တာဝန်မဲ့သူနှင့် တာဝန်သိသူ

chityimhtooMarch 25, 20121min26223


၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ ့က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန် ့ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို ့ ပို ့အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၎င်းတို ့တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် က…ိုသံခေ…ျာင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန် ့ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ ့ ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို ့ အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ ့ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ ့ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို ့၏ တာဝန်မသိမှု ကြောင့် ကယ်သူမဲ့နေသောကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာမဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာရှိပါသည်။
သို ့ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ ့ဝင်အချို ့၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။

မူရင်းဖေ့ဘုတ်လင့်
http://www.facebook.com/myatphone.linn

23 comments

  • ကိုရင်မောင်

    March 25, 2012 at 7:17 pm

    သူတို့ဆောင်ပုဒ်က ကူညီပါရစေ ကူညီပါရစေဆို
    အခုလိုတာဝန်မဲ့တဲ့ရဲကိုအရေးယူသင့်တယ်….

  • Thel Nu Aye

    March 25, 2012 at 7:37 pm

    နာမည်နဲ့ရာထူးပါထည့်ရေးရင်ပိုကောင်းတယ်။ ဒါမျိုးကများများရေးပေးရတယ်။ အားနာစရာမရှိဘူး။ သူကိုယ်တိုင်တောင် သူ့တာဝန်ကိုတောင်မှ အားမနာပါးမနာငြင်းသေးတာပဲ။ ရဲဆိုတဲ့အမျိုးက သူမရပဲသူ့အိပ် စိုက်ရမဲ့ကိတ်စဆိုရင် သူ့ပထွေးကိတ်စကလွဲလို့ဘာမှမလုပ်ဘူး။

  • water-melon

    March 25, 2012 at 7:44 pm

    ကူညီပါ့ရစေ..ကူညီပါ့ရစေ…ချင့်
    (တရုတ်တွေနဲ့ ချမ်းသားတဲ့သူများသာ ကူညီပါသည်)
    ကိုယ့်အိတ်ထဲက စိုက်ထုတ်ရမဲ့ ကိစ္စဆိုလုံးလုံး တာဝန်မယူပါ
    ပုံ/ မြန်မာနိုင်ငံအခြောက်အဖွဲ့ချုပ်

  • ရွာစားကျော်

    March 25, 2012 at 9:22 pm

    ရဲစခန်းမှာ ကူညီပါရစေ လို့ ရေးထားတာတွေမှ အားမနာ
    တာဝန်မဲ့လိုက်တဲ့ ကောင်တွေ
    ဒါနဲ့များ ပြည်သူ့ရဲတဲ့ ထွီ..

  • Don Juan Ronald

    March 25, 2012 at 10:22 pm

    သား သမီး စာ နာ မှု မ ရှိ တဲ့ ပု လိပ် စုတ် တွေ ။

  • ဦးဦးပါလေရာ

    March 25, 2012 at 11:03 pm

    လူစိတ်မရှိတဲ့ကောင်တွေ-
    သူတို့ကို အထက်တာဝန်ရှိသူတွေက ဘယ်လိုအရေးယူမလဲ သို့မဟုတ်
    အရေးမယူပဲ မသိချင်ယောင်ဆောင်နေမလား ဆိုတာ စောင့်ကြည့်ဦးမယ်။

  • maungmoenyo

    March 26, 2012 at 6:37 am

    တိုးတက်တဲ့နိုင်ငံတွေမှာ ဒီလိုမြင်ကွင်းမျိုးမြင်ရရင်ဘယ်လိုနေမလဲ။
    “တာဝန်” ဆိုတဲ့ စကားကလောကွတ် (ဝါ) လောကဝတ် ဝေါဟာရဘဝကကျွတ်လွတ်တဲ့နေ့ လမ်းနဘေးတွေမှာ အရွယ်မရောက်တဲ့ကလေးတွေ၊ အရွယ်မရောက်မိန်းကလေးတွေ ထင်ထင်ပေါ်ပေါ်ကြီး အတိဒုက္ခရောက်နေတာတွေ ပပျောက်တဲ့တနေ့ပေါ့။
    ဒါတွေ အစိုးရမှာတာဝန်ရှိပါတယ်။ လုမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဆိုတာ ဘယ်နေရာရောက်နေပါလိမ့်….။
    “တာဝန်” ဆိုတာ ထက် “လူလူချင်းညှာတာထောက်ထားခြင်း” ဆိုတဲ့ လောကပါလတရား ဆိုရင်ပိုမှန်ပါလိမ့်မယ်။
    ဒီထုံးတမ်းစဉ်လာကြီ မြန်မာ လိုဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံ မှာ ဆိတ်သုဉ်းနေတာကြာပါပကော…..။

  • htet way

    March 26, 2012 at 7:52 am

    တာဝန်သိဖို့ဝေးသေး
    ပေးနိုင်ရင် တာဝန်ပိုသိတယ်။
    တာဝန်မဲ့တာက ဘာကြောင့်လဲ …………………..။
    ကောင်းအောင်မီဒီယာတွေက နာနာနှက်ကြ။

  • kyeemite

    March 26, 2012 at 9:11 am

    ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိအား
    ကျွန်ုပ်အပြင်းအထန်ရှုံ့ချပါသည်။
    သက်ဆိုင်ရာမှတာဝန်မဲ့မှု့အတွက်အရေးယူပေးပါရန်တောင်းဆိုပါသည်။

  • kaung kin pyar

    March 26, 2012 at 9:12 am

    တောက်ညင်ကတ်ချရာအေ…..။

  • amatmin

    March 26, 2012 at 9:34 am

    အတော်ရှက်ဖို့ကောင်တဲ့ လုပ်ရပ်ပဲဗျာ..
    ဒီကောင်တွေစိတ်ဓါတ်တွေက အောက်တန်းကျသလောက်..
    တဖက်ကပြန်ကြည့်ရင် ကျနော်တို ပြည်သူတွေရဲ့ တာဝန်သိစိတ်တွေကတော့ လေးစားဖို့ကောင်းလာတယ်..
    အရင်ကဆို ဒါမျိုးတွေ့ကြုံကြရင် တော်တန်ရုံလက်ရှောင်သွားကြမှာပဲ..
    အခုလို ဝိုင်းဝန်း ကူညီကြတာ စာနာစိတ်တွေမလျော့ပါးသေးတာတွေ အတွက်တော့ ဂုဏ်ယူစရာပေါ့..

