇံနဲ့ကစားလို့အကောင်းဆုံးပါ။ တခြားတံဆိပ်တခုလဲကောင်းပေမဲ့တံဆိပ်မမှတ်မိတော့လို့။ မွှေးကထုပ်တဲ့ပဲကြာဇံနဲ့လုပ်ကြည့်တာ။ တအိမ်လုံးဘယ်သူမှမစားလို့ ပဲနီလေးနဲ့ ကြာဇံဟင်းပြန်ချက်လိုက်ရတယ်။ ပဲကဖွယ်လို့ ဆန်နဲ့ကစီးတော့စားလို့ပိုကောင်းပါတယ်။ တံဆိပ်မျုးိစုံလုပ်ပြီးမှဒီတံဆိပ်နဲ့ကျမှကောင်းလို့တင်ပေး လိုက်တာပါ။ လုပ်စားကြည့်ပါ။ အားပေးတာကျေးဇူးပါ။

  • mocho

    March 25, 2012 at 8:36 pm

    ဟုတ်တယ် မဝေရေ မို ချို လည်း အဲဒါပဲ မေးမလို့။ အမသဲနုရေ ကြော်တဲ့ကြာဇံလား။ ပဲဟင်း ထဲထည့်တဲ့ကြာဇံလား။

    • Thel Nu Aye

      March 26, 2012 at 4:28 pm

      အမမိုချိုရေ ကြော်စားတဲ့ကြာဇံပါ။ ပဲဟင်းချက်တဲ့ကြာဇံက မာပြီးစားလို့မကောင်းပါ။ ဖွယ်လဲ ဖွယ်ပြီး ထည့်ထားတဲ့အရသာတွေလဲကြာဇံထဲကိုမဝင်ပါ။ ဒီကြာဇံကတော့ အိအိစီးစီးလေးနဲ့ အရသာအကုန်ဝင်ပါတယ်။ အိမ်မှာခဏခဏလုပ်စားသလို ဧည့်သည်ဖိတ်ကျွေးလဲ အရင်ကုန်တဲ့ဟင်းမို့လို့ ရွာထဲကလူတွေကိုလဲကျွေးတာပါ။ ဟီဟိ။

  • Khin Latt

    March 25, 2012 at 9:54 pm

    စားချင်စရာလေး။ လုပ်စားဦးမယ်။
    အဲဒါ ပဲကြာဇံ သေချာပါတယ်။
    ဆန်ကြာဇံ ဆို အဲလိုပေါင်းလို့ မရဘူးထင်တာဘဲ။
    သင်းခရု နော် သဲနု။ 🙂

    • Thel Nu Aye

      March 26, 2012 at 4:12 pm

      ဆန်မှစီးတာအရီးလတ်ရေ။ ပဲကဖွယ်လို့စားမရဘူး။ အိမ်မှာတအိုးလုံးပျက်ပြီးပြီ။ ပဲကြာဇံနဲ့ပေါင်းလိုက်မိလို့။ ဆန်နဲ့မှပေါင်းလို့ရတာ။ ဆန်နဲ့ပဲကြာဇံဘယ်လိုကွာလဲတော့မသိပေမဲ့ ကျွန်မထင်တာတော့ ကြာဇံဟင်း ( ပဲနီလေးနဲ့ချက်တာက ) ပဲကြာဇံလို့ထင်တာပဲ။ မွှေးမှာအဲ လိုရေး ထားတယ်။ အဲတာနဲ့ပေါင်းတုန်းကအိမ်မှာတယောက်မှမစားဘူး။ မာမာဖွယ်ဖွယ်ကြီး။ ဆန်ကြာဇံကကြော်စားတာ။ သူကအိသွားတာ။ ကျွန်မတော့အဲလိုမှတ်ထား တာပဲ။ အမှတ်မှား တာလားတော့မသိဘူး။ ဒါပေမဲ့ အခုဟာက တော့အိမ်မှာလုပ်စားနေကြ။ အိအိစီးစီးလေး။

  • ကိုရင်မောင်

    March 25, 2012 at 9:57 pm

    စားချင်နေတာကြာပါပြီ
    နည်းမသိလို့…
    ကျေးဇူးဘဲနော် ပုံမှာပြထားတာတော့
    ပဲကြာဇံဘဲထင်ပါတယ်….

