poem

water-melonMarch 25, 20122min22430

အရင်တုန်းက FB မှာလည်းတင်ဘူးပါတယ်။

ကဗျာတွေက ကျွန်တော်ရေးတာမဟုတ်ပါဘူး။ ကဗျာစာအုပ်ထဲကကူးချတာပါ။

ခင်တဲ့ ဖရဲ

30 comments

  • Thel Nu Aye

    March 25, 2012 at 5:49 pm

    ကဗျာလေးတွေကောင်းလှချည်လားဖရဲမရဲ့။ ညီးအချစ်သစ်တွေ့နေပြီထင်တယ်။ အချစ်ကဗျာတွေခံစားနေပုံထောက်တော့။ အချစ်ဟောင်းတွေရော။

  • water-melon

    March 25, 2012 at 5:50 pm

    အမလေး သများရေးတာမဟုတ်ပါဘူးတော်
    တော်ကြာ ကဗျာဆရာတွေ့လို့ တရားစွဲခံရပါအုန်းမယ် 😀

    • အသူရာ

      March 26, 2012 at 7:26 pm

      အွမ် ဒို့ ဖြဲဒီးက ကဗျာဆြာလုပ်လို့ရဘီဆိုပြီး သများကအထင်ကြီးနေဒါ
      သွား လူဂျိုးမ 😆

  • aye.kk

    March 25, 2012 at 8:23 pm

    အချစ်ဆိုတာ..
    ကိုစာဖွဲ ၊့ကဗျာတွေဖြစ်သတဲ့လေ…။
    “သိသလောက်ပြောပြခြင်း”
    အချစ်..
    ရယူခြင်းတဲ့လား..
    အချစ်..
    ပူလောင်ခြင်းတဲ့လား..
    အချစ်…
    နုပျိုခြင်းတဲ့လား..
    အချစ်…
    သံသရာသက်ဆုံး…
    မမုံးနိုင်ခြင်းအထိတဲ့လေ..။

    • water-melon

      March 25, 2012 at 9:26 pm

      အန်တီအေးရေ
      အချစ်ဆိုတာ ရယူခြင်း ပူလောင်ခြင်း နုပျိုခြင်း ဖြစ်စေကာမူ
      အချစ်နဲ့မကင်းနိုင်ကြတာ ကျွန်တော်တို့လူတွေဘဲလေ

      လူတစ်ချို့က ဘယ်လောက်ဘဲ အချစ်ကိုမယုံဘူး မကောင်းဘူးပြောပြော
      အချစ်နဲ့ တစ်ခါလောက်တော့ပက်သက်ဖူးမှာပါ

      အချစ် အချစ် အချစ်

      • aye.kk

        March 25, 2012 at 10:56 pm

        အန်တီကငယ်ငယ်ကတည်းက..
        ကဗျာတွေဝါသနာပါတာ..
        ကိုယ်ပိုင်ရေးစပ်ထားတဲ့….
        လူမသိ၊သူမသိရွက်ပုန်းသီးကဗျာတွေအများကြီးပေါ့နော်..
        မိဘတွေရဲ ့စည်းကမ်းကလနားအောက်မှာ…
        မှောင်ရိပ်ခိုဖွဲ ့ကဗျာတွေစပ်ခဲ့ရပေမယ့်၊စိတ်ကူးရင်အိမ်မက်တွေပဲဖြစ်ခဲ့ရတာပါ..
        ခုနေခါမှာတော့ရီစရာကောင်းနေမလားဘဲ။။

  • Khaing Khaing

    March 25, 2012 at 9:08 pm

    မောင်လေးဖရဲရေ ကဗျာလေးတွေကအရမ်းကို မိုက်တယ် အမတောင်ပိုငယ်သွားတယ်လို့ခံစားရတယ် ပုံလေးတွေနဲ့ဆိုတော့ ပိုတောင်ခံစားရတယ် အမချစ်သူသာအမကိုအဲသလိုကဗျာလေးတွေပေးရင် အမလည်း တော်တော်ရင်ခုန်ပျော်ရွင်ရမှာ …. အခုတော့ မောင်လေးကဗျာလေးတွေကိုပဲ ခံစားရင်း ဝမ်းနည်း နေတော့မယ် …. အားလုံးကချိန်တွေလွန်သွားပါပြီကွယ် အမကတော့ အရင်ကသူ့ကို အမရင်ထဲ ခံစားချက်တွေရေးပေးဖူးတယ် သူကတော့ ဟင့် ဟင့် အမကဗျာကိုမခံစားဘူး ….