  • mocho

    March 26, 2012 at 11:21 am

    ဒီကလေးက လမ်းပေါ်ဘယ်လို ရောက်နေလဲ၊ ဘာကြောင့် ဒဏ်ရာတွေ ရထားတာလဲ၊ ဒါတွေကို သိရဖို့ ရဲတွေမှာတာဝန်အရှိဆုံးပါ။ဒီကလေးဟာ အမှန်တကယ် ဒဏ်ရာတွေရပြီး လဲကျနေတာဆိုရင်၊ နောက်ကွယ်မှာဖေါ်ထုတ်ဖို့လို အပ်တဲ့ ပြစ်မှု မြောက်တဲ့ဖြစ်ရပ်တခု ကြိမ်းသေ ရှိနေမှာပေါ့။

  • ဇွဲမာန်အောင်

    March 26, 2012 at 11:38 am

    ဆောင်ပုဒ်နဲ့ လုပ်ဆောင်ချက် ကွဲလွဲနေသူတတွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ရမှာလဲ။
    အနှေးယာဉ် လုပ်သားလောက်တောင်မှ စာနာစိတ်၊ အသိဉာဏ် မရှိကြဘူး။

  • Thit Sar Lin

    March 26, 2012 at 11:54 am

    May I help youဆိုတဲ့စာတန်းတွေဇောက်ထိုးချိတ်သင့်တယ်။
    တိုင်းပြည်တိုးတက်ကောင်းမွန်ဖို့အစိုးရဌာနတွေကစပြီးပြင်ဆင်သင့်တယ်။ကျောသား၊ရင်သားခွဲခြားတဲ့အပြူမူတွေကိုမီဒီယာလက်နက်နဲ့ခြေဖျက်သင့်ပြီ။

  • snow white

    March 26, 2012 at 12:52 pm

    သူတို့ကိုအမှုပတ်မှာကြောက်နေတာနေမှာပေါ့ သူတို့ကအမှုပတ်တာကြောက်တာအရေးမကြီးမဘူး
    သေမယ့်သူဆိုသေနေလောက်ပြီ ပြည်သူတွေကကယ်လို့တော်သေးတာပေါ့ ပြည်သူတွေကကိုယ့် သားသ္မီးချင်းကိုယ်ချင်းစာတာကို……………….. သူတို့တွေကိုတော့မပြောချင်ပါဘူး

  • ဒီငကြောင်တွေက ဒီသောက်ကျင့်အတိုင်းပဲ .. 🙁
    တစ်ထောင်လောက် ပေးမှ တစ်ရာဖိုးလောက် ကူညီပေးချင်တဲ့ကောင်တွေ ..
    ကူညီပါရစေ .. အဲဒီ ဆောင်ပုဒ်က သက်သက် လူအထင်ကြီးအောင် အလှဆောင်ပြထားတာ …
    ဘာမှ ဟုတ်တာ မဟုတ်ဘူး .. ကျုပ်ကိုယ်တွေ့ …

    • Mလုလင်

      March 26, 2012 at 9:23 pm

      ရွာထဲမလဲ ..တစ်ယောက် ရှိတယ်။ ဂန်ထရီ ဥူးဦးထုပ် တော့ မဟုတ်ပါဘူး … မိအံဇာ ဆိုတဲ့တစ်ယောက်ပေါ့ .. အကြော်ကြွေး .. မပေးနိုင်လို့ … ထွက်ပြေးသွားတာ .. အဲဒါ ..420 လား 401 လား ဟင် …

  • အသူရာ

    March 26, 2012 at 7:58 pm

    ကူညီပျဇေ ကူညီပျဇေဗျ
    ကူညီပြဇေ ကူညီပြဇေရှင့် သီချင်းကတော့ဟုတ်နေတာဘဲ လုပ်တော့သာသောက်တလွဲ ဟွင်း 👿

  • nandarli darli

    March 26, 2012 at 9:16 pm

    တာဝန်သိစိတ် ရှိတဲ့သူတွေကို လေးစားမိပါတယ်။

  • aye.kk

    March 26, 2012 at 9:46 pm

    ဆန်ကုန်မြေလေး..
    ပြည်သူကျွေး၍..
    ပေးသည့်တာဝန်..
    နာခံမရှိ…
    မိုက်ရိုင်းဘိကား..
    သိလျှင်တိုင်ကြားဖြုတ်သင့်၏..။။

  • Thel Nu Aye

    March 27, 2012 at 10:10 am

    ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ် အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင် များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင် အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့် မှတ်တမ်း ယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သော အလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။

  • နေဝန်းနီ

    March 27, 2012 at 1:10 pm

    အင်း ပြောနေကြ စကားအဟောင်းပဲ ပြန်သုံးရဦးမယ်….။ ဒီမိုး ဒီလေ… ဒီ xxxxx တွေနဲ့ တော့ ဟုတ်နေတာပဲ……

Leave a Reply