အချစ် အကြောင်း ..မဟုတ်တဲ့..ကဗျာ..

alinsettMarch 25, 20121min19810

* သူငယ်ချင်းေ၇…

မင်းရဲ ့လက်တွေနဲ ့ ဖန်ဆင်းတဲ့..

ပျိုးခင်း လှလှတွေ..

ဘယ်သူ ဆွဲ နှုတ်နေခဲ့သလဲ.. ?

* မင်းတို ့ ငါတို ့ရဲ့ မျက်ရည်ကို

ညှစ် ထုတ်နေတဲ့ လက်တွေ….။

* ချွေး စက်တွေ..နဲ ့ ပျိုးတဲ့…စိုက်ခင်းတွေကိုတောင်…

အပိုင်..စိုး…လို ့..

ငါတို ့ပဲ…. ငိုရတယ် ။


* အဲဒီနောက်…

ငါတို ့ပဲ..ငိုကြွေး.ရတယ်။

* သူငယ်ချင်းရေ…

ကြောက်ရွ ံ့သူတွေရဲ ့နယ်မြေထဲ..ကို…

အလိုကြီးသူတို့ ….စီး..တတ်တယ် ။

* သူငယ်ချင်းလေးရေ….

အစ အန မကျန်အောာင်.. မရှင်းလင်းနိုင်သေးသ၍တော့

ငါတို ့…..”.မှောင် ” …နေရဦးမယ် ။

ဒါပေမယ့်………….

* သူငယ်ချင်းရေ…

ဘီလူးတွေ..ရှေ ့မှာ..

လှဲ..အိပ်မိရင်..

ငါတို ့….အစားခံရမယ်…

အဲဒါ..သေချာတယ် ။

* သူငယ်ချင်းတို့ ……

ထ ကြ..၊ နိုး…ထ..ကြ…

မွန်းနစ် အိပ်မက်များကိုလည်း….စွန် ့လွှတ်ခဲ့ကြ..

စွန့် ..ပစ် ..ခဲ့ကြ ။


* ရ.ရာ..ပန်းကို ..ခူး….

ဆူး..ချွန်တွေ..ဖယ်ပြီး..ပစ်..ခတ်ကြ..

မှော်ဆရာ ရဲ ့လှည့်ကွက်ထဲမှာ..

( မီးခိုးလုံး ဖြစ်လု နီးပါး..)

နစ်မျော..နေသူတွေကိုလည်း….

ရေ.စင်အေးအေး ၊ ဖျန်း..ပက်ပေးကြ..။

* ငြိမ်းချမ်းသော…နှင်းဆီတွေ..

အပြိုင်း အရိုင်း…ဖူးပွင့်..ဖို ့..

ရောင်နီက်ို..ကြို လင့်ကြ..။

သူငယ်ချင်းတို ့ရေ…..

…. … … … … …။

ခင်မင်လေးစားစွာ.ဖြင့်..

အလင်းဆက်

24 . 3 .2012 ./ 15 ;50 . pm

alinsett.art@gmail.com

10 comments

  • Khaing Khaing

    March 25, 2012 at 9:36 pm

    အားပေးသွားတယ်နော် အလင်းစက်ရေ လိုင်းကသိပ်မကောင်းဘူးကွယ် ……

  • windtalker

    March 25, 2012 at 9:50 pm

    ကိုအလင်းစက် ရဲ ့အချစ်ကဗျာ ကို ဖတ်ပြီး မျိုးကျော့မြိုင် ရဲ ့အချစ်သီချင်း ကိုတောင် သတိတန်းရမိတယ်ဗျာ ။
    ဘာမှတော့ မဆိုင်ဘူးပေါ့ ။

  • Khin Latt

    March 25, 2012 at 10:59 pm

    အလင်းဆက်ရေ
    ကဗျာလေး ကို ပုံလေးတွေနဲ့ တွဲပြီး ခံစားသွားတယ်။
    နှင်းဆီပန်းလေးတွေ ကလှလိုက်တာ။ 🙂

