ပုဂံပြည် ဗူးဘုရားနားက ဓမ္မောတဿဆေးခန်းလေး

padonmarMarch 26, 20121min67863

ပုဂံမြို့ ဗူးဘုရားအနီး ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဓမ္မောတဿ ဆိုတဲ့ ဆေးခန်းလေး တစ်ခု ၂၀၁၁၁ ဩဂုတ်လ ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ဆေးခန်လေးကို ဦးစီးသူကတော့ Road To Mandalay (ပုဂံညောင်ဦးနဲ့ မန္တလေး ပြေးတဲ့ Shuttle Ship)က

ဒေါက်တာ လှထွန်း (1986 batch IM 1) ပါ။ဒေသခံဆရာဝန် ၂ ယောက်လည်း အားဖြည့်ထားပါတယ်။

လူနာတွေကို ဒီဆေးခန်းမှာ ကုသမှုခံယူရင် ကိုယ်နိုင်သလောက် ဆေးဖိုးပေးသွားနိုင်တဲ့သူလည်းပေး၊မပေးနိုင်ကြတဲ့ သူတွေကိုတော့ အခမဲ့ကုပေး ဆိုတဲ့ စနစ်နဲ့ကုပေးပါတယ်။

အများစုကတော့ အခမဲ့ပေါ့။ရွာနီးချုပ်စပ်တွေကပါ လာကုကြပါတယ်။ ပခုက္ကူ၊စလင်းဖက်တွေကတောင် ဧရာဝတီမြစ်ကို လှေနဲ့ ကူးပြီးလာကုကြပါတယ်။

ဆေးခန်း တစ်ပတ်ကို သောကြာ၊စနေ၊တနင်္ဂနွေ ၃ရက်ဖွင့်ပြီးကုပေးနေပါတယ်။လူနာဦးရေ တိုးတိုးလာတာ အခုဆို တစ်နေ့ကို လူနာ ၂၀ဝ ကျော်ဖြစ်နေပါပြီ။ဖေဖော်ဝါရီလထဲမှာ လူနာပေါင်း ၂၄၆၄ ယောက်ကုသမှု ခံယူသွားပါတယ်။

စဖွင့်တဲ့ ဩဂုတ်လကနေဆိုရင် ၁၀၅၃၅ ယောက် ရှိသွားပါပြီ။

ပုဂံက တိုးရစ်ဂိုက်တွေကလည်းဆေးခန်းလေး အကြောင်း တိုးရစ်တွေကို ပြောပြပြီး ခေါ်လာပြကြတော့ တိုးရစ်တွေ သဒ္ဓါပေါက်ပြီး လှူပေးကြပါတယ်။ပုဂံရဲ့ tourist attraction site တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်နေပါပြီ။

အလှူငွေကတော့ Road to Mandalay သင်္ဘောရဲ့ ဝန်ထမ်းတွေ နဲ့ ဧည့်သည်တွေဆီက အဓိက ရပါတယ်။နယ်ခံ ဆရာတော်တွေ၊နယ်ခံ အလှူရှင်တွေ ၊နှစ် ပေါင်း ၂၀ဝ ကျော်ပြီဖြစ်တဲ့ ဘုန်းကြီးကျောင်းကို

လာလေ့လာကြတဲ့ tourist တွေ ဆီကလည်း ရပါတယ်။

လူနာနဲ့ အဖော်တွေဟာ ဆေးခန်းကိုလာဖို့ မနက် အစောကြီးကထ လာပြီး လူနာများတဲ့အတွက် ဆေးခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းထဲ စောင့်နေကြရပါတယ်။

ဆရာတော်နဲ့ Road To Mandalay က သနားတဲ့အတွက် ထမင်း၊ဟင်းတွေချက်လှူပါတယ်။

လှူရင်းလှူရင်း လူနာတွေများများလာတော့ ဆရာတော်နဲ့ RTM အဖွဲ့လည်း နောက်ထပ် စဉ်ဆက်မပြတ် လှူနိုင်ဖို့ စိတ်ပူနေရပါတယ်။

မိတ်ဆွေတို့ကိုလည်း ကိုယ်စွမ်းနိုင်တဲ့ဖက်ကနေ ကူညီပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ကိုယ့်အိမ်မှာ ဆေးခန်းတွေမှာ သုံးလို့ ပိုနေတဲ့ ဆေးတွေ၊ဆက်မသောက်ဖြစ်တော့တဲ့ဆေးတွေ၊

