အမေစုကိုရည်ရွယ် တိုက်ခိုက်ထားတဲ့ မေးခွန်းများ

baby skylineMarch 25, 20121min9960

အောင်ပန်းမှာ အမေစုကို အပုတ်ချတိုက်ခိုက်တဲ့စာနဲ့အတူ လိုက်ပစ်ထားတဲ့ VCDခွေထဲမှာ မေးခွန်း၂၁ခုကိုမေးထားပါတယ်။

မေးခွန်းတွေ ခုက—

၁။တိုင်းပြည်ကောင်းဖို့လုပ်မယ်လို့ ပြောပြီးစီးပွားရေးပိတ်ဆို့မှုကို ဆက်ပိတ်ဖို့ ပြောနေတာ ဘာကြောင့်လဲ?

၂။၂၀၀၈ အခြေခံဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိတယ်လို့ ပြောတဲ့ဒေါ်စု အခု NLD ကိုမဲပေးဖို့ ပြောနေတာ ဘာကြောင့်လဲ?

၃။စည်း/ကမ်းမဲ့ မငိးမဲ့စရိုက်ဖြစ်နေတာ မထိမ်းဘဲ မင်းမဲ့စရိုက်ဆန်ဆန် လမ်းပေါ်တက်တဲ့သူတွေကို ထောက်ခံတဲ့သူတွေလို့ ဒေါ်စုထင်နေသလား?

၄။ဥပဒေ စိုးမိုးရေးတရားဟောပြီး ဒေါ်စုကိုယ်တိုင် လမ်းဖြတ်သန်းခတွေ မပေးဘဲ ဥပဒေချိုးဖောက်နေတာ ဘာကြောင့်လဲ?

၅။အမေစုကို ချစ်တယ်လို့ဆိုပြီး ဘာလို့ဂျင်ကလိ နဲ့ဝိုင်းဆော်ကြတာလဲ?

၆။မိန်းမ ၃ယောက်ဘဲရှိတဲအိမ်မှာ အင်းယားကန်ကို လက်ပစ်ကူးပြီး ဝင်လာတဲ့ ရက်တောနဲ့ ၂ ရက်အတူနေပြီး ဘာလုပ်နေကြလဲ?

၇။ပုဒ်ရဟန်းမင်းကြီးကို ဒူးတုပ်လက်အုပ်ချီတဲ့ ဒေါ်စု ဗုဒ္ဓစွယ်တော်ကို ဘာလို့တခါမှ လာမဖူးတာ ဘာကြောင့်လဲ?

ဂ။ဗုဒ္ဓဘာသာမှန်ရင် MDYရောက်တိုင်း ဘုရားကြီးကို မဖူးဘဲမနေနိုင်ပါ။ ဒေါ်စုတော့ ဖူးဖို့မေ့သွားတယ် ထင်တယ်?

၉။လွတ်လွပ်စွာ ပြော/ရေးခွင့်ရှိတယ်ပြောပြီး ငါးမင်းဆွေကို တရားစွဲတာ

ဘာကြောင့်လဲ?

၁၀။စစ်ပွဲတွေကို ရပ်ဆိုင်းအောင် မလုပ်ဖူးဘဲ ့ငြိမ်းချမ်းရေး နိုဘယ်ဆုရတာဘာကြောင့်လဲ?

၁၁။နှစ်ပေါင်း၃ဝလောက် နိုင်ငံခြားမှာနေပြီး လူထုအတွက် ဘာလုပ်ပေးဖူးသလဲ?

၁၂။ဘာကြောင့် နိုင်ငံခြားသားကို ယူရတာလဲ?

၁၃။ဗိုလ်ချုပ်မျိုးဆက် တိမ်ကော သွားတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ?

၁၄။မျိုးဆက်ပျောက်တဲ့အပေါ် ဒေါ်စုဘယ်လို စဉ်းစားပါသလဲ?

၁၅။ဒေါ်စုသား ဗိုလ်ချုပ်မြေးတွေ ဘာကြောင့် ဗမာစကား မပြောတတ်တာလဲ?

၁၆။ဒေါ်စုကို အတုယူပြီး ဒီနေ့လူငယ်တွေ နိုင်ငံခြားသားကိုယူနေတဲ့ ပြသနာ ဘယ်လိုရှင်းကြမလဲ?