    • Thel Nu Aye

      March 26, 2012 at 4:31 pm

      ပဲနဲ့ဆန်နဲ့ကအရင်ကကျွန်မလဲမကွဲပါဘူး။ အခုတော့ ကိုယ့်ဟာကိုယ်မှတ်ထားလိုက်တာ စီးတာဆန် ဖွယ်တာပဲ။ ပဲဟင်းချက်ရင်မွှေး။ အဲလိုပဲမှတ်ပြီး ပေါင်းတော့မယ် ကြော်တော့မယ်ဆို ဒီတံဆိပ်ပဲရှာဝယ်လိုက်တယ်။ ကုမ်ပဏီပြုတ်သွားရင်တော့ဒုတ်ခပဲနော်။

  • ဦးဦးပါလေရာ

    March 25, 2012 at 11:49 pm

    ကျုပ်ကတော့ စားရုံပဲတတ်လို့
    မသဲနုအေး အလှူလုပ်ပါစေ
    အလှူလုပ်ရင် ကျုပ်ကိုလဲဖိတ်ပါစေ လို့သာ ဆန္ဒပြုလျှက်…. 😛

    • Thel Nu Aye

      March 26, 2012 at 4:35 pm

      ဟုတ်လုပ်ချင်ပါတယ်။ အိမ်မှာကလဲ စုစုပေါင်းမှလုပ်မဲ့လူကကိုယ်တယောက်ထဲ။

  • manawphyulay

    March 26, 2012 at 10:00 am

    အဝစားလို့ ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ မစားလိုက်ရပဲနေမှာပေါ့… မနောက အစားကြီးတယ်နော်။ လေးဖက်အသိဆုံး … 😛

  • Shwe Tike Soe

    March 26, 2012 at 11:08 am

    အဟင့် လာပြန်ပြီနောက်တမျိုး.. သူတို.တင်တိုင်းဒီကလိုက်လုပ်စားနေရတာ… အဟင့်အဟင့်..
    ကိုယ်ပဲလက်စ မမှန်လို.လားတော့မသိဘူး… တစ်ခါမှာ မအောင်မြင်ဘူး… နောက်တစ်ခါဆို တင်တဲ့သူ အရင်ချက်ကျွေးပြတော့…
    အခုတော့ အမှတ်မရှိ ကြက်ကြာဆံပေါင်းလေး လုပ်စားကြည့်အုံးမယ်…… 😀

    • Thel Nu Aye

      March 26, 2012 at 4:24 pm

      ဒီတခါအောင်မြင်မှာပါ။ သိပ်မခက်ပါဘူး။ စိတ်ရှည်ရတာတခုပါပဲ။ တော်တော်တော့စိတ်ရှည်ရပါ တယ်။ အောက်ခံပေါင်းရေခဏခဏဖြည့်ရတာရယ် အထက်အောက်လှန်ရတာရယ်ပဲရှိပါတယ်။

  • သများတို့က အစားကြီးတယ်လို့ ပြောလည်း ခံရမှာပဲ ..
    ကြာဇံ နှစ်ထုပ်တည်းနဲ့တော့ နံကပ်ရုံလောက်ပဲ ရှိမယ် .. 😀
    ငါးထုပ်လောက် တော့ ဝယ်မှ အနေတော်ရယ် …
    ပီး ကြာဇံကို ၅ နာရီကြီးများတောင် ရေစိမ်ရမှာဆိုတော့ …
    အားကြီး စောင့်ရမှာပေါ့နော် …
    ငါးနာရီအစား ငါးမိနစ်လောက်နဲ့ ရအောင် ဘီလိုလုပ်ရင် ရဦးမလဲ .. ဟင် ….

    • Thel Nu Aye

      March 26, 2012 at 4:19 pm

      စိမ်တာနဲလေ ပေါင်းချိန်ကြာလေမို့ မီးအားချွေတာလို့ရအောင် ကြာကြာစိမ်ခိုင်းခြင်းဖြစ်ပါတယ်။ ကျွန်မဆို မနက်ပေါင်းမယ်ဆိုရင်ညကတဲက စိမ်ထားပါတယ်။ စိမ်ချိန်နဲရင် ၂ နာရီလောက်ပေါင်း ရပါတယ်။ တချို့ကပြုတ်ပြီးမှပေါင်းလို့ အကြံပေးပါတယ်။ ဒါပေမဲ့အစိမ်းပေါင်းတာနဲ့အရသာကွာ ပါတယ်။

        • Thel Nu Aye

          March 26, 2012 at 4:42 pm

          မျက်နှာတွေအများကြီးပဲဟာ။ ကြာကြာစိမ်လို့ရပါတယ်။ ပျင်းလာရင်မျက်နှာတခုပြီးတခုပြောင်းကြည့်ပေါ့။