  • အားပေးသူ

    March 25, 2012 at 11:21 pm

    တိတ်တဆိတ်
    အိပ်မက်တွေ…
    ခွဲမထုတ်နိုင်သ၍…
    လိပ်ပြာငယ်လေး…
    လန့်မနိုးစေနဲ့…

    ဒီတစ်ခုတော့…တောင်းဆိုချင်ရဲ့…
    ခရီးနှင်သူ …ဆက်လွင့်စေဖို့…
    ကျေးဇူးပြုပြီး…
    အိပ်မက်တွေကို…
    လွှတ်ချပေးပါ…ကွယ်….။

    Snzzy Jazzi

  • Gipsy

    March 26, 2012 at 12:10 am

    ကြည့်စမ်းပါကွယ်
    မြက်ပြာတောလေး …စိုပြေတိမ်းငဲ့
    အမြင်ဝိုက်ကွေး…. သဲဖြူလမ်းကလေး
    လမ်းလျှောက်လို ့လာ….မောဟိုက်နွမ်းယဲ့
    ကြောက်အားနွဲ ့ပြီး….. ငိုမဲ့ ငိုမဲ့
    အတင်းပြုံးလဲ…. ခွေနုံးပါပြီ
    ဖော်လဲမှီနိုင်…. ဟိုဆီချိုး၍
    သည်မှာကွေ ့ခဲ့…. ပြေး၍လျှောက်လာ
    ခုထိပါ…….။

    facebook ထဲမှ ကဗျာလေးအား ကိုးကားပါသည်…။

  • nganyi11

    March 26, 2012 at 1:39 pm

    ကိုလင်းဆက်
    ခင်ဗျားရဲ့ ကဗျာကောင်းတယ်။
    အချစ်ကဗျာမဟုတ်တဲ့ လူပ်ဆော်မူ့တွေကို
    ကြိုဆိုပါတယ်။

  • alinsett

    March 26, 2012 at 7:24 pm

    ကဗျာ..လေးတွေ..နဲ ့ အားပေးကြသူတွေကိုရော…

    စာဖတ်သူ အာလုံးကိုပါ..ကျေးဇူးတင်ပါတယ် ။

    ကျွန်တော်..အခုတလော…ကဗျာတွေ..ရေးချင်နေတယ် ။ အချစ်အကြောင်း မဟုတ်တဲ ့ကဗျာ..တွေပေါ့။

    ဒီ ကဗျာလေးကိုလည်း… ဘာအကြောင်းကို ရေးတယ်..ဆိုတာ..အားလုံးးးသိကြမှာပါ ။

    အခုတလော…လိုင်းတွေက လည်း အရမ်းကျနေတာလေ..။
    ရေးပြီးသားတွေ..တစ်ခါ တင်ပြဖို ့တောင်..အတော်…လုပ် ယူနေရတာ .။
    တိုင်းပြည်ကြီး.တိုးတက် နေတာနဲ့အမျှ.. အခက်အခဲ..တွေ.ကလည်း..လျော့နေပြီလား…
    တိုးလာသလား… ။ ပုံမှန်.. ပဲ…လား ။..အဲဒါလည်း.စဉ်းစား စရာပေါ့လေ..။

    ကဲ…အားလုံးကို ခင်မင်လေးစားလျက်ပါ..

  • yaungchikha

    March 27, 2012 at 2:05 pm

    ကဗျာကို ဖတ်သွားပါတယ်နော့၊ နှင်းဆီပန်းလေးတွေလှတယ်..

  • alinsett

    March 27, 2012 at 8:15 pm

    ဟုတ်ကဲ ့ … ။ ကဗျာနဲ ့ ပုံလေးတွေ.ကို အားပေး ကြလို ့ ကျေးဇူးပါပဲ။

    ဆက်ကြိုးစားနေပါဥိးမယ်

Leave a Reply