၁ရ။စန္ဒာမင်းနဲ့ ကိုဌေးကြွယ်တို့ ၈-၂-၂၀၁၂ မှ ၁၀-၂-၂၀၁၂ ထိ ပုဂံ ဟိုတယ်မှာ living together နေတာကို သိကြပါသလား?

၁ဂ။နိုင်ငံခြားသားတွေနဲ့ တွေ့ချိန်မှာ ဒေါ်စုဘာလို့ လက်အုပ်ချီရှိခိုးသလဲ၊ ဗိုလ်ချုပ်ရော နိုင်ငံခြားသားတွေနဲ့ တွေ့ရင် လက်အုပ်ချီပါသလား?

၁၉။ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေကို အလုပ်/ကိုင် မရှာပေးဘဲ ပါတီရံပုံငွေ အတွက် ဓါတ်ပုံ ရောင်းစားနေတာ ပြည်သူတွေ အတွက် အပိုကုန်ငွေ မဖြစ်ဘူးလား?

၂၀။ဘုန်းကြီးတွေ ဒေါ်စုဓါတ်ပုံကို သင်္ကန်းထိပ်မှာ ချိတ်ပြီး ဆန္ဒပြတာ တခြားဘာသာဝင်တွေ အထင်သေးမှာ ဒေါ်စုစိတ်မပူဘူးလား?

၂၁။၉၇-၉၈က မမနဲ့မောင်လေး သက္ကသိုလ် ရိပ်သာလမ်းအိမ် ကွန်ပြူတာရုံးခန်းမှာ ကော်ဇော ခင်းပြီး ချစ်ရည်လူးတဲ့ ဇာတ်လမ်းမှာ မောင်လေးက ဘယ်သူလဲဆိုတာ ဒေါ်စု ဖွင့်ဟဝန်ခံရဲပါသလား?

ဒီမေးခွန်း ၂၁ ကို အကောငိးဆုံး ဖြေဆိုနိုင်တဲ့သူကို ဆုတော်ငွေ မြောက်များစွာချပါမယ်လို့ စိန်ခေါ်ထားပါတယ်။

အဖြေတွေကို DEMOHERO1500@gmail.com နဲ့ demokaunglay@gmail.com ကိုပေးပို့ နိုင်ပါတယ် လို့လည်း လိပ်စာထည့်ပေးထားပါတယ်။

60 comments

  • aungmyintmyat

    April 16, 2012 at 11:11 am

    ကဲကဲ skyline မလေးရေ နင်ကတော့ တော်တော်လေးကိုအမွှေစိန်လေးနော်။ မေးတဲ့သူက မေးမှတော့လည်း ဖြေစရာရှိတဲ့သူက ဖြေလိမ့်မပေါ့နော်။ အဲဒါကို သူကြီးက စီစဉ်လိမ့်မယ်။ အေး ငါလည်း NLD ပါပဲ။ နင် ကNLD သာဆိုတယ် ဒီလိုမေးခွန်းတွေ မေးလို့ နင့်ကို ပြန်မေးခွန်းထုတ်မယ်နော်။ ဖြေချင်မှလည်း ဖြေနော်။ အေးဆေးပဲ။
    မေးခွန်း(၁) skylineလေးရေ နှစ်ပေါင်းနှစ်ဆယ်ကျော်အောင် ငါတို့ကို မျက်စိပိတ်၊ နားပိတ်လုပ်ခဲ့တဲ့ နအဖ ကိုရော နင် ဘယ်လိုထင်လဲ။
    မေးခွန်း(၂) သမဝါယမ ခေတ်မှာ ကော်ဖီမစ်လေးတထုတ်တောင်မှ သူခိုးဈေးကွက်မှာ ဈေးကြီးပေးဝယ်ရပြီး မိရင် ဒဏ်တပ်ခံရတာ ဘယ်သူကြောင့်လဲ။
    နမူနာလေးပါနော် နောက်မှ အဲဒါနဲ့ ပက်သက်ပြီးသေချာ ပို့စ်တခု ရေးတော့မယ်။ မန့်နေရင် များနေမှာမို့လို့နော် skyline လေးရေ………..
    မေးခွန်းပေါင်းများစွာ ကျန်သေးတယ်နော် ကြိုက်တက်ရင် မျှော်နော်……………..

Leave a Reply