  • Mon Kit

    March 26, 2012 at 4:30 pm

    စားချင့်စဖွယ် ပြင်ဆင်ထားတဲ့အတွက်
    အဝ စားသွားပါတယ်….
    ကောင်းပါလေ့တော်….
    ကိုယ်တိုင်လုပ်စားအုံးမှ…
    🙂

  • weiwei

    March 26, 2012 at 7:55 pm

    ငြင်းတယ်လု့ိလဲ မထင်ပါနဲ့ …
    ဆရာလုပ်တယ်လို့လဲ မယူဆပါနဲ့ …
    မသဲနုအေး အမှတ်မှားသွားမှာစိုးလို့ပါ …
    အဲဒီကြာဇံကို ပဲကြာဇံလို့ပဲ ခေါ်ပါတယ် ….
    http://en.wikipedia.org/wiki/Cellophane_noodles

    • Thel Nu Aye

      March 26, 2012 at 9:45 pm

      ကျေးဇူးပါအစ်မ။ ကျွန်မကတော့ စီးရင်ဆန်လို့ပဲမှတ်ထားတာမို့ဆန်ကြာဇံအောက်မေ့လို့ပါ။ ဒါပေမဲ့ဒီပဲကြာဇံကပေါင်းလို့ရပေမဲ့ မြန်မာပြည်က မွှေးပဲကြာဇံကပေါင်းလို့မရပါ။ ထုပ်လုပ်ပုံကွာလို့လားတော့မသိပါ။ မြန်မာပြည်ကကြော်စားတဲ့ကြာဇံနဲ့လဲပေါင်းကြည့်တာကောင်းပါတယ်။ စမ်းကြည့်ပေါ့အစ်မ။

      • Mလုလင်

        March 26, 2012 at 10:58 pm

        အိမ် လိပ်စာ မေးထားရတော့မယ် နဲ့တူတယ်။ ….

        • Thel Nu Aye

          March 27, 2012 at 10:08 am

          ဂွတ်တလစ်ကိုလာရင်း လမ်းမှာတွေ့ခဲ့သည်ရှိသော်ပေးမယ်လေ။

        • Mလုလင်

          March 27, 2012 at 12:25 pm

          ခု ဂွတ္တလစ် မှာ မနေတော့ဘူး မိဘ များသာ အဲ့မှာ နေတုန်း …

        • Thel Nu Aye

          March 27, 2012 at 4:19 pm

          အာတူတူပါပဲ။ သို့သော် တပတ်တကြိမ်လာပါသည်။ ကြုံလျှင်တွေ့ပါမည်။

        • Mလုလင်

          March 27, 2012 at 7:10 pm

          ညနေ တိုင်းရောက်ပါသည်။ ညစာ လာလာစားပါသည်။ ဟိဟိ..။ အိမ်စားရိတ် သက်သာအောင် ကြံရဖန်ရ ပါသည်။

  • kai

    March 27, 2012 at 5:00 am

    ပဲနဲ့ဆန် ပွဲထဲဝင်ပါလိုက်ဦးမယ်..
    ဒီလို..
    ဟင်းချက်လိုက်လို့.. အကြည်ရောင်ဖြစ်သွားရင်.. ပဲကြာဆံလို့မှတ်..
    အဖြူရောင်အနောက်ပဲဖြစ်နေရင်.. ဆန်ကြာဆံလို့မှတ်..။
    ကြက်နဲ့ချက်ရင်.. ကြက်ကြာဆံလို့မှတ်..
    ဟင်းခါးလုပ်ရင်.. ကြာဆံဟင်းခါးလို့မှတ်..။ 😆

    • Thel Nu Aye

      March 27, 2012 at 9:51 am

      ကျေးဇူးပါသဂျီးရေ။ မှတ်ထားလိုက်ပါ့မယ်။ ကျွန်မအမှတ်မှားသွားတာ။ ပြောင်းမှတ်လိုက်ပါ့မယ်။

  • ဆူး

    March 27, 2012 at 9:50 am

    ဘာပဲ ဖြစ်ဖြစ်.. သူများ လုပ်ပေးတာ စားကောင်းတာဆိုရင် အကုန်စားပေးမယ်။
    မသဲ အားမငယ်နဲ့ ပဲ ဖြစ်ဖြစ် ဆန် ဖြစ်ဖြစ်.. အစားနဲ့ ပတ်သတ်ရင် ဒီရွာက လူညီတယ်။ စားမယ် စားမယ်.. အကုန်စားမယ်.. 😀 😀

    • Thel Nu Aye

      March 27, 2012 at 10:06 am

      ကျေးဇူးပါ မဆူးရှင့်။

Leave a Reply