Expiry Date နီးနေတဲ့ ဆေးတွေ၊ ဆေးကုမ္ပဏီတွေက လက်ဆောင်ပေးထားတဲ့ ဆေးတွေ စသည်ဖြင့် ပိုလျှံသည်များကိုလည်း လှူပေးနိုင်ကြပါတယ်။

လှူချင်ရင် ဒေါက်တာလှထွန်း

rtmdoctor@hmcmail.com

ကို ဆက်သွယ်နိုင်ပါတယ်။

ရန်ကုန်က တဆင့် လှူချင်ကြရင်

ပြည်လမ်း IBC ရှေ့ မှာရှိတဲ့ Standard House Golf Store Dr.Khine Than
ဒေါက်တာ ခိုင်သန်း ဖုန်း 527638 (တင်္နလာနေ့ ပိတ်ပါတယ်)ဆီမှာ အလှူငွေ/ဆေး စသည် ပေးထားလို့ရပါတယ်။

လူနာနှင့် အဖော်များကို ထမင်းကျွေးနေပုံ
ထောလာဂျီနဲ့ ပြန်ကြပြီ
ဒေါက်တာလှထွန်းမှ ထမင်းဝေပေးနေစဉ်
လုပ်အားပေးတွေက ထမင်းပြင်ပေးကြပါတယ်

63 comments

  • padonmar

    March 26, 2012 at 12:32 am

    သူငယ်ချင်းရဲ့ စေတနာဆေးခန်းလေးပါ။
    မြန်မာပြည်တနံတလျားမှာ ဒီလိုမျိုး တစ်နိုင်လေးတွေ ဝန်ထမ်းနေကြရပါတယ်။
    ကဲ ဆေးပိုလျှံနေတာလေးတွေ ရှိခဲ့ရင် ဝေမျှပေးဖို့ နှိုးဆော်ပေးပါတယ်။

    • Khaing Khaing

      March 31, 2012 at 9:15 pm

      သမီးကတော့ လှူချင်တယ်ရှင့် …..ဒီလ April မှာ ရုံးပိတ်ရက်တွေများပါတယ် သင်္ကြန်ပြီးရင် ရုံးပိတ်ရက်ထဲက တစ်ရက်မှာ ရန်ကုန်က ဒေါက်တာခိုင်သန်းကို ဆက်သွယ်ကြည့်လိုက်ပါမယ် …. သမီးကတော့ တစ်ကယ်လိုအပ်မယ့်ဆေးတွေကိုလှူချင်ပါတယ် ….. ဒေါက်တာတို့နဲ့တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုဆေးအမျိုးစားတွေဆို ပိုလိုအပ်ကြောင်း မေးမြန်းကြည့်ပါဦးမယ်ရှင့် … အဲဒီကိုသွားရင်တော့ သမီးတစ်ယောက်တည်းထက် ရွာသူရွာသားအချို့ကိုပါခေါ်သွားပြီး လှူဖြစ်မယ်လို့ထင်ပါတယ် … ပုဂံကိုတော့ ၆ လပိုင်း နောက်ပိုင်းလောက်သွားဖြစ်မယ်ထင်ပါတယ် …. အဲဒီအချိန်ကြရင်တော့ ရွာထဲက သမီးနဲ့သိတဲ့ ဘော်ဘော်တွေကို အသိပေးပြီး အလှူခံသွားမယ်လို့ စိတ်ကူးမိပါတယ် …

  • Gipsy

    March 26, 2012 at 12:37 am

    အေးဗျာ
    ကျုပ်လဲ လှုူချင်ပါတယ်
    အစီအစဉ် တခု ( မဆူးတို့လိုမျိုး) လုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ
    ဓါတ်ပုံလေးတွေနဲ့ အတူကြည့်ရလို့ လှုူရမဲ့အရေး ပီတိ ဖြစ်မိပါတယ် …။

  • pooch

    March 26, 2012 at 1:10 am

    ဟုတ်ကဲ့အခုလိုလေး တင်ပေးတာ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်။ ကျမသွားသာ သွားခဲ့တာ ရှိမှန်းမသိခဲ့ပါဘူး။
    မိုးချုပ်မှ ဗူးဘုရားရောက်ဖြစ်ခဲ့တာလည်း ပါမှာပါ။