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • water-melon

    March 25, 2012 at 9:21 pm

    သူများတွေကျတော့လဲ အချစ်တွေ အနှစ်တွေနဲ့
    ဒို့များကျတော့လဲ 😥
    အချိန်တွေကုန်သွားပြီလား
    ပြန်ဆုတ်လို့ရရင် ငယ်ဘဝကိုပြန်သွားချင်တယ်
    လွမ်းတယ်
    ဆွေးတယ်
    ငယ်ဘဝရယ်
    ငယ်ချစ်သူရယ်

  • ကိုရင်မောင်

    March 25, 2012 at 9:46 pm

    ဗြဲမရဲ့နင်လုပ်တာနဲ့သူငယ်တွေပြန်ကုန်ကြပြီ
    အချစ်ရေ နေလို့မှကောင်းရဲ့လား
    အိပ်လို့ပျော်ပါစေ….
    အချစ်ရေ့………
    သနတ်ခါးလေးလူးပြီးရင်ကိုယ့်အကြောင်းတွေးနေပေါ့ကွယ် လို့
    ဟစ်ဆိုလိုက်သောအခါ မမယ်မက
    ဒီအဖိုးကြီးဘာတွေအော်နေတာလဲ မြေးလေးနိုးတော့မှာဘဲ တဲ့
    အော်ခုတော့လဲ ခုတော့လဲ…ပြီးတော့လဲပြီးသွားတာပါဘဲလေ…

  • နေဝန်းနီ

    March 25, 2012 at 10:31 pm

    သူများဟာဆိုလည်းရေးတဲ့သူနာမယ်တပ်ပေးလေ….။ ဘာလဲကိုယ့်ဟာလိုလို ဘာလိုလိုနဲ့ ဟင်း ဖြဲမ ခွဲစားပစ်လိုက်မယ်…။ 😛

    • water-melon

      March 26, 2012 at 8:49 am

      ကိုနေရေ
      ချစ်သူမှာတမ်း(အောင်ကောင်း) ကူးလာတာပါ
      ဟဲဟဲ

  • အားပေးသူ

    March 25, 2012 at 10:59 pm

    ပွင့်ခက်လွှာလေအယိမ်းမှာ

    လွမ်းရွက်ကြွေ…ခင်မသိမ်းလေတော့

    နွမ်းလျှက်နေ…ဟန်ဆောင်ထိန်းကာ

    လွမ်းမျက်ရည်…ရင်မှာသိမ်းပါလို့

    ခု..သူစိမ်းတွေပဲလားခင်…။

    ဒီအရိပ်လေးတွေပါပဲ

    ချစ်သည်းရယ်…ဟောင်းမယ်ထင်သလား

    ချစ်ပွဲဝင်…နှောင်းအတိတ်တွေရယ်

    နှင်လည်းလေ…မောင်းထုတ်မရဘူး…

    ဒီလူ…ရူးရူး လုပေါ့…။

    စိတ်ကူး…ပါပဲခင်

    သိပ်ရူးတယ်ပဲဆိုချင်ဆိုတော့

    ခင်မကြင်နာပေမဲ့

    တွယ်တာရာ…ဒီအချစ်သာပဲမို့

    တကယ်ဆို…မောင်ပစ်သင့်ပေမဲ့

    ချစ်….ချစ်…နေ…ဆဲ…။

    Zaw Myo

  • ဦးဦးပါလေရာ

    March 25, 2012 at 11:11 pm

    ကျုပ် အဘိုးကြီး
    မျက်စေ့လည်ဝင်လာမိတာ …
    လက်စသပ်တော့ ဖရဲလေး အထုတ်ဖြည်နေတာကိုး…..
    ဘယ်သူမှမသိအောင် တိတ်တိတ်လေး ပြန်လှည့်သွားလိုက်ဦးမှ…။:P

    • water-melon

      March 26, 2012 at 8:52 am

      အမလေး မျက်စိမလည်ရအောင် ရန်ကုန်လာရင်
      ဦးပါလေရာအတွက် သံလိုက်အိမ်မြောင်ဝယ်လာခဲ့မယ် 😀

  • Gipsy

    March 26, 2012 at 12:02 am

    အချစ်ကို
    အချစ်လို့ အသံထွက်မမှန်နိုင်သရွေ့
    အထီးကျန်ခြင်းသစ်ပင်သာ
    ဥယျာဉ်ထဲမှာ ပန်းပွင့်နေလိမ့်မယ်…………..။

    Kyaw Khaing ကဗျာမှ….။

  • htet way

    March 26, 2012 at 8:07 am

    အချစ်ဆိုတာတွေကတော့ ဆရာထက်တို့လည်း အဖိုးကြီးဖြစ်နေပါပြီလေ။
    ချစ်သူရည်းစားလည်း အသည်းခွဲသွားတာမနည်းဘူး။
    ဒါကြောင့်ညီလေးရေ ဖတ်သွားပါတယ်ကွာနော်
    အပြာနုရောင်အိပ်မက်တို့ ကြက်ပျောက်ငှက်ပျောက်
    လွတ်မြောက်ထွက်ပြေး ဘေးမဲ့ပေးလိုက်ပါပြီကွယ်…။

  • kyeemite

    March 26, 2012 at 9:05 am

    ကိုယ့်အချစ်ဟာဖြဲသီး..ဆိုတဲ့
    သီချင်းလေးသွားသတိရသတော်…
    ချစ်ကြပါ…ကြိုက်ကြပါ…
    ချစ်နိုင်သူတွေ ချစ်ကြပါ ကြိုက်ကြပါ….ဒါလေးလည်းကောင်းတာဘဲ..
    ဒို့ကတော့ တတိယအရွယ်၏ ရှိသမျှဝေဒနာကို
    မကျေငြာချင်တော့ပါဘူးအေ..