    နီးစပ်ရာလေးတွေလည်း လက်တို့လိုက်ပါ့မယ်။

  • Khin Latt

    March 26, 2012 at 4:33 am

    အစ်မပဒုမ္မာ
    ကျွန်မတို့ နိုင်ငံမှာ ကိုယ်ကျိုးရှာ တစ်ဘို့ထဲ သမား တွေ ကြားမှာ ဒီလို စေတနာရှင် တွေ၊ လူသားချင်းစာနာထောက်ထားတတ် သူတွေ ရှိတာကို ဒီလိုမျိုး လက်တွေ့မြင်ရတာ အားကျစရာပါဘဲ။
    ကျွန်မလဲ ကြုံရင် လှူချင်ပါတယ်။
    ကျွန်မတို့ ချမ်းသာလွန်းလို့ လိုက်လှူနေတာမဟုတ်ပါဘူး။
    ကိုယ့် ထက် နွမ်းပါးတဲ့ သူတွေ ကို တတ်နိုင်သ၍ မျှချင်တာပါ။
    အဲဒီ လို မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ ဒေါက်တာ ကို ချီးကျူးပါတယ်။ သာဓုလဲ ခေါ်ပါတယ်။
    ဒါထက်ပိုပြီး အဆင်ပြေကြပါစေ။

  • htet way

    March 26, 2012 at 7:28 am

    ကောင်းမြတ်လှပေတယ်
    ဒေါက်တာခင်ဗျား သေချာဖတ်ရှု့ပြီး ဖြန့်ထွက်တွေးမိပါကြောင်း။

  • koaung

    March 26, 2012 at 8:28 am

    မြင်ရတာစိတ်ချမ်းသာပါတယ်ဆရာမရေ တနိုင်တပိုင်လုဎ်ဆောင်သူများကိုလဲသာဓု ခေါ်မိပါ၏ဗျာ (ကြွေးတဲ့ထမင်းပုဂံတွေကလည်းသပ်သပ်ရပ်ရပ်နဲ့ ဟင်းတွေကလည်းများပါ့
    စားချင်စရာ) လေးစားပါတယ် စေတနာရှင်များခင်ဗျား

  • weiwei

    March 26, 2012 at 8:39 am

    Road to Mandalay ကိုရင်းနှီးနေခဲ့တာကြာပါပြီ … အခုလို ပိုင်ရှင်နဲ့ဝန်ထမ်းတွေက စေတနာဆေးခန်းဖွင့်ထားတယ်ဆိုတာသိရလို့ ဝမ်းသာဂုဏ်ယူမိပါတယ် …

  • mocho

    March 26, 2012 at 9:45 am

    ပကာသန ဇာချဲ့ တာတွေ ပိုများတဲ့ ရဟန်းခံ ၊ရှင်ပြုပွဲ တွေ ထက်စာရင် ခုလို တကယ် လိုအပ်တဲ့ နေရာမှာ ကွက်လပ်ဖြည့် တဲ့ အလှူ လေး တွေကမှ တကယ့် ကိုဒါနမြောက်တယ်လို ကျမကတော့ယူဆပါတယ်။ကိုယ်တိုင်ကတော့ လှူ နိုင် အောင်ကြိုးစားနေဆဲပါ။ ဒီတခေါက်ပြန်လို့ပုဂံကိုရောက်ခဲ့ရင်တော့ ရောက်အောင် သွားပြီးလှူ ခဲ့ပါအုံးမယ်။

  • manawphyulay

    March 26, 2012 at 9:55 am

    ဒီလိုလေးတွေ လုပ်ပေးတော့လည်း ရွာသူရွာသားအပေါင်း စိတ်ချမ်းမြေ့တာပေါ့နော်… အေးချမ်းလိုက်တာ… အရင်တုန်းကတော့ မတွေ့မိဘူး။ မနောလည်း ခုနောက်ပိုင်း ပုဂံကို မရောက်ဖြစ်တာကြာပြီ။ သွားချင်လိုက်တာ

  • Shwe Tike Soe

    March 26, 2012 at 10:45 am

    တကယ် ကို ကြည်နူးဖို.ကောင်းပါတယ်ဗျာ.. ဒီလို ဆရာဝန်ကောင်းတွေ များများ ရှိလာလေလေ ကျွန်တော်တို.နိုင်ငံ အတွက် ကောင်းလာလေလေပါပဲ…
    ကျွန်တော်တို.လဲ အဲဒီလို ပရဟိတ ကိုတတ်နိုင်တဲ့ဘက်ကနေ ကူညီဖို.ကြိုးစားနေပါတယ်…

  • water-melon

    March 26, 2012 at 11:10 am

    မုန့်ဆီကြော်တွေရော
    စားချင်လိုက်တာ
    နောက်ထပ်လှူနိုင်ပါစေ
    ဆုတောင်းပေးပါတယ်

  • Patriot

    March 26, 2012 at 12:51 pm

    Mandalay Gazette မှာအဲဒီလို ပို့မျိုးလေးတွေ မကြာခဏ မြင်ရတာ အရမ်းကြည်နူး ဖိုကောင်းပါတယ်။ လှူချင်နေတဲ့ လူတွေကိုလဲ ပိုပီး သဒါ္ဒ စိတ်ဖြစ်စေ ပါတယ်။

  • အဲလိုမျိုး စေတနာ ဆေးခန်းတွေ များများရှိဖို့ ဆုတောင်းမိတယ်ဗျာ …
    ကျနော်တို့ အညာဖက်က တောင်သူ ဆင်းရဲသားတွေ ကျန်းမာရေး မကောင်းလို့ မြို့တက် ဆေးရုံ၊ ဆေးခန်း ပြရပြီဆိုရင် မရှိရတဲ့ကြားက ဟိုချေး ဒီချေး အတိုးတွေနဲ့ ချေးပြီး သွားပြကြရပါတယ် ..
    အချို့ဆို ဘာမှ မရှိလို့ လက်လှမ်းမီရာလေးတွေနဲ့ ကုရင်းက အသက်ပါ စတေး ခဲ့ကြရတာတွေလည်း ရှိပါတယ် …
    အတော့်ကို ဒုက္ခ ရောက်ရတာပါ ..

    အန်တီပဒုမ္မာရေ ..
    ခုပုံလေးတွေကို မြင်ရတာ ကြည်နူး ပီတိ ဖြစ်ရပါတယ်လို့ …

    • ဆူး

      March 26, 2012 at 3:08 pm

      အံဇာတုံး ပြောတာ တကယ်မှန်တယ်။ ဒီလို စေတနာရှင်တွေ များများ ပေါ်လာပါစေလို့ မျှော်လင့်ပါတယ်။

      • အယ် ..
        ဒီလူကြီး နာမည်ပြောင်းထားတာတောင် များမှန်း သိနေတယ်တော့ …
        ရှူး .. တိုးတိုး ..
        မသိသေးတဲ့သူတွေကို ခပ်တည်တည်နဲ့ သွားနောက်လိုက်ဦးမယ် …
        😀 😀

  • blackchaw

    March 26, 2012 at 5:20 pm

    အစ်မရေ။
    ကျွန်တော် ရောက်အောင်သွားလှူပါမယ်ခင်ဗျာ။
    ပုဂံသွားဖို့ ကြံစည်နေပါတယ်။
    ပိုလျှံလို့လှူတယ်ဆိုတာထက်
    လိုအပ်နေတဲ့လူတွေကို ဆေးဝါးလှူချင်တဲ့ ဆန္ဒ ရှိနေတာ
    တော်တော် ကြာပါပြီ။
    ဒီပို့စ်လေးကလည်း အစ်မရဲ့ အလှူတစ်ခုလို့ ပြောလို့ရပါတယ်။
    သာဓု သာဓု သာဓုပါ အစ်မရေ။

  • blackchaw

    March 26, 2012 at 5:22 pm

    လက်မလေးတစ်ချောင်းထောင်ခဲ့တာ
    ပြောဖို့ မေ့သွားလို့ဗျို့။ အာဟီး။
    😀 😀 😀 😀 😀 😀

  • mg mg

    March 26, 2012 at 5:22 pm

    စေတနာလည်းကောင်း၊ ရည်ရွယ်ချက်လည်းကောင်း အားလုံးကောင်းပါတယ်။
    ဒါပေမယ့် ကျွေးတာ၊ ဆေးကုတာ နှစ်ခုကြီး မနိုင်ဝန်ဖြစ်သွားမှာတော့ စိုးရိမ်စရာပါ။
    ဆေးကုတာကို အဓိကထားပြီး၊ ကျွေးမွေးတာကိုအခါအားလျော်စွာဆိုလျင် ရေရှည်အတွက် ပိုကောင်းမည်ထင်ပါသည်။ မနိုင်ဝန်ဖြစ်မသွားဘူးဆိုလျင်တော့ အဟော ဝတ ပေါ့။
    ကမကထပြုပြီး ဒုက္ခခံသွားလှူပေးနိုင်မည့်သူများ ရွာထဲမှာဦးဆောင်ပေးကြပါ။