    • water-melon

      March 26, 2012 at 10:39 am

      အမလေး လေးပေါက်ရေ
      ကိုယ်တိုင်လုပ်တာပါတော်
      ရဲရဲကြီးအာမခံပါတယ်ချင့်

  • water-melon

    March 26, 2012 at 10:26 am

    အားလုံးဘဲ
    အချစ်အတွက် ကံမကောင်းခဲ့သူလား
    အချစ်အတွက် ကံကောင်းခဲ့သူလား

    အချစ်ဦးနဲ့ဘဝလက်တွဲဖော်ဖြစ်ခဲ့သူ ဘယ်နှစ်ယောက်ရှိလဲ
    အချစ်ဦးနဲ့ ကွဲကွာခဲ့သူရော ဘယ်နှစ်ယောက်ရှိလဲ

  • ဟေ့ … ဗြဲသီး ..
    နာလည်း ညည်းရဲ့ ဖိုတိုချော့လက်ရာနဲ့ ကဗျာတွေကို အားပေးတွားတယ်အေ့ …
    ဒုတိယ ပုံလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ မိုက်တယ် …

  • Shwe Tike Soe

    March 26, 2012 at 4:35 pm

    အချစ် ဘာအချစ်လဲ အုန်းချစ် လား ဇွန်းချစ်လား……… တစ်ယောက်မှလဲမစွန်ပဲနဲ.. လူအထင်ကြီးအောင် ကဗျာတွေ တင် .. ချစ်သူပဲ ရှိသလိုလို …. တစ်ယောက်နဲ.ကွဲပြီး နောက်တစ်ယောက်နဲ.ပဲ ဖြစ်နေသလိုလို…
    နင်ဒီလို ဆိုင်ကယ်စီးပုံမျိုးနဲ. ဆို တစ်သက်လုံးရည်းစားမရဘူး မိဖရဲရဲ. 😛 😀

    • water-melon

      March 26, 2012 at 5:28 pm

      ဟဟ
      ဟဲ့တောင်မ သိရင်လဲ အသာနေ
      ညည်းနော်ညည်း
      နာကို ပုတ်ချတာတွေများနေပြီ
      မန်းလေးလာမှ နှိပ်စက်ရမယ် 😀

  • moe minthar

    March 26, 2012 at 7:36 pm

    သံယောဇဉ်ဆိူတာ……….နွယ်လေးတပင်မို ့….
    ရာသီတွေ……ဘယ်လိုပြောင်း……..
    ခေါင်းထောင်လို ့ကျော ့…………
    ချစ်ခြင်းမေတ္တာဖြင် ့

  • water-melon

    March 26, 2012 at 7:41 pm

    မိုးမင်းသားရေ
    ကဗျာလေးကို မှတ်သွားပါတယ်
    သူငယ်ချင်းနဲ့ရော ပြန်ဆုံပြီလား
    ခင်တဲ့ဖရဲ

  • marblecommet

    March 27, 2012 at 6:43 pm

    ဖျဲမက ကဗျာကိုသူရေးတာမဟုတ်ဘူး
    ဆိုပေမဲ့
    ကဗျာကို အပြင်အဆင်တော့ ကောင်းသား.
    သူ့ကြည့်ရတာ
    ရင်ဘတ်ထဲ သရိုးသရီခုလုခုလု
    ညောင့်တောင့်တောင့် ပုတက်တက်
    ဖစ်နေပီလို့ယူဆရတာပါပဲ….

  • MaMa

    March 27, 2012 at 8:16 pm

    ဖရဲမက အောက်ဆုံးမှာ သူ့ပုံထည့်ပြီး ကြော်ငြာထားတယ်။ 😆

  • snow white

    March 28, 2012 at 5:09 pm

    မဖရဲကလည်း
    ကဗျာစာအုပ်ထဲကနေ ရေးသားတင်ပြတယ် ညီမကလည်းမဖရဲဆီကပြန်ကူးပြီး ညီမသူငယ်ချင်းတွေကို ပေးဖတ်လိုက်တယ်

  • moe minthar

    March 29, 2012 at 7:34 pm

    ဖရဲလေးရေ…….သူငယ်ချင်လေးနဲ ့မတွေ ့သေးပါဘူးကွာ……..
    ကဗျာလေးကိုဖတ်သွားတဲ ့ဖရဲကိုကျေးကျေးလေ။

    ချစ်ခြင်းမေတ္တာဖြင် ့…………..မိုးမင်းသား

  • alinsett

    March 30, 2012 at 7:45 pm

    ကဗျာလေးတွေက လှတယ် ။

    စကားလုူံူးတွေ.လည်း လှပါတယ် ။

    စာအကြောင်း ပေအကြောင်း သိပ်နားမလည် လို ့ဒီလိုပဲ..အကြမ်းထည်..မှတ်ချက်ချ တော့မယ်နော် ။

    ဝေမျှပေးလို ့ ဖရဲကို ကျေးဇူးပါ။

    ခင်မင်သော.
    အလင်းဆက်

Leave a Reply