  • pyaponthu

    March 26, 2012 at 7:59 pm

    ဒို့များလည်းလှုခြင်ပါတယ်။ဘယ်လို လှုရမလဲ။သိပ်သနားစရာကောင်းတာဘဲ

    • Mလုလင်

      March 26, 2012 at 8:05 pm

      ဒို့ လဲ သွားလှူမှာ ….. ဖျာပုံသူ လေးရဲ့ … ဒို့လဲ အရမ်းသနားတာပဲ ..

  • Gipsy

    March 26, 2012 at 8:48 pm

    ခု လောလောဆယ်တော့ မမ နဲ့ မဆူးတို့ အလှုူကြီး ရှိနေလေတော့
    ဦးဆောင်မဲ့သူ မရှိနိုင်သေးဘူး ထင်ပါတယ်…။
    ပီးတော့ ပုဂံ ခရီးက ဝေးလွန်းတော့ မလွယ်သေးဘူးထင်တာပါပဲ…၊
    ပုဂံ ဘုရားဖူးသွားသူတွေပဲ တန်ိုင်တပိုင် လှုူကြ ဖို့ နှိုးဆော်ပါရစေဗျာ….။

  • padonmar

    March 26, 2012 at 9:06 pm

    ကျောင်းပိတ်ရက် ဘုရားဖူး ခရီးတွေလည်း ရှိတတ်ကြတာမို့ နီးစပ်ရာလေးတွေ နှိုးဆော်ပေးနိုင်ကြဖို့ ရည်ရွယ်ပါတယ်။
    ဆေးခန်းကို ဝင်လေ့လာရင် နှစ်ပေါင်း ၂၀ဝ ကျော်တယ်ဆိုတဲ့ ဘုန်းကြီးကျောင်းကိုရောက်ကြမှာပေါ့။
    ဖတ်ရှုအားပေးသူများကို ကျေးကျေးပါ။
    အဆင်ပြေတဲ့ တစ်နေ့မှာတော့ မန်းလေးကလူတွေက ဆင်းလာ ရန်ကုန်ကလူတွေက တက်သွားပြီး အလယ်ပိုင်းမှာ ဆုံနိုင်မယ့် နေရာတစ်ခု (ဒါ့ပုံဆရာတွေအတွက်လည်း တဖျပ်ဖျပ်ရိုက်ဖို့ကောင်း)ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

  • windtalker

    March 26, 2012 at 9:24 pm

    ပုဂံ ကို သွားမယ်လို ့စီစဉ်တဲ့အခါတိုင်း အန်တီမာပို ့စ် ကို ပြန်ဖတ်ပါမည် ခင်ဗျား ။ ဟိုရောက်တဲ့အခါ ဝင်လှူ ရအောင်။

  • kai

    March 27, 2012 at 5:13 am

    ခုတလော.. သင်္ကြန်နီးသမို့.. ပြည်တော်ပြန်တွေများပါတယ်..။

    ဆိုတော့.. ပြည်တော်ပြန်များဆီရည်ရွယ်ပြောချင်ပါတယ်..။
    ပြန်မဲ့ပြန်.. မြန်မာမှန်ရင်ရောက်ရမယ့်.. ပုဂံကို သွားစေချင်ပါတယ်..

    အဲဒါ.. တလက်စထဲ.. ပုဂံမြို့ ဗူးဘုရားအနီး ဘုန်းတော်ကြီးကျောင်းဝင်းထဲက ဓမ္မောတဿ ဆိုတဲ့ ဆေးခန်းလေး ကို ဝင်စေချင်ပါတယ်..

    အဲဒီဆေးခန်းလေးကို (မမေ့မလျှော့).. ထောက်ပံ့ကူညီဖို့လည်း တိုက်တွန်းပါတယ်နော..။
    ယူအက်စ်မှာ.. .ဆေးဖက်ပိုင်းဆိုင်ရာနဲ့..ဆက်စပ်လုပ်နေသူတွေကလည်း.. မေးမြန်းပြီး.. ယူအက်စ်က.. ဆေးပစ္စည်းတွေနဲ့. ဆေးဝါးတွေ တင်ပို့ယူငင်နိုင်မဲ့.. လမ်းကြောင်းလေးတွေရှာပေးစေချင်တာပါ…

    သာဓုကြိုတင်လိုက်မယ်….နော…။ 😆

  • maungmoenyo

    March 27, 2012 at 7:39 am

    ဒါမျိုးစက်ရပ်သတင်းတွေ ဖြန့်နိုင်သမျှ ဖြန့်ပေးပါဗျို့။

  • padonmar

    March 27, 2012 at 8:34 am

    စိတ်ဝင်တစားဖတ်ပေးကြတဲ့သူတွေရော
    ပုဂံမသွားနိုင်သေးမီ လှူချင်ကြတဲ့သူတွေအတွက်ပါ ဆက်သွယ်လို့ လွယ်ကူမယ့် နေရာအဖြစ်
    သူငယ်ချင်း ဒေါက်တာခိုင်သန်းဆီက ခွင့်ပြုချက်တောင်းပြီး
    လိပ်စာပေးထားပါတယ်။
    ပြည်လမ်း အင်းလျားကန်အနီး ဆိုတော့ ရှာလို့လည်းလွယ်ပါတယ်။
    လှူတာတွေအားလုံး မပျောက်မပျက် ပုဂံက နွမ်းပါးတဲ့ ပြည်သူတွေလက်ထဲရောက်စေရပါမယ်။

    သူကြီးနဲ့ အကိုကြီးကိုမိုးညို ကျေးဇူးပါ။
    ဒီလို အားပေး စကားလေးတွေရတဲ့အတွက် တစ်ပိုင်တစ်နိုင် ပရဟိတ လုပ်ငန်းလေးတွေ ရှေ့ဆက်ဖို့ ခွန်အားတွေ အများကြီး ဖြစ်လာပါပြီ။

  • ဦးဦးပါလေရာ

    March 27, 2012 at 9:09 am

    ပုဂံနောက်တခေါက်ရောက် သေချာပေါက်သွားရမယ့်နေရာတခုရသွားပါပြီ။
    ကုသိုလ်ယူစရာ ပြည်လမ်းက လိပ်စာလဲရသွားပါပြီ။
    တွေးစရာတွေလဲ တပုံကြီးရသွားပါတယ်။
    ကျေးဇူးတင်ပါတယ် ဒေါက်တာရေ။

  • ကြောင်လေး

    March 27, 2012 at 9:50 am

    မြန်ပြည်အနှံ့အပြား အဲဒီလိုဆေးခန်းလေးတွေပေါ်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ၊

  • yaungchikha

    March 27, 2012 at 9:57 am

    ပုဂံတော့ရောက်တယ်၊ ဒါပေမယ့် အဲ့လိုဆေးခန်းလေးရှိမှန်းမသိခဲ့ဘူး၊ ပုဂံသွားဖြစ်ခဲ့ရင် တတ်နိုင်သလောက်လေး ပါဝင်ကုသိုလ်ယူပါ့မယ်၊ လက်လှမ်းမှီရာ သူငယ်ချင်းတွေကိုလည်း ပြောပေးပါ့မယ်၊

  • MaMa

    March 27, 2012 at 7:39 pm

    ပုဂံသွားဖို့ အစီအစဉ်ရှိတယ်။
    စုပေါင်းသွားကြမှာ။
    အလှူဖြစ်အောင် စည်းရုံးလိုက်ဦးမယ်။ 🙂

  • padonmar

    March 27, 2012 at 9:25 pm

    သူငယ်ချင်းက မြန်မာစာfont မရိုက်တတ်တော့ သူရေးပေးတဲ့စာလေး အရင်းအတိုင်းဖတ်ချင်တဲ့သူရှိရင် ဖတ်လို့ရအောင် ထည့်ပေးပါတယ်။ကျွန်မရေးတာမှာ လိုတာလေးတွေ သူ့စာမှာတွေ့နိုင်ပါတယ်။
    (အပါးခိုလိုက်တာ :D)
    Clinic days are Friday and Saturday from morning to evening and Sunday from morning to afternoon.
    The patients are not only from Bagan but also from villages in Pakkokku , Chauk, nearby villages and villages on the way from Bagan to Mt. Popa.
    The Clinic Building is donated by one of the Road To Mandalay guests from England and it was supported by the Road To Mandalay. That donor, guests from Road To Mandalay as well as local donors also donate monthly medical fee for poor patients but it is not enough to cover for all. The land is donated by the abbot [SaYaDaw].
    Actually, it was designed for free of charge for the poor for about 500 patients per month. Due to increasing demand from local villagers, it is impossible for free of charge to all patients about 1800 to 2400 patients per month at the moment. Registration fee for an adult is 500 Kyats and that for a child is 200 Kyats. However, if they did not bring money, they were treated as free of charge.
    In addition, some poor patients who needed for referral for further management were donated for transportation fee or part of surgical or medical fee as well.
    Donors for lunch are Sayadaw+ RTM.
    Many thanks!
    ီHlaTun

  • padonmar

    March 27, 2012 at 10:08 pm

    ကြောင်လေးရေ
    မြန်မာပြည် အနှံ့အပြား အဲဒီလိုဆေးခန်းလေးတွေ ပေါ်လာရင် မကောင်းပါဘူး။
    အန်တီရဲ့ ဇာတိမှာလည်း အဲဒီလို အခမဲ့ဆေးခန်းရှိပါတယ်။
    တော်တော်များများရန်ကုန်ရော နယ်တွေမှာပါရှိနေပါတယ်။
    ဒါဟာ ပြည်သူ့ဆေးရုံတွေရဲ့ လိုအပ်ချက်ကို ကိုယ့်အားကိုယ်ကိုးပြီး ဖြည့်နေတာပါ။
    ဖြည့်စရာမလိုတဲ့ ကျန်းမာရေးစနစ်ဖြစ်ပြီး အဲဒီလိုဆေးခန်းတွေ မလိုအပ်တော့မှသာ အကောင်းဆုံးပါ။
    အခုတော့ ဘယ်သူ့ဘယ်သူမှ အပြစ်တင်မနေပဲ ဖြည့်စွက်စာကျွေးပေးနေကြပါတယ်။

  • မမာရေ
    ကျနော်မိတ်ဆွေတွေဆီကို ဒီပိုစ်လေး ပို့ပေးလို့ခွင့်ပြုမပြု။
    မေးလ်ကနေပို့ပေးမှာပါ။
    ပန်းတနော်အလှူလိုပေါ့။

  • padonmar

    March 27, 2012 at 10:51 pm

    ကိုပေါက်ရယ်
    လှူကြစေချင်လို့ ရွာထဲ ကြော်ငြာတာလေ။
    အလှူရှင်တိုးအောင်လုပ်ပေးမှာကို ဝမ်းမြောက်ဝမ်းသာခွင့်ပြုမှာပေါ့။

    • Mလုလင်

      March 27, 2012 at 11:24 pm

      april ၉ ရက် ထိပဲစောင့်

  • Thel Nu Aye

    March 28, 2012 at 1:54 pm

    လိပ်စာလေးကူးထားလိုက်ပါတယ်။ ပုဂံသွားရင်တော့မဖြစ်မနေသွားလိုက်ဖို့စဉ်းစားထားပါတယ်။

  • Ma Ei

    March 28, 2012 at 2:49 pm

    အခွင့်အခါသင့်လို့ ပုဂံရောက်ရင်…
    အလှူစိတ်ကူး(အခြေအနေ အချိန်အခါ) ရှိရင်…
    လှူရန် စာရင်းထည့်ထားလိုက်ပါပြီ…

  • padonmar

    March 28, 2012 at 9:21 pm

    အားလုံးပဲ ကျေးကျေးပါနော။

  • etone

    March 29, 2012 at 9:23 am

    အန်တီပဒုံမ္မာရေ ဖတ်ရတာ အလွန်ပဲ ကျက်သရေရှိတဲ့ပို့စ်လေးပါပဲ … ။
    လှူဒါန်းတယ် ၊ မျှဝေတယ် ၊ ပရဟိတ္တလုပ်တယ်ဆိုတာမျိုးက … အတ္တကြီးသူတွေမှာ လုပ်လေ့လုပ်ထမရှိပါပဲ ကိုယ်ကျိုးမဖက်စွန့်နိုင်ရဲတဲ့လူတွေ ၊ နှစ်ဖက်မျှတွေးတတ်တဲ့လူတွေ ၊ စာနာတတ်တဲ့လူတွေ မှာသာ ပြုလုပ်တဲ့ အလေ့ကျင့်မျိုးပါပဲ … ။ ခန္ဓာရလျှင်မလွဲမသွေကြုံရမယ့် … အို ၊ နာ ၊ သေ ကိစ္စတွေထဲ … နာခြင်းက အသက်အရွယ်မရွေး ၊ အချိန်မရွေး ကြုံရတတ်တာမို့ .. ဒီလို ဆေးပညာအလှူကိုရော ၊ ဆေးဝါးအလှူမျိုးက ရှိကို ရှိသင့်တာမျိုးပါ ။

    အကြံဉာဏ်ကောင်းကောင်းလေးနဲ့ရော … အယုတ်၊အလတ်၊အမြတ်မခွဲခြားပဲ … မွန်မြတ်တဲ့ စိတ်ဓါတ်နဲ ့ပါ .. အစပျိုးတည်ထောင်ခဲ့သူ ဒေါက်တာလှထွန်းရဲ့ လုပ်ရက်ကိုလည်း လေးစားမိပါတယ် …. ။ ပံ့ပိုးကူညီပါဝင်အားဖြည့်သူများနဲ့ စေတနာရှင်များရဲ့ အလှူကိုလည်း သာဓုခေါ်ပါတယ် …. ။ ပုဂံကိုသာ ဘုရားဖူးထွက်ဖြစ်ခဲ့မယ်ဆို …အဲ့ဒီဆေးခန်းလေးကိုတော့ … မလွဲမသွေရောက်အောင်သွားပါဦးမယ် … ။

    (လောလောဆယ်တော့ ..သံယောဇဉ်အမျှင်တန်းနေတာနဲ့.. အားလပ်ရပ်တောင်ခရီးမထွက်ဖြစ်သေးဘူး … မြွေသူတော်လေးလေ .. အခုချိန်ထိ .. ကျန်းကျန်းမာမာအသက်ရှင်နေတုန်းမို့ … ညအိပ်ခရီး ထွက်လို့ အဆင်မပြေသေးဘူးလေ … အိမ်မှာ …ကိုယ်ကလွဲလို့ တခြား လူကလည်း …မြွေ မကိုင်ရဲကြဘူး …. )

  • padonmar

    March 29, 2012 at 10:51 pm

    တုံတုံရေ
    သမီးက နိုင်ငံခြားသားဧည့်သည်တွေ လိုက်ပို့ရတာရှိရင် ညွှန်ပေးပါအုံး။
    မြွေသူတော်လေးကို ဒီတစ်ခါ အလှူတွက် တွေ့ကြရင် ခေါ်ခဲ့ပါလား။
    သူလည်း အလှူပါဝင်ဖြစ်တာပေါ့။

    • etone

      March 30, 2012 at 9:13 am

      ဟုတ်ကဲ့ပါ အန်တီရေ … နိုင်ငံခြားသားတွေ ပုဂံဘက်လည်မယ်ဆို … လမ်းညွှန်လိုက်ပါမယ် … ။
      မြွေသူတော်လေးကတော့.. အပြင်ခေါ်ဖို့ သိပ်မလွယ်ဘူးလေ … ခြင်းထဲမှာထားရတာ …. လှောင်နေမှာစိုးလို့ပါ … ။ အခုဆိုအိမ်ထဲမှာထားလျှက်နဲ့.. ပူလွန်းလို့ သူရေဆင်းစိမ်ဖို့ ခွက်လေးလုပ်ပေးထားရတယ် … တစ်နေကုန် အဲ့ဒီခွက်ထဲ ဆင်းအိပ်တာ ညနေထိပဲ … ။

  • blackchaw

    March 30, 2012 at 10:41 am

    အစ်မရေ။
    ဒီပို့စ်လေးအတွက်ရော
    ကြယ်နှစ်ပွင့် ပိုင်ရှင်ဖြစ်သွားတဲ့အတွက်ရော ဂုဏ်ယူပါတယ်ခင်ဗျာ။
    အခုမှသိလို့ အခုမှ ဂုဏ်ပြုလိုက်ရတာပါခင်ဗျာ။
    🙂

  • Moe Z

    March 30, 2012 at 12:04 pm

    အန်တီပဒုမ္မာရေ မိုးစက်မေးလ်ပို့ထားပါတယ် 🙂

Leave